၂ဝ၁၈ ခုႏွစ္ရဲ႕ အေကာင္းဆုံးမိုဘိုင္းဂိမ္းမ်ား

[ Zawgyi ]

နည္းပညာဝက္ဘ္ဆိုက္ တစ္ခုျဖစ္တဲ့ www.cnet.com ကေန ၂ဝ၁၈ ခုႏွစ္ရဲ႕ အေကာင္းဆုံး မိုဘုိင္းဂိမ္းမ်ားစြာကို စုစည္းေဖာ္ျပ ေပးထားပါတယ္။ အဲဒီထဲမွာ အခေပးနဲ႔ အခမဲ့ဂိမ္းဆိုၿပီး မ်ားစြာရွိတဲ့ထဲကမွ အခမဲ့အေနနဲ႔ Download ျပဳလုပ္ ကစားႏုိင္မယ့္ဂိမ္းေတြကို ေရြးခ်ယ္ေဖာ္ျပေပးလုိက္ပါတယ္။ အဲဒီဂိမ္းေတြကို Android OS စနစ္သုံးဖုန္းေတြေကာ၊ iOS စနစ္သုံးဖုန္းႏွစ္မ်ဳိး စလုံးအတြက္ Download ျပဳလုပ္ႏုိင္မယ့္ Link ေတြကို QR code အေနနဲ႔ ထည့္သြင္းေပးထားပါတယ္။ QR code ကို scan ျပဳလုပ္ၿပီး ဖုန္းထဲအလြယ္တကူ ထည့္သြင္းကစားႏုိင္မွာ ျဖစ္ပါတယ္။

Pumped BMX Series

Pumped BMX စီးရီးဂိမ္းေတြက BMX စက္ဘီးစီးၿပီး ခုန္ပ်ံေက်ာ္လႊား စတန္႔ျပဳလုပ္ခ်င္သူေတြအတြက္ အေကာင္းဆုံး ဂိမ္းတစ္ခုျဖစ္ပါတယ္။ ဂိမ္းအတြက္ ထိန္းခ်ဳပ္ကစားႏုိင္တဲ့ ခလုတ္ေတြကို သုံးၿပီး အရွိန္ျမႇင့္တင္တာမ်ဳိးအျပင္ ေလထဲမွာ အံ့ၾသဖြယ္ရာ စတန္႔မ်ဳိးစုံ ျပဳလုပ္တာေတြကို Android ဖုန္းသာမကဘဲ iOS စနစ္သုံးဖုန္းေတြမွာပါ ေကာင္းစြာကစားႏုိင္ပါတယ္။ သတိျပဳရမွာက ခလုတ္ေတြအသုံးျပဳရတာ အနည္းငယ္႐ႈပ္ေထြးမႈရွိတဲ့အတြက္ ကိုယ္တုိင္စမ္းသပ္ ေလ့က်င့္ကစားရမွာျဖစ္ပါတယ္။ ေလေပၚမွာ စတန္႔လုပ္တာ၊ ေလေပၚကေန ေျမျပင္ေပၚကို အထိအခုိက္မရွိ ေကာင္းစြာျပန္ေရာက္ေအာင္ေလ့က်င့္ဖို႔လိုအပ္မွာျဖစ္ပါတယ္။
တစ္ခုသတိျပဳရမွာက ခုေအာက္က QR code မွာေပးထားတဲ့ Pumped BMX 3 ကိုမကစားခင္မွာ သူအရင္ထြက္ခဲ့တဲ့ Pumped BMX 1 နဲ႔ 2 ကို အရင္ကစားၾကည့္သင့္ပါတယ္။ ဘာလို႔လဲဆိုေတာ့ လြယ္လြယ္ ကစားႏုိင္တဲ့အခန္းေတြကို အရင္ကစား ၾကည့္သင့္တယ္ထင္လို႔ပါ။ ေနာက္ၿပီး ထြက္သမွ် Pumped BMX ဂိမ္းတုိင္းက ကစားလို႔ေကာင္းလို႔လည္း ျဖစ္ပါတယ္။

Android , iOS

Finger Driver

ဒီဂိမ္းက မိနစ္အနည္းငယ္အခ်ိန္အတြင္း ကစားႏုိင္တဲ့ ဂိမ္းေတြထဲက အေကာင္းဆုံးဂိမ္းတစ္ခု ျဖစ္ပါတယ္။ ဂိမ္းျမင္ကြင္းေပၚက လိုသလိုလွည့္ႏုိင္တဲ့ လက္ကိုင္ကို လက္တစ္ေခ်ာင္းတည္းနဲ႔ ထိန္းခ်ဳပ္ကစားရမွာျဖစ္ၿပီး ေဝးႏိုင္သမွ်ေဝးေဝးရာက္ရွိေအာင္ ကစားရမွာျဖစ္ပါတယ္။ ဂိမ္းထဲက ဒဂၤါးေတြကိုစုေဆာင္းရတဲ့ မစ္ရွင္ေတြ၊ မီတာ ၄ဝဝ ထိ သုံးခါေရာက္ရွိေအာင္ ကစားရမယ့္ မစ္ရွင္ေတြကလည္း ေအာင္ျမင္တုိင္း ဒဂၤါးေတြမ်ားစြာ ထပ္မံရရွိိႏုိင္မွာျဖစ္ပါတယ္။ အဲဒီဒဂၤါးေတြကိုသုံးၿပီး ကားအသစ္ေတြကို ထပ္မံ Unlock ျပဳလုပ္ကစားႏုိင္မွာျဖစ္ပါတယ္။ ဒီဂိမ္းက ႐ိုးရွင္းသေလာက္ စိတ္အပန္းေျပမႈအတြက္ ကစားဖို႔ေကာင္းမြန္လွတဲ့ ဂိမ္းတစ္ခုလည္း ျဖစ္ပါတယ္။

Android , iOS

The Room series

Fireproof ကဖန္တီးတဲ့ The Room စီးရီးဂိမ္းေတြက လူတုိင္းသေဘာက်တဲ့ ပေဟဠိေတြကို အေျဖရွာရတဲ့ ဂိမ္းစီးရီးပဲျဖစ္ပါတယ္။ ခုေနာက္ဆုံး ထြက္ရွိတဲ့ဂိမ္းကလည္း အရင္ထြက္ခဲ့တဲ့ ဂိမ္းေတြကို ႐ႈပ္ေထြးလွတဲ့ ဂိမ္းဇာတ္လမ္းေပၚ အေျခခံဖန္တီးထားတာ ျဖစ္ပါတယ္။ ပေဟဠိေတြကို အေျဖရွာရင္း ေနာက္ထပ္လာမယ့္အခန္းရဲ႕ သဲလြန္စေတြကို ရရွိမွာျဖစ္ပါတယ္။ ထြက္ခဲ့သမွ် The Room စီးရီးဂိမ္းတုိင္းက လူႀကိဳက္မ်ားၾကသလို စိတ္ဝင္စားစရာေကာင္းၿပီး ဂိမ္းကစားရတဲ့ရသကို ေက်နပ္မႈအျပည့္ေပးႏုိင္တဲ့ ဂိမ္းေတြျဖစ္ ပါတယ္။ လွပတဲ့ဒီဇုိင္း၊ ဆြဲေဆာင္မႈရွိလွတဲ့ အျပင္အဆင္ေတြနဲ႔ အေသးစိတ္ အေကာင္းဆုံးျဖစ္ေအာင္ ဖန္တီးထားတဲ့ ဂိမ္းျဖစ္ပါတယ္။

Android , iOS

Shadowgun Legends

ဂိမ္းခလုတ္သုံးၿပီး ကစားရတဲ့ ဂိမ္းအမ်ဳိးအစားေတြကို ဖုန္းေပၚမွာကစားဖို႔ဆိုတာ မျဖစ္ႏုိင္ပါဘူး။ ဒါေပမဲ့ Shadowgun Legends ကေတာ့ ဂိမ္းခလုတ္သုံးကစားရတဲ့ ဂိမ္းေတြကစားရသလို ဂိမ္းရသကို အျပည့္အဝ ေပးစြမ္းႏုိင္ပါတယ္။ ကိုယ္တုိင္ပါဝင္ ပစ္ခတ္ကစားရတဲ့ ေသနတ္ပစ္ဂိမ္းအမ်ဳိးအစားျဖစ္ၿပီး App စတိုးေတြရဲ႕ အေကာင္းဆုံး ဂိမ္းတစ္ခုလည္းျဖစ္ပါတယ္။ လက္နက္နဲ႔ ဝတ္စုံမ်ဳိးစုံကို ဝယ္ယူဝတ္ဆင္ ကစားႏုိင္မွာျဖစ္သလုိ ဂိမ္းထဲကရရွိတဲ့ေငြေတြနဲ႔ အေလာင္းအစားျပဳလုပ္တာမ်ဳိး၊ ေမွာင္ခိုေစ်းကြက္ကေန ပစၥည္းအသစ္ဝယ္ယူတာမ်ဳိး စတာေတြကိုလည္း ျပဳလုပ္ႏုိင္မွာျဖစ္ပါတယ္။ ဇာတ္လမ္သြားပုံစံ မစ္ရွင္ေတြကို ေအာင္ျမင္ေအာင္ ကစားရမွာျဖစ္သလို ဂိမ္းထဲကလွ်ဳိ႕၀ွက္ခ်က္ေတြကိုလည္း ေျဖရွင္းရမွာျဖစ္ပါတယ္။ မိမိသြားမယ့္ လမ္းတစ္ေလွ်ာက္ ရန္သူေတြကို တိုက္ခုိက္သုတ္သင္ရမွာျဖစ္ၿပီး ပိုမုိျမင့္မားတဲ့ ေအာင္ျမင္မႈေတြရရွိေအာင္ ကစားရမွာျဖစ္ပါတယ္။ တစ္ဦးတည္းကစားႏုိင္သလို၊ အြန္လိုင္းေပၚက ကစားတဲ့သူေတြနဲ႔လည္း ခ်ိတ္ဆက္ကစားႏုိင္မွာ ျဖစ္ပါတယ္။

Android , iOS

Battlelands Royale

ေကာင္းမြန္တဲ့ ဂိမ္းကစားမႈအေတြ႕အႀကဳံ ရရွိခ်င္သူေတြ ေဆာ့ကစားသင့္တဲ့ ဂိမ္းကိုေျပာပါဆို Battlelands Royale ကို ကစားၾကည့္ ပါလို႔ေျပာရမွာပါ။ မိမိအေနနဲ႔ ကိုယ္ပိုင္ဆင္းသက္မယ့္ တိုက္ပြဲေနရာကို ေရြးခ်ယ္ရမွာျဖစ္သလို လိုအပ္တဲ့ အကာအကြယ္ဝတ္စုံနဲ႔ လက္နက္ေတြရွာေဖြဖို႔ ေလထီးနဲ႔စစ္ေျမျပင္ကို ဆင္းသက္ရမွာျဖစ္ပါတယ္။ လက္နက္ေတြကို ပိုမိုေကာင္းမြန္တာေတြနဲ႔ ေကာက္ယူ လဲလွယ္ႏုိင္သလုိ မိမိတပ္စြဲတဲ့ အေဆာက္အအုံ၊ အကာအကြယ္ေနရာမွာလည္း ဖြက္ထားႏုိင္ပါတယ္။ ၁ဝ မိနစ္ ဝန္းက်င္ေလာက္ သာၾကာတဲ့ Dual-stick survival shooter mode အေနနဲ႔ကစားႏုိင္တာက ဒီဂိမ္းရဲ႕ သေဘာက်စရာေတြထဲက တစ္ခုပါ။ စိတ္လႈပ္ရွားမႈ အျပည့္နဲ႔ ကစားႏုိင္တဲ့ဂိမ္းျဖစ္ၿပီး app ကတစ္ဆင့္ ဝတ္စုံသစ္၊ လက္နက္၊ Battle Pass စတာေတြကိုလည္း ဝယ္ယူကစားႏုိင္မွာ ျဖစ္ပါတယ္။

Android , iOS

Hero Academy 2

လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က ထြက္ခဲ့တဲ့ Hero Academy က ကစားတဲ့သူေတြကို ေတာ္ေတာ္ေလး ဆြဲေဆာင္ႏုိင္ခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ မိမိစိတ္ႀကိဳက္ မိမိရဲ႕တပ္ကိုဖြဲ႕စည္းၿပီး တုိက္ပြဲေတြကို ဆင္ႏႊဲႏုိင္လို႔ျဖစ္ပါတယ္။ ဒါ့အျပင္ တုိက္ပြဲေတြကို မိမိရဲ႕ မိတ္ေဆြ၊ သူငယ္ခ်င္းေတြနဲ႔အတူ တြဲၿပီးကစားႏုိင္တာျဖစ္ပါတယ္။ Hero Academy 2 က သူ႔အရင္ထြက္ခဲ့တဲ့ ဗားရွင္းထက္ပိုၿပီး တိုးတက္ေကာင္းမြန္လာသလို Animations ဂရပ္ဖစ္ပိုင္းေတြလည္း ပိုၿပီးေခ်ာေမြ႕ေကာင္းမြန္လာပါတယ္။ စိန္ေခၚတိုက္ပြဲအသစ္ေတြနဲ႔ မတူညီတဲ့တပ္ေတြကို ဝယ္ယူႏုိင္တာမ်ဳိးေတြ ခုဗားရွင္းမွာ အသစ္ပါဝင္လာပါတယ္။ ေနာက္ၿပီး ကစားရတာလည္း အရင္ဗားရွင္းလိုပဲ ေပ်ာ္ဖို႔ေကာင္းသလို စိတ္ဝင္စားစရာ ေကာင္းလွပါတယ္။

Android , iOS

PUBG Mobile

အသက္ရွင္ ရပ္တည္ဖို႔အတြက္ တုိက္ခုိက္ကစားရမယ့္ ေသနတ္ပစ္ဂိမ္းျဖစ္ၿပီး မိမိနဲ႔အတူတုိက္ပြဲဝင္တဲ့သူ တစ္နည္း ကစားတဲ့သူက ဘယ္သူဘယ္ဝါ မသိႏုိင္ေပမယ့္ အတူတူတြဲၿပီး တစ္ဖက္ကကစားသူေတြကို တုိက္ခုိက္ရတဲ့ ဂိမ္းျဖစ္ပါတယ္။ အြန္လုိင္းဂိမ္း အမ်ဳိးအစားျဖစ္ၿပီး ကၽြန္းတစ္ခုေပၚမွာ တျခားေသာကစားသူ ၉၉ ဦးနဲ႔ အသက္ရွင္သန္ဖို႔အတြက္ ပစ္ခတ္ကစားရမွာ ျဖစ္ပါတယ္။ ဒီဂိမ္းက မိုဘုိင္းဖုန္းဂိမ္းအေနနဲ႔ လူေဆာ့မ်ား႐ုံသာမကဘဲ PC ဂိမ္းအေနနဲ႔ထြက္ရွိကတည္းက ဂိမ္းကစားသူေတြၾကားထဲမွာ နာမည္ႀကီး တဲ့့ ဂိမ္းတစ္ခုျဖစ္ပါတယ္။ အသက္ရွင္ဖို႔အတြက္ အေကာင္းဆုံးျပင္ဆင္ကစားရမွာျဖစ္ၿပီး တစ္ဦးတည္းအေနနဲ႔ တိုက္ခုိက္ကစားႏုိင္ သလို ကစားသူေလးဦးပါဝင္တဲ့ တပ္စုတစ္ခုအေနနဲ႔လည္း တုိက္ခုိက္ကစားႏုိင္မွာျဖစ္ပါတယ္။ ဒီဂိမ္းက ကစားရတာ တအားေကာင္းတဲ့ အတြက္ ဂိမ္းအေပၚ ႐ူးသြပ္စြဲလမ္းသူ မျဖစ္သြားေအာင္ေတာ့ သတိျပဳသင့္ပါတယ္။

Android , iOS

Rayman Adventures

Rayman ဂိမ္းက တစ္ႏွစ္တာလုံးမွာ ဂိမ္းထဲကအေရာင္ေတြနဲ႔ ဖန္တီးထားမႈက ကစားတဲ့သူကို အထူးဆြဲေဆာင္ႏုိင္တဲ့ ဂိမ္းျဖစ္ပါတယ္။ ကစားရတာေပ်ာ္ဖို႔ေကာင္းတဲ့ Arcade ဂိမ္းအမ်ဳိးအစားျဖစ္သလို မနားတမ္းေျပးေနတဲ့ Rayman ဇာတ္ေကာင္ကို one-touch အေနနဲ႔ ဖုန္းျမင္ကြင္းကို တစ္ခ်က္တို႔ထိ သို႔မဟုတ္ ျမင္ကြင္းကို စကၠန္႔အနည္းငယ္ၾကာဖိထားကာ ထိန္းခ်ဳပ္ကစားရမွာ ျဖစ္ပါတယ္။ အခန္းတုိင္းမွာ ႐ိုးရွင္းၿပီးသာယာမႈရွိတဲ့ ေနာက္ခံအသံေတြနဲ႔ ဖန္တီးထားေပမယ့္ တစ္ခန္းကေန ေနာက္တစ္ခန္းကို ေရာက္ဖုိ႔ကေတာ့ ထင္သေလာက္ မလြယ္ကူလွပါဘူး။ ဒီဂိမ္းကို စမ္းကစားၾကည့္လို႔ သေဘာက်တယ္ဆိုရင္ေတာ့ Rayman: Fiesta Run၊ Rayman: Jungle Run စတဲ့ ဂိမ္းေတြကိုလည္း ထပ္ကစားၾကည့္သင့္ပါတယ္။ ေနာက္ၿပီး Rayman: Classic ဂိမ္းကလည္း ရလဒ္ေကာင္းေတြရွိခဲ့တဲ့ ဂိမ္းျဖစ္ၿပီး ဂိမ္းတိုင္းက အရည္အေသြးျမင့္ ဂရပ္ဖစ္ဂိမ္းအမ်ဳိးအစားျဖစ္ပါတယ္။

Android , iOS

[ Unicode ]

နည်းပညာဝက်ဘ်ဆိုက် တစ်ခုဖြစ်တဲ့ www.cnet.com ကနေ ၂ဝ၁၈ ခုနှစ်ရဲ့ အကောင်းဆုံး မိုဘိုင်းဂိမ်းများစွာကို စုစည်းဖော်ပြ ပေးထားပါတယ်။ အဲဒီထဲမှာ အခပေးနဲ့ အခမဲ့ဂိမ်းဆိုပြီး များစွာရှိတဲ့ထဲကမှ အခမဲ့အနေနဲ့ Download ပြုလုပ် ကစားနိုင်မယ့်ဂိမ်းတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ အဲဒီဂိမ်းတွေကို Android OS စနစ်သုံးဖုန်းတွေကော၊ iOS စနစ်သုံးဖုန်းနှစ်မျိုး စလုံးအတွက် Download ပြုလုပ်နိုင်မယ့် Link တွေကို QR code အနေနဲ့ ထည့်သွင်းပေးထားပါတယ်။ QR code ကို scan ပြုလုပ်ပြီး ဖုန်းထဲအလွယ်တကူ ထည့်သွင်းကစားနိုင်မှာ ဖြစ်ပါတယ်။

Pumped BMX Series

Pumped BMX စီးရီးဂိမ်းတွေက BMX စက်ဘီးစီးပြီး ခုန်ပျံကျော်လွှား စတန့်ပြုလုပ်ချင်သူတွေအတွက် အကောင်းဆုံး ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဂိမ်းအတွက် ထိန်းချုပ်ကစားနိုင်တဲ့ ခလုတ်တွေကို သုံးပြီး အရှိန်မြှင့်တင်တာမျိုးအပြင် လေထဲမှာ အံ့သြဖွယ်ရာ စတန့်မျိုးစုံ ပြုလုပ်တာတွေကို Android ဖုန်းသာမကဘဲ iOS စနစ်သုံးဖုန်းတွေမှာပါ ကောင်းစွာကစားနိုင်ပါတယ်။ သတိပြုရမှာက ခလုတ်တွေအသုံးပြုရတာ အနည်းငယ်ရှုပ်ထွေးမှုရှိတဲ့အတွက် ကိုယ်တိုင်စမ်းသပ် လေ့ကျင့်ကစားရမှာဖြစ်ပါတယ်။ လေပေါ်မှာ စတန့်လုပ်တာ၊ လေပေါ်ကနေ မြေပြင်ပေါ်ကို အထိအခိုက်မရှိ ကောင်းစွာပြန်ရောက်အောင်လေ့ကျင့်ဖို့လိုအပ်မှာဖြစ်ပါတယ်။
တစ်ခုသတိပြုရမှာက ခုအောက်က QR code မှာပေးထားတဲ့ Pumped BMX 3 ကိုမကစားခင်မှာ သူအရင်ထွက်ခဲ့တဲ့ Pumped BMX 1 နဲ့ 2 ကို အရင်ကစားကြည့်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ လွယ်လွယ် ကစားနိုင်တဲ့အခန်းတွေကို အရင်ကစား ကြည့်သင့်တယ်ထင်လို့ပါ။ နောက်ပြီး ထွက်သမျှ Pumped BMX ဂိမ်းတိုင်းက ကစားလို့ကောင်းလို့လည်း ဖြစ်ပါတယ်။

Android , iOS

Finger Driver

ဒီဂိမ်းက မိနစ်အနည်းငယ်အချိန်အတွင်း ကစားနိုင်တဲ့ ဂိမ်းတွေထဲက အကောင်းဆုံးဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဂိမ်းမြင်ကွင်းပေါ်က လိုသလိုလှည့်နိုင်တဲ့ လက်ကိုင်ကို လက်တစ်ချောင်းတည်းနဲ့ ထိန်းချုပ်ကစားရမှာဖြစ်ပြီး ဝေးနိုင်သမျှဝေးဝေးရာက်ရှိအောင် ကစားရမှာဖြစ်ပါတယ်။ ဂိမ်းထဲက ဒင်္ဂါးတွေကိုစုဆောင်းရတဲ့ မစ်ရှင်တွေ၊ မီတာ ၄ဝဝ ထိ သုံးခါရောက်ရှိအောင် ကစားရမယ့် မစ်ရှင်တွေကလည်း အောင်မြင်တိုင်း ဒင်္ဂါးတွေများစွာ ထပ်မံရရှိိနိုင်မှာဖြစ်ပါတယ်။ အဲဒီဒင်္ဂါးတွေကိုသုံးပြီး ကားအသစ်တွေကို ထပ်မံ Unlock ပြုလုပ်ကစားနိုင်မှာဖြစ်ပါတယ်။ ဒီဂိမ်းက ရိုးရှင်းသလောက် စိတ်အပန်းပြေမှုအတွက် ကစားဖို့ကောင်းမွန်လှတဲ့ ဂိမ်းတစ်ခုလည်း ဖြစ်ပါတယ်။

Android , iOS

The Room series

Fireproof ကဖန်တီးတဲ့ The Room စီးရီးဂိမ်းတွေက လူတိုင်းသဘောကျတဲ့ ပဟေဠိတွေကို အဖြေရှာရတဲ့ ဂိမ်းစီးရီးပဲဖြစ်ပါတယ်။ ခုနောက်ဆုံး ထွက်ရှိတဲ့ဂိမ်းကလည်း အရင်ထွက်ခဲ့တဲ့ ဂိမ်းတွေကို ရှုပ်ထွေးလှတဲ့ ဂိမ်းဇာတ်လမ်းပေါ် အခြေခံဖန်တီးထားတာဖြစ်ပါတယ်။ ပဟေဠိတွေကို အဖြေရှာရင်း နောက်ထပ်လာမယ့်အခန်းရဲ့ သဲလွန်စတွေကို ရရှိမှာဖြစ်ပါတယ်။
ထွက်ခဲ့သမျှ The Room စီးရီးဂိမ်းတိုင်းက လူကြိုက်များကြသလို စိတ်ဝင်စားစရာကောင်းပြီး ဂိမ်းကစားရတဲ့ရသကို ကျေနပ်မှုအပြည့်ပေးနိုင်တဲ့ ဂိမ်းတွေဖြစ်ပါတယ်။ လှပတဲ့ဒီဇိုင်း၊ ဆွဲဆောင်မှုရှိလှတဲ့ အပြင်အဆင်တွေနဲ့ အသေးစိတ် အကောင်းဆုံးဖြစ်အောင် ဖန်တီးထားတဲ့ ဂိမ်းဖြစ်ပါတယ်။

Android , iOS

Shadowgun Legends

ဂိမ်းခလုတ်သုံးပြီး ကစားရတဲ့ ဂိမ်းအမျိုးအစားတွေကို ဖုန်းပေါ်မှာကစားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ Shadowgun Legends ကတော့ ဂိမ်းခလုတ်သုံးကစားရတဲ့ ဂိမ်းတွေကစားရသလို ဂိမ်းရသကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။ ကိုယ်တိုင်ပါဝင် ပစ်ခတ်ကစားရတဲ့ သေနတ်ပစ်ဂိမ်းအမျိုးအစားဖြစ်ပြီး App စတိုးတွေရဲ့ အကောင်းဆုံး ဂိမ်းတစ်ခုလည်းဖြစ်ပါတယ်။ လက်နက်နဲ့ ဝတ်စုံမျိုးစုံကို ဝယ်ယူဝတ်ဆင် ကစားနိုင်မှာဖြစ်သလို ဂိမ်းထဲကရရှိတဲ့ငွေတွေနဲ့ အလောင်းအစားပြုလုပ်တာမျိုး၊ မှောင်ခိုစျေးကွက်ကနေ ပစ္စည်းအသစ်ဝယ်ယူတာမျိုး စတာတွေကိုလည်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဇာတ်လမ်သွားပုံစံ မစ်ရှင်တွေကို အောင်မြင်အောင် ကစားရမှာဖြစ်သလို ဂိမ်းထဲကလျှို့ဝှက်ချက်တွေကိုလည်း ဖြေရှင်းရမှာဖြစ်ပါတယ်။ မိမိသွားမယ့် လမ်းတစ်လျှောက် ရန်သူတွေကို တိုက်ခိုက်သုတ်သင်ရမှာဖြစ်ပြီး ပိုမိုမြင့်မားတဲ့ အောင်မြင်မှုတွေရရှိအောင် ကစားရမှာဖြစ်ပါတယ်။ တစ်ဦးတည်းကစားနိုင်သလို၊ အွန်လိုင်းပေါ်က ကစားတဲ့သူတွေနဲ့လည်း ချိတ်ဆက်ကစားနိုင်မှာ ဖြစ်ပါတယ်။

Android , iOS

Battlelands Royale

ကောင်းမွန်တဲ့ ဂိမ်းကစားမှုအတွေ့အကြုံ ရရှိချင်သူတွေ ဆော့ကစားသင့်တဲ့ ဂိမ်းကိုပြောပါဆို Battlelands Royale ကို ကစားကြည့်ပါလို့ပြောရမှာပါ။ မိမိအနေနဲ့ ကိုယ်ပိုင်ဆင်းသက်မယ့် တိုက်ပွဲနေရာကို ရွေးချယ်ရမှာဖြစ်သလို လိုအပ်တဲ့ အကာအကွယ်ဝတ်စုံနဲ့ လက်နက်တွေရှာဖွေဖို့ လေထီးနဲ့စစ်မြေပြင်ကို ဆင်းသက်ရမှာဖြစ်ပါတယ်။ လက်နက်တွေကို ပိုမိုကောင်းမွန်တာတွေနဲ့ ကောက်ယူလဲလှယ်နိုင်သလို မိမိတပ်စွဲတဲ့ အဆောက်အအုံ၊ အကာအကွယ်နေရာမှာလည်း ဖွက်ထားနိုင်ပါတယ်။ ၁ဝ မိနစ် ဝန်းကျင်လောက်သာကြာတဲ့ Dual-stick survival shooter mode အနေနဲ့ကစားနိုင်တာက ဒီဂိမ်းရဲ့ သဘောကျစရာတွေထဲက တစ်ခုပါ။ စိတ်လှုပ်ရှားမှုအပြည့်နဲ့ ကစားနိုင်တဲ့ဂိမ်းဖြစ်ပြီး app ကတစ်ဆင့် ဝတ်စုံသစ်၊ လက်နက်၊ Battle Pass စတာတွေကိုလည်း ဝယ်ယူကစားနိုင်မှာ ဖြစ်ပါတယ်။

Android , iOS

Hero Academy 2

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ထွက်ခဲ့တဲ့ Hero Academy က ကစားတဲ့သူတွေကို တော်တော်လေး ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ မိမိစိတ်ကြိုက် မိမိရဲ့တပ်ကိုဖွဲ့စည်းပြီး တိုက်ပွဲတွေကို ဆင်နွှဲနိုင်လို့ဖြစ်ပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေကို မိမိရဲ့မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့အတူ တွဲပြီးကစားနိုင်တာဖြစ်ပါတယ်။ Hero Academy 2 က သူ့အရင်ထွက်ခဲ့တဲ့ ဗားရှင်းထက်ပိုပြီး တိုးတက်ကောင်းမွန်လာသလို Animations ဂရပ်ဖစ်ပိုင်းတွေလည်း ပိုပြီးချောမွေ့ကောင်းမွန်လာပါတယ်။ စိန်ခေါ်တိုက်ပွဲအသစ်တွေနဲ့ မတူညီတဲ့တပ်တွေ
ကို ဝယ်ယူနိုင်တာမျိုးတွေ ခုဗားရှင်းမှာ အသစ်ပါဝင်လာပါတယ်။ နောက်ပြီး ကစားရတာလည်း အရင်ဗားရှင်းလိုပဲ ပျော်ဖို့ကောင်းသလို စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

Android , iOS

PUBG Mobile

အသက်ရှင် ရပ်တည်ဖို့အတွက် တိုက်ခိုက်ကစားရမယ့် သေနတ်ပစ်ဂိမ်းဖြစ်ပြီး မိမိနဲ့အတူတိုက်ပွဲဝင်တဲ့သူ တစ်နည်း ကစားတဲ့သူက ဘယ်သူဘယ်ဝါ မသိနိုင်ပေမယ့် အတူတူတွဲပြီး တစ်ဖက်ကကစားသူတွေကို တိုက်ခိုက်ရတဲ့ ဂိမ်းဖြစ်ပါတယ်။ အွန်လိုင်းဂိမ်းအမျိုးအစားဖြစ်ပြီး ကျွန်းတစ်ခုပေါ်မှာ တခြားသောကစားသူ ၉၉ ဦးနဲ့ အသက်ရှင်သန်ဖို့အတွက် ပစ်ခတ်ကစားရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းက မိုဘိုင်းဖုန်းဂိမ်းအနေနဲ့ လူဆော့များရုံသာမကဘဲ PC ဂိမ်းအနေနဲ့ထွက်ရှိကတည်းက ဂိမ်းကစားသူတွေကြားထဲမှာ နာမည်ကြီးတဲ့့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ အသက်ရှင်ဖို့အတွက် အကောင်းဆုံးပြင်ဆင်ကစားရမှာဖြစ်ပြီး တစ်ဦးတည်းအနေနဲ့ တိုက်ခိုက်ကစားနိုင်သလို ကစားသူလေးဦးပါဝင်တဲ့ တပ်စုတစ်ခုအနေနဲ့လည်း တိုက်ခိုက်ကစားနိုင်မှာဖြစ်ပါတယ်။ ဒီဂိမ်းက ကစားရတာတအားကောင်းတဲ့အတွက် ဂိမ်းအပေါ် ရူးသွပ်စွဲလမ်းသူ မဖြစ်သွားအောင်တော့ သတိပြုသင့်ပါတယ်။

Android , iOS

Rayman Adventures

Rayman ဂိမ်းက တစ်နှစ်တာလုံးမှာ ဂိမ်းထဲကအရောင်တွေနဲ့ ဖန်တီးထားမှုက ကစားတဲ့သူကို အထူးဆွဲဆောင်နိုင်တဲ့ ဂိမ်းဖြစ်ပါတယ်။ ကစားရတာပျော်ဖို့ကောင်းတဲ့ Arcade ဂိမ်းအမျိုးအစားဖြစ်သလို မနားတမ်းပြေးနေတဲ့ Rayman ဇာတ်ကောင်ကို one-touch အနေနဲ့ ဖုန်းမြင်ကွင်းကို တစ်ချက်တို့ထိ သို့မဟုတ် မြင်ကွင်းကို စက္ကန့်အနည်းငယ်ကြာဖိထားကာ ထိန်းချုပ်ကစားရမှာ ဖြစ်ပါတယ်။ အခန်းတိုင်းမှာ ရိုးရှင်းပြီးသာယာမှုရှိတဲ့ နောက်ခံအသံတွေနဲ့ ဖန်တီးထားပေမယ့် တစ်ခန်းကနေ နောက်တစ်ခန်းကို ရောက်ဖို့ကတော့ ထင်သလောက် မလွယ်ကူလှပါဘူး။ ဒီဂိမ်းကို စမ်းကစားကြည့်လို့ သဘောကျတယ်ဆိုရင်တော့ Rayman: Fiesta Run၊ Rayman: Jungle Run စတဲ့ ဂိမ်းတွေကိုလည်း ထပ်ကစားကြည့်သင့်ပါတယ်။ နောက်ပြီး Rayman: Classic ဂိမ်းကလည်း ရလဒ်ကောင်းတွေရှိခဲ့တဲ့ ဂိမ်းဖြစ်ပြီး ဂိမ်းတိုင်းက အရည်အသွေးမြင့် ဂရပ်ဖစ်ဂိမ်းအမျိုးအစားဖြစ်ပါတယ်။

Android , iOS