၂၀၁၉ မတ္လမွာ ေရာင္းခ်ႏုိင္တဲ့ Samsung ေခါက္စမတ္ဖုန္း

[ Zawgyi ]

Samsung ဟာ ၂၀၁၉ ခုႏွစ္ မတ္လမွာ ေခါက္စမတ္ဖုနး္ကို ေရာင္းခ်ဖို႔ ျပင္ဆင္ေနတယ္္လို႔ သတင္းေတြက ေဖာ္ျပေနၾကပါတယ္။

ႏိုဝင္ဘာ ၇ ရက္၊ ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔က Samsung ဟာ ကုိယ္ပုိင္ေခါက္စမတ္ဖုန္းကုိ အျမည္းထုတ္ေဖာ္ျပသသြားခဲ့ၿပီး လာမယ့္လအနည္းငယ္အတြင္း အေျမာက္အျမား ထုတ္လုပ္သြားမယ္လို႔ ေျပာၾကားသြားခဲ့ပါတယ္။

အဲဒီ ေခါက္စမတ္ဖုနး္ကုိ Galaxy X ဒါမွမဟုတ္ Galaxy F လို႔ေခၚဆိုသြားမယ္လို႔ ေကာလာဟလသတင္း ထြက္ေပၚေနပါတယ္။ Samsung ရဲ႕ေခါက္စမတ္ဖုန္းကုိ ေဖေဖာ္ဝါရီလမွာ ျပဳလုပ္မယ့္ Mobile World Congress အတြင္းျပသအၿပီး မတ္လမွာ ေဈးကြက္ကို ျဖန္႔ခ်ိဖြယ္ရွိတယ္လို႔ ကုိရီးယားသတင္းေအဂ်င္စီ Yonhap ကေဖာ္ျပခဲ့ပါတယ္။

စမတ္ဖုန္းထုတ္လုပ္သူေတြဟာ ေပ်ာ႔ေပ်ာင္းၿပီး ေကြးႏိုင္တဲ့ screen ေတြကုိစမ္းသပ္ေနတာ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ေနၿပီ ျဖစ္ပါတယ္။ Samsung အေနနဲ႔လည္း ဖုန္းအနားစြန္း screen ေတြကို ေခါက္ႏိုင္တဲ့ ထုတ္ကုန္ကုိ ျပသခဲ့ၿပီး သုံးစြဲသူေတြဆီ ေရာင္းခ်ေနပါတယ္။ ဒါေပမဲ့ Galaxy Edge လိုမ်ိဳး ထုတ္ကုန္ကေန သုံးစြဲသူ လုိအပ္ခ်က္နဲ႔အညီ ေကြးႏိုင္တဲ့ စမတ္ဖုန္းကုိ ထုတ္လုပ္တာကေတာ့ ႀကီးမားတဲ့ အေျပာင္းအလဲျဖစ္ပါတယ္။

Samsung ရဲ႕ေခါက္စမတ္ဖုန္းဟာ ေဒၚလာ ၁,၇၇၀ အထိ က်သင့္ႏိုင္ၿပီး 5G ေထာက္ပံ့မႈ မပါဝင္ဘူးလို႔ သတင္းမွာ ေဖာ္ျပထားပါတယ္။ 5G မ်ိဳးဆက္သစ္ ကြန္ရက္ဟာ လာမယ့္ႏွစ္မွာ စတင္ေတာ့မယ့္ ႀကိဳးမဲ့ နည္းပညာ ျဖစ္ပါတယ္။

Samsung အေနနဲ႔ ၂၀၁၉ မွာ အျခားဖုန္းတခ်ိဳ႕ကုိလညး္ မိတ္ဆက္မွာ ျဖစ္ပါတယ္။ ေဖေဖာ္ဝါရီလမွာ ပုံမွန္ Galaxy S10 နဲ႔ မတ္လမွာ 5G ဗားရွင္း Galaxy S10 တို႔ကုိ ျမင္ေတြ႕ရႏိုင္ပါတယ္။

“ေခါက္စမတ္ဖုန္းကုိ ၂၀၁၉ ခုႏွစ္ ပထမႏွစ္ဝက္မွာ ေဈးကြက္တခ်ိဳ႕အတြင္း ျဖန္႔ခ်ိေရာင္းခ်သြားပါမယ္။ လက္ရွိမွာ ကၽြန္ေတာ္တို႔အေနနဲ႔ ထုတ္ကုန္အေျမာက္အျမား ထုတ္လုပ္ဖုိ႔ အဆင္သင့္ျဖစ္ေနၿပီး အနည္းဆုံး အလုံးေရ ၁ သန္း အထိ ထုတ္လုပ္သြားဖို႔ ရည္မွန္း ထားပါတယ္။

စိုးထက္
Ref: CNET

[ Unicode ]

Samsung ဟာ ၂၀၁၉ ခုနှစ် မတ်လမှာ ခေါက်စမတ်ဖုနး်ကို ရောင်းချဖို့ ပြင်ဆင်နေတယ််လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

နိုဝင်ဘာ ရ ရက်၊ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က Samsung ဟာ ကိုယ်ပိုင်ခေါက်စမတ်ဖုန်းကို အမြည်းထုတ်ဖော်ပြသသွားခဲ့ပြီး လာမယ့်လအနည်းငယ်အတွင်း အမြောက်အမြား ထုတ်လုပ်သွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။

အဲဒီ ခေါက်စမတ်ဖုနး်ကို Galaxy X ဒါမှမဟုတ် Galaxy F လို့ခေါ်ဆိုသွားမယ်လို့ ကောလာဟလသတင်း ထွက်ပေါ်နေပါတယ်။ Samsung ရဲ့ခေါက်စမတ်ဖုန်းကို ဖေဖော်ဝါရီလမှာ ပြုလုပ်မယ့် Mobile World Congress အတွင်းပြသအပြီး မတ်လမှာ ဈေးကွက်ကို ဖြန့်ချိဖွယ်ရှိတယ်လို့ ကိုရီးယားသတင်းအေဂျင်စီ Yonhap ကဖော်ပြခဲ့ပါတယ်။

စမတ်ဖုန်းထုတ်လုပ်သူတွေဟာ ပျော့ပျောင်းပြီး ကွေးနိုင်တဲ့ screen တွေကိုစမ်းသပ်နေတာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်ပါတယ်။ Samsung အနေနဲ့လည်း ဖုန်းအနားစွန်း screen တွေကို ခေါက်နိုင်တဲ့ ထုတ်ကုန်ကို ပြသခဲ့ပြီး သုံးစွဲသူတွေဆီ ရောင်းချနေပါတယ်။ ဒါပေမဲ့ Galaxy Edge လိုမျိုး ထုတ်ကုန်ကနေ သုံးစွဲသူ လိုအပ်ချက်နဲ့အညီ ကွေးနိုင်တဲ့ စမတ်ဖုန်းကို ထုတ်လုပ်တာကတော့ ကြီးမားတဲ့ အပြောင်းအလဲဖြစ်ပါတယ်။

Samsung ရဲ့ခေါက်စမတ်ဖုန်းဟာ ဒေါ်လာ ၁,၇၇၀ အထိ ကျသင့်နိုင်ပြီး 5G ထောက်ပံ့မှု မပါဝင်ဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။ 5G မျိုးဆက်သစ် ကွန်ရက်ဟာ လာမယ့်နှစ်မှာ စတင်တော့မယ့် ကြိုးမဲ့ နည်းပညာ ဖြစ်ပါတယ်။

Samsung အနေနဲ့ ၂၀၁၉ မှာ အခြားဖုန်းတချို့ကိုလညး် မိတ်ဆက်မှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလမှာ ပုံမှန် Galaxy S10 နဲ့ မတ်လမှာ 5G ဗားရှင်း Galaxy S10 တို့ကို မြင်တွေ့ရနိုင်ပါတယ်။

“ခေါက်စမတ်ဖုန်းကို ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်မှာ ဈေးကွက်တချို့အတွင်း ဖြန့်ချိရောင်းချသွားပါမယ်။ လက်ရှိမှာ ကျွန်တော်တို့အနေနဲ့ ထုတ်ကုန်အမြောက်အမြား ထုတ်လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီး အနည်းဆုံး အလုံးရေ ၁ သန်း အထိ ထုတ်လုပ်သွားဖို့ ရည်မှန်း ထားပါတယ်။

စိုးထက်
Ref: CNET