၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံး Android app (၁၅) ခု

အခုစာရင်းမှာ အကောင်းဆုံး Android app တွေကို စုစည်းထားပါတယ်။ အခု app တွေကို Android ထုတ်ကုန်တွေမှာ အများဆုံးသုံးစွဲကြပြီး အရည်အသွေးကောင်းတဲ့ app တွေရှာဖွေသူတွေအတွက် အလွန်သင့်တော်ပါတယ်။ အခု app တွေက Android သုံးစွဲသူတွေအတွက် အလွန်အသုံးဝင်မှာဖြစ်တဲ့အတွက် လူတိုင်းအသုံးပြုနိုင်ပါတယ်။

1Weather
ဈေးနှုန်း- အခမဲ့/ ၁.၉၉ဒေါ်လာ

1Weather ဟာ အကောင်းဆုံး ရာသီဥတုဆိုင်ရာ app ဖြစ်ပါတယ်။ လက်ရှိ ရာသီဥတုအခြေအနေ၊ ရေဒါနဲ့ အခြား ပျော်စရာအချက်အလက်တွေအပြင် ၁၂ ပတ်အထိ ရာသီဥတုခန့်မှန်းချက်ကို ဖော်ပြပေးပါတယ်။ သုံးစွဲသူအနေနဲ့ ပေါ့ပါးတဲ့ widget တွေနဲ့ ရာသီဥတုသတိပေးချက်နဲ့ ရေဒါတွေကို ရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်ပေါ်လာမယ့် မုန်တိုင်းတွေကိုလည်း သတိပြုမိမှာပါ။

Bouncer
ဈေးနှုန်း- ၀.၉၉

Bouncer ဟာ လုံခြုံရေး app တစ်ခုဖြစ်ပြီး application တွေအတွက် ယာယီ permission တွေကို ပြုလုပ်ထားနိုင်ပါတယ်။ ဒါကြောင့် သုံးစွဲသူက Facebook ကိုနေရာတစ်နေရာအတွင်း check into တည်နေရာကို သုံးခွင့်ပြုထားနိုင်ပြီး သုံးစွဲသူက Facebook မသုံးတော့တာနဲ့ permission ကို disable ပြုလုပ်သွားမှာဖြစ်ပါတယ်။

Google Drive Suite
ဈေးနှုန်း- အခမဲ့ in-app purchase ပါဝင်

Google Drive ဟာ cloud storage ဖြစ်ပြီး သုံးစွဲသူက sign up လုပ်ရုံနဲ့ 15GB ရရှိမှာဖြစ်ပါတယ်။ တကယ်လို့ နေရာလွတ်လိုသူတွေအနေနဲ့ ဝင်ယူနိုင်ပါတယ်။ Google Drive မှာ Google Docs, Google Sheets, Google Slides, Google Photos, Gmail, Google Calendar နဲ့ Google Keep တို့ပါဝင်လာပါတယ်။

Google Maps and Waze
ဈေးနှုန်း-အခမဲ့

Google Maps ဟာ လမ်းညွှန် app တွေထဲက အကောင်းဆုံးလို့ ဆိုနိုင်ပါတယ်။ Google Maps ဟာ သုံးစွဲသူ စိတ်ဝင်စားစေမယ့်နေရာ၊ ယာဉ်ကြောအသွားအလာ အချက်အလက်၊ ဓာတ်ဆီဆိုင် ဒါမှမဟုတ် ယာဉ်ရပ်နားလိုမျိုး လမ်းညွှန်မှုတွေနဲ့ offline map တွေလည်း ကြည့်ရှုနိုင်ပါတယ်။

Google Assistant/ Google Feed/ Google Search
ဈေးနှုန်း- အခမဲ့

အခု app ဟာ စွမ်းဆောင်ရည်ကောင်းမွန်ပြီး Android ထုတ်ကုန်တွေအားလုံးနီးပါးမှာ အသုံးပြုနိုင်ပါတယ်။ Google Assistant ကို home screen ပေါ်က launch icon မှာ အလျင်အမြန်အသုံးပြုနိုင်ပါတယ်။

Google Play Music, YouTube Music နဲ့ YouTube
ဈေးနှုန်း- အခမဲ့/ တစ်လ ဒေါ်လာ ၉.၉၉ ကနေ ၁၄.၉၉ အထိ ကျသင့်နိုင်

သုံးစွဲသူတွေမှာ streaming ဝန်ဆောင်မှုနဲ့ပတ်သက်ရင် နှစ်သက်ရာ တစ်ခုခု ရှိနေတတ်ပါတယ်။ Google Play Music ကတော့ အနည်းငယ်ထူးခြားပါတယ်။ အခု app ဟာ local ဖိုင်တွေကိုလည်း သိနိုင်ပြီး အွန်လိုင်းက သီချင်းတွေကိုလည်း နားထောင်နိုင်ပါတယ်။ ဒါ့အပြင် သုံးစွဲသူက အခမဲ့အနေနဲ့ သီချင်းထောင်ပေါင်းများစွာကို upload လုပ်နိုင်ပါတယ်။

LastPass Password Manager
ဈေးနှုန်း- အခမဲ့/တစ်နှစ် ၁၂ ဒေါ်လာ

LastPass ဟာရှိရမယ့် Android app တွေထဲက တစ်ခုဖြစ်ပါတယ်။ LastPass ဟာ password manaer ဖြစ်ပြီး login အချက်အလက်တွေကို လုံခြုံစွာ သိမ်းဆည်းထားနိုင်ပါတယ်။

Nova Launcher
ဈေးနှုန်း- အခမဲ့/ဒေါ်လာ ၄.၉၉

Nova Launcher ဟာ သာမန် launcer တွေထက် ပိုမိုပြီး တိုးချဲ့လုပ်ဆောင်နိုင်တဲ့အပိုင်းတွေ ရှိပါတယ်။ Nova Launcer သက်တမ်းကလည်း ကြာမြင့်သလို အမြဲတစေ update လုပ်နေပါတယ်။ ဒါ့အပြင် feature များစွာ ပါဝင်ပြီး Android app တွေအားလုံးအတွက် icon theme နဲ့ home screen set up တွေကို backup လုပ်နိုင်ပါသေးတယ်။

Pocket Casts
ဈေးနှုန်း- ဒေါ်လာ ၃.၉၉

Podcast တွေကိုသဘောကျသူတွေ အနေနဲ့ Pocket Casts တွေကိုအသုံးပြုသင့်ပါတယ်။ Pocket Casts တွေဟာ podcast အမျိုးမျိုးကို download ဒါမှမဟုတ် နားထောင်နိုင်ပါတယ်။

Pulse SMS or Android Messages
ဈေးနှုန်း- အခမဲ့/ ဒေါ်လာ ၁၀.၉၉ (Pulse)/ အခမဲ့ (Android Messages)

သုံးစွဲသူတွေအတွက် အကောင်းဆုံး SMS message ကတော့ Pulse SMS နဲ့ Android Messages ပဲ ဖြစ်ပါတယ်။ Pulse SMS မှာ theme, GIF ထောက်ပံ့မှုအပြင် password နဲ့ကာကွယ်ထားတဲ့ စကားပြောဆိုမှု၊ dual-SIM ထောက်ပံ့မှုနဲ့ spammer တွေကို blacklist လုပ်နိုင်ပါတယ်။ Android Messages ကလည်း အလားတူ အခြေခံတွေကို လုပ်ဆောင်နိုင်ပါတယ်။

Solid Explorer
ဈေးနှုန်း- အခမဲ့ စမ်းသပ်အသုံးပြုနိုင်/ဒေါ်လာ ၁.၉၉

Solid Explorer ဟာ ဖိုင်တွေကို ရှာဖွေအသုံးပြုဖို့ အသင့်တော်ဆုံးပါ။ Material Design ပါဝင်ပြီး archive ထောက်ပံ့မှု နာမည်ကျော် cloud ဝန်ဆောင်မှုနဲ့ FTP, SFPT, WebDav နဲ့SMB/CIFS ထောက်ပံ့မှုလိုမျိုး ကျွမ်းကျင်စွာသုံးစွဲသူတွေ နှစ်သက်တဲ့ အရာတွေ ပါဝင်လာပါတယ်။

SwiftKey
ဈေးနှုန်း- အခမဲ့ in-app purchase ပါဝင်

SwiftKey ဟာ စွမ်းဆောင်ရည်အမြင့်ဆုံးနဲ့ စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ third-party keyboard တွေထဲက တစ်ခုဖြစ်ပါတယ်။

Tasker and IFTTT
ဈေးနှုန်း- ဒေါ်လာ ၂.၉၉

Tasker ဟာ စိတ်ကြိုက်ပြုလုပ်ထားတဲ့ commander တွေကို နေရာအမျိုးမျိုးမှာ အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးနိုင်တဲ့ app ဖြစ်ပါတယ်။ ဒါကြောင့် သုံးစွဲသူက Tasker ကိုကျွမ်းကျင်အောင် အသုံးပြုနိုင်ဖို့ စိတ်ရှည်ရမှာ ဖြစ်ပါတယ်။ IFTTT ကလည်း အလားတူ app ဖြစ်ကာ ရိုးရှင်းပြီး သုံးစွဲမှု များပြားပါတယ်။

TickTick
ဈေးနှုန်း- အခမဲ့/တစ်နှစ် ဒေါ်လာ ၂၇.၉၉

TickTick ဟာ လုပ်ဆောင်ရမယ့် တာဝန်တွေ၊ reminder တွေ၊ push သတိပေးချက်တွေ၊ အဖွဲ့အစည်းဆိုင်ရာ feature နဲ့ကဏ္ဍမျိုးစုံ ခွဲခြားပေးပြီး လုပ်ငန်းလုပ်ကိုင်သူတွေမှာ အသုံးပြုလေ့ရှိတဲ့ app ဖြစ်ပါတယ်။ သုံးစွဲသူက လုပ်ငန်းတာဝန်နဲ့ ကဏ္ဍခွဲတွေအားလုံးကို တခြားလူတွေနဲ့ ဝေမျှခွင့်ပြုထားပါသေးတယ်။

Zedge
ဈေးနှုန်း- အခမဲ့ in-app purchase ပါဝင်

Zedge ဟာ ထုတ်ကုန်ရဲ့ အခြေခံအကျဆုံး အစိတ်အပိုင်းတွေဖြစ်တဲ့ wallpaper, ringtone, သတိပေးချက် tone တွေနဲ့ alarm tone တွေကို ရွေးချယ်နိုင်တဲ့ app ဖြစ်ပါတယ်။ ဖုန်းတွေအတွက် ရာသီနဲ့ အားလပ်ရက်အလိုက် ခရစ္စမတ်၊ ဟော်လိုဝင်းအတွက် theme တွေကိုလည်း ဖော်ပြပေးပါတယ်။

စိုးထက်
Ref: AndroidAuthority