၂၀၀၅ ခုနှစ်ကတည်းက G Suite သုံးစွဲသူ password တွေကို plaintext နဲ့သိမ်းဆည်းထားခဲ့
[ Zawgyi ]
စိုးထက်
Ref: TechCrunch
[ Unicode ]
Google ရဲ့ G Suite သုံးစွဲသူတချို့ password တွေကို plaintext နဲ့မှားယွင်းစွာ သိမ်းဆည်းထားမိတယ်လို့ ပြောကြားထားပါတယ်။
အခုကိစ္စမှာ လုပ်ငန်းပိုင်းဆိုင်ရာသုံးစွဲသူတွေ ဘယ်လောက်ထိခိုက်ခဲ့သလဲဆိုတာ Google ကမပြောခဲ့ပါဘူး။ “ကျွန်တော်တို့အနေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ G Suite သုံးစွဲသူတွေကို သတိပေးချက်ပေးပို့ခဲ့ပါတယ်။ Password တချို့ကို hash မပါဝင်တဲ့ encrypted internal system တွေထဲမှာ သိမ်းဆည်းထားခဲ့တာဖြစ်ပါတယ်” လို့ Google အင်ဂျင်နီယာဆိုင်ရာ ဒုဥက္ကဋ္ဌဖြစ်သူ ဆူဇန်ဖရေးကပြောခဲ့ပါတယ်။
Password ကို လူသားတွေ ဖတ်ရှုမှုကနေ တားဆီးတဲ့အနေနဲ့ hashing algorithm ကိုအသုံးပြုပြီး ရောမွှေထားပါတယ်။ G Suite စီမံခန့်ခွဲသူတွေက ကုမ္ပဏီသုံးစွဲသူတွေအတွက် သုံးစွဲသူသစ် password တွေကို upload, set နဲ့ recover တွေ ပြုလုပ်နို်င်ပါတယ်။ ကုမ္ပဏီမှာ ဝန်ထမ်းသစ်ရောက်လာရင် အဲဒီလုပ်ငန်းစဉ်တွေ ဆောင်ရွက်ရပါတယ်။ Google ဟာ ဧပြီလအတွင်း ၂၀၀၅ ခုနှစ်က လုပ်ငန်းသုံးအတွက် password setting နဲ့ recovery နည်းလမ်းကို တွေ့ရှိခဲ့ပြီး အားနည်းချက်ရှိတာကို တွေ့ရှိခဲ့ပါတယ်။ G Suite သုံးစွဲသူတွေရဲ့ password တွေကို plaintext နဲ့ကူးယူပြီး မလျော်မကန် သိမ်းဆည်းခဲ့မိတယ်လို့ Google က ပြောကြားခဲ့ပါတယ်။
နောက်ပိုင်းမှာ Google ဟာ feature သစ်ကို ဖယ်ရှားလိုက်ပါတယ်။
Ref: TechCrunch