၁၅ ႏွစ္ျပည့္ Facebook

[ Zawgyi ]

အမႈေဆာင္အရာရွိခ်ဳပ္ မာ့ဇူကာဘတ္ရဲ႕ ဘဝ၊ အလုပ္အကုိင္နဲ႔ အျငင္းပြားမႈေတြကို ေလ့လာျခင္း

ကမၻာတစ္ဝန္းမွာ ေရပန္းစားအသုံးျပဳေနတဲ့ လူမႈေရးမီဒီယာ Facebook ကိုေဖေဖာ္ဝါရီလ ၄ရ က္၊ ၂၀၀၄ ခုႏွစ္မွာ စတင္လႊင့္တင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့တနလၤာ ေန႔ ေဖေဖာ္ဝါရီ ၄ ရက္၊ ၂၀၁၉ မွာဆိုရင္ Facebook သက္တမ္း ၁၅ ႏွစ္ ျပည့္ေျမာက္သြားပါၿပီ။

Facebook ေရပန္းစားမႈနဲ႔အတူ အမႈေဆာင္အရာရွိခ်ဳပ္ဇူ ကာဘတ္ကလည္း ကုမၸဏီပုံရိပ္တစ္ခု ျဖစ္လာၿပီး အျငင္းပြားဖြယ္မ်ားစြာနဲ႔ ရင္ဆိုင္ေနရပါတယ္။ BusinessInsider ဟာမာ့ခ္ ဇူကာဘတ္ရဲ႕ ျဖတ္သန္းမႈလမ္းေၾကာင္း အခ်ိန္ကာလကို ဖန္တီးခဲ့ပါတယ္။ မာ့ခ္ဇူကာဘတ္ နယူးေယာက္စီးတီး ဆင္ေျခဖုံးမွာႀကီး ျပင္းခ်ိန္ကစၿပီး အ႐ႈပ္ေတာ္ပုံေတြ အမ်ိဳးမ်ိဳးေၾကာင့္ ကာကြယ္မႈ ျပဳလုပ္ရတဲ့အထိ ေဖာ္ျပေပးသြားပါမယ္။

(၁) ဆီလီကြန္ေတာင္ၾကားက အထင္ကရတစ္ဦးမျဖစ္ မီမာ့ခ္ဇူကာဘတ္ဟာ နယူးေယာက္ျပည္နယ္ ေဒါ့ဘ္ဖာရီၿမိဳ႕ေလးမွာ ႀကီး ျပင္းခဲ့ပါတယ္။ မာ့ခ္ဇူကာဘတ္ရဲ႕ မိဘျဖစ္တဲ့ အက္ဒ္ဝပ္နဲ႔ ကာရင္ဇူကာဘတ္တို႔ဟာ သြားဆရာဝန္နဲ႔ စိတ္ေရာဂါအထူးကု ဆရာဝန္တို႔ပဲျဖစ္ပါတယ္။ မာ့ခ္ဇူကာဘတ္ရဲ႕ ေမြးခ်င္းေတြက ရန္ဒီ၊ ဒိုနာနဲ႔ အာရီရယ္တို႔ပဲျဖစ္ပါတယ္။

(၂) အရြယ္နဲ႔မလိုက္ေအာင္ ထက္ျမက္လွတဲ့ ဇူကာဘတ္ဟာ Atari BASIC ကုိအသုံးျပဳၿပီး ၁၂ ႏွစ္အရြယ္မွာ “Zucknet” လို႔ ေခၚတဲ့ messaging ပ႐ိုဂရမ္ ကုိ ဖန္တီးခဲ့တယ္။ ဒါ့အျပင္ငယ္ စဥ္ကတည္းက သူငယ္ခ်င္းေတြ အတြက္ ကြန္ပ်ဴတာဂိမ္းေတြကို code ေရးတယ္။

(၃) နယူးဟက္႐ိႈင္းယားျပည္ နယ္ကေက်ာ္ၾကားတဲ့ Philips Exeter Academy အတြင္း အထက္တန္းေက်ာင္းမွာ တက္ေရာက္ေနစဥ္ အေစာဆုံး music streaming platform ကုိ တည္ေဆာက္ခဲ့ပါတယ္။ အဲဒီ platform ကို AOL နဲ႔ Microsoft တို႔က စိတ္ဝင္စားခဲ့ၾကပါတယ္။ ဆယ္ေက်ာ္သက္အရြယ္မွာ ဝယ္ယူမႈ ဒါမွမဟုတ္ အလုပ္အကုိင္အတြက္ ကမ္းလွမ္းမႈေတြကို ဇူကာဘတ္ ပယ္ခ်ခဲ့တယ္။

(၄) မာ့ခ္ဇူကာဘတ္ဟာကြန္ပ်ဴတာကုိခ်ည္းပဲ စိတ္ဝင္စားသူ မဟုတ္ပါဘူး။ “The Odyssey” လိုမ်ိဳး ဟိုးမားရဲ႕ကဗ်ာရွည္ေတြကို ႏွစ္သက္ၿပီး အထက္တန္းေက်ာင္း ဓားေရးအသင္းရဲ႕ အသင္းေခါင္းေဆာင္လညး္ ျဖစ္ပါတယ္။

(၅) သိပ္မၾကာခင္ ၂၀၀၂ ခုႏွစ္မွာ ဇူကာဘတ္ဟာ ဟားဗတ္ တကၠသုိလ္ တက္ေရာက္တဲ့အခါ ကၽြမ္းက်င္ developer အျဖစ္ ေက်ာ္ၾကားခဲ့ပါတယ္။သူ႔ရဲ႕ ပထမဆုံး ဖန္တီးမႈက “Face mash” ျဖစ္ၿပီး ေက်ာင္းအုပ္ခ်ဳပ္ ေရး အေဆာင္ရဲ႕ မွတ္ပုံတင္ဖုိင္ ေတြကေန ဟက္ထားတဲ့အခန္း ေဖာ္ေတြရဲ႕ပုံေတြ အသုံးျပဳထား တဲ့ hot-or-not-style app တစ္ခုျဖစ္ပါတယ္။ ပထမဆုံး ၄ နာရီအတြင္း လူ ၄၅၀ က စာမ်က္ႏွာၾကည့္႐ႈမႈ ၂၂,၀၀၀ ရွိပါတယ္။ ဟားဗတ္က မူပုိင္ခြင့္နဲ႔ လုံၿခဳံေရးကိစၥေၾကာင့္ အဲဒီဝက္ဘ္ ဆိုက္ကုိ ျဖဳတ္ခ်ခဲ့ပါတယ္။

(၆) ဇူကာဘတ္ဟာ အေဆာင္ခန္းအတြင္းမွာ သူငယ္ခ်င္း အနည္းငယ္နဲ႔ “The Facebook” ကိုစတင္ခဲ့ၿပီး ဒုတိယႏွစ္မွာ လူမႈေရးမီဒီယာကုိ အခ်ိန္ျပည့္ အာ႐ုံစိုက္ဖို႔ ေက်ာင္းက ထြက္ခဲ့ပါ တယ္။

(၇) ေက်ာင္းကမထြက္ခင္မွာ ဇူကာဘတ္ဟာ လက္ရွိဇနီးျဖစ္ သူပရီဆီလာခ်န္နဲ႔ ဆုံေတြ႕ခဲ့ပါတယ္။ ဇူကာဘတ္ပါဝင္တဲ့ ကလပ္အသင္း Alpha Epsilon Pi ကျပဳလုပ္တဲ့ အသင္းဝင္ပါတီမွာ ဆုံေတြ႕ခဲ့တယ္လို႔ ခ်န္ကေျပာပါတယ္။ “ကၽြန္မတို႔ရဲ႕ ပထမဆုံး ေတြ႔ဆုံမႈမွာ သူေျပာတာကသူ႔အေနနဲ႔ ကၽြန္မနဲ႔ခ်ိန္းေတြ႕မယ့္အစား ႏွစ္လယ္စာေမးပြဲကုိ ၿပီးေအာင္ေျဖမယ္” လို႔ေျပာခဲ့ ပါတယ္။

(၈) ဇူကာဘတ္ဟာ အရင္က အခုလိုပုံစံမ်ိဳး သပ္ရပ္တဲ့ေပၚလစ္ တစ္ကိုကၽြမ္းက်င္သူမဟုတ္ပါဘူး။ Facebook ရဲ႕အေစာပုိင္းကာ လေတြမွာ ကၽြတ္ဆတ္ဆတ္ႏိုင္တဲ့ အေရးအသားပါတဲ့ လုပ္ငန္းကတ္ကုိ ကုိင္တတ္သူပါ။

(၉) ဇူကာဘတ္ရဲ႕ ကုမၸဏီဟာ သူအသက္ျပည့္တဲ့အခ်ိန္ Series A ရံပုံေငြရွာေဖြမႈမွာ ေဒၚလာ ၁၂.၇ သန္း မတည္ႏိုင္ခဲ့ပါတယ္။

(၁၀) ၂၀၁၀မွာ တိုင္းမ္မဂၢဇင္းက ဇူကာဘတ္ကို “တစ္ႏွစ္တာရဲ႕ အထူးခၽြန္ဆုံးပုဂၢိဳလ္” အျဖစ္ ဂုဏ္ျပဳခဲ့ပါတယ္။

(၁၁) ၂၀၁၀ မွာ “The Social Network” ႐ုပ္ရွင္ဟာ Facebook တည္ေထာင္မႈ ဇာတ္လမ္းကို ႐ိုက္ကူးထားတာျဖစ္ပါတယ္။ အဲဒီဇာတ္ကားဟာ အကယ္ဒမီ ၈ခုဇကာတင္ခဲ့ပါတယ္။ ဇာတ္ လမ္းထဲက အေသးစိတ္အခ်က္အ လက္ေတြဟာ မမွန္ကန္ဘူးလို႔ ဇူ ကာဘတ္က အခိုင္အမာေျပာၾကားခဲ့ပါတယ္။

(၁၂) ယေန႔အခါမွာေတာ့ ကမၻာတစ္ဝန္းက လူေပါင္း ၂ ဘီလ်ံ ေလာက္ဟာ လစဥ္ Facebook ကုိအသုံးျပဳေနၾက တယ္။ ကုမၸဏီအေနနဲ႔ေႀကာ္ ျငာေတြ ျပ သေပးတဲ့ သုံးလပတ္တိုင္းမွာ ေဒၚလာဘီ လ်ံေပါင္းမ်ားစြာ ဝင္ေနပါတယ္။

(၁၃) ၂၀၁၂ခုႏွစ္ ေမလ ၁၈ ရက္မွာ ဇူကာဘတ္ဟာ Facebook ကိုအမ်ားပုိင္အျဖစ္ ေျပာင္းလဲခဲ့ပါတယ္။အမ်ားပုိင္ ကုမၸဏီ IPO ေျပာင္းလဲတဲ့ အခ်ိန္မွာ ေဒၚလာ ၁၆ ဘီလ်ံ မတည္ႏိုင္ခဲ့ၿပီး သမုိင္းတစ္ ေလွ်ာက္ အႀကီးဆုံး နည္းပညာ IPO ျဖစ္လာပါတယ္။ ဇူကာ ဘတ္ကလည္း ေန႔ခ်င္းညခ်င္း ကမၻာ႔အခ်မ္းသာဆုံး ၂၉ ေယာက္ ေျမာက္ လူသား ျဖစ္လာပါတယ္။

(၁၄) ခ်န္နဲ႔ ဇူကာဘတ္တို႔ဟာ Facebook တိုးတက္ခ်ိန္အတြင္း လက္တြဲခဲ့ၾကၿပီး အမ်ားပုိင္ကုမၸဏီ ေျပာင္းလဲၿပီးေနာက္မွာ လက္ထပ္လိုက္ပါတယ္။ သူတို႔ေတြရဲ႕ ေထာင္လႊားမႈမရွိတဲ့ လက္ထပ္ပြဲက အားလုံးကုိ အံ့အားသင့္ေစပါတယ္။ မဂၤလာပြဲကုိ တက္ေရာက္လာသူေတြက ခ်န္အတြက္ေဆးေက်ာင္းဘြဲ႕ရရွိမႈပါတီ က်င္းပတယ္လို႔ပဲ ထင္ခဲ့ၾကတယ္။

(၁၅) ဇူကာဘတ္ဟာ ခ်န္ရဲ႕ပတၱျမားလက္စြပ္ကုိ ကုိယ္တိုင္ဒီဇိုင္းထုတ္ခဲ့ၿပီး ေမြးထားတဲ့ ဟန္ေဂရီ သုိးေခြးဘစ္စ္နဲ႔အတူ ပြဲထြက္ခဲ့ၾကပါတယ္။ ဇူကာဘတ္တို႔ စုံတြဲ ဟာ ၂၀၁၁ ခုႏွစ္မွာ ဘစ္စ္ကို ေမြးစားခဲ့ပါတယ္။

(၁၆) ဇူကာဘတ္ရဲ႕ Facebook စေတာ့ရွယ္ယာ ၉၉ ရာခုိင္ ႏႈန္းကုိ ေရာင္းခ်ဖို႔ စီစဥ္ ထားတယ္လို႔ ဇနီးေမာင္ႏွံ ၂ ဦးက ေၾကညာခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ ရွယ္ယာေတြရဲ႕တန္ဖိုးကေဒၚလာ ၄၅ ဘီလီယံရွိပါတယ္။ Chan Zuckerberg Initaitive ကုမၸဏီလုိ႔ အမည္ရတဲ့ LLC (limited liability corporation) မွာအခ်ိန္နဲ႔အမွ် ရံပုံေငြ ထည့္သြင္းသြားပါမယ္။ အဲဒီကုမၸဏီအေနနဲ႔ တစ္ကုိယ္ေရ သင္ၾကားမႈ၊ ေရာဂါကုသေရးနဲ႔ လူသားေတြ ခ်ိတ္ဆက္မႈလိုမ်ိဳး ကိစၥေတြအတြက္ ေငြေၾကး ေထာက္ပံ့ေပးသြားပါမယ္။

(၁၇) မတ္လ ၂၀၁၈မွာ Cambridge Analytica အခ်က္အလက္စိစစ္ေရး ကုမၸဏီတည္ေထာင္သူက Facebook ဟာသုံးစြဲသူ သန္း၅၀ေက်ာ္ရဲ႕ profile ေတြကေန အခ်က္အလက္ ေတြစုစည္း ခဲ့တယ္လို႔ထုတ္ေဖာ္ ေျပာခဲ့ၿပီးေနာက္ #DeleteFacebook ေရပန္းစား လာပါတယ္။တစ္ကယ္ ေတာ့ Facebook ဟာ သုံးစြဲသူ ၈၇ သန္းဆီက အခ်က္အလက္ ရယူခဲ့တာ ျဖစ္ပါတယ္။ Cambridg Analytica ဟာ ထရမ့္ကမ္ပိန္း လုပ္ဖို႔ငွားရမ္းခံရၿပီးေနာက္ ၂၀၁၆ ေရြးေကာက္ပြဲအတြင္း မဲေပးသူေတြကုိ ပစ္မွတ္ထားဖို႔ အခ်က္အလက္ေတြ အသုံးျပဳခဲ့ပါတယ္။

(၁၈) ဒီတစ္ႀကိမ္မွာေတာ့ ဆီနိတ္တရားစီရင္ေရး ေကာ္မတီ နဲ႔ ကုန္သြယ္ေရး၊ သိပၸံနဲ႔ သယ္ယူပုိ႔ေဆာင္ေရး ေကာ္မတီတို႔ရဲ႕ စုေပါင္းၾကားနာမႈမွာထြက္ဆိုေပးဖို႔ ဇူကာဘတ္ကုိ ေခၚေဆာင္ခဲ့ ပါတယ္။ စြမ္းအင္နဲ႔ ကုန္သြယ္ ေရးကုမၸဏီေရွ႕ေမွာက္မွာလည္း နာၾကားခဲ့ပါတယ္။ ထြက္ဆို ခ်က္တစ္စုစီတုိင္းက ၅ နာရီ ၾကာျမင့္ၿပီး အေျဖေတြနဲ႔ လုပ္ရပ္ေတြျပဳလုပ္တဲ့ ေတာင္းဆိုမႈေတြ ရွိပါတယ္။

(၁၉) ဇူကာဘတ္အေနနဲ႔ အေျဖေတြေျဖၾကားဖို႔နဲ႔ ၾကားနာမႈမတိုင္မီ ဆြဲေဆာင္မႈရွိဖို႔ နည္းျပေပးမယ့္ ကၽြမ္းက်င္သူအဖြဲ႕ကုိ Facebook ကငွားရမ္းခဲ့ပါတယ္။ သမၼတေဂ်ာ႔ဒဗလ်ဴဘုရွ္႕နဲ႔ရက္ဂ်ီ နယ္ေဂ်ဘေရာင္းတို႔ရဲ႕အထူးအ ႀကံေပးေတြက ဦးေဆာင္လုပ္ကိုင္ခဲ့ပါတယ္။

(၂၀) Facebook အမႈေဆာင္ေတြျဖစ္တဲ့ ဇူကာဘတ္နဲ႔ လုပ္ငန္းလည္ပတ္ေရး အရာရွိရွာရယ္ ဆန္ဘတ္တို႔ဟာ ၂၀၁၈ ခုႏွစ္ အတြင္းက ေဝဖန္မႈေတြကုိ တန္ျပန္တုိက္ခိုက္ခဲ့တယ္လို႔ New York Times ကေဖာ္ျပခဲ့ပါတယ္။ သိပ္မၾကာခင္မွာပဲ Facebook အတြင္းပုိင္း စာရြက္စာတမ္းေတြကုိ ၿဗိတိန္ပါလီမန္ကအမ်ားျပည္ သူသိေအာင္ ထုတ္ျပန္လုိက္ပါတယ္။

အဲဒီစာရြက္စာတမ္းအရ ဇူကာဘတ္အေနနဲ႔ၿပိဳင္ဘက္ထက္ သာလြန္ဖို႔သုံးစြဲသူအခ်က္အလက္ေတြကို အသုံးခ်ေနတာကေန နည္းဗ်ဴဟာက်က် ၿပိဳင္ဆုိင္သူေတြကို ကန္႔သတ္ပုံကို သိလာ ရပါတယ္။

စိုးထက္
Ref: BusinessInsider

[ Unicode ]

အမှုဆောင်အရာရှိချုပ် မာ့ဇူကာဘတ်ရဲ့ ဘဝ၊ အလုပ်အ ကိုင်နဲ့ အငြင်းပွားမှုတွေကို လေ့လာခြင်း

ကမ္ဘာတစ်ဝန်းမှာ ရေပန်းစားအသုံးပြုနေတဲ့ လူမှုရေးမီဒီ ယာ Facebook ကိုဖေဖော်ဝါရီလ ၄ရက်၊ ၂၀၀၄ ခုနှစ်မှာစတင်လွှင့် တင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္လာ နေ့ ဖေဖော်ဝါရီ ၄ ရက်၊ ၂၀၁၉ မှာဆိုရင် Facebook သက်တမ်း ၁၅ နှစ် ပြည့်မြောက်သွားပါပြီ။

Facebook ရေပန်းစားမှုနဲ့အတူ အမှုဆောင်အရာရှိချုပ်ဇူ ကာဘတ်ကလည်း ကုမ္ပဏီပုံရိပ်တစ်ခု ဖြစ်လာပြီး အငြင်းပွားဖွယ်များစွာနဲ့ ရင်ဆိုင်နေရပါတယ်။ BusinessInsider ဟာမာ့ခ် ဇူကာဘတ်ရဲ့ ဖြတ်သန်းမှုလမ်းကြောင်း အချိန်ကာလကို ဖန်တီးခဲ့ပါတယ်။ မာ့ခ်ဇူကာဘတ် နယူးယောက်စီးတီး ဆင်ခြေဖုံးမှာကြီး ပြင်းချိန်ကစပြီး အရှုပ်တော်ပုံတွေ အမျိုးမျိုးကြောင့် ကာကွယ်မှု ပြုလုပ်ရတဲ့အထိ ဖော်ပြပေးသွားပါမယ်။

(၁) ဆီလီကွန်တောင်ကြားက အထင်ကရတစ်ဦးမဖြစ် မီမာ့ခ်ဇူကာဘတ်ဟာ နယူးယောက်ပြည်နယ် ဒေါ့ဘ်ဖာရီမြို့လေးမှာ ကြီး ပြင်းခဲ့ပါတယ်။ မာ့ခ်ဇူကာဘတ်ရဲ့ မိဘဖြစ်တဲ့ အက်ဒ်ဝပ်နဲ့ ကာရင်ဇူကာဘတ်တို့ဟာ သွားဆရာဝန်နဲ့ စိတ်ရောဂါအထူးကု ဆရာဝန်တို့ပဲဖြစ်ပါတယ်။ မာ့ခ်ဇူကာဘတ်ရဲ့ မွေးချင်းတွေက ရန်ဒီ၊ ဒိုနာနဲ့ အာရီရယ်တို့ပဲဖြစ်ပါတယ်။

(၂) အရွယ်နဲ့မလိုက်အောင် ထက်မြက်လှတဲ့ ဇူကာဘတ်ဟာ Atari BASIC ကိုအသုံးပြုပြီး ၁၂ နှစ်အရွယ်မှာ “Zucknet” လို့ ခေါ်တဲ့ messaging ပရိုဂရမ် ကို ဖန်တီးခဲ့တယ်။ ဒါ့အပြင်ငယ် စဉ်ကတည်းက သူငယ်ချင်းတွေ အတွက် ကွန်ပျူတာဂိမ်းတွေကို code ရေးတယ်။

(၃) နယူးဟက်ရှိုင်းယားပြည် နယ်ကကျော်ကြားတဲ့ Philips Exeter Academy အတွင်း အထက်တန်းကျောင်းမှာ တက်ရောက်နေစဉ် အစောဆုံး music streaming platform ကို တည်ဆောက်ခဲ့ပါတယ်။ အဲဒီ platform ကို AOL နဲ့ Microsoft တို့က စိတ်ဝင်စားခဲ့ကြပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ဝယ်ယူမှု ဒါမှမဟုတ် အလုပ်အကိုင်အတွက် ကမ်းလှမ်းမှုတွေကို ဇူကာဘတ် ပယ်ချခဲ့တယ်။

(၄) မာ့ခ်ဇူကာဘတ်ဟာကွန် ပျူတာကိုချည်းပဲ စိတ်ဝင်စားသူ မဟုတ်ပါဘူး။ “The Odyssey” လိုမျိုး ဟိုးမားရဲ့ကဗျာရှည်တွေကို နှစ်သက်ပြီး အထက်တန်းကျောင်း ဓားရေးအသင်းရဲ့ အသင်းခေါင်း ဆောင်လညး် ဖြစ်ပါတယ်။

(၅) သိပ်မကြာခင် ၂၀၀၂ ခုနှစ်မှာ ဇူကာဘတ်ဟာ ဟားဗတ် တက္ကသိုလ် တက်ရောက်တဲ့အခါ ကျွမ်းကျင် developer အဖြစ် ကျော်ကြားခဲ့ပါတယ်။သူ့ရဲ့ ပထမဆုံး ဖန်တီးမှုက “Face mash” ဖြစ်ပြီး ကျောင်းအုပ်ချုပ် ရေး အဆောင်ရဲ့ မှတ်ပုံတင်ဖိုင် တွေကနေ ဟက်ထားတဲ့အခန်း ဖော်တွေရဲ့ပုံတွေ အသုံးပြုထား တဲ့ hot-or-not-style app တစ်ခုဖြစ်ပါတယ်။ ပထမဆုံး ၄ နာရီအတွင်း လူ ၄၅၀ က စာ မျက်နှာကြည့်ရှုမှု ၂၂,၀၀၀ ရှိပါ တယ်။ ဟားဗတ်က မူပိုင်ခွင့်နဲ့ လုံခြုံရေးကိစ္စကြောင့် အဲဒီဝက်ဘ် ဆိုက်ကို ဖြုတ်ချခဲ့ပါတယ်။

(၆) ဇူကာဘတ်ဟာအဆောင် ခန်းအတွင်းမှာ သူငယ်ချင်း အနည်းငယ်နဲ့ “The Facebook” ကိုစတင်ခဲ့ပြီး ဒုတိယနှစ်မှာ လူမှုရေးမီဒီယာကို အချိန်ပြည့် အာရုံစိုက်ဖို့ ကျောင်းက ထွက်ခဲ့ပါ တယ်။

(၇) ကျောင်းကမထွက်ခင်မှာ ဇူကာဘတ်ဟာ လက်ရှိဇနီးဖြစ် သူပရီဆီလာချန်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဇူကာဘတ်ပါဝင်တဲ့ ကလပ်အသင်း Alpha Epsilon Pi ကပြုလုပ်တဲ့ အသင်းဝင်ပါတီမှာ ဆုံတွေ့ခဲ့တယ်လို့ ချန်ကပြောပါတယ်။ “ကျွန်မတို့ရဲ့ ပထမဆုံး တွေ့ဆုံမှုမှာ သူပြောတာကသူ့အနေနဲ့ ကျွန်မနဲ့ချိန်းတွေ့မယ့်အစား နှစ်လယ်စာမေးပွဲကို ပြီးအောင်ဖြေမယ်” လို့ပြောခဲ့ ပါတယ်။

(၈) ဇူကာဘတ်ဟာ အရင်က အခုလိုပုံစံမျိုး သပ်ရပ်တဲ့ပေါ်လစ် တစ်ကိုကျွမ်းကျင်သူမဟုတ်ပါ ဘူး။ Facebook ရဲ့အစောပိုင်းကာ လတွေမှာ ကျွတ်ဆတ်ဆတ်နိုင်တဲ့ အရေးအသားပါတဲ့ လုပ်ငန်းကတ် ကို ကိုင်တတ်သူပါ။

(၉) ဇူကာဘတ်ရဲ့ ကုမ္ပဏီဟာ သူအသက်ပြည့်တဲ့အချိန် Series A ရံပုံငွေရှာဖွေမှုမှာ ဒေါ်လာ ၁၂.၇ သန်း မတည်နိုင်ခဲ့ပါတယ်။

(၁၀) ၂၀၁၀မှာ တိုင်းမ်မဂ္ဂဇင် းက ဇူကာဘတ်ကို “တစ်နှစ်တာရဲ့ အထူးချွန်ဆုံးပုဂ္ဂိုလ်” အဖြစ် ဂုဏ်ပြုခဲ့ပါတယ်။

(၁၁) ၂၀၁၀မှာ “The Social Network” ရုပ်ရှင်ဟာ Facebook တည်ထောင်မှု ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ အဲဒီဇာတ်ကားဟာ အကယ်ဒမီ ၈ခုဇကာတင်ခဲ့ပါတယ်။ ဇာတ် လမ်းထဲက အသေးစိတ်အချက်အ လက်တွေဟာ မမှန်ကန်ဘူးလို့ ဇူ ကာဘတ်က အခိုင်အမာပြော ကြားခဲ့ပါတယ်။

(၁၂) ယနေ့အခါမှာတော့ ကမ္ဘာတစ်ဝန်းက လူပေါင်း ၂ ဘီလျံ လောက်ဟာ လစဉ် Facebook ကိုအသုံးပြုနေကြ တယ်။ ကုမ္ပဏီအနေနဲ့ကြော် ငြာတွေ ပြ သပေးတဲ့ သုံးလပတ်တိုင်းမှာ ဒေါ်လာဘီ လျံပေါင်းများစွာ ဝင်နေပါတယ်။

(၁၃) ၂၀၁၂ခုနှစ် မေလ ၁၈ ရက်မှာ ဇူကာဘတ်ဟာ Facebook ကိုအများပိုင်အဖြစ် ပြောင်းလဲခဲ့ပါတယ်။အများပိုင် ကုမ္ပဏီ IPO ပြောင်းလဲတဲ့ အချိန်မှာ ဒေါ်လာ ၁၆ ဘီလျံ မတည်နိုင်ခဲ့ပြီး သမိုင်းတစ် လျှောက် အကြီးဆုံး နည်းပညာ IPO ဖြစ်လာပါတယ်။ ဇူကာ ဘတ်ကလည်း နေ့ချင်းညချင်း ကမ္ဘာ့အချမ်းသာဆုံး ၂၉ ယောက် မြောက် လူသား ဖြစ်လာပါတယ်။

(၁၄) ချန်နဲ့ ဇူကာဘတ်တို့ဟာ Facebook တိုးတက်ချိန်အတွင်း လက်တွဲခဲ့ကြပြီး အများပိုင်ကုမ္ပဏီ ပြောင်းလဲပြီးနောက်မှာလက်ထပ် လိုက်ပါတယ်။ သူတို့တွေရဲ့ ထောင်လွှားမှုမရှိတဲ့ လက်ထပ် ပွဲက အားလုံးကိုအံ့အားသင့်စေပါ တယ်။ မင်္ဂလာပွဲကို တက်ရောက် လာသူတွေက ချန်အတွက်ဆေး ကျောင်းဘွဲ့ ရရှိမှုပါတီ ကျင်းပ တယ်လို့ပဲ ထင်ခဲ့ကြတယ်။

(၁၅) ဇူကာဘတ်ဟာ ချန်ရဲ့ပတ္တမြားလက်စွပ်ကို ကိုယ်တိုင်ဒီဇိုင်းထုတ်ခဲ့ပြီး မွေးထားတဲ့ ဟန်ဂေရီ သိုးခွေးဘစ်စ်နဲ့အတူ ပွဲထွက်ခဲ့ကြပါတယ်။ ဇူကာဘတ်တို့ စုံတွဲ ဟာ ၂၀၁၁ ခုနှစ်မှာ ဘစ်စ်ကို မွေးစားခဲ့ပါတယ်။

(၁၆) ဇူကာဘတ်ရဲ့ Facebook စတော့ရှယ်ယာ ၉၉ ရာခိုင် နှုန်းကို ရောင်းချဖို့ စီစဉ် ထားတယ်လို့ ဇနီးမောင်နှံ ၂ ဦးက ကြေညာခဲ့ပါတယ်။ အဲဒီအချိန်မှာ ရှယ်ယာတွေရဲ့တန်ဖိုးကဒေါ်လာ ၄၅ ဘီလီယံရှိပါတယ်။ Chan Zuckerberg Initaitive ကုမ္ပဏီလို့ အမည်ရတဲ့ LLC (limited liability corporation) မှာအချိန်နဲ့အမျှ ရံပုံငွေ ထည့်သွင်းသွားပါမယ်။ အဲဒီကုမ္ပဏီအနေနဲ့ တစ်ကိုယ်ရေ သင်ကြားမှု၊ ရောဂါကုသရေးနဲ့ လူသားတွေ ချိတ်ဆက်မှုလိုမျိုး ကိစ္စတွေအတွက် ငွေကြေး ထောက်ပံ့ပေးသွားပါမယ်။

(၁၇) မတ်လ ၂၀၁၈မှာ Cambridge Analytica အချက်အလက်စိစစ်ရေးကုမ္ပဏီတည်ထောင်သူက Facebook ဟာသုံးစွဲသူ သန်း၅၀ကျော်ရဲ့ profile တွေကနေ အချက်အလက် တွေစုစည်း ခဲ့တယ်လို့ထုတ်ဖော် ပြောခဲ့ပြီးနောက် #DeleteFacebook ရေပန်းစား လာပါတယ်။တစ်ကယ် တော့ Facebook ဟာသုံးစွဲသူ ၈၇ သန်းဆီက အချက်အလက် ရယူခဲ့တာ ဖြစ်ပါတယ်။ Cambridg Analytica ဟာ ထရမ့်ကမ်ပိန်း လုပ်ဖို့ငှားရမ်း ခံရပြီးနောက် ၂၀၁၆ ရွေးကောက်ပွဲအတွင်း မဲပေးသူတွေကို ပစ်မှတ်ထားဖို့ အချက်အလက်တွေ အသုံးပြုခဲ့ပါတယ်။

(၁၈) ဒီတစ်ကြိမ်မှာတော့ ဆီနိတ်တရားစီရင်ရေး ကော်မတီ နဲ့ ကုန်သွယ်ရေး၊ သိပ္ပံနဲ့ သယ်ယူပို့ဆောင်ရေး ကော်မတီတို့ရဲ့ စုပေါင်းကြားနာမှုမှာထွက်ဆိုပေးဖို့ ဇူကာဘတ်ကို ခေါ်ဆောင်ခဲ့ ပါတယ်။ စွမ်းအင်နဲ့ ကုန်သွယ် ရေးကုမ္ပဏီရှေ့မှောက်မှာလည်း နာကြားခဲ့ပါတယ်။ ထွက်ဆို ချက်တစ်စုစီတိုင်းက ၅ နာရီ ကြာမြင့်ပြီး အဖြေတွေနဲ့ လုပ်ရပ် တွေပြုလုပ်တဲ့ တောင်းဆိုမှုတွေ ရှိပါတယ်။

(၁၉) ဇူကာဘတ်အနေနဲ့အ ဖြေတွေဖြေကြားဖို့နဲ့ ကြားနာမှုမတိုင်မီ ဆွဲဆောင်မှုရှိဖို့ နည်းပြပေးမယ့် ကျွမ်းကျင်သူအဖွဲ့ကို Facebook ကငှားရမ်းခဲ့ပါတယ်။ သမ္မတဂျော့ဒဗလျူဘုရှ့်နဲ့ရက်ဂျီ နယ်ဂျေဘရောင်းတို့ရဲ့အထူးအ ကြံပေးတွေက ဦးဆောင်လုပ်ကိုင် ခဲ့ပါတယ်။

(၂၀) Facebook အမှုဆောင် တွေဖြစ်တဲ့ ဇူကာဘတ်နဲ့လုပ်ငန်း လည်ပတ်ရေးအရာရှိရှာရယ် ဆန်ဘတ်တို့ဟာ ၂၀၁၈ ခုနှစ် အတွင်းက ဝေဖန်မှုတွေကို တန် ပြန်တိုက်ခိုက်ခဲ့တယ်လို့ New York Times ကဖော်ပြခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ Facebook အတွင်းပိုင်း စာရွက်စာတမ်းတွေ ကို ဗြိတိန်ပါလီမန်ကအများပြည် သူသိအောင် ထုတ်ပြန်လိုက်ပါတယ်။

အဲဒီစာရွက်စာတမ်းအရ ဇူကာဘတ်အနေနဲ့ပြိုင်ဘက်ထက် သာလွန်ဖို့သုံးစွဲသူအချက်အလက်တွေကို အသုံးချနေတာကနေ နည်းဗျူဟာကျကျ ပြိုင်ဆိုင်သူတွေကို ကန့်သတ်ပုံကို သိလာ ရပါတယ်။

Ref: BusinessInsider