၂၀၁၉ ဇန္နဝါရီလအတြင္း ထြက္ရွိလာႏိုင္တဲ့ 48MP ကင္မရာဖုန္းကုိ Xiaomi အျမည္းမိတ္ဆက္

[ Zawgyi ]

ဒီႏွစ္အေစာပုိငး္မွာ Xiaomi ဟာ in-house camera ဌာနကုိ ဖြင့္လွစ္ခဲ့ၿပီး ႐ုပ္ထြက္အရည္ အေသြးျမင့္ ဓာတ္ပုံေတြကုိ ေပးႏိုင္ဖို႔ ႀကိဳးပမ္းေနပါတယ္။ အခုဆိုရင္ Xiaomi တြဲဖက္ကုမၸဏီနဲ႔ ဥကၠ႒ျဖစ္သူ လင္ဘင္က weibo ကတစ္ဆင့္ 48MP ကင္မရာဖုန္းကို ဓာတ္ပုံနဲ႔တကြ အျမည္းမိတ္ဆက္ခဲ့ပါတယ္။

လင္ဘင္အေနနဲ႔ အသစ္ထြက္ရွိမယ့္ Xiaomi ဖုန္းကုိ အနီးကပ္ဆြဲယူ ႐ိုက္ကူးထားတဲ့ ဓာတ္ပုံနဲ႔ တင္ခဲ့ပါတယ္။ အဲဒီဖုနး္ဟာ ဇန္နဝါရီလအတြင္း ထြက္ရွိလာႏိုင္ပါတယ္။ ဒါ့အျပင္ လင္ဘင္ဟာ weibo post မွာ “48MP ကင္မရာ” အေၾကာင္းရွင္းျပခဲ့ၿပီး အခုဖုနး္ကုိ အသုံးျပဳေနတာ ရက္သတၱပတ္အနညး္ငယ္ရွိၿပီ ျဖစ္ကာ အရည္အေသြးသင့္တင့္တယ္လို႔ ေဝမွ်ခဲ့ပါတယ္။
လက္ရွိမိုဘုိင္းေဈးကြက္မွာ ႐ုပ္ထြက္အရည္အေသြးျမင့္ မိုဘုိင္း sensor ပါဝင္တဲ့ ဖုန္းေတြ ထြက္ေပၚေနပါတယ္။ Nokia 808 PurView မွာ 41MP sensor ပါဝင္သလုိ ေနာက္ဆုံး Huawei Mate 20 Pro မွာလည္း 40MP sensor (quad Bayer) ပါဝင္လာပါတယ္။ အဲဒီအမ်ိဳးအစား sensor ေတြက ရွားပါးၿပီး လက္ရွိမွာ ႏွစ္ခုပဲရွိပါေသးတယ္။

အဲဒီ sensor ေတြထဲက တစ္ခုျဖစ္တဲ့ Sony IMX586 ဟာ 48MP quad Bayer sensor ျဖစ္ၿပီး ဇူလိုင္လက မိတ္ဆက္ခဲ့ပါတယ္။ Sony IMX586 ဟာႀကီးမားတဲ့ ½” sensor ျဖစ္ၿပီး pixel တစ္ခုစီရဲ႕အရြယ္က 0.8µm ရွိပါတယ္။ ေနာက္တစ္ခုက Samsung Birght GM1 48MP sensor ျဖစ္ၿပီး ေအာက္တုိဘာလက ထြက္ရွိခဲ့ပါတယ္။ အဲဒီ sensor မွာ 0.8µm pixel ေတြပါဝင္လာပါတယ္။

အဲဒီ sensor ႏွစ္မ်ိဳးဟာ ႐ုပ္ထြက္အရည္အေသြးကုိ တုိးတက္ဖို႔ pixel ကုိအသုံးခ်ထားၿပီး pixel အေရအတြက္မ်ားလာတာနဲ႔အမွ် ဒီဂ်စ္တယ္ zoom အရည္အေသြးျမင့္မားလာပါတယ္။ Xiaomi အေနနဲ႔ ဘယ္လို image processing နညး္ပညာကုိ အသုံးျပဳထားတယ္ဆိုတာ မၾကာခင္ ေတြ႕ျမင္ရဖြယ္ရွိပါတယ္။

-စိုးထက္
Ref: GSMArena

[ Unicode ]

ဒီနှစ်အစောပိုငး်မှာ Xiaomi ဟာ in-house camera ဌာနကို ဖွင့်လှစ်ခဲ့ပြီး ရုပ်ထွက်အရည် အသွေးမြင့် ဓာတ်ပုံတွေကို ပေးနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ အခုဆိုရင် Xiaomi တွဲဖက်ကုမ္ပဏီနဲ့ ဥက္ကဋ္ဌဖြစ်သူ လင်ဘင်က weibo ကတစ်ဆင့် 48MP ကင်မရာဖုန်းကို ဓာတ်ပုံနဲ့တကွ အမြည်းမိတ်ဆက်ခဲ့ပါတယ်။

လင်ဘင်အနေနဲ့ အသစ်ထွက်ရှိမယ့် Xiaomi ဖုန်းကို အနီးကပ်ဆွဲယူ ရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့ တင်ခဲ့ပါတယ်။ အဲဒီဖုနး်ဟာ ဇန်နဝါရီလအတွင်း ထွက်ရှိလာနိုင်ပါတယ်။ ဒါ့အပြင် လင်ဘင်ဟာ weibo post မှာ “48MP ကင်မရာ” အကြောင်းရှင်းပြခဲ့ပြီး အခုဖုနး်ကို အသုံးပြုနေတာ ရက်သတ္တပတ်အနညး်ငယ်ရှိပြီ ဖြစ်ကာ အရည်အသွေးသင့်တင့်တယ်လို့ ဝေမျှခဲ့ပါတယ်။
လက်ရှိမိုဘိုင်းဈေးကွက်မှာ ရုပ်ထွက်အရည်အသွေးမြင့် မိုဘိုင်း sensor ပါဝင်တဲ့ ဖုန်းတွေ ထွက်ပေါ်နေပါတယ်။ Nokia 808 PurView မှာ 41MP sensor ပါဝင်သလို နောက်ဆုံး Huawei Mate 20 Pro မှာလည်း 40MP sensor (quad Bayer) ပါဝင်လာပါတယ်။ အဲဒီအမျိုးအစား sensor တွေက ရှားပါးပြီး လက်ရှိမှာ နှစ်ခုပဲရှိပါသေးတယ်။

အဲဒီ sensor တွေထဲက တစ်ခုဖြစ်တဲ့ Sony IMX586 ဟာ 48MP quad Bayer sensor ဖြစ်ပြီး ဇူလိုင်လက မိတ်ဆက်ခဲ့ပါတယ်။ Sony IMX586 ဟာကြီးမားတဲ့ ½” sensor ဖြစ်ပြီး pixel တစ်ခုစီရဲ့အရွယ်က 0.8µm ရှိပါတယ်။ နောက်တစ်ခုက Samsung Birght GM1 48MP sensor ဖြစ်ပြီး အောက်တိုဘာလက ထွက်ရှိခဲ့ပါတယ်။ အဲဒီ sensor မှာ 0.8µm pixel တွေပါဝင်လာပါတယ်။

အဲဒီ sensor နှစ်မျိုးဟာ ရုပ်ထွက်အရည်အသွေးကို တိုးတက်ဖို့ pixel ကိုအသုံးချထားပြီး pixel အရေအတွက်များလာတာနဲ့အမျှ ဒီဂျစ်တယ် zoom အရည်အသွေးမြင့်မားလာပါတယ်။ Xiaomi အနေနဲ့ ဘယ်လို image processing နညး်ပညာကို အသုံးပြုထားတယ်ဆိုတာ မကြာခင် တွေ့မြင်ရဖွယ်ရှိပါတယ်။

Ref: GSMArena