၂၀၁၈ ခုနှစ်ရဲ့ အကောင်ဆုံး မြားနတ်မောင် app များ
[ Zawgyi ]
Bumble
Tinder
OkCupid
Hinge
Coffee Meets Bagel
Happn
The League
(၈) Her
Plenty of Fish
Clover
Match
-စိုးထက်
Ref: CNET
[ Unicode ]
ဆောင်းရာသီနဲ့ အားလပ်ရက်ရာသီတွေမှာ တစ်ယောက်တည်းနေရတာ အထီးကျန်နေတဲ့သူတွေအတွက် ဒီနှစ်ရဲ့ အကောင်းဆုံး ဖူးစာရေးနတ် app တွေကို ဖော်ပြပေးလိုက်ပါတယ်။ အခု app စာရင်းကတော့ အမျိုးသမီးတစ်ဦးရဲ့ အတွေ့အကြုံကနေပြီး စုစည်းထားတာဖြစ်ပါတယ်။
Bumble
Bumble ဟာ အမျိုးသမီးတွေအတွက် ရည်ရွယ်တဲ့ Tinder လို့ ပြောလို့ရပါတယ်။ Bumble မှာ အမျိုးသမီးတွေက message ကို ပထမဆုံးပေးပို့ဖို့ လိုအပ်ပြီး အမျိုးသားက ၂၄ နာရီအတွင်း message မပြန်ဘူးဆိုရင် ဖြစ်နိုင်ခြေ match တွေဆုံးရှုံးမှာ ဖြစ်ပါတယ်။ Bumble ရဲ့ အချိန်ကန့်သတ်မှုက ဆက်သွယ်ဖို့ အားပေးတာဖြစ်ပြီး လူတစ်ချို့ကတော့ အဲဒီ feature ကို နှစ်သက်ကြပါတယ်။ ဒါပေမဲ့ အချိန်ဆွဲတတ်သူဆိုရင်တော့ Bumble ကတော့ သင့်တော်တဲ့ app မဟုတ်ပါဘူး။ Bumble မှာ အမျိုးသမိးတွေက ပထမဆုံး message ပေးပို့ရတဲ့အတွက် ယုံကြည်မှုလျော့နည်းနေတဲ့ အမျိုးသားတွေအတွက် ဖယ်ရှားလိုတဲ့ ဆန္ဒရှိပါတယ်။ Bumble မှာ အခြား dating app တွေထက် ယုံကြည်မှု မြင့်မားတဲ့ အမျိုးသားတွေအရေအတွက် ပိုုမိုများပြားပါတယ်။ Bumble မှာ BFF feature ပါဝင်ပါတယ်။ အဲဒီဝန်ဆောင်မှုကတော့ dating app gallery ကို အာရုံစိုက်တဲ့ feature မဟုတ်ပါဘူး
Tinder
ကာလရှည်ကြာ ဆက်ဆံရေးတစ်ခု ဒါမှမဟုတ် ပုံမှန်တွေ့ဆုံမှုကို ရှာဖွေနေသူအတွက် Tinder ကတော့ အခြေခံအကျဆုံးပါပဲ။ Tinder ဟာ dating လုပ်မယ်ဆိုရင် ပထမဆုံး တစ်ထောက်နားရာ နေရာလည်း ဖြစ်ပါတယ်။ အွန်လိုင်း dating နဲ့ပတ်သက်ပြီး စွန့်စားမှုကို ပြုလုပ် ချင်တယ်ဆိုရင် လူတိုင်း swipe ပြုလုပ်တဲ့ အရာကို လုပ်ဖို့ လိုအပ်ပါတယ်။
ကိုယ်ရေးအကျဉ်းကို ကြည့်ပြီး ဆုံးဖြတ်ချက်တွေကို အလျင်အမြန် လုပ်နိုင်ပါတယ်။ အားနည်းချက်ကတော့ ကိုယ်ရေးအကျဉ်းက တိုတောင်းတဲ့အတွက် ဘယ်လိုလူမျိုးကို ရှာဖွေနေတယ်ဆိုတာ နားလည်ဖို့ ခက်ခဲပါတယ်။ လူတစ်ယောက်အကြောင်း အနည်းငယ်ပဲ သိတဲ့အတွက် အစောပိုင်းမှာ message ပေးပို့တဲ့အခါ စိန်ခေါ်မှုတွေ ရှိပါတယ်။ သုံးစွဲသူ အနေနဲ့ ကိုယ်ရေးအကျဉ်းတွေများစွာကို ကြည့်ရှုပြီးသေချာ swipe ပြုလုပ်သင့်ပါတယ်။
OkCupid
OkCupid မှာ ပါဝင်တဲ့ လူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးအကျဉ်းဟာ dating ဝက်ဘ်ဆိုက်တွေမှာ တွေ့ရတဲ့ ကိုယ်ရေးအကျဉ်းတွေထက် ပိုမိုပြည့်စုံပါတယ်။ OKCupid မှာ မဆုံးနိုင်တဲ့ မေးခွန်းများစွာကို ဖြေဆိုဖို့ လိုအပ်ပါတယ်။ မေးခွန်းတွေဖြေအပြီးမှာ လိုက်ဖက်တဲ့ အတွဲအဖက်ကို ပြုလုပ်ပေးဖို့ လက်တွေ့ကျတဲ့ Mate/Enemy ရာခိုင်နှုန်းအချိုးအစားကို ဖော်ပြပေးပါတယ်။
OKCupid ဟာ ပြီးခဲ့တဲ့နှစ်အတွင်း အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပြီး Tinder နဲ့အနည်းငယ်တူလာပါတယ်။ သုံးစွဲသူဟာ swipe ပြုလုပ်ရပြီး match မဖြစ်တဲ့ သုံးစွဲသူဆီ message ပေးပို့နိုင်တဲ့ feature ကို ဖျက်သိမ်းခဲ့ပါတယ်။ သုံးစွဲသူအနေနဲ့ message ကို ပေးနိုင်ပေမယ့် လက်ခံသူရဲ့ inbox မှာတော့ match မဖြစ်မချင်း မဖော်ပြပေးပါဘူး။ OKCupid ဟာ
မသင့်တော်တဲ့ message တွေအရေအတွက်ကို လျှော့ချဖို့ အခု အပြောင်းအလဲကို ပြုလုပ်ခဲ့တယ်လို့ ထောက်ပြခဲ့ပါတယ်။
Hinge
Hinge ဟာ လူတစ်ယောက်နဲ့ တစ်ယောက်အကြား Facebook ပေါ်မှာ ဝေမျှထားတဲ့ အရာတွေထဲက တူညီတဲ့ချိတ်ဆက်မှုတွေအပေါ် အခြေခံပါတယ်။ Hinge အနေနဲ့ ပိုမိုကောင်းမွန်တဲ့ ချိတ်ဆက်မှုတွေနဲ့ match လုပ်ပေးဖို့ မေးခွန်းတွေ မေးမြန်းပေးပြီး အလေးအနက် ဆက်ဆံ ရေးရှာဖွေနေသူအတွက် သင့်တော်တဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။
Coffee Meets Bagel
Coffee Meets Bagel ဟာ နေ့တစ်နေ့ရဲ့ နေ့လည်ဘက်မှာ ရွေးချယ်ထားတဲ့ match တွေဒါမှမဟုတ် “Bagels” ပေးပို့ပြီး အရည်အသွေး ကောင်းတဲ့ match တွေကို ပေးနိုင်အောင် ထောက်ပံ့ထားပါတယ်။ ဒါ့အပြင် ပထမဆုံး message တွေပေးပို့ဖို့ အကြံပြုထားပြီး Tinder ထက် ကိုယ် ရေးအကျဥး်တွေ ပြည့်စုံပါတယ်။ CMB မှာ feature တွေနဲ့ ထွင်လုံးတွေ အလွန်များပြားတဲ့အတွက် သုံးစွဲသူတွေ စိတ်ရှုပ်ထွေးစေပါတယ်။ CMB ရဲ့သတိပေးချက်တွေကလညး် အရမ်းများပြားလွန်းပါတယ်။
Happn
Happn ဟာ အနီးအနားက လူတွေနဲ့ ရုပ်ပိုင်းဆိုင်ရာက ချိတ် ဆက်ပေးနိုင်ပါတယ်။ တစ်စုံတစ်ယောက်နဲ့ အပြင်မှာ တွေ့ဆုံနိုင်တဲ့ ကိစ္စဟာ အလွန်ကောင်းမွန်တဲ့ စိတ်ကူးဖြစ်ပါတယ်။ သုံးစွဲသူအနေနဲ့ အိမ်နီး နားချင်း တစ်ယောက်ယောက်နဲ့ နီးစပ်လိုတယ်ဆိုရင် အသုံးဝင်တဲ့ app တစ်ခုဖြစ်ပါတယ်။ Happn ဟာတစ်ကယ့်ဘဝအတွင်းက မြင်ရတဲ့လူတွေကို မချဉ်းကပ်လိုသူအပြင် အွန်လိုင်း dating ကို အသုံးမပြုချင်သူ တွေအတွက် ဒီဇိုင်းထုတ်ထားဖွယ်ရှိပါတယ်။
The League
The League ကတော့ အဆင့်မြင့် dating app တစ်မျိုးဖြစ်ပြီး သုံးစွဲခွင့်ရဖို့ လျှောက်ထားရပါသေးတယ်။ The League က လျှောက်ထားသူတွေရဲ့ အလုပ်အကိုင်နဲ့ တက်ရောက်ခဲ့တဲ့ ကောလိပ်စတာတွေကို ထည့်သွင်းစဉ်းစားတဲ့အတွက် LinkedIn account ကိုထောက်ပံ့ပေးဖို့ လိုအပ် ပါတယ်။ မြို့ကြီးတွေမှာဆိုရင် စောင့်ဆိုင်းစာရင်းတွေရှိပြီး သုံးစွဲသူရဲ့ လျှောက်လွှာ လုပ်ငန်းစဉ်အတိုင်း ဖြတ်သန်းတာကို တွေ့နိုင်ပါတယ်။ လုပ်ငန်းစဉ်ကို မြန်ဆန်စေဖို့ ငွေကြေးပေးသွင်းနိုင်ပါသေးတယ်။ အခြားသူ တွေအတွက်ပဲ အသုံးပြုနိုင်တဲ့ သီးသန့် feature တွေလည်း ရှိပါတယ်။
(၈) Her
ချိန်းတွေ့ဖို့ စီစဉ်ပေးတဲ့ dating app အများစုမှာ LGBTQ ကို ဦးစားပေးမှု အနညး်ငယ်ပဲရှိပါတယ်။ Her ကတော့ အမျိုးသမီးချင်း တိမ်းညွှတ်သူ၊ လိင်တူနဲ့ လိင်ကွဲနှစ်မျိုးစလုံးကို စိတ်ဝင်စားသူတွေအတွက် ရည်ရွယ်ထားပါတယ်။ အဲဒီ app မှာတန်ဖိုးရှိတဲ့ အရာတွေ ပါဝင်ပေမယ့် bug တွေနဲ့ glitch တစ်ချို့တော့ ရှိပါတယ်။ လိင်တူစိတ်ဝင်စား သူတွေအနေနဲ့ Her ကို နှစ်သက်ကြပေမယ့် Tider ဒါမှမဟုတ် Bumble ကိုပဲ အဓိကအသုံးပြုကြတယ်လို့ သိရပါတယ်။
Plenty of Fish
Plenty of Fish ကို ၂၀၀၃ ခုနှစ်မှာ မိတ်ဆက်ခဲ့ပြီး ပွဲထွက်လာခဲ့ပါတယ်။ POF မှာ bot တွေနဲ့ scam တွေပြည့်နှက်နေပေမယ့် အခြား dating app တွေထက် သုံးစွဲသူများပြားပါတယ်။ POF မှာနညး်ပညာပိုင်း ပြဿနာတွေ ရှိပေမယ့် အသုံးဝင်တဲ့ dating app တစ်ခုဖြစ်ပါတယ်။
Clover
Clover ဟာ လိုအပ်တဲ့အချိန်တိုင်း အသုံးပြုနိုင်တဲ့ အွန်လိုင်း dating ဗားရှင်းတစ်မျိုးဖြစ်ပါတယ်။ သင့်တော်မှုအပေါ် အခြေခံပြီး match ရာခိုင်နှုန်းကို ပြသပေးမယ့် ကိန်းဂဏန်းတွေဘယ်လိုတွက်ချက်လဲဆိုတာ မရှင်းပြထားပါဘူး။ Clover ကို အသုံးပြုသူ ၆ သန်းနီးပါးရှိပြီး သုံးစွဲသူ ၈၅ ရာခိုင်နှုန်းက အသက် ၁၈ နှစ်နဲ့ ၃၀ အကြား ရှိတယ်လို့ သိရပါတယ်။
Match
Match မှာ အခမဲ့ ဗားရှင်းရှိပေမယ့် သုံးစွဲသူအတွက် ပိုမိုကိုက်ညီ မယ့်လူနဲ့ တွေ့ဆုံနိုင်ဖို့ လစဉ်ကြေးပေးသွင်းဖို့ လိုအပ်ပါတယ်။ Match ဟာ အွန်လိုင်း dating တွေအစောပိုင်းမှာ ကျန်ရစ်ခဲ့တဲ့ ဝန်ဆောင်မှုပုံစံမျိုးကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်တစ်ခုမှာ အဖွဲ့ဝင်ဖြစ်ဖို့ ငွေပေးသွင်းရတာဟာ လေးနက်တဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်။
Ref: CNET