၂၀၁၉ ခုႏွစ္ထုတ္မယ့္စမတ္ဖုန္းမ်ားအတြက္ Snapdragon

[ Zawgyi ]

Snapdragon လုိ႔ေျပာလုိက္တာနဲ႔ Qualcomm Technologies Inc က မိုဘိုင္းကိရိယာမ်ားအတြက္ ထုတ္လုပ္တဲ့ SoC (Systemon-a-chip) ျဖစ္ေၾကာင္း နားလည္သိရွိထားၿပီးျဖစ္သူ အေျမာက္အျမား ရွိၾကမွာျဖစ္တယ္။ ARM RISC instruction set ကိုသံုးထားတဲ့ CPU (Central Processing Unit) တစ္မ်ိဳးလုိ႔လည္း ေျပာႏုိင္ပါလိမ့္မယ္။ Multiple CPU cores
နဲ႔အတူ GPU (graphic processing unit) တစ္ခု၊ wireless modem တစ္ခုတုိ႔ ထည့္သြင္းတည္ေဆာက္ထားတယ္။ Snapdragon SoC ေလးနဲ႔အတူ မိုဘိုင္းကိရိယာအတြင္း ပါဝင္ထည့္သြင္းမယ့္ GPS (global positioning system) တုိ႔ ကင္မရာတုိ႔ gesture recognition စနစ္တုိ႔ ဗီဒီယိုလုပ္ငန္းစဥ္တုိ႔ကို လုပ္ကိုင္ေဆာင္ရြက္ေပးႏိုင္မယ့္ ေဆာ့ဖ္ဝဲနဲ႔ ဟာ့ဒ္ဝဲအားလံုးကို ပံ့ပိုးေပးႏိုင္စြမ္းရွိတယ္။ ဒီေန႔ေစ်းကြက္တြင္ ျမင္ေတြ႕ေနၾကရတဲ့ Android စနစ္နဲ႔ Windows စနစ္သံုး မုိဘိုင္းဖုန္းအမ်ားစုမွာ Snapdragon ကို အသံုးျပဳထားၾကတာ ျမင္ေတြ႕ႏုိင္တယ္။ ဒါ့အျပင္ netbooks လုိ႔ေခၚတဲ့ ကြန္ပ်ဴတာအေသးစားေလးမ်ား၊ ေမာ္ေတာ္ကားမ်ား၊ နည္းပညာသံုးခ်ပ္ဝတ္တန္ဆာ (wearable devices) မ်ားမွာလည္း အသံုးခ်မႈမ်ား ရွိေနပါၿပီ။

Qualcomm ကုမၸဏီအေနနဲ႔ တစ္ႏွစ္တစ္ႀကိမ္ အဆင့္ျမင့္မုိဘုိင္း ပ႐ိုဆက္ဆာအသစ္တစ္မ်ိဳးမ်ိဳးကို ထုတ္လုပ္ေပးေလ့ရွိတယ္။ ၂၀၁၉ ခုႏွစ္မွာ အၿပိဳင္အဆုိင္ ထုတ္လုပ္လုိၾကတဲ့ ထိပ္တန္းစာရင္းဝင္ စမတ္ဖုန္းမ်ားအတြက္ ရည္စူးကာ Snapdragon 855 System on-a-chip (SoC) ကို ထုတ္လုပ္မယ့္အေၾကာင္းကို တရားဝင္ထုတ္ျပန္ ေၾကညာလုိက္တယ္။ အထူးသျဖင့္ 5G ဆက္သြယ္ေရး လုပ္ကုိင္ခြင့္ရေစၿပီး AI စြမ္းေဆာင္ရည္ကို ျမႇင့္တင္ထားမယ့္အေၾကာင္းကို အာမခံခ်က္အျပည့္အဝ ေပးခဲ့တယ္။ 5G ဆက္သြယ္ေရးအတြက္ X50 modem ကို အသံုးျပဳထားမွာျဖစ္တာေၾကာင့္ မ်ိဳးဆက္သစ္ဆယ္လူလာ နည္းပညာကို လက္ေတြ႕အသံုးခ်ႏုိင္ၾကေတာ့မွာ ျဖစ္တယ္။ Flagship Android phones ထုတ္လုပ္မယ့္သူမ်ား အႀကိဳက္ျဖစ္ေစပါလိမ့္မယ္။

၂၀၁၉ ခုႏွစ္အတြင္း အေမရိကန္ႏိုင္ငံနဲ႔အတူ ဥေရာပႏုိင္ငံမ်ား အာရွႏုိင္ငံမ်ားအေနနဲ႔ 5G networks ကို ပီပီျပင္ျပင္ စတင္ၾကေတာ့မွာျဖစ္တဲ့အတြက္ ဒီလိုအဆင့္ျမႇင့္တင္ၿပီး ထုတ္လုပ္တာျဖစ္ေၾကာင္းလည္း ထုတ္ေဖာ္ေျပာ ၾကားခဲ့တယ္။ ႀကိဳးမဲ့ဆက္သြယ္ေရးကြန္ရက္ရဲ႕လုပ္ကိုင္ေပးႏိုင္တဲ့ အျမန္ႏႈန္းပုိမုိေကာင္းလာတဲ့အခါ မုိဘိုင္းဖုန္း အသံုးျပဳသူမ်ားအေနနဲ႔ Upload အတြက္ျဖစ္ျဖစ္၊ Download အတြက္ျဖစ္ျဖစ္ ျမန္ျမန္ဆန္ဆန္ လုပ္ကိုင္ခြင့္ရၾကလိမ့္မယ္၊ လူသံုးမ်ားတဲ့ဧရိယာမွာ လုိင္းက်လုိ႔ေႏွးေကြးသြားတယ္ဆုိတဲ့ အခက္အခဲမ်ား ေက်ာ္လႊားႏိုင္ၾကေတာ့မယ္။

Snapdragon 855 SoC မွာ အသစ္စက္စက္ျဖစ္တဲ့ AI engine တစ္ခုကို ထည့္သြင္း တည္ေဆာက္ထားတာကလည္း ထူးျခားတဲ့အဂၤါရပ္ ျဖစ္သြားေစတယ္။ Snapdragon 845 မွာပါဝင္ခဲ့တဲ့ AI processing လုပ္ငန္းစဥ္ေတြထက္ သံုးဆပိုမုိျမန္ဆန္စြာ ေဆာင္ရြက္ေပးႏုိင္မယ္။ AR apps မ်ား Photo filters မ်ားကိုလည္း ပိုမိုပံ့ပိုးေဆာင္ရြက္ခြင့္ ရေစတယ္။ Snapdragon 845 ပါဝင္တဲ့ Pixel 3 စမတ္ဖုန္း LG G7 Thin Q စမတ္ဖုန္း Sony Xperia XZ 3 စမတ္ဖုန္းနဲ႔ One Plus 6T စမတ္ဖုန္းေတြကို ၂၀၁၈ ခုႏွစ္အတြင္း လူႀကိဳက္အမ်ားဆံုးျဖစ္ခဲ့
တယ္။

၂၀၀၇ ခုႏွစ္ကစၿပီး Qual-comm ကုမၸဏီကို တည္ေထာင္ခဲ့တာျဖစ္တဲ့အတြက္ ကုမၸဏီသက္တမ္း (၁၁) ႏွစ္ရွိခဲ့ၿပီ။ ပထမဆံုး ပ႐ိုဆက္ဆာမ်ားကို Scorpion အမွတ္တံဆိပ္နဲ႔ ထုတ္လုပ္မယ္လုိ႔ ႀကိဳတင္ေၾကညာခဲ့ေပမယ့္ Snap-dragon SoC မ်ားကိုသာ ထုတ္လုပ္ျဖစ္တယ္။ စီးရီးမ်ားအေနနဲ႔ 400 စီးရီး 700 စီးရီး 600 စီးရီးမ်ားထုတ္ခဲ့ရာ ေနာက္ဆံုး 800 စီးရီးကို ဝင့္ႂကြားခြင့္ရတဲ့အထိ ရလဒ္ေကာင္းမ်ားရွိခဲ့တယ္။

Snapdragon 855 ကိုမုိဘိုင္း ပလက္ေဖာင္းမွာ ဂုဏ္တင္ေျပာစရာမ်ားရွိေၾကာင္းကိုလည္း ရဲဝံ့စြာေျပာၾကားတယ္။ မႀကံဳစဖူးတဲ့ ႀကိဳးမဲ့ဆက္သြယ္ေရးႏႈန္းထားကို ကမ႓ာေပၚမွာ ပထမဆံုးခံစားခြင့္ ရေစရမယ္။ Multi-gigabit connectivity ရွိတဲ့ Wi-Fi စြမ္းေဆာင္ခြင့္ေပးမွာ ျဖစ္တယ္။ ျမန္ဆန္တဲ့တံု႔ျပန္မႈ ပမာဏျမင့္မားတုိးတက္လာမႈ Lower latency ရရွိမႈအျပင္ လံုၿခံဳမႈဆုိင္ရာအာမခံခ်က္ ပိုေကာင္းေစမယ္။

Qualcomm ရဲ႕ ရဲတင္းတဲ့ အာမခံခ်က္ကေတာ့ hard-driving နဲ႔ long-lasting ျဖစ္ေစရမယ္လုိ႔ ေျပာဆုိတဲ့အျပင္ data ပမာဏေျမာက္ျမားစြာ ကိုင္တြယ္ႏိုင္မွာျဖစ္သလို ႐ႈပ္ေထြးခက္ခဲလွတဲ့ complex apps မ်ားကိုလည္း ႏုိင္ႏုိင္နင္းနင္း ေဆာင္ရြက္ေပးမယ္ဆုိတဲ့ ဆိုၫႊန္းခ်က္ျဖစ္တယ္။ တမူထူးျခားတဲ့ voice assistance အတြက္ျဖစ္ျဖစ္၊ ႀကိဳက္ႏွစ္သက္
စရာျဖစ္ေစတဲ့ camera intelli-gence ျဖစ္ျဖစ္ ျပည့္ဝစြာျဖည့္ဆည္းေပးႏုိင္မယ့္ X R eye နဲ႔ hand tracking ကိုလည္း လုပ္ေပးေစလိမ့္မယ္။ Mobile AI ရဲ႕ လွပတဲ့အာ႐ံုဦးကို ဖန္တီးေပးတာပါလို႔ပင္ ေျပာဆုိခဲ့တဲ့ Snapdragon 855 SoC ျဖစ္တယ္။

ကမ႓ာေပၚမွာ ပထမဆံုးေတြ႕ ျမင္ရမယ့္ အဂၤါရပ္ေတြလည္း ရွိပါေသးတယ္။ Computer Vision (CV) နဲ႔ Image Signal Processor (ISP) တုိ႔ျဖစ္တယ္။ 4K HDR video ေတြကို Portrait mode နဲ႔ လုပ္ကုိင္ေပးႏိုင္တဲ့ စြမ္းရည္ရွိတယ္။ HDR gaming အစစ္ေတြ ကစားႏုိင္မယ္။ Hollywood-Style Videos ေတြရယူမလား၊ ဓာတ္ပံုေတြမ်ားမ်ား သိမ္းဆည္းႏုိင္ဖုိ႔ JPEG format
အျပင္ HEIF (High Efficiency Image File) format ကိုပါ သံုးလုိသလား၊ လံုၿခံဳေရးဆုိင္ရာအတြက္ DSP ကို ထားရွိလိုသလား အားလံုးအဆင္ေျပသြားေစမယ္။ Snapdragon 855 SoC နဲ႔အတူ ေစ်းကြက္ကိုပထမဆံုး Xiaomi MI Mix 3.5G ေမာ္ဒယ္ဝင္ေရာက္လာမယ္လုိ႔ သိရွိရတယ္။ Samsung ရဲ႕ Galaxy S10 မွာအသံုးျပဳမယ္လုိ႔ သိရေပမယ့္ စတင္ေရာင္းခ်ႏိုင္မယ့္ အခ်ိန္ကာလကို မသိရွိရေသးေပ။ Snapdragon 855 ရဲ႕ Video Capture က 4K UHD,[email protected] လုိ႔ျပဆုိၿပီး Video Playback က 8K,360 degree နဲ႔ 4K up to 120fps ရကာ 10 bit နဲ႔ H265 တုိ႔အျပင္ VP9 video recorder ရရွိမွာျဖစ္တယ္။ charging အတြက္ Quick Charge4+ လုိ႔ျပဆိုထားေၾကာင္း ေရႊႀကိဳတင္ျပလုိက္ရပါတယ္။

-ဦးေသာင္းဝင္း (ပန္းခ်ယ္ရီ)

[ Unicode ]

Snapdragon လို့ပြောလိုက်တာနဲ့ Qualcomm Technologies Inc က မိုဘိုင်းကိရိယာများအတွက် ထုတ်လုပ်တဲ့ SoC (Systemon-a-chip) ဖြစ်ကြောင်း နားလည်သိရှိထားပြီးဖြစ်သူ အမြောက်အမြား ရှိကြမှာဖြစ်တယ်။ ARM RISC instruction set ကိုသုံးထားတဲ့ CPU (Central Processing Unit) တစ်မျိုးလို့လည်း ပြောနိုင်ပါလိမ့်မယ်။ Multiple CPU cores
နဲ့အတူ GPU (graphic processing unit) တစ်ခု၊ wireless modem တစ်ခုတို့ ထည့်သွင်းတည်ဆောက်ထားတယ်။ Snapdragon SoC လေးနဲ့အတူ မိုဘိုင်းကိရိယာအတွင်း ပါဝင်ထည့်သွင်းမယ့် GPS (global positioning system) တို့ ကင်မရာတို့ gesture recognition စနစ်တို့ ဗီဒီယိုလုပ်ငန်းစဉ်တို့ကို လုပ်ကိုင်ဆောင်ရွက်ပေးနိုင်မယ့် ဆော့ဖ်ဝဲနဲ့ ဟာ့ဒ်ဝဲအားလုံးကို ပံ့ပိုးပေးနိုင်စွမ်းရှိတယ်။ ဒီနေ့စျေးကွက်တွင် မြင်တွေ့နေကြရတဲ့ Android စနစ်နဲ့ Windows စနစ်သုံး မိုဘိုင်းဖုန်းအများစုမှာ Snapdragon ကို အသုံးပြုထားကြတာ မြင်တွေ့နိုင်တယ်။ ဒါ့အပြင် netbooks လို့ခေါ်တဲ့ ကွန်ပျူတာအသေးစားလေးများ၊ မော်တော်ကားများ၊ နည်းပညာသုံးချပ်ဝတ်တန်ဆာ (wearable devices) များမှာလည်း အသုံးချမှုများ ရှိနေပါပြီ။

Qualcomm ကုမ္ပဏီအနေနဲ့ တစ်နှစ်တစ်ကြိမ် အဆင့်မြင့်မိုဘိုင်း ပရိုဆက်ဆာအသစ်တစ်မျိုးမျိုးကို ထုတ်လုပ်ပေးလေ့ရှိတယ်။ ၂၀၁၉ ခုနှစ်မှာ အပြိုင်အဆိုင် ထုတ်လုပ်လိုကြတဲ့ ထိပ်တန်းစာရင်းဝင် စမတ်ဖုန်းများအတွက် ရည်စူးကာ Snapdragon 855 System on-a-chip (SoC) ကို ထုတ်လုပ်မယ့်အကြောင်းကို တရားဝင်ထုတ်ပြန် ကြေညာလိုက်တယ်။ အထူးသဖြင့် 5G ဆက်သွယ်ရေး လုပ်ကိုင်ခွင့်ရစေပြီး AI စွမ်းဆောင်ရည်ကို မြှင့်တင်ထားမယ့်အကြောင်းကို အာမခံချက်အပြည့်အဝ ပေးခဲ့တယ်။ 5G ဆက်သွယ်ရေးအတွက် X50 modem ကို အသုံးပြုထားမှာဖြစ်တာကြောင့် မျိုးဆက်သစ်ဆယ်လူလာ နည်းပညာကို လက်တွေ့အသုံးချနိုင်ကြတော့မှာ ဖြစ်တယ်။ Flagship Android phones ထုတ်လုပ်မယ့်သူများ အကြိုက်ဖြစ်စေပါလိမ့်မယ်။

၂၀၁၉ ခုနှစ်အတွင်း အမေရိကန်နိုင်ငံနဲ့အတူ ဥရောပနိုင်ငံများ အာရှနိုင်ငံများအနေနဲ့ 5G networks ကို ပီပီပြင်ပြင် စတင်ကြတော့မှာဖြစ်တဲ့အတွက် ဒီလိုအဆင့်မြှင့်တင်ပြီး ထုတ်လုပ်တာဖြစ်ကြောင်းလည်း ထုတ်ဖော်ပြော ကြားခဲ့တယ်။ ကြိုးမဲ့ဆက်သွယ်ရေးကွန်ရက်ရဲ့လုပ်ကိုင်ပေးနိုင်တဲ့ အမြန်နှုန်းပိုမိုကောင်းလာတဲ့အခါ မိုဘိုင်းဖုန်း အသုံးပြုသူများအနေနဲ့ Upload အတွက်ဖြစ်ဖြစ်၊ Download အတွက်ဖြစ်ဖြစ် မြန်မြန်ဆန်ဆန် လုပ်ကိုင်ခွင့်ရကြလိမ့်မယ်၊ လူသုံးများတဲ့ဧရိယာမှာ လိုင်းကျလို့နှေးကွေးသွားတယ်ဆိုတဲ့ အခက်အခဲများ ကျော်လွှားနိုင်ကြတော့မယ်။

Snapdragon 855 SoC မှာ အသစ်စက်စက်ဖြစ်တဲ့ AI engine တစ်ခုကို ထည့်သွင်း တည်ဆောက်ထားတာကလည်း ထူးခြားတဲ့အင်္ဂါရပ် ဖြစ်သွားစေတယ်။ Snapdragon 845 မှာပါဝင်ခဲ့တဲ့ AI processing လုပ်ငန်းစဉ်တွေထက် သုံးဆပိုမိုမြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်မယ်။ AR apps များ Photo filters များကိုလည်း ပိုမိုပံ့ပိုးဆောင်ရွက်ခွင့် ရစေတယ်။ Snapdragon 845 ပါဝင်တဲ့ Pixel 3 စမတ်ဖုန်း LG G7 Thin Q စမတ်ဖုန်း Sony Xperia XZ 3 စမတ်ဖုန်းနဲ့ One Plus 6T စမတ်ဖုန်းတွေကို ၂၀၁၈ ခုနှစ်အတွင်း လူကြိုက်အများဆုံးဖြစ်ခဲ့
တယ်။

၂၀၀၇ ခုနှစ်ကစပြီး Qual-comm ကုမ္ပဏီကို တည်ထောင်ခဲ့တာဖြစ်တဲ့အတွက် ကုမ္ပဏီသက်တမ်း (၁၁) နှစ်ရှိခဲ့ပြီ။ ပထမဆုံး ပရိုဆက်ဆာများကို Scorpion အမှတ်တံဆိပ်နဲ့ ထုတ်လုပ်မယ်လို့ ကြိုတင်ကြေညာခဲ့ပေမယ့် Snap-dragon SoC များကိုသာ ထုတ်လုပ်ဖြစ်တယ်။ စီးရီးများအနေနဲ့ 400 စီးရီး 700 စီးရီး 600 စီးရီးများထုတ်ခဲ့ရာ နောက်ဆုံး 800 စီးရီးကို ဝင့်ကြွားခွင့်ရတဲ့အထိ ရလဒ်ကောင်းများရှိခဲ့တယ်။

Snapdragon 855 ကိုမိုဘိုင်း ပလက်ဖောင်းမှာ ဂုဏ်တင်ပြောစရာများရှိကြောင်းကိုလည်း ရဲဝံ့စွာပြောကြားတယ်။ မကြုံစဖူးတဲ့ ကြိုးမဲ့ဆက်သွယ်ရေးနှုန်းထားကို ကမ႓ာပေါ်မှာ ပထမဆုံးခံစားခွင့် ရစေရမယ်။ Multi-gigabit connectivity ရှိတဲ့ Wi-Fi စွမ်းဆောင်ခွင့်ပေးမှာ ဖြစ်တယ်။ မြန်ဆန်တဲ့တုံ့ပြန်မှု ပမာဏမြင့်မားတိုးတက်လာမှု Lower latency ရရှိမှုအပြင် လုံခြံုမှုဆိုင်ရာအာမခံချက် ပိုကောင်းစေမယ်။

Qualcomm ရဲ့ ရဲတင်းတဲ့ အာမခံချက်ကတော့ hard-driving နဲ့ long-lasting ဖြစ်စေရမယ်လို့ ပြောဆိုတဲ့အပြင် data ပမာဏမြောက်မြားစွာ ကိုင်တွယ်နိုင်မှာဖြစ်သလို ရှုပ်ထွေးခက်ခဲလှတဲ့ complex apps များကိုလည်း နိုင်နိုင်နင်းနင်း ဆောင်ရွက်ပေးမယ်ဆိုတဲ့ ဆိုညွှန်းချက်ဖြစ်တယ်။ တမူထူးခြားတဲ့ voice assistance အတွက်ဖြစ်ဖြစ်၊ ကြိုက်နှစ်သက်
စရာဖြစ်စေတဲ့ camera intelli-gence ဖြစ်ဖြစ် ပြည့်ဝစွာဖြည့်ဆည်းပေးနိုင်မယ့် X R eye နဲ့ hand tracking ကိုလည်း လုပ်ပေးစေလိမ့်မယ်။ Mobile AI ရဲ့ လှပတဲ့အာရုံဦးကို ဖန်တီးပေးတာပါလို့ပင် ပြောဆိုခဲ့တဲ့ Snapdragon 855 SoC ဖြစ်တယ်။

ကမ႓ာပေါ်မှာ ပထမဆုံးတွေ့ မြင်ရမယ့် အင်္ဂါရပ်တွေလည်း ရှိပါသေးတယ်။ Computer Vision (CV) နဲ့ Image Signal Processor (ISP) တို့ဖြစ်တယ်။ 4K HDR video တွေကို Portrait mode နဲ့ လုပ်ကိုင်ပေးနိုင်တဲ့ စွမ်းရည်ရှိတယ်။ HDR gaming အစစ်တွေ ကစားနိုင်မယ်။ Hollywood-Style Videos တွေရယူမလား၊ ဓာတ်ပုံတွေများများ သိမ်းဆည်းနိုင်ဖို့ JPEG format
အပြင် HEIF (High Efficiency Image File) format ကိုပါ သုံးလိုသလား၊ လုံခြံုရေးဆိုင်ရာအတွက် DSP ကို ထားရှိလိုသလား အားလုံးအဆင်ပြေသွားစေမယ်။ Snapdragon 855 SoC နဲ့အတူ စျေးကွက်ကိုပထမဆုံး Xiaomi MI Mix 3.5G မော်ဒယ်ဝင်ရောက်လာမယ်လို့ သိရှိရတယ်။ Samsung ရဲ့ Galaxy S10 မှာအသုံးပြုမယ်လို့ သိရပေမယ့် စတင်ရောင်းချနိုင်မယ့် အချိန်ကာလကို မသိရှိရသေးပေ။ Snapdragon 855 ရဲ့ Video Capture က 4K UHD,[email protected] လို့ပြဆိုပြီး Video Playback က 8K,360 degree နဲ့ 4K up to 120fps ရကာ 10 bit နဲ့ H265 တို့အပြင် VP9 video recorder ရရှိမှာဖြစ်တယ်။ charging အတွက် Quick Charge4+ လို့ပြဆိုထားကြောင်း ရွှေကြိုတင်ပြလိုက်ရပါတယ်။