၂၀၁၈ ခုႏွစ္ထဲမွာ ျပည္တြင္းေစ်းကြက္ကို ဝင္ေရာက္ခဲ့တဲ့ ထိပ္တန္းစမတ္ဖုန္း ( ၉ ) လုံး

[ Zawgyi ]

၂ဝ၁၈ ခုႏွစ္ရဲ႕ စမတ္ဖုန္းေစ်းကြက္က နည္းပညာပိုင္းမွာ အၿပိဳင္အဆုိင္ေတြမ်ားသလို တစ္ႏွစ္တာလုံးအတြင္း ထြက္သမွ် စမတ္ဖုန္းတုိင္းမွာ ဆန္းသစ္တဲ့ဒီဇုိင္း၊ ျမင့္မားေကာင္းမြန္လွတဲ့ နည္းပညာေတြ၊ ပိုမိုေကာင္းမြန္တဲ့ ကင္မရာစနစ္ေတြနဲ႔ လုံၿခဳံေရးပိုင္းဆုိင္ရာ နည္းပညာေတြမ်ားစြာ ပါဝင္လာပါတယ္။ အဓိက ထူးျခားဆန္းသစ္မႈတစ္ခုကေတာ့ Display ပိုင္း၊ Fingerprint လုံၿခဳံေရးပိုင္း၊ AI စနစ္ေထာက္ပံ့ပါ၀င္တဲ့ ကင္မရာစနစ္ေတြပဲ ျဖစ္ပါတယ္။ Display ပိုင္းမွာ FullView မ်က္ႏွာျပင္ ျပည့္ေတြ ေခတ္စားလာသလို ကင္မရာပိုင္းကလည္း အနည္းဆုံးေနာက္ ဘက္ကင္မရာႏွစ္လုံး၊ ဒါမွမဟုတ္ ေရွ႕ဘက္ကင္မရာႏွစ္လုံးကို ဖုန္းတုိင္း လိုလိုမွာ ထည့္သြင္းလာပါတယ္။ ႏွစ္ကုန္ပိုင္းေလာက္မွာေတာ့ ေနာက္ ဘက္ကင္မရာ သုံးလုံးနဲ႔ ေလးလုံးပါတဲ့ စမတ္ဖုန္းေတြ ေစ်းကြက္မွာ စတင္မိတ္ဆက္ ေရာင္းခ်ခဲ့ပါတယ္။ ဒီႏွစ္အတြင္းမွာပဲ ဂိမ္းကစားဖို႔အတြက္ကို သီးသန္႔အေနနဲ႔ ထုတ္လုပ္ေရာင္းခ်တဲ့ စမတ္ဖုန္းေမာ္ဒယ္ေတြလည္း ျပည္တြင္းေစ်းကြက္ကို ဝင္ေရာက္ခ့ဲပါတယ္။

ကင္မရာစနစ္ပိုင္းမွာဆိုရင္လည္း AI စနစ္ေထာက္ပံ့ ပါဝင္မႈေတြက သုံးစြဲသူေတြရဲ႕ ဖုန္းနဲ႔ကင္မရာအသုံးျပဳမႈကို ပိုမိုျမင့္မားေကာင္းမြန္တဲ့ သုံးစြဲမႈအေတြ႕အႀကဳံေတြရရွိေစပါတယ္။ ဖုန္းတုိင္းလိုလိုမွာ လုံၿခံဳေရးဆုိင္ရာအတြက္ လက္ေဗြလုံၿခဳံေရးစနစ္အျပင္ မ်က္ႏွာျပင္နဲ႔ Lock screen ကို ဖြင့္ႏုိင္တဲ့ Face unlock စနစ္ေတြလည္း ေထာက္ပံ့ ပါဝင္လာပါတယ္။
ေနာက္ထပ္ထူးျခားမႈတစ္ခုက Under Display Fingerprint နည္းပညာျဖစ္တဲ့ ဖုန္းျမင္ကြင္းနဲ႔ တစ္ပါတည္းတြဲဖက္ ထည့္သြင္းထားတဲ့ လက္ေဗြလုံၿခဳံေရး နည္းပညာပါ။ ခုဆိုရင္ေတာ့ ဖုန္း Stylus Pen ထဲမွာ ဖုန္းနဲ႔ ႀကိဳးမဲ့ခ်ိတ္ဆက္ အသုံးျပဳႏုိင္တဲ့ ႀကိဳးမဲ့နည္းပညာေတြ ေထာက္ပံ့ပါဝင္လာပါၿပီ။ အဲဒီလိုမ်ဳိး စမတ္ဖုန္းသုံးစြဲသူေတြရဲ႕ ေန႔စဥ္လူေနမႈဘဝအတြက္ အေကာင္းဆုံး ပံ့ပိုးမႈကို ဖုန္းကေနရရွိ အသုံးျပဳႏုိင္ေအာင္ နည္းပညာပိုင္းက တစ္ေန႔ထက္တစ္ေန႔ ပိုမိုတိုးတက္ျမင့္မားလာေအာင္ ေဆာင္ရြက္ေနၾကသလို အၿပိဳင္အဆုိင္မ်ားလွတဲ့ စမတ္ဖုန္းေစ်းရဲ႕ ၿပိဳင္ဆုိင္မႈေတြကလည္း ဒီႏွစ္ထဲမွာ ပိုပိုၿပီးျပင္းထန္လာပါတယ္။ ေစ်းႏႈန္း၊ ဒီဇုိင္း၊ ျမင္ကြင္းဆုိင္ရာ နည္းပညာ၊ ကင္မရာ၊ လုံၿခဳံေရးဆုိင္ရာ၊ AI နည္းပညာ၊ အားသြင္းနည္းပညာစတဲ့ စမတ္ဖုန္းတစ္လုံးအတြက္ အေရးပါအရာေရာက္သလုိ ပိုမိုျမင့္မားေစတဲ့ ၿပိဳင္ဆုိင္မႈေတြကေတာ့ ဆက္လက္တည္ ရွိေနဦးမွာ
ျဖစ္ပါတယ္။

၂ဝ၁၈ ခုႏွစ္အတြင္းမွာေတာ့ ျပည္တြင္းေစ်းကြက္ထဲကို တန္ဖိုးနည္း၊ တန္ဖုိးသင့္၊ တန္ဖိုးျမင့္စတဲ့ ေစ်းႏႈန္းအတန္းအစားသုံးမ်ဳိး စမတ္ဖုန္းေတြကို စမတ္ဖုန္းထုတ္လုပ္သူေတြက ေစ်းကြက္နည္းဗ်ဴဟာ အမ်ဳိးမ်ဳိးနဲ႔ ၿပိဳင္ဆုိင္ထုတ္လုပ္ၿပီး တင္သြင္းေရာင္းခ်ခဲ့ၾကပါတယ္။ ဒီထဲကမွ ၂ဝ၁၈ ခုႏွစ္အတြင္း ျပည္တြင္းေစ်းကြက္ထဲကို ဝင္ေရာက္ခဲ့ၿပီး အင္တာနက္ဂ်ာနယ္က စမတ္ဖုန္းသုံးသပ္ခ်က္အေနနဲ႔ ေရးသားေဖာ္ျပ တင္ဆက္ခဲ့တဲ့ ထိပ္တန္းစမတ္ဖုန္း ၉ လုံးရဲ႕ အားသာခ်က္၊ အားနည္းခ်က္နဲ႔ သုံးသပ္ခ်က္ေတြကို ျပန္လည္စုစည္းေဖာ္ျပ ေပးလိုက္ပါတယ္။

March, 2018

Huawei Mate 10Pro

အားသာခ်က္

ေနာက္ဘက္ကင္မရာ ႏွစ္လံုးပါဝင္ျခင္းနဲ႔ ကင္မရာေကာင္းမြန္တာ၊ ဖုန္းရဲ႕ Screen ပိုင္း ေကာင္းမြန္ျခင္းေတြက ဒီဖုန္းရဲ႕ေကာင္းမြန္တဲ့အခ်က္လို႔ ဆိုရမွာပါ။ မ်က္ႏွာျပင္ အျပည့္ ပံုစံမ်ိဳးျဖစ္ၿပီး မွတ္ဉာဏ္ပိုင္းျမင့္မား ေကာင္းမြန္ျခင္း၊ ဘက္ထရီရဲ႕ ပါဝါသိုေလွာင္ႏို္င္မႈ ပမာဏျမင့္မားျခင္းေတြက ဒီဖုန္းရဲ႕ ေကာင္းမြန္တဲ့ အခ်က္ေတြပါပဲ။ ဖုန္းရဲ႕ Specification ပိုင္းေတြ
ေကာင္းမြန္ၿပီး CPU, GPU ပိုင္းေတြျမင့္မားေကာင္းမြန္တဲ့အခ်က္နဲ႔ ဖုန္းရဲ႕ ပံုစံဒီဇိုင္းပိုင္း လွပျခင္း၊ ေရစိုခံႏိုင္ျခင္း၊ OS ျမင့္မားျခင္း၊ ကင္မရာမွာ အသံုးျပဳထားတဲ့ Leica Lens ေတြရဲ႕ စြမ္းေဆာင္ရည္ ေကာင္းမြန္ျခင္းစတဲ့ အခ်က္ေတြကလည္း ဒီဖုန္းရဲ႕ေကာင္းမြန္တဲ့ အားသာခ်က္ေတြလို႔ ဆုိႏိုင္ပါတယ္။

အားနည္းခ်က္

ဖုန္းရဲ႕မွတ္ဉာဏ္ပိုင္း ျမင့္မားေကာင္းမြန္ေပမယ့္လည္း ေနာက္ထပ္ မွတ္ဉာဏ္ထပ္တိုးၿပီး သံုးႏိုင္ဖို႔အတြက္ SD Card Slot မပါဝင္ပါဘူး။

သံုးသပ္ခ်က္

Huawei Mate 10Pro ဟာ တန္ဖိုးျမင့္ဖုန္းအမ်ိဳးအစား တစ္ျဖစ္တဲ့အတြက္ ဖုန္းမွာအသံုးျပဳထားတဲ့ CPU, GPU ပိုင္းေတြနဲ႔ မွတ္ဉာဏ္ပိုင္းေတြမွာ ေကာင္းမြန္တာေတြ႕ရပါတယ္။ ဒီဖုန္းဟာ ကင္မရာပိုင္းမွာ ေတာ္ေတာ္ေလး ေကာင္းမြန္တာ ေတြ႕ရပါတယ္။ Leica Lens ေတြနဲ႔ ကင္မရာရဲ႕ Aperture ေကာင္းမြန္ျခင္းေတြအျပင္ OIS လို႔ေခၚတဲ့ Optical Image Stabilization ရဲ႕ စြမ္းေဆာင္ရည္နဲ႔ ေလဆာ Focus နည္းပညာေတြေၾကာင့္ ဓာတ္ပံုသမားေတြ အတြက္ေတာ့ အႀကိဳက္ေတြ႕ႏုိင္တဲ့ ဖုန္းပါပဲ။ ဖုန္းမွာထည့္သြင္းေပးထားတဲ့ ဘက္ထရီကလည္း ပါဝါသိုေလွာင္ႏိုင္မႈ ပမာဏျမင့္မားတဲ့အတြက္ ဖုန္းကိုအခ်ိန္ၾကာၾကာ အသံုးျပဳႏိုင္တဲ့အျပင္ အားသြင္းႏႈန္းျမန္ဆန္တဲ့ Fast battery charging 4.5V/5A စနစ္ေၾကာင့္ ဖုန္းကို အားျပန္သြင္းတဲ့ အခ်ိန္မွာလည္း ျမန္ဆန္ပါတယ္။

Samsung Galaxy S9+

အားသာခ်က္

RAM, Camera, Battery နဲ႔ Screen အရြယ္အစားပိုင္းေတြမွာ S9 ထပ္ ပိုမိုေကာင္းမြန္တဲ့ Specification ေတြနဲ႔ ဖြဲ႕စည္းထားၿပီး အားသြင္းႏႈန္းျမန္ဆန္တဲ့ First Battery Charging စနစ္နဲ႔ ႀကိဳးမဲ့အားသြင္းစနစ္၊ Dolby Atoms Sound စနစ္ေတြ ပါဝင္ပါတယ္။ Screen Resolution ျမင့္မားတဲ့အတြက္ ျမင္ကြင္းပိုင္းမွာ ၾကည္လင္ေကာင္းမြန္ျခင္း၊ ကင္မရာစြမ္းေဆာင္ရည္ ျမင့္မားျခင္း၊ လံုၿခံဳေရး အသံုးျပဳစနစ္ေတြ စံုလင္စြာပါဝင္ျခင္း၊ ေရစိုဒဏ္ခံႏုိင္ျခင္း အစရွိတဲ့ အခ်က္ေတြက ဒီဖုန္းရဲ႕အဓိက အားသာခ်က္ေတြလို႔ ဆိုႏိုင္ပါတယ္။ ဖုန္းမွာ အသံုးျပဳထားတဲ့ မွတ္ဉာဏ္ပိုင္းနဲ႔ CPU, GPU ပိုင္းေတြမွာ ျမင့္မားေကာင္းမြန္တဲ့ အခ်က္ကလည္း ဒီဖုန္းရဲ႕ေကာင္းမြန္တဲ့ အခ်က္ေတြလို႔ ဆိုရမွာပါ။

အားနည္းခ်က္

Dual Sim ဖုန္းအမ်ိဳးအစားျဖစ္ေပမယ့္ SD Card အသံုးျပဳမယ္ဆိုရင္ေတာ့ Sim Card တစ္ကတ္ပဲ အသံုးျပဳႏိုင္မွာပါ။ ဒီဖုန္းမွာ FM Radio စနစ္လည္း ပါဝင္တာမေတြ႕ရပါဘူး။ FM Radio စနစ္က USA & Canada only လို႔ေဖာ္ျပထားပါတယ္။ Face Recognition စနစ္ပါဝင္ေပမယ့္လည္း ဒီစနစ္က သိပ္ၿပီးတိက်မႈ မရွိေသးတာေတြ႕ရပါတယ္။

သံုးသပ္ခ်က္

ဒီဖုန္းဟာ နည္းပညာပိုင္းအရ ၾကည့္မယ္ဆုိရင္ေတာ့ ေကာင္းမြန္တဲ့ ဖုန္းတစ္လံုးလို႔ ဆိုရမွာပါ။ ဖုန္းရဲ႕လံုၿခံဳေရး အသံုးျပဳစနစ္အတြက္ Fingerprint စနစ္၊ Iris Scanner, Face Recognition အစရွိတဲ့စနစ္ေတြ အစံုအလင္ ပါဝင္ေပမယ့္လည္း Face Recognition ကိုေတာ့ ဒီဖုန္းမွာအသံုးျပဳမယ္ဆုိရင္ ကိုယ္ပိုင္အခ်ိန္ေတြေလာက္မွာပဲ အသံုးျပဳၿပီး က်န္တဲ့အခ်ိန္ေတြမွာ ပိတ္ထားသင့္ပါတယ္။ ကင္မရာပိုင္း၊ CPU ပိုင္း၊ GPU ပိုင္းေတြမွာ ေကာင္းမြန္တဲ့ဖုန္းျဖစ္ၿပီး ဖုန္းရဲ႕ Settings ပိုင္းမွာလည္း အသံုးျပဳႏိုင္တဲ့စနစ္ေတြ စံုစံုလင္လင္ ပါဝင္တာေတြ႕ရမွာပါ။ တန္ဖိုးျမင့္ ဖုန္းအမ်ိဳးအစား တစ္ခုျဖစ္ၿပီး Galaxy S9 ထက္ကင္မရာပိုင္း၊ RAM ပိုင္း၊ ဘက္ထရီပိုင္း၊ ဖုန္းအရြယ္အစားပိုင္းေတြမွာ ပိုမိုေကာင္းမြန္သလို ေစ်းႏႈန္းကလည္း ကြာပါတယ္။ ကင္မရာစြမ္းေဆာင္ရည္ ပိုေကာင္းလာတာကို ေရြးခ်င္တယ္ဆုိရင္ေတာ့ S9+ ကို ေရြးခ်ယ္လုိ႔ ရပါတယ္။

August, 2018

Xiaomi Mi 8

အားသာခ်က္

ဒီဖုန္းဟာ Chipset ပိုင္းမွာ ေတာ္ေတာ္ေလး ေကာင္းတယ္လို႔ေျပာလို႔ ရတဲ့ဖုန္းပါ။ တန္ဖိုးျမင့္ သိန္းဆယ္ဂဏန္း ပတ္ဝန္းက်င္မွာရွိတဲ့ ဖုန္းေတြမွာသံုးတဲ့ Chipset မ်ိဳးကို သံုးထားတဲ့ Mid Range ဖုန္းလို႔ေျပာလို႔ရပါတယ္။ မွတ္ဉာဏ္ပိုင္းမွာလည္း ျမင့္မားေကာင္းမြန္တဲ့အျပင္ ကင္မရာပိုင္းနဲ႔ ဖုန္းရဲ႕ပါဝါသိုေလွာင္ႏိုင္မႈပမာဏ ဘက္ထရီပိုင္းမွာလည္း ေကာင္းမြန္တဲ့အခ်က္ေတြက ဒီဖုန္းရဲ႕ အဓိအားသာခ်က္ေတြလို႔ေျပာလို႔ရပါတယ္။ ဖုန္းရဲ႕ Screen နဲ႔ ကိုယ္ထည္ကို ကာကြယ္ေပးထားမႈအပိုင္းမွာလည္း ေကာင္းမြန္တဲ့ဖုန္းပါ။

အားနည္းခ်က္

ဒီဖုန္းမွာ မွတ္ဉာဏ္ထပ္တိုး အသံုးျပဳႏိုင္ဖို႔အတြက္ Micro SD Card Slot မပါဝင္ပါဘူး။ ဒါ့အျပင္ ဒီဖုန္းမွာ နားၾကပ္အတြက္ 3.5mm jack လည္းမပါဝင္သလို FM Radio စနစ္လည္း မပါဝင္ပါဘူး။ နားၾကပ္အတြက္ USB နားၾကပ္ ဒါမွမဟုတ္ Wireless နားၾကပ္ေတြကိုပဲ အသံုးျပဳရပါလိမ့္မယ္။

သံုးသပ္ခ်က္

ဒီဖုန္းဟာ CPU, GPU ပိုင္းနဲ႔ Chipset ပိုင္းမွာ ေတာ္ေတာ္ေလး ျမင့္မားေကာင္းမြန္တဲ့ဖုန္းလို႔ ေျပာလို႔ရပါတယ္။ ဖုန္းမွာပါဝင္တဲ့ မွတ္ဉာဏ္ကလည္း ျမင့္မားတဲ့အတြက္ ေကာင္းမြန္တဲ့ Processor Chipset နဲ႔ ျမင့္မားတဲ့ RAM တို႔ရဲ႕ ျမန္ဆန္တဲ့ တြဲဖက္လုပ္ေဆာင္ႏိုင္မႈေၾကာင့္ ဖုန္းကိုအသံုးျပဳတဲ့အခ်ိန္မွာ ျမန္ဆန္ေခ်ာေမြ႕မႈရွိေနပါလိမ့္မယ္။ ကင္မရာပိုင္းမွာဆိုရင္လည္း ေနာက္ဘက္ ကင္မရာေတြေရာ ေရွ႕ကင္မရာပါ Megapixels ေကာင္းမြန္တဲ့အတြက္ ဓာတ္ပံု႐ုပ္ထြက္ပိုင္းမွာလည္း ေကာင္းမြန္တာ ေတြ႕ရပါတယ္။ အသံုးျပဳထားတဲ့ Screen ေကာင္းမြန္တဲ့အျပင္ Resolution ကလည္း ေကာင္းမြန္တဲ့အတြက္ ၾကည္လင္တဲ့ျမင္ကြင္းကို ခံစားႏိုင္ပါတယ္။ နားၾကပ္ေပါက္မပါတဲ့ အခ်က္တစ္ခ်က္ရွိေနတဲ့အတြက္ နားၾကပ္ အသံုးျပဳမယ္ဆုိရင္ ဖုန္းနားၾကပ္ေတြနဲ႔ေတာ့ အဆင္ေျပမွာမဟုတ္ပါဘူး။ ဖုန္းမွာပါဝင္တဲ့ ဘက္ထရီပမာဏ ေကာင္းမြန္တဲ့အျပင္ အားသြင္းႏႈန္းျမန္ဆန္တဲ့ First Charging စနစ္ကိုလည္း ထည့္သြင္းေပးထားတဲ့အတြက္ ဒါကလည္းေကာင္းမြန္တဲ့အခ်က္ပါပဲ။ Sim Card ႏွစ္ကတ္ထည့္သြင္း အသံုးျပဳႏိုင္ေပမယ့္ SD Card ေတာ့ ထပ္ထည့္လို႔မရႏိုင္ပါဘူး။

OPPO Find X

OPPO Find X lamborghini Edition

အားသာခ်က္

ဒီဖုန္းဟာ CPU ပိုင္းနဲ႔ ဖုန္းတြင္းမွတ္ဉာဏ္ပိုင္းေတြမွာ ေကာင္းမြန္တဲ့အျပင္ ဖုန္းရဲ႕ကင္မရာ ဖြဲ႕စည္းတည္ေဆာက္မႈ အပိုင္းဆန္းသစ္ထားတဲ့ ပံုစံနဲ႔ကင္မရာေတြရဲ႕ စြမ္းေဆာင္ရည္ ေကာင္းမြန္တဲ့ အခ်က္ေတြက ဒီဖုန္းရဲ႕ အဓိကအားသာခ်က္ေတြလို႔ ေျပာလို႔ရပါတယ္။ Screen ပိုင္းမွာလည္း ေကာင္းမြန္တဲ့ဖုန္းပါ။ ဘက္ထရီပိုင္းမွာလည္း ေကာင္းမြန္တဲ့အျပင္ အားသြင္းႏႈန္းျမန္ဆန္တဲ့ OPPO ရဲ႕ VOOC Charge စနစ္ပါဝင္တဲ့ အခ်က္နဲ႔ Music ပိုင္းေကာင္းမြန္တဲ့ ခ်က္ေတြကလည္း ေကာင္းမြန္တဲ့ အခ်က္ေတြပါပဲ။

အားနည္းခ်က္

ဒီဖုန္းမွာေတာ့ Android ရဲ႕ပံုမွန္ Lock စနစ္ေတြနဲ႔ Face Unlock စနစ္ကိုပဲ အသံုးျပဳရမွာျဖစ္ၿပီး Finger Print မပါဝင္ပါဘူး။ ေနာက္တစ္ခ်က္ကေတာ့ ဒီဖုန္းမွာ FM Radio စနစ္မပါဝင္သလို Temperature Sensor နဲ႔ ေရစိုခံစနစ္လည္းပါဝင္တာမေတြ႕ရပါဘူး။

သံုးသပ္ခ်က္

Find X ဟာ ဖုန္းရဲ႕ Performance ပိုင္းမွာေတာ္ေတာ္ေလးျမင့္မား ေကာင္းမြန္တဲ့ဖုန္းျဖစ္တဲ့အျပင္ ဖုန္းရဲ႕ ဒီဇိုင္းနဲ႔ အေရာင္အေသြးကလည္း လွပတဲ့ဖုန္းျဖစ္ပါတယ္။ CPU, GPU, Chipset ေတြ ျမင့္မားတဲ့အျပင္ မွတ္ဉာဏ္ပိုင္းမွာလည္း ျမင့္မားေကာင္းမြန္တဲ့ဖုန္းပါ။ ကင္မရာပိုင္းမွာဆိုရင္လည္း ေရွ႕ကင္မရာနဲ႔ ေနာက္ဘက္ကင္မရာ ႏွစ္ခုစလံုးဟာ စြမ္းေဆာင္ရည္ပိုင္း ျမင့္မားေကာင္းမြန္တဲ့အတြက္ ဓာတ္ပံုသမားေတြအတြက္ အႀကိဳက္ေတြ႕ႏိုင္တဲ့ ဖုန္းပါပဲ။ နည္းပညာပိုင္း၊ ဖြဲ႕စည္းတည္ေဆာက္မႈ ဒီဇိုင္းပိုင္း၊ ဖုန္းရဲ႕ Performance ပိုင္းေတြမွာ ျပည့္စံုေကာင္းမြန္ေနတဲ့ ဖုန္းျဖစ္ပါတယ္။ ဒီဖုန္းက ေစ်းႏႈန္းျမင့္မားတဲ့ တန္ဖိုးျမင့္ ဖုန္းအမ်ိဳးအစားတစ္ခု ျဖစ္ေနေပမယ့္ ေရစိုမခံတဲ့ အခ်က္တစ္ခ်က္ေတာ့ ရွိေနပါတယ္။ ေနာက္ပိုင္းထြက္ တန္ဖိုးျမင့္ ဖုန္းေတာ္ေတာ္မ်ားမ်ားဟာ ေရစိုခံႏုိင္လာၾကေပမယ့္ ဒီဖုန္းမွာေတာ့ ေရစိုခံနည္းပညာ မပါဝင္လာပါဘူး။

Samsung Galaxy Note 9

အားသာခ်က္

တန္ဖိုးျမင့္ ဖုန္းတစ္လံုးျဖစ္တဲ့အတြက္ ဖုန္းမွာသံုးထားတဲ့ CPU, Chipset, Graphic GPU ပိုင္း၊ Memory ပိုင္းေတြမွာ ျမင့္မားေကာင္းမြန္ေနတဲ့အျပင္ ဖုန္းမွာပါဝင္လာတဲ့
S Pen နည္းပညာသစ္ေတြနဲ႔ ကင္မရာမွာပါဝင္တဲ့ Dual OIS နည္းပညာေတြက အဓိကေကာင္းမြန္တဲ့ အခ်က္ေတြလို႔ ဆိုႏုိင္ပါတယ္။ ဘက္ထရီပိုင္း ေကာင္းမြန္လာတဲ့ အခ်က္နဲ႔ ေရစိုခံႏိုင္တဲ့ အခ်က္ေတြကလည္း ဒီဖုန္းရဲ႕အားသာခ်က္ေတြပါပဲ။ S Pen က Remote Control တစ္ခုလို ျဖစ္လာတဲ့အခ်က္နဲ႔ S Pen ထဲမွာ အသံုးျပဳႏိုင္တဲ့အခ်က္ေတြ မ်ားျပားလာတာကလည္း ေကာင္းမြန္တဲ့ အခ်က္တစ္ခုပါပဲ။

အားနည္းခ်က္

တန္ဖိုးျမင့္ ဖုန္းတစ္လံုးမွာ သံုးထားတဲ့ Sim Card Adapter က ေပ်ာ့ေပ်ာင္းတဲ့ ပလတ္စတစ္သား ျဖစ္ေနပါတယ္။ Fingerprint Sensor ဟာ ကင္မရာနဲ႔အရမ္းကို ကပ္လြန္းေနၿပီး Fingerprint ကို သံုးတဲ့အခ်ိန္မွာ ကင္မရာကို လက္နဲ႔တစ္ခ်ိန္လံုး ေထာက္မိေနတယ္လို႔ ခံစားရေစပါတယ္။ ကင္မရာရဲ႕ Manual Mode လို႔ေခၚတဲ့ Pro Mode စနစ္မွာလည္း ISO, Aperture နဲ႔ White Balance ေတြကို ခ်ိန္ႏိုင္ေပမယ့္ Shutter Speed ကေတာ့ ဖုန္းကေနေပးထားတဲ့ Auto စနစ္နဲ႔ပဲ ႐ိုက္ႏိုင္ပါတယ္။ Shutter Speed ကိုခ်ိန္လို႔မရပါဘူး။

သံုးသပ္ခ်က္

Note 9 မွာ S Pen ရဲ႕ အသံုးျပဳစနစ္ပိုင္းေတြ ေတာ္ေတာ္ေလး တိုးတက္ေျပာင္းလဲလာတယ္လုိ႔ ေျပာလုိ႔ရသလို S Pen ရဲ႕အသံုးျပဳပံုစံေတြ ကလည္း စံုလင္ေကာင္းမြန္လာတာ ေတြ႕ရပါတယ္။ ဘက္ထရီပိုင္းမွာလည္း အရင္ကထပ္ ပိုေကာင္းလာတာေတြ႕ရၿပီး ကင္မရာေတြရဲ႕ စြမ္းေဆာင္ရည္ပိုင္းနဲ႔ AR Emoji ပိုင္းမွာလည္း ပိုေကာင္းလာတာ ေတြ႕ရပါတယ္။ မွတ္ဉာဏ္ပိုင္းျမင့္မားတဲ့ ဖုန္းျဖစ္ေပမယ့္ Chipset ပိုင္းမွာေတာ့ benchmark ranking မွာ အမွတ္သိပ္ေကာင္းတာ မေတြ႕ရပါဘူး။ ေရစိုခံတဲ့ အခ်က္ကေတာ့ ေတာ္ေတာ္ေလး ေကာင္းပါတယ္။

September, 2018

Vivo V11

အားသာခ်က္

ဒီဖုန္းမွာေတာ့ နည္းပညာအသစ္ျဖစ္တဲ့ In Display Fingerprint စနစ္ကို အသံုးျပဳရမွာျဖစ္ပါတယ္။ ေနာက္တစ္ခ်က္ေတာ့ V11 ရဲ႕ကင္မရာစနစ္မွာ ပိုမိုေကာင္းမြန္တဲ့ AI စနစ္ေတြကို အားျဖည့္ထားၿပီး ဓာတ္ပံု႐ုိက္ဖို႔အတြက္ ေကာင္းမြန္တဲ့ အေထာက္အပံ့ေတြ ေပးႏိုင္တာေတြ႕ ရပါတယ္။ ဖုန္းမွာပါဝင္တဲ့ ဘက္ထရီရဲ႕ Capacity ေကာင္းမြန္တဲ့ အခ်က္နဲ႔ အားသြင္းႏႈန္းျမန္ဆန္တဲ့ Dual Engine First Charging စနစ္ ပါဝင္တဲ့ အခ်က္ေတြကလည္း ဒီဖုန္းရဲ႕ ေကာင္းမြန္တဲ့ အခ်က္ေတြပါပဲ။

အားနည္းခ်က္

ဒီဖုန္းက ကိုင္ရတာ ေပါ့ပါးၿပီးပါးလႊာေပမယ့္ ေက်ာဘက္ကာဗာက ပလတ္စတစ္ဆန္ၿပီး ပါးတယ္လုိ႔ခံစားရၿပီး ထိခိုက္မႈေတြကို ခံႏိုင္ရည္ရွိ မလားဆုိတာကေတာ့ ေတြးစရာရွိပါတယ္။ ကင္မရာပိုင္းမွာ AI စနစ္ ေတြ ေတာ္ေတာ္ေလး ျပည့္စံုေကာင္းမြန္လာေပမယ့္ ေရွ႕ကထြက္ခဲ့တဲ့ V9 ထက္ ကင္မရာ Megapixels နည္းသြားတဲ့ အခ်က္တစ္ခ်က္လည္းရွိ ေနပါတယ္။

သံုးသပ္ခ်က္

V11 မွာေတာ့ မွတ္ဉာဏ္ပိုင္းက သူ႔ေစ်းနဲ႔ဆိုရင္ ေတာ္ေတာ္ေလး ေကာင္းတယ္လို႔ ေျပာလုိ႔ရပါတယ္။ နည္းပညာအသစ္တစ္ခုျဖစ္တဲ့ In Display Fingerprint စနစ္ကိုအသံုးျပဳရမွာပါ။ ေရွ႕ကင္မရာနဲ႔ ေနာက္ဘက္ ကင္မရာေတြမွာ ထည့္သြင္းထားတဲ့ AI အေထာက္အပံ့ေတြကလည္း ေတာ္ေတာ္ေလး ေကာင္းမြန္တာေတြ႕ရပါတယ္။ ဘက္ထရီကလည္း တစ္ေနရာ အသံုးျပဳဖို႔အတြက္ လံုေလာက္တဲ့ ဘက္ထရီ ပမာဏျဖစ္ၿပီး အားသြင္းျမန္တဲ့ စနစ္ကိုလည္း ေထာက္ပံ့ေပးထားပါေသးတယ္။

ေနာက္ဘက္ကင္မရာက V9 ထပ္ Megapixels နည္းသြားတဲ့ အခ်က္တစ္ခ်က္နဲ႔ In Display Fingerprint စနစ္က Physical Fingerprint Scanner ေတြေလာက္ သိပ္မျမန္တဲ့ အခ်က္ေလးေတာ့ ရွိပါတယ္။ ဒါေပမဲ့ V11 ရဲ႕ In Display Fingerprint စနစ္က ေတာ္ေတာ္ေလးေတာ့ သြက္လက္ေခ်ာေမြ႕မႈ ရွိတယ္လို႔ ေျပာလို႔ရပါတယ္။

Xiaomi Pocophone F1

အားသာခ်က္

ဒီဖုန္းရဲ႕ အဓိကေကာင္းမြန္ တဲ့ အခ်က္ကေတာ့ Performance ပိုင္းလို႔ပဲ ေျပာခ်င္ပါတယ္။ ဒီဖုန္းမွာသံုးထားတဲ့ CPU ပိုင္းနဲ႔ Chipset ေတြက တန္ဖိုးျမင့္ဖုန္းေတြမွာ အသံုးျပဳတဲ့ အစိတ္အပိုင္းေတြကို သံုးထားတာပါ။ ေစ်းႏႈန္းနဲ႔ ယွဥ္ၾကည့္လိုက္ရင္ ဖုန္းမွာပါတဲ့ CPU, Chipset ေတြနဲ႔ တင္တန္တယ္လို႔ ေျပာလို႔ ရေနတဲ့ဖုန္းပါ။ ေနာက္ထပ္ေကာင္းမြန္တဲ့ အခ်က္ေတြကေတာ့ ကင္မရာပိုင္းနဲ႔ ဘက္ထရီပိုင္းလို႔ ေျပာလို႔ရပါတယ္။ အားသြင္းျမန္ဆန္တဲ့ စနစ္လည္း ပါဝင္ပါတယ္။ Infrared face recognition စနစ္ျဖစ္တဲ့အတြက္ Face
Unlock စနစ္မွာလည္း ေမွာင္တဲ့အခ်ိန္ေတြမွာ ေတာင္မ်က္ႏွာကို သိရွိႏိုင္ပါတယ္။

အားနည္းခ်က္

ေက်ာဘက္မွာ တပ္ဆင္ထားတဲ့ Fingerprint Sensor က ကင္မရာနဲ႔ အရမ္းကပ္လြန္းေနတဲ့အတြက္ Fingerprint ကို အသံုးျပဳတဲ့အခ်ိန္မွာ ကင္မရာကို တစ္ခ်ိန္လံုး လက္နဲ႔ပြတ္မိေနေစပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ အေလးခ်ိန္မ်ားတယ္လို႔ ခံစားရၿပီး NFC လို စနစ္ေတြလည္း ဒီဖုန္းမွာပါဝင္တာ မေတြ႕ရပါဘူး။

သံုးသပ္ခ်က္

Pocophone F1 ဟာ ဖုန္းရဲ႕ေစ်းႏႈန္းႏႈန္းနဲ႔ ယွဥ္လိုက္ရင္ Performance ပိုင္းမွာေတာ့ ေတာ္ေတာ္ေလးေကာင္းတယ္လုိ႔ ေျပာလို႔ ရပါတယ္။ ဘက္ထရီရဲ႕ ပါဝါသိုေလွာင္ႏိုင္မႈ ပမာဏေကာင္းမြန္တဲ့အတြက္ ဖုန္းကိုအခ်ိန္ၾကာၾကာ သံုးႏိုင္သလို အားသြင္းႏႈန္းကလည္း ျမန္ဆန္တာေတြ႕ရပါတယ္။ ဒီဖုန္းရဲ႕ Face Unlock စနစ္ကလည္း ေတာ္ေတာ္ေလး ေကာင္းမြန္သလို မွတ္ဉာဏ္ပိုင္းကလည္း ေစ်းႏႈန္းနဲ႔ ႏိႈင္းယွဥ္ၾကည့္ ရင္မွ်တတယ္လို႔ ေျပာလို႔ ရပါတယ္။ ကင္မရာပိုင္းကလည္း Gyro EIS Sensor စနစ္ပါဝင္တဲ့တြက္ ဓာတ္ပံု႐ိုက္ဖို႔ အဆင္ေျပတာ ေတြ႕ရပါတယ္။

November, 2018

Huawei Mate 20 Pro

အားသာခ်က္

ေက်ာဘက္ကင္မရာ သံုးလံုးပါဝင္တဲ့ အခ်က္နဲ႔ ကင္မရာပိုင္းမွာ ေတာ္ေတာ္ေလးေကာင္းမြန္တဲ့အခ်က္၊ ဖုန္းမွာပါဝင္တဲ့ ဘက္ထရီရဲ႕ ပါဝါသိုေလွာင္ႏိုင္မႈ ပမာဏေကာင္းမြန္တဲ့အခ်က္၊ အားသြင္းႏႈန္း ျမန္ဆန္တဲ့အခ်က္၊ မွတ္ဉာဏ္ပိုင္းျမင့္မား ေကာင္းမြန္တဲ့အခ်က္၊ ဖုန္းရဲ႕ Chipset နဲ႔ CPU ေတြ၊ Performance ပိုင္းေတြ ေကာင္းမြန္တဲ့အခ်က္ေတြက ဒီဖုန္းရဲ႕ အဓိက အားသာခ်က္ေတြလို႔ ေျပာရမွာပါ။ Screen ျမင္ကြင္းပိုင္း ေကာင္းမြန္တဲ့အျပင္ ေရစိုခံႏိုင္တဲ့အခ်က္၊ In Display Fingerprint နည္းပညာပါဝင္လာတဲ့ အခ်က္ေတြကလည္း
ဒီဖုန္းရဲ႕ ေကာင္းမြန္တဲ့အခ်က္ေတြပါ။

အားနည္းခ်က္

ဒီဖုန္းမွာ 3.5mm နားၾကပ္ေပါက္ မပါတဲ့အတြက္ နားၾကပ္အသံုးျပဳမယ္ဆိုရင္ USB နားၾကပ္ကိုပဲ အသံုးျပဳရမွာပါ။ ေနာက္တစ္ခ်က္ကေတာ့ ဒီဖုန္းမွာ FM Radio စနစ္လည္း ပါဝင္တာမေတြ႕ရပါဘူး။ ဖုန္းရဲ႕ Navigation Gesture စနစ္မွာ Navigation button ေတြကိုေဖ်ာက္ထား ၿပီးသံုးမယ္ဆိုရင္ Screen အနားေထာင့္ေလးေတြက သိပ္ၿပီး Sensitive မျဖစ္သလို
ခံစားရေစပါတယ္။

သံုးသပ္ခ်က္

Mate 20 Pro ဟာ Performance ပိုင္း ေတာ္ေတာ္ေလးေကာင္းသလို ကင္မရာပိုင္းမွာလည္း ေတာ္ေတာ္ေလးေကာင္းတဲ့ဖုန္းလို႔ ေျပာရမွာပါ။ ဘက္ထရီစနစ္၊ အားသြင္းစနစ္ေတြ၊ မွတ္ဉာဏ္ပိုင္း၊ေရစိုခံစနစ္ ပိုင္း ေတြမွာလည္းေကာင္းမြန္ပါတယ္။ ဒီဇိုင္းက လွပေပမယ့္ ေက်ာဘက္မွာ ကင္မရာေတြကို ေလးေထာင့္ကြက္ႀကီးနဲ႔ လုပ္ထားတဲ့ပံုစံမ်ိဳးမဟုတ္ရင္ ပိုေကာင္းႏိုင္ပါတယ္။ ျမင့္မားတဲ့ Performance နဲ႔ ေကာင္းမြန္တဲ့ဓာတ္ပံု႐ုပ္ထြက္ေတြ၊ က်ယ္ဝန္းလွပတဲ့ျမင္ကြင္းေတြကို ခံစားႏိုင္တဲ့အတြက္ ေစ်းႏႈန္းကိုမၾကည့္ဘူးဆိုရင္ ေတာ့ သံုးသင့္တဲ့ဖုန္းတစ္ခုလို႔ ေျပာရမွာပါ။ Memoy ထပ္တိုးမယ္ဆိုရင္ Nano Memory Card ကိုသံုးရမယ့္အခ်က္ ေတာ့ရွိပါတယ္။

December, 2018

Samsung Galaxy A9

အားသာခ်က္

ေက်ာဘက္ကင္မရာ ေလးလံုးပါဝင္လာတဲ့ အခ်က္က ဒီဖုန္းရဲ႕ထူးျခားတဲ့ အခ်က္တစ္ခ်က္ျဖစ္ေနသလို ဓာတ္ပံုပိုင္းအတြက္ ေကာင္းမြန္တဲ့ အခ်က္တစ္ခုလည္း ျဖစ္ပါတယ္။ ဘက္ထရီပိုင္းမွာ ဆိုရင္လည္း ေကာင္းမြန္တဲ့အျပင္ အားသြင္းျမန္ဆန္တဲ့ စနစ္ကလည္း ေကာင္းမြန္တဲ့အခ်က္ ေတြရွိေနပါတယ္။ မွတ္ဉာဏ္ပိုင္းမွာလည္း ေကာင္းမြန္တာေတြ႕ရပါတယ္။

အားနည္းခ်က္

ဖုန္းရဲ႕ ကင္မရာစနစ္မွာပါတဲ့ Pro လို႔ေခၚတဲ့ Manual ကင္မရာစနစ္မွာ ISO, Aprture နဲ႔ White Balance ကိုပဲခ်ိန္လို႔ရၿပီး Shutterspeed ကို အသံုးျပဳတဲ့သူစိတ္ႀကိဳက္ ခ်ိန္လို႔ မရတဲ့ အခ်က္တစ္ခ်က္ရွိပါတယ္။

သံုးသပ္ခ်က္

ဒီဖုန္းဟာ တန္ဖိုးျမင့္ ဖုန္းအမ်ိဳးအစားတစ္ခုျဖစ္ၿပီး ေက်ာဘက္ကင္ မရာေလးလံုးနဲ႔ ျပည္တြင္းကို ပထမဆံုးဝင္ေရာက္လာတဲ့ ဖုန္းလို႔လည္း ေျပာလို႔ရပါတယ္။ မွတ္ဉာဏ္ပိုင္းေကာင္းမြန္ၿပီး ဘက္ထရီစနစ္ပိုင္းနဲ႔ အားသြင္းစနစ္မွာလည္း ေကာင္းမြန္တဲ့ဖုန္းပါ။ ျမင္ကြင္းက်ယ္ဝန္းၿပီး ဒီဇိုင္းကလည္း လွပပါတယ္။ Performance ပိုင္းမွာ Chipset ကေတာ့ သူ႔ေစ်းနဲ႔ ယွဥ္လိုက္ရင္ နည္းနည္းေလး နိမ့္ေနသလိုေတာ့ ခံစားရပါတယ္။ ကင္မရာပိုင္း စိတ္ဝင္စားတဲ့သူေတြ၊ မွတ္ဉာဏ္မ်ားမ်ား သံုးခ်င္သူေတြနဲ႔ ဘက္ထရီေကာင္းေကာင္း သံုးခ်င္တဲ့သူေတြအတြက္ေတာ့ ေရြးခ်ယ္ခ်င္စရာပါပဲ။

[ Unicode ]

၂ဝ၁၈ ခုနှစ်ရဲ့ စမတ်ဖုန်းစျေးကွက်က နည်းပညာပိုင်းမှာ အပြိုင်အဆိုင်တွေ များသလို တစ်နှစ်တာလုံးအတွင်း ထွက်သမျှ စမတ်ဖုန်းတိုင်းမှာ ဆန်းသစ်တဲ့ဒီဇိုင်း၊ မြင့်မားကောင်းမွန်လှတဲ့ နည်းပညာတွေ၊ ပိုမိုကောင်းမွန်တဲ့ ကင်မရာစနစ်တွေနဲ့ လုံခြုံရေးပိုင်းဆိုင်ရာ နည်းပညာတွေများစွာပါ၀င်လာပါတယ်။ အဓိက ထူးခြားဆန်းသစ်မှုတစ်ခုကတော့ Display ပိုင်း၊ Fingerprint လုံခြုံရေးပိုင်း၊ AI စနစ်ထောက်ပံ့ပါ၀င်တဲ့ ကင်မရာစနစ်တွေပဲ ဖြစ်ပါတယ်။ Display ပိုင်းမှာ FullView မျက်နှာပြင် ပြည့်တွေ ခေတ်စားလာသလို ကင်မရာပိုင်းကလည်း အနည်းဆုံးနောက် ဘက်ကင်မရာနှစ်လုံး၊ ဒါမှမဟုတ် ရှေ့ဘက်ကင်မရာနှစ်လုံးကို ဖုန်းတိုင်း လိုလိုမှာ ထည့်သွင်းလာပါတယ်။ နှစ်ကုန်ပိုင်းလောက်မှာတော့ နောက် ဘက်ကင်မရာ သုံးလုံးနဲ့ လေးလုံးပါတဲ့ စမတ်ဖုန်းတွေ စျေးကွက်မှာ စတင်မိတ်ဆက် ရောင်းချခဲ့ပါတယ်။ ဒီနှစ်အတွင်းမှာပဲ ဂိမ်းကစားဖို့အတွက်ကို သီးသန့်အနေနဲ့ ထုတ်လုပ်ရောင်းချတဲ့ စမတ်ဖုန်းမော်ဒယ်တွေလည်း ပြည်တွင်းစျေးကွက်ကို ဝင်ရောက်ခဲ့ပါတယ်။

ကင်မရာစနစ်ပိုင်းမှာဆိုရင်လည်း AI စနစ်ထောက်ပံ့ ပါဝင်မှုတွေက သုံးစွဲသူတွေရဲ့ ဖုန်းနဲ့ကင်မရာအသုံးပြုမှုကို ပိုမိုမြင့်မားကောင်းမွန်တဲ့ သုံးစွဲမှုအတွေ့အကြုံတွေရရှိစေပါတယ်။ ဖုန်းတိုင်းလိုလိုမှာ လုံခြုံရေးဆိုင်ရာအတွက် လက်ဗွေလုံခြုံရေးစနစ်အပြင် မျက်နှာပြင်နဲ့ Lock screen ကို ဖွင့်နိုင်တဲ့ Face unlock စနစ်တွေလည်း ထောက်ပံ့ ပါဝင်လာပါတယ်။
နောက်ထပ်ထူးခြားမှုတစ်ခုက Under Display Fingerprint နည်းပညာဖြစ်တဲ့ ဖုန်းမြင်ကွင်းနဲ့ တစ်ပါတည်းတွဲဖက် ထည့်သွင်းထားတဲ့ လက်ဗွေလုံခြုံရေး နည်းပညာပါ။ ခုဆိုရင်တော့ ဖုန်း Stylus Pen ထဲမှာ ဖုန်းနဲ့ ကြိုးမဲ့ချိတ်ဆက် အသုံးပြုနိုင်တဲ့ ကြိုးမဲ့နည်းပညာတွေ ထောက်ပံ့ပါဝင်လာပါပြီ။ အဲဒီလိုမျိုး စမတ်ဖုန်းသုံးစွဲသူတွေရဲ့ နေ့စဉ်လူနေမှုဘဝအတွက် အကောင်းဆုံး ပံ့ပိုးမှုကို ဖုန်းကနေရရှိ အသုံးပြုနိုင်အောင် နည်းပညာပိုင်းက တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်မြင့်မားလာအောင် ဆောင်ရွက်နေကြသလို အပြိုင်အဆိုင်များလှတဲ့ စမတ်ဖုန်းစျေးရဲ့ ပြိုင်ဆိုင်မှုတွေကလည်း ဒီနှစ်ထဲမှာ ပိုပိုပြီးပြင်းထန်လာပါတယ်။ စျေးနှုန်း၊ ဒီဇိုင်း၊ မြင်ကွင်းဆိုင်ရာ နည်းပညာ၊ ကင်မရာ၊ လုံခြုံရေးဆိုင်ရာ၊ AI နည်းပညာ၊ အားသွင်းနည်းပညာစတဲ့ စမတ်ဖုန်းတစ်လုံးအတွက် အရေးပါအရာရောက်သလို ပိုမိုမြင့်မားစေတဲ့ ပြိုင်ဆိုင်မှုတွေကတော့ ဆက်လက်တည် ရှိနေဦးမှာ
ဖြစ်ပါတယ်။

၂ဝ၁၈ ခုနှစ်အတွင်းမှာတော့ ပြည်တွင်းစျေးကွက်ထဲကို တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမြင့်စတဲ့ စျေးနှုန်းအတန်းအစားသုံးမျိုး စမတ်ဖုန်းတွေကို စမတ်ဖုန်းထုတ်လုပ်သူတွေက စျေးကွက်နည်းဗျူဟာ အမျိုးမျိုးနဲ့ ပြိုင်ဆိုင်ထုတ်လုပ်ပြီး တင်သွင်းရောင်းချခဲ့ကြပါတယ်။ ဒီထဲကမှ ၂ဝ၁၈ ခုနှစ်အတွင်း ပြည်တွင်းစျေးကွက်ထဲကို ဝင်ရောက်ခဲ့ပြီး အင်တာနက်ဂျာနယ်က စမတ်ဖုန်းသုံးသပ်ချက်အနေနဲ့ ရေးသားဖော်ပြ တင်ဆက်ခဲ့တဲ့ ထိပ်တန်းစမတ်ဖုန်း ၉ လုံးရဲ့ အားသာချက်၊ အားနည်းချက်နဲ့ သုံးသပ်ချက်တွေကို ပြန်လည်စုစည်းဖော်ပြ ပေးလိုက်ပါတယ်။

March, 2018

Huawei Mate 10Pro

အားသာချက်

နောက်ဘက်ကင်မရာ နှစ်လုံးပါဝင်ခြင်းနဲ့ ကင်မရာကောင်းမွန်တာ၊ ဖုန်းရဲ့ Screen ပိုင်း ကောင်းမွန်ခြင်းတွေက ဒီဖုန်းရဲ့ကောင်းမွန်တဲ့အချက်လို့ ဆိုရမှာပါ။ မျက်နှာပြင် အပြည့် ပုံစံမျိုးဖြစ်ပြီး မှတ်ဉာဏ်ပိုင်းမြင့်မား ကောင်းမွန်ခြင်း၊ ဘက်ထရီရဲ့ ပါဝါသိုလှောင်နို်င်မှု ပမာဏမြင့်မားခြင်းတွေက ဒီဖုန်းရဲ့ ကောင်းမွန်တဲ့ အချက်တွေပါပဲ။ ဖုန်းရဲ့ Specification ပိုင်းတွေ
ကောင်းမွန်ပြီး CPU, GPU ပိုင်းတွေမြင့်မားကောင်းမွန်တဲ့အချက်နဲ့ ဖုန်းရဲ့ ပုံစံဒီဇိုင်းပိုင်း လှပခြင်း၊ ရေစိုခံနိုင်ခြင်း၊ OS မြင့်မားခြင်း၊ ကင်မရာမှာ အသုံးပြုထားတဲ့ Leica Lens တွေရဲ့ စွမ်းဆောင်ရည် ကောင်းမွန်ခြင်းစတဲ့ အချက်တွေကလည်း ဒီဖုန်းရဲ့ကောင်းမွန်တဲ့ အားသာချက်တွေလို့ ဆိုနိုင်ပါတယ်။

အားနည်းချက်

ဖုန်းရဲ့မှတ်ဉာဏ်ပိုင်း မြင့်မားကောင်းမွန်ပေမယ့်လည်း နောက်ထပ် မှတ်ဉာဏ်ထပ်တိုးပြီး သုံးနိုင်ဖို့အတွက် SD Card Slot မပါဝင်ပါဘူး။

သုံးသပ်ချက်

Huawei Mate 10Pro ဟာ တန်ဖိုးမြင့်ဖုန်းအမျိုးအစား တစ်ဖြစ်တဲ့အတွက် ဖုန်းမှာအသုံးပြုထားတဲ့ CPU, GPU ပိုင်းတွေနဲ့ မှတ်ဉာဏ်ပိုင်းတွေမှာ ကောင်းမွန်တာတွေ့ရပါတယ်။ ဒီဖုန်းဟာ ကင်မရာပိုင်းမှာ တော်တော်လေး ကောင်းမွန်တာ တွေ့ရပါတယ်။ Leica Lens တွေနဲ့ ကင်မရာရဲ့ Aperture ကောင်းမွန်ခြင်းတွေအပြင် OIS လို့ခေါ်တဲ့ Optical Image Stabilization ရဲ့ စွမ်းဆောင်ရည်နဲ့ လေဆာ Focus နည်းပညာတွေကြောင့် ဓာတ်ပုံသမားတွေ အတွက်တော့ အကြိုက်တွေ့နိုင်တဲ့ ဖုန်းပါပဲ။ ဖုန်းမှာထည့်သွင်းပေးထားတဲ့ ဘက်ထရီကလည်း ပါဝါသိုလှောင်နိုင်မှု ပမာဏမြင့်မားတဲ့အတွက် ဖုန်းကိုအချိန်ကြာကြာ အသုံးပြုနိုင်တဲ့အပြင် အားသွင်းနှုန်းမြန်ဆန်တဲ့ Fast battery charging 4.5V/5A စနစ်ကြောင့် ဖုန်းကို အားပြန်သွင်းတဲ့ အချိန်မှာလည်း မြန်ဆန်ပါတယ်။

Samsung Galaxy S9+

အားသာချက်

RAM, Camera, Battery နဲ့ Screen အရွယ်အစားပိုင်းတွေမှာ S9 ထပ် ပိုမိုကောင်းမွန်တဲ့ Specification တွေနဲ့ ဖွဲ့စည်းထားပြီး အားသွင်းနှုန်းမြန်ဆန်တဲ့ First Battery Charging စနစ်နဲ့ ကြိုးမဲ့အားသွင်းစနစ်၊ Dolby Atoms Sound စနစ်တွေ ပါဝင်ပါတယ်။ Screen Resolution မြင့်မားတဲ့အတွက် မြင်ကွင်းပိုင်းမှာ ကြည်လင်ကောင်းမွန်ခြင်း၊ ကင်မရာစွမ်းဆောင်ရည် မြင့်မားခြင်း၊ လုံခြံုရေး အသုံးပြုစနစ်တွေ စုံလင်စွာပါဝင်ခြင်း၊ ရေစိုဒဏ်ခံနိုင်ခြင်း အစရှိတဲ့ အချက်တွေက ဒီဖုန်းရဲ့အဓိက အားသာချက်တွေလို့ ဆိုနိုင်ပါတယ်။ ဖုန်းမှာ အသုံးပြုထားတဲ့ မှတ်ဉာဏ်ပိုင်းနဲ့ CPU, GPU ပိုင်းတွေမှာ မြင့်မားကောင်းမွန်တဲ့ အချက်ကလည်း ဒီဖုန်းရဲ့ကောင်းမွန်တဲ့ အချက်တွေလို့ ဆိုရမှာပါ။

အားနည်းချက်

Dual Sim ဖုန်းအမျိုးအစားဖြစ်ပေမယ့် SD Card အသုံးပြုမယ်ဆိုရင်တော့ Sim Card တစ်ကတ်ပဲ အသုံးပြုနိုင်မှာပါ။ ဒီဖုန်းမှာ FM Radio စနစ်လည်း ပါဝင်တာမတွေ့ရပါဘူး။ FM Radio စနစ်က USA & Canada only လို့ဖော်ပြထားပါတယ်။ Face Recognition စနစ်ပါဝင်ပေမယ့်လည်း ဒီစနစ်က သိပ်ပြီးတိကျမှု မရှိသေးတာတွေ့ရပါတယ်။

သုံးသပ်ချက်

ဒီဖုန်းဟာ နည်းပညာပိုင်းအရ ကြည့်မယ်ဆိုရင်တော့ ကောင်းမွန်တဲ့ ဖုန်းတစ်လုံးလို့ ဆိုရမှာပါ။ ဖုန်းရဲ့လုံခြံုရေး အသုံးပြုစနစ်အတွက် Fingerprint စနစ်၊ Iris Scanner, Face Recognition အစရှိတဲ့စနစ်တွေ အစုံအလင် ပါဝင်ပေမယ့်လည်း Face Recognition ကိုတော့ ဒီဖုန်းမှာအသုံးပြုမယ်ဆိုရင် ကိုယ်ပိုင်အချိန်တွေလောက်မှာပဲ အသုံးပြုပြီး ကျန်တဲ့အချိန်တွေမှာ ပိတ်ထားသင့်ပါတယ်။ ကင်မရာပိုင်း၊ CPU ပိုင်း၊ GPU ပိုင်းတွေမှာ ကောင်းမွန်တဲ့ဖုန်းဖြစ်ပြီး ဖုန်းရဲ့ Settings ပိုင်းမှာလည်း အသုံးပြုနိုင်တဲ့စနစ်တွေ စုံစုံလင်လင် ပါဝင်တာတွေ့ရမှာပါ။ တန်ဖိုးမြင့် ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး Galaxy S9 ထက်ကင်မရာပိုင်း၊ RAM ပိုင်း၊ ဘက်ထရီပိုင်း၊ ဖုန်းအရွယ်အစားပိုင်းတွေမှာ ပိုမိုကောင်းမွန်သလို စျေးနှုန်းကလည်း ကွာပါတယ်။ ကင်မရာစွမ်းဆောင်ရည် ပိုကောင်းလာတာကို ရွေးချင်တယ်ဆိုရင်တော့ S9+ ကို ရွေးချယ်လို့ ရပါတယ်။

August, 2018

Xiaomi Mi 8

အားသာချက်

ဒီဖုန်းဟာ Chipset ပိုင်းမှာ တော်တော်လေး ကောင်းတယ်လို့ပြောလို့ ရတဲ့ဖုန်းပါ။ တန်ဖိုးမြင့် သိန်းဆယ်ဂဏန်း ပတ်ဝန်းကျင်မှာရှိတဲ့ ဖုန်းတွေမှာသုံးတဲ့ Chipset မျိုးကို သုံးထားတဲ့ Mid Range ဖုန်းလို့ပြောလို့ရပါတယ်။ မှတ်ဉာဏ်ပိုင်းမှာလည်း မြင့်မားကောင်းမွန်တဲ့အပြင် ကင်မရာပိုင်းနဲ့ ဖုန်းရဲ့ပါဝါသိုလှောင်နိုင်မှုပမာဏ ဘက်ထရီပိုင်းမှာလည်း ကောင်းမွန်တဲ့အချက်တွေက ဒီဖုန်းရဲ့ အဓိအားသာချက်တွေလို့ပြောလို့ရပါတယ်။ ဖုန်းရဲ့ Screen နဲ့ ကိုယ်ထည်ကို ကာကွယ်ပေးထားမှုအပိုင်းမှာလည်း ကောင်းမွန်တဲ့ဖုန်းပါ။

အားနည်းချက်

ဒီဖုန်းမှာ မှတ်ဉာဏ်ထပ်တိုး အသုံးပြုနိုင်ဖို့အတွက် Micro SD Card Slot မပါဝင်ပါဘူး။ ဒါ့အပြင် ဒီဖုန်းမှာ နားကြပ်အတွက် 3.5mm jack လည်းမပါဝင်သလို FM Radio စနစ်လည်း မပါဝင်ပါဘူး။ နားကြပ်အတွက် USB နားကြပ် ဒါမှမဟုတ် Wireless နားကြပ်တွေကိုပဲ အသုံးပြုရပါလိမ့်မယ်။

သုံးသပ်ချက်

ဒီဖုန်းဟာ CPU, GPU ပိုင်းနဲ့ Chipset ပိုင်းမှာ တော်တော်လေး မြင့်မားကောင်းမွန်တဲ့ဖုန်းလို့ ပြောလို့ရပါတယ်။ ဖုန်းမှာပါဝင်တဲ့ မှတ်ဉာဏ်ကလည်း မြင့်မားတဲ့အတွက် ကောင်းမွန်တဲ့ Processor Chipset နဲ့ မြင့်မားတဲ့ RAM တို့ရဲ့ မြန်ဆန်တဲ့ တွဲဖက်လုပ်ဆောင်နိုင်မှုကြောင့် ဖုန်းကိုအသုံးပြုတဲ့အချိန်မှာ မြန်ဆန်ချောမွေ့မှုရှိနေပါလိမ့်မယ်။ ကင်မရာပိုင်းမှာဆိုရင်လည်း နောက်ဘက် ကင်မရာတွေရော ရှေ့ကင်မရာပါ Megapixels ကောင်းမွန်တဲ့အတွက် ဓာတ်ပုံရုပ်ထွက်ပိုင်းမှာလည်း ကောင်းမွန်တာ တွေ့ရပါတယ်။ အသုံးပြုထားတဲ့ Screen ကောင်းမွန်တဲ့အပြင် Resolution ကလည်း ကောင်းမွန်တဲ့အတွက် ကြည်လင်တဲ့မြင်ကွင်းကို ခံစားနိုင်ပါတယ်။ နားကြပ်ပေါက်မပါတဲ့ အချက်တစ်ချက်ရှိနေတဲ့အတွက် နားကြပ် အသုံးပြုမယ်ဆိုရင် ဖုန်းနားကြပ်တွေနဲ့တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ ဖုန်းမှာပါဝင်တဲ့ ဘက်ထရီပမာဏ ကောင်းမွန်တဲ့အပြင် အားသွင်းနှုန်းမြန်ဆန်တဲ့ First Charging စနစ်ကိုလည်း ထည့်သွင်းပေးထားတဲ့အတွက် ဒါကလည်းကောင်းမွန်တဲ့အချက်ပါပဲ။ Sim Card နှစ်ကတ်ထည့်သွင်း အသုံးပြုနိုင်ပေမယ့် SD Card တော့ ထပ်ထည့်လို့မရနိုင်ပါဘူး။

OPPO Find X

OPPO Find X lamborghini Edition

အားသာချက်

ဒီဖုန်းဟာ CPU ပိုင်းနဲ့ ဖုန်းတွင်းမှတ်ဉာဏ်ပိုင်းတွေမှာ ကောင်းမွန်တဲ့အပြင် ဖုန်းရဲ့ကင်မရာ ဖွဲ့စည်းတည်ဆောက်မှု အပိုင်းဆန်းသစ်ထားတဲ့ ပုံစံနဲ့ကင်မရာတွေရဲ့ စွမ်းဆောင်ရည် ကောင်းမွန်တဲ့ အချက်တွေက ဒီဖုန်းရဲ့ အဓိကအားသာချက်တွေလို့ ပြောလို့ရပါတယ်။ Screen ပိုင်းမှာလည်း ကောင်းမွန်တဲ့ဖုန်းပါ။ ဘက်ထရီပိုင်းမှာလည်း ကောင်းမွန်တဲ့အပြင် အားသွင်းနှုန်းမြန်ဆန်တဲ့ OPPO ရဲ့ VOOC Charge စနစ်ပါဝင်တဲ့ အချက်နဲ့ Music ပိုင်းကောင်းမွန်တဲ့ ချက်တွေကလည်း ကောင်းမွန်တဲ့ အချက်တွေပါပဲ။

အားနည်းချက်

ဒီဖုန်းမှာတော့ Android ရဲ့ပုံမှန် Lock စနစ်တွေနဲ့ Face Unlock စနစ်ကိုပဲ အသုံးပြုရမှာဖြစ်ပြီး Finger Print မပါဝင်ပါဘူး။ နောက်တစ်ချက်ကတော့ ဒီဖုန်းမှာ FM Radio စနစ်မပါဝင်သလို Temperature Sensor နဲ့ ရေစိုခံစနစ်လည်းပါဝင်တာမတွေ့ရပါဘူး။

သုံးသပ်ချက်

Find X ဟာ ဖုန်းရဲ့ Performance ပိုင်းမှာတော်တော်လေးမြင့်မား ကောင်းမွန်တဲ့ဖုန်းဖြစ်တဲ့အပြင် ဖုန်းရဲ့ ဒီဇိုင်းနဲ့ အရောင်အသွေးကလည်း လှပတဲ့ဖုန်းဖြစ်ပါတယ်။ CPU, GPU, Chipset တွေ မြင့်မားတဲ့အပြင် မှတ်ဉာဏ်ပိုင်းမှာလည်း မြင့်မားကောင်းမွန်တဲ့ဖုန်းပါ။ ကင်မရာပိုင်းမှာဆိုရင်လည်း ရှေ့ကင်မရာနဲ့ နောက်ဘက်ကင်မရာ နှစ်ခုစလုံးဟာ စွမ်းဆောင်ရည်ပိုင်း မြင့်မားကောင်းမွန်တဲ့အတွက် ဓာတ်ပုံသမားတွေအတွက် အကြိုက်တွေ့နိုင်တဲ့ ဖုန်းပါပဲ။ နည်းပညာပိုင်း၊ ဖွဲ့စည်းတည်ဆောက်မှု ဒီဇိုင်းပိုင်း၊ ဖုန်းရဲ့ Performance ပိုင်းတွေမှာ ပြည့်စုံကောင်းမွန်နေတဲ့ ဖုန်းဖြစ်ပါတယ်။ ဒီဖုန်းက စျေးနှုန်းမြင့်မားတဲ့ တန်ဖိုးမြင့် ဖုန်းအမျိုးအစားတစ်ခု ဖြစ်နေပေမယ့် ရေစိုမခံတဲ့ အချက်တစ်ချက်တော့ ရှိနေပါတယ်။ နောက်ပိုင်းထွက် တန်ဖိုးမြင့် ဖုန်းတော်တော်များများဟာ ရေစိုခံနိုင်လာကြပေမယ့် ဒီဖုန်းမှာတော့ ရေစိုခံနည်းပညာ မပါဝင်လာပါဘူး။

Samsung Galaxy Note 9

အားသာချက်

တန်ဖိုးမြင့် ဖုန်းတစ်လုံးဖြစ်တဲ့အတွက် ဖုန်းမှာသုံးထားတဲ့ CPU, Chipset, Graphic GPU ပိုင်း၊ Memory ပိုင်းတွေမှာ မြင့်မားကောင်းမွန်နေတဲ့အပြင် ဖုန်းမှာပါဝင်လာတဲ့
S Pen နည်းပညာသစ်တွေနဲ့ ကင်မရာမှာပါဝင်တဲ့ Dual OIS နည်းပညာတွေက အဓိကကောင်းမွန်တဲ့ အချက်တွေလို့ ဆိုနိုင်ပါတယ်။ ဘက်ထရီပိုင်း ကောင်းမွန်လာတဲ့ အချက်နဲ့ ရေစိုခံနိုင်တဲ့ အချက်တွေကလည်း ဒီဖုန်းရဲ့အားသာချက်တွေပါပဲ။ S Pen က Remote Control တစ်ခုလို ဖြစ်လာတဲ့အချက်နဲ့ S Pen ထဲမှာ အသုံးပြုနိုင်တဲ့အချက်တွေ များပြားလာတာကလည်း ကောင်းမွန်တဲ့ အချက်တစ်ခုပါပဲ။

အားနည်းချက်

တန်ဖိုးမြင့် ဖုန်းတစ်လုံးမှာ သုံးထားတဲ့ Sim Card Adapter က ပျော့ပျောင်းတဲ့ ပလတ်စတစ်သား ဖြစ်နေပါတယ်။ Fingerprint Sensor ဟာ ကင်မရာနဲ့အရမ်းကို ကပ်လွန်းနေပြီး Fingerprint ကို သုံးတဲ့အချိန်မှာ ကင်မရာကို လက်နဲ့တစ်ချိန်လုံး ထောက်မိနေတယ်လို့ ခံစားရစေပါတယ်။ ကင်မရာရဲ့ Manual Mode လို့ခေါ်တဲ့ Pro Mode စနစ်မှာလည်း ISO, Aperture နဲ့ White Balance တွေကို ချိန်နိုင်ပေမယ့် Shutter Speed ကတော့ ဖုန်းကနေပေးထားတဲ့ Auto စနစ်နဲ့ပဲ ရိုက်နိုင်ပါတယ်။ Shutter Speed ကိုချိန်လို့မရပါဘူး။

သုံးသပ်ချက်

Note 9 မှာ S Pen ရဲ့ အသုံးပြုစနစ်ပိုင်းတွေ တော်တော်လေး တိုးတက်ပြောင်းလဲလာတယ်လို့ ပြောလို့ရသလို S Pen ရဲ့အသုံးပြုပုံစံတွေ ကလည်း စုံလင်ကောင်းမွန်လာတာ တွေ့ရပါတယ်။ ဘက်ထရီပိုင်းမှာလည်း အရင်ကထပ် ပိုကောင်းလာတာတွေ့ရပြီး ကင်မရာတွေရဲ့ စွမ်းဆောင်ရည်ပိုင်းနဲ့ AR Emoji ပိုင်းမှာလည်း ပိုကောင်းလာတာ တွေ့ရပါတယ်။ မှတ်ဉာဏ်ပိုင်းမြင့်မားတဲ့ ဖုန်းဖြစ်ပေမယ့် Chipset ပိုင်းမှာတော့ benchmark ranking မှာ အမှတ်သိပ်ကောင်းတာ မတွေ့ရပါဘူး။ ရေစိုခံတဲ့ အချက်ကတော့ တော်တော်လေး ကောင်းပါတယ်။

September, 2018

Vivo V11

အားသာချက်

ဒီဖုန်းမှာတော့ နည်းပညာအသစ်ဖြစ်တဲ့ In Display Fingerprint စနစ်ကို အသုံးပြုရမှာဖြစ်ပါတယ်။ နောက်တစ်ချက်တော့ V11 ရဲ့ကင်မရာစနစ်မှာ ပိုမိုကောင်းမွန်တဲ့ AI စနစ်တွေကို အားဖြည့်ထားပြီး ဓာတ်ပုံရိုက်ဖို့အတွက် ကောင်းမွန်တဲ့ အထောက်အပံ့တွေ ပေးနိုင်တာတွေ့ ရပါတယ်။ ဖုန်းမှာပါဝင်တဲ့ ဘက်ထရီရဲ့ Capacity ကောင်းမွန်တဲ့ အချက်နဲ့ အားသွင်းနှုန်းမြန်ဆန်တဲ့ Dual Engine First Charging စနစ် ပါဝင်တဲ့ အချက်တွေကလည်း ဒီဖုန်းရဲ့ ကောင်းမွန်တဲ့ အချက်တွေပါပဲ။

အားနည်းချက်

ဒီဖုန်းက ကိုင်ရတာ ပေါ့ပါးပြီးပါးလွှာပေမယ့် ကျောဘက်ကာဗာက ပလတ်စတစ်ဆန်ပြီး ပါးတယ်လို့ခံစားရပြီး ထိခိုက်မှုတွေကို ခံနိုင်ရည်ရှိ မလားဆိုတာကတော့ တွေးစရာရှိပါတယ်။ ကင်မရာပိုင်းမှာ AI စနစ် တွေ တော်တော်လေး ပြည့်စုံကောင်းမွန်လာပေမယ့် ရှေ့ကထွက်ခဲ့တဲ့ V9 ထက် ကင်မရာ Megapixels နည်းသွားတဲ့ အချက်တစ်ချက်လည်းရှိ နေပါတယ်။

သုံးသပ်ချက်

V11 မှာတော့ မှတ်ဉာဏ်ပိုင်းက သူ့စျေးနဲ့ဆိုရင် တော်တော်လေး ကောင်းတယ်လို့ ပြောလို့ရပါတယ်။ နည်းပညာအသစ်တစ်ခုဖြစ်တဲ့ In Display Fingerprint စနစ်ကိုအသုံးပြုရမှာပါ။ ရှေ့ကင်မရာနဲ့ နောက်ဘက် ကင်မရာတွေမှာ ထည့်သွင်းထားတဲ့ AI အထောက်အပံ့တွေကလည်း တော်တော်လေး ကောင်းမွန်တာတွေ့ရပါတယ်။ ဘက်ထရီကလည်း တစ်နေရာ အသုံးပြုဖို့အတွက် လုံလောက်တဲ့ ဘက်ထရီ ပမာဏဖြစ်ပြီး အားသွင်းမြန်တဲ့ စနစ်ကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။

နောက်ဘက်ကင်မရာက V9 ထပ် Megapixels နည်းသွားတဲ့ အချက်တစ်ချက်နဲ့ In Display Fingerprint စနစ်က Physical Fingerprint Scanner တွေလောက် သိပ်မမြန်တဲ့ အချက်လေးတော့ ရှိပါတယ်။ ဒါပေမဲ့ V11 ရဲ့ In Display Fingerprint စနစ်က တော်တော်လေးတော့ သွက်လက်ချောမွေ့မှု ရှိတယ်လို့ ပြောလို့ရပါတယ်။

Xiaomi Pocophone F1

အားသာချက်

ဒီဖုန်းရဲ့ အဓိကကောင်းမွန် တဲ့ အချက်ကတော့ Performance ပိုင်းလို့ပဲ ပြောချင်ပါတယ်။ ဒီဖုန်းမှာသုံးထားတဲ့ CPU ပိုင်းနဲ့ Chipset တွေက တန်ဖိုးမြင့်ဖုန်းတွေမှာ အသုံးပြုတဲ့ အစိတ်အပိုင်းတွေကို သုံးထားတာပါ။ စျေးနှုန်းနဲ့ ယှဉ်ကြည့်လိုက်ရင် ဖုန်းမှာပါတဲ့ CPU, Chipset တွေနဲ့ တင်တန်တယ်လို့ ပြောလို့ ရနေတဲ့ဖုန်းပါ။ နောက်ထပ်ကောင်းမွန်တဲ့ အချက်တွေကတော့ ကင်မရာပိုင်းနဲ့ ဘက်ထရီပိုင်းလို့ ပြောလို့ရပါတယ်။ အားသွင်းမြန်ဆန်တဲ့ စနစ်လည်း ပါဝင်ပါတယ်။ Infrared face recognition စနစ်ဖြစ်တဲ့အတွက် Face
Unlock စနစ်မှာလည်း မှောင်တဲ့အချိန်တွေမှာ တောင်မျက်နှာကို သိရှိနိုင်ပါတယ်။

အားနည်းချက်

ကျောဘက်မှာ တပ်ဆင်ထားတဲ့ Fingerprint Sensor က ကင်မရာနဲ့ အရမ်းကပ်လွန်းနေတဲ့အတွက် Fingerprint ကို အသုံးပြုတဲ့အချိန်မှာ ကင်မရာကို တစ်ချိန်လုံး လက်နဲ့ပွတ်မိနေစေပါတယ်။ နောက်တစ်ချက်ကတော့ အလေးချိန်များတယ်လို့ ခံစားရပြီး NFC လို စနစ်တွေလည်း ဒီဖုန်းမှာပါဝင်တာ မတွေ့ရပါဘူး။

သုံးသပ်ချက်

Pocophone F1 ဟာ ဖုန်းရဲ့စျေးနှုန်းနှုန်းနဲ့ ယှဉ်လိုက်ရင် Performance ပိုင်းမှာတော့ တော်တော်လေးကောင်းတယ်လို့ ပြောလို့ ရပါတယ်။ ဘက်ထရီရဲ့ ပါဝါသိုလှောင်နိုင်မှု ပမာဏကောင်းမွန်တဲ့အတွက် ဖုန်းကိုအချိန်ကြာကြာ သုံးနိုင်သလို အားသွင်းနှုန်းကလည်း မြန်ဆန်တာတွေ့ရပါတယ်။ ဒီဖုန်းရဲ့ Face Unlock စနစ်ကလည်း တော်တော်လေး ကောင်းမွန်သလို မှတ်ဉာဏ်ပိုင်းကလည်း စျေးနှုန်းနဲ့ နှိုင်းယှဉ်ကြည့် ရင်မျှတတယ်လို့ ပြောလို့ ရပါတယ်။ ကင်မရာပိုင်းကလည်း Gyro EIS Sensor စနစ်ပါဝင်တဲ့တွက် ဓာတ်ပုံရိုက်ဖို့ အဆင်ပြေတာ တွေ့ရပါတယ်။

November, 2018

Huawei Mate 20 Pro

အားသာချက်

ကျောဘက်ကင်မရာ သုံးလုံးပါဝင်တဲ့ အချက်နဲ့ ကင်မရာပိုင်းမှာ တော်တော်လေးကောင်းမွန်တဲ့အချက်၊ ဖုန်းမှာပါဝင်တဲ့ ဘက်ထရီရဲ့ ပါဝါသိုလှောင်နိုင်မှု ပမာဏကောင်းမွန်တဲ့အချက်၊ အားသွင်းနှုန်း မြန်ဆန်တဲ့အချက်၊ မှတ်ဉာဏ်ပိုင်းမြင့်မား ကောင်းမွန်တဲ့အချက်၊ ဖုန်းရဲ့ Chipset နဲ့ CPU တွေ၊ Performance ပိုင်းတွေ ကောင်းမွန်တဲ့အချက်တွေက ဒီဖုန်းရဲ့ အဓိက အားသာချက်တွေလို့ ပြောရမှာပါ။ Screen မြင်ကွင်းပိုင်း ကောင်းမွန်တဲ့အပြင် ရေစိုခံနိုင်တဲ့အချက်၊ In Display Fingerprint နည်းပညာပါဝင်လာတဲ့ အချက်တွေကလည်း
ဒီဖုန်းရဲ့ ကောင်းမွန်တဲ့အချက်တွေပါ။

အားနည်းချက်

ဒီဖုန်းမှာ 3.5mm နားကြပ်ပေါက် မပါတဲ့အတွက် နားကြပ်အသုံးပြုမယ်ဆိုရင် USB နားကြပ်ကိုပဲ အသုံးပြုရမှာပါ။ နောက်တစ်ချက်ကတော့ ဒီဖုန်းမှာ FM Radio စနစ်လည်း ပါဝင်တာမတွေ့ရပါဘူး။ ဖုန်းရဲ့ Navigation Gesture စနစ်မှာ Navigation button တွေကိုဖျောက်ထား ပြီးသုံးမယ်ဆိုရင် Screen အနားထောင့်လေးတွေက သိပ်ပြီး Sensitive မဖြစ်သလို
ခံစားရစေပါတယ်။

သုံးသပ်ချက်

Mate 20 Pro ဟာ Performance ပိုင်း တော်တော်လေးကောင်းသလို ကင်မရာပိုင်းမှာလည်း တော်တော်လေးကောင်းတဲ့ဖုန်းလို့ ပြောရမှာပါ။ ဘက်ထရီစနစ်၊ အားသွင်းစနစ်တွေ၊ မှတ်ဉာဏ်ပိုင်း၊ရေစိုခံစနစ် ပိုင်း တွေမှာလည်းကောင်းမွန်ပါတယ်။ ဒီဇိုင်းက လှပပေမယ့် ကျောဘက်မှာ ကင်မရာတွေကို လေးထောင့်ကွက်ကြီးနဲ့ လုပ်ထားတဲ့ပုံစံမျိုးမဟုတ်ရင် ပိုကောင်းနိုင်ပါတယ်။ မြင့်မားတဲ့ Performance နဲ့ ကောင်းမွန်တဲ့ဓာတ်ပုံရုပ်ထွက်တွေ၊ ကျယ်ဝန်းလှပတဲ့မြင်ကွင်းတွေကို ခံစားနိုင်တဲ့အတွက် စျေးနှုန်းကိုမကြည့်ဘူးဆိုရင် တော့ သုံးသင့်တဲ့ဖုန်းတစ်ခုလို့ ပြောရမှာပါ။ Memoy ထပ်တိုးမယ်ဆိုရင် Nano Memory Card ကိုသုံးရမယ့်အချက် တော့ရှိပါတယ်။

December, 2018

Samsung Galaxy A9

အားသာချက်

ကျောဘက်ကင်မရာ လေးလုံးပါဝင်လာတဲ့ အချက်က ဒီဖုန်းရဲ့ထူးခြားတဲ့ အချက်တစ်ချက်ဖြစ်နေသလို ဓာတ်ပုံပိုင်းအတွက် ကောင်းမွန်တဲ့ အချက်တစ်ခုလည်း ဖြစ်ပါတယ်။ ဘက်ထရီပိုင်းမှာ ဆိုရင်လည်း ကောင်းမွန်တဲ့အပြင် အားသွင်းမြန်ဆန်တဲ့ စနစ်ကလည်း ကောင်းမွန်တဲ့အချက် တွေရှိနေပါတယ်။ မှတ်ဉာဏ်ပိုင်းမှာလည်း ကောင်းမွန်တာတွေ့ရပါတယ်။

အားနည်းချက်

ဖုန်းရဲ့ ကင်မရာစနစ်မှာပါတဲ့ Pro လို့ခေါ်တဲ့ Manual ကင်မရာစနစ်မှာ ISO, Aprture နဲ့ White Balance ကိုပဲချိန်လို့ရပြီး Shutterspeed ကို အသုံးပြုတဲ့သူစိတ်ကြိုက် ချိန်လို့ မရတဲ့ အချက်တစ်ချက်ရှိပါတယ်။

သုံးသပ်ချက်

ဒီဖုန်းဟာ တန်ဖိုးမြင့် ဖုန်းအမျိုးအစားတစ်ခုဖြစ်ပြီး ကျောဘက်ကင် မရာလေးလုံးနဲ့ ပြည်တွင်းကို ပထမဆုံးဝင်ရောက်လာတဲ့ ဖုန်းလို့လည်း ပြောလို့ရပါတယ်။ မှတ်ဉာဏ်ပိုင်းကောင်းမွန်ပြီး ဘက်ထရီစနစ်ပိုင်းနဲ့ အားသွင်းစနစ်မှာလည်း ကောင်းမွန်တဲ့ဖုန်းပါ။ မြင်ကွင်းကျယ်ဝန်းပြီး ဒီဇိုင်းကလည်း လှပပါတယ်။ Performance ပိုင်းမှာ Chipset ကတော့ သူ့စျေးနဲ့ ယှဉ်လိုက်ရင် နည်းနည်းလေး နိမ့်နေသလိုတော့ ခံစားရပါတယ်။ ကင်မရာပိုင်း စိတ်ဝင်စားတဲ့သူတွေ၊ မှတ်ဉာဏ်များများ သုံးချင်သူတွေနဲ့ ဘက်ထရီကောင်းကောင်း သုံးချင်တဲ့သူတွေအတွက်တော့ ရွေးချယ်ချင်စရာပါပဲ။