၂၀၁၈ – ဥေရာပတြင္ ပညာသင္ပြဲေတာ္ က်င္းပမည္

[ Zawgyi ]

၂၀၁၈ – ဥေရာပတြင္ ပညာသင္ပြဲေတာ္ကို ဒီဇင္ဘာလ ၁၃ ရက္၊ နံနက္ ၉ နာရီမွ ညေန ၅ နာရီအထိ ရန္ကုန္တကၠသိုလ္ စိန္ရတုခန္းမမွာ က်င္းပျပဳလုပ္သြားမယ္လို႔ သိရပါတယ္။

ၿဗိတိသွ်ေကာင္စီမွ စီစဥ္ၿပီး ဥေရာပသမဂၢမွ ရန္ပုံေငြေထာက္ပ့ံေပးထားတယ္လို႔ သိရပါတယ္။ ထိပ္တန္းဥေရာပ ေက်ာင္း ၁၉ ေက်ာင္း၊ ႏုိင္ငံေတာ္အဆင့္ ကုိယ္စားလွယ္ အဖြဲ႕/သံ႐ံုး ၈ ခုနဲ႔ ႏုိင္ငံ ၁၃ ႏုိင္ငံတုိ႔မွ ပါ၀င္ခင္းက်င္းျပသမွာျဖစ္ၿပီး ပထမဘြဲ႕၊ မဟာဘြဲ႕၊ ေဒါက္တာဘြဲ႕ အတြက္ ရန္ပံုေငြေထာက္ပံ့မႈနဲ႔ ပညာသင္ဆုအခြင့္အလမ္းေတြအေၾကာင္း ေလ့လာႏုိင္မွာျဖစ္တယ္လို႔ သိရပါတယ္။

“ဘယ္ဥေရာပႏုိင္ငံမွာမဆုိ ပညာသင္ၾကားျခင္းဟာ အရည္အေသြးျမင့္ ပညာေရးကို ေပး႐ံုမွ်မက စိတ္လႈပ္ရွားဖြယ္ မတူျခားနားတဲ့ ယဥ္ေက်းမႈေတြ ေနထုိင္ဖုိ႔ အခြင့္အလမ္းေပးစြမ္းႏုိင္တဲ့ ဘ၀ကို ေျပာင္းလဲေစမယ့္ အေတြ႕အႀကံဳလည္း ျဖစ္ပါတယ္ ” လုိ႔ ျမန္မာႏုိင္ငံဆုိင္ရာ အီးယူသံတမန္ ခရစ္ရွန္ရွမစ္ ကေျပာပါတယ္။

ျပပြဲဟာ ယူေက အပါအဝင္ ဥေရာပမွာ သြားေရာက္ပညာသင္ယူလိုတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြကို ဥေရာပတကၠသိုလ္ေတြနဲ႔ ခ်ိတ္ဆက္ေပးဖို႔ ရည္ရြယ္ၿပီး ႏိုင္ငံ ၁၃ ႏိုင္ငံရွိ တကၠသိုလ္ႏွင့္ပညာေရးအဖြဲ႕အစည္းမ်ား ၂၇ ခု တို႔မွ ကိုယ္စားလွယ္ေတြက တကၠသိုလ္ပညာေရးစနစ္၊ exchange programmes ေတြ၊ ဘြဲ႕လြန္ပ႐ိုဂရမ္ေတြ (Master, Doctorate, Research) နဲ႔ ပညာသင္ဆုေတြအေၾကာင္းကို လာေရာက္ရွင္းျပ ေဆြးေႏြးသြားမွာျဖစ္ပါတယ္။

ၿဗိတိသွ်ေကာင္စီမွလည္း IELTS စာေမးပြဲအေၾကာင္း၊ IELTS ပညာသင္ဆုမ်ားအေၾကာင္းကို ရွင္းလင္းေျပာၾကားေပးသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ဥေရာပႏိုင္ငံမ်ားသို႔ သြားေရာက္သင္ယူလိုတဲ့ တကၠသိုလ္ ေက်ာင္းသား၊ ေက်ာင္းသူေတြ၊ IGCSE နဲ႔ GCE ေျဖဆိုေအာင္ျမင္ထားတဲ့ ေက်ာင္းသား၊ေက်ာင္းသူေတြ၊ အထက္တန္းစာေမးပြဲ ေျဖဆို ေအာင္ျမင္ထားတဲ့/ေျဖဆိုမယ့္ ေက်ာင္းသား၊ေက်ာင္းသူေတြ ေက်ာင္းသားမိဘေတြနဲ႔ စိတ္ပါဝင္စားသူမည္သူမဆို ဒီေနရာမွာ စာရင္းေပးထားၿပီး အခမဲ့ တက္ေရာက္ေဆြးေႏြးႏိုင္မွာ ျဖစ္ပါတယ္။

-သႏၲာ

[ Unicode ]

၂၀၁၈ – ဥရောပတွင် ပညာသင်ပွဲတော်ကို ဒီဇင်ဘာလ ၁၃ ရက်၊ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဗြိတိသျှကောင်စီမှ စီစဉ်ပြီး ဥရောပသမဂ္ဂမှ ရန်ပုံငွေထောက်ပ့ံပေးထားတယ်လို့ သိရပါတယ်။ ထိပ်တန်းဥရောပ ကျောင်း ၁၉ ကျောင်း၊ နိုင်ငံတော်အဆင့် ကိုယ်စားလှယ် အဖွဲ့/သံရုံး ၈ ခုနဲ့ နိုင်ငံ ၁၃ နိုင်ငံတို့မှ ပါ၀င်ခင်းကျင်းပြသမှာဖြစ်ပြီး ပထမဘွဲ့၊ မဟာဘွဲ့၊ ဒေါက်တာဘွဲ့ အတွက် ရန်ပုံငွေထောက်ပံ့မှုနဲ့ ပညာသင်ဆုအခွင့်အလမ်းတွေအကြောင်း လေ့လာနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

“ဘယ်ဥရောပနိုင်ငံမှာမဆို ပညာသင်ကြားခြင်းဟာ အရည်အသွေးမြင့် ပညာရေးကို ပေးရုံမျှမက စိတ်လှုပ်ရှားဖွယ် မတူခြားနားတဲ့ ယဉ်ကျေးမှုတွေ နေထိုင်ဖို့ အခွင့်အလမ်းပေးစွမ်းနိုင်တဲ့ ဘဝကို ပြောင်းလဲစေမယ့် အတွေ့အကြုံလည်း ဖြစ်ပါတယ် ” လို့ မြန်မာနိုင်ငံဆိုင်ရာ အီးယူသံတမန် ခရစ်ရှန်ရှမစ် ကပြောပါတယ်။

ပြပွဲဟာ ယူကေ အပါအဝင် ဥရောပမှာ သွားရောက်ပညာသင်ယူလိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဥရောပတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပေးဖို့ ရည်ရွယ်ပြီး နိုင်ငံ ၁၃ နိုင်ငံရှိ တက္ကသိုလ်နှင့်ပညာရေးအဖွဲ့အစည်းများ ၂၇ ခု တို့မှ ကိုယ်စားလှယ်တွေက တက္ကသိုလ်ပညာရေးစနစ်၊ exchange programmes တွေ၊ ဘွဲ့လွန်ပရိုဂရမ်တွေ (Master, Doctorate, Research) နဲ့ ပညာသင်ဆုတွေအကြောင်းကို လာရောက်ရှင်းပြ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဗြိတိသျှကောင်စီမှလည်း IELTS စာမေးပွဲအကြောင်း၊ IELTS ပညာသင်ဆုများအကြောင်းကို ရှင်းလင်းပြောကြားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဥရောပနိုင်ငံများသို့ သွားရောက်သင်ယူလိုတဲ့ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေ၊ IGCSE နဲ့ GCE ဖြေဆိုအောင်မြင်ထားတဲ့ ကျောင်းသား၊ကျောင်းသူတွေ၊ အထက်တန်းစာမေးပွဲ ဖြေဆို အောင်မြင်ထားတဲ့/ဖြေဆိုမယ့် ကျောင်းသား၊ကျောင်းသူတွေ ကျောင်းသားမိဘတွေနဲ့ စိတ်ပါဝင်စားသူမည်သူမဆို ဒီနေရာမှာ စာရင်းပေးထားပြီး အခမဲ့ တက်ရောက်ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။