September 20, 2018

၁၀၀ ရာခိုင်နှုန်းဖုန်းဘီလ် အပိုလက်ဆောင်ရရှိရန် Ooredoo ပြုလုပ်

[ Zawgyi ]



-ထွန်းထွန်း

[ Unicode ]

ဖုန်းငွေဖြည့်ရင် ၁၀၀ ရာခိုင်နှုန်း ဖုန်းဘီလ်အပိုရမယ့် ဝန်ဆောင်မှုတစ်ခုကို Ooredoo က ဆောင်ရွက်လိုက်ပါတယ်။

e-topup, My Ooredoo App အစရှိတဲ့ ဖုန်းငွေဖြည့်နည်းတွေကို အသုံးပြုပြီး ဖုန်းငွေဖြည့်ရင် ရရှိမှာဖြစ်ကြောင်း သိရပါတယ်။ အခုလ အတွင်းက စတင်ဆောင်ရွက်လိုက်တာဖြစ်ကြောင်း၊ နေ့စဉ်ဖုန်းငွေဖြည့်တိုင်းမှာ ရရှိမှာဖြစ်ကြောင်း သိရပါတယ်။ ဖုန်းငွေဖြည့် အပိုလက်ဆောင်ရရှိခြင်း အတွက် *234# ကို ဖုန်းခေါ်ဆိုပြီး စစ်ဆေးကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ “ဘယ်ဖုန်းငွေဖြည့်နည်းကိုမဆို အသုံးပြုပြီး နေ့စဉ် ဖုန်းငွေဖြည့်လိုက်တိုင်း ၁၀၀% အထိရရှိနိုင်မယ့် ငွေဖြည့်လက်ဆောင် အထူးအစီအစဉ်ကို မိတ်ဆက်ပေးလိုက်ခြင်း ဖြစ်ပါတယ်၊ ငွေဖြည့်အပိုလက်ဆောင်ကို အသုံးပြုပြီး ကမ္ဘာဖလားဘောလုံးပွဲ ၂၀၁၈ ကို My Ooredoo App ကနေ တိုက်ရိုက်ကြည့်ရှုနိုင်မှဖြစ်သလို သူတို့တွေရဲ့ မိတ်ဆွေတွေ မိသားစုတွေနဲ့လည်း ဆက်သွယ်နိုင်မှာဖြစ်ပါတယ်” လို့ Ooredoo Myanmar ရဲ့ Chief Commercial Officer ဖြစ်သူ Mr. Alok Verma ကပြောပါတယ်။

-ထွန်းထွန်း