မြန်နှုန်းမြင့် FujiXerox Docuprint Docu Print P355d

အသေးစားနဲ့ အလတ်စား စီပွားရေးလုပ်ငန်းတွေမှာလိုအပ်တဲ့ စာရွက်စာတမ်းတွေကို မြန်နှုန်းမြင့်မြင့်နဲ့ ထုတ်ချင်သူ တွေအတွက် FujiXerox အမှတ်တံဆပ်DocuprintP355d မော်ဒယ် B & W Laser Printer ၀င်ရောက်လာပါတယ်။ သုံးစွဲရလွယ်ကူပြီး စက္ကူ၊ မှင်နဲ့လျှပ်စစ်စွမ်းအင်ကို အလေအလွင့်မရှိအောင် ထိမ်းသိမ်းပေးနိုင်တဲ့ အမျိုးအစားလည်း ဖြစ်ပါတယ်။ Duty cycle က တစ်လကို ရွက်ရေ ၆၉,ဝဝဝ စာမျက်နှာထုတ်နိုင်တဲ့အတွက် အလတ်စားစီးပွားရေး လုပ်ငန်းတွေမှာတောင် ကောင်းကောင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Resolution ကို up to 1200 x 1200 dpi အရည်အသွေးနဲ့ ရရှိမှာဖြစ်ပြီး တစ်မိနစ်ကို (၃၅)မျက်နှာ Print ပြုလုပ်နိုင်မှာဖြစ်ပါတယ်။Duplex Printing အနေနဲ့လည်း Automatic 2-sided printing ရရှိနိုင်ပါတယ်။ အရွယ်အစားက 393x426x267mm ဖြဟ်ပြီး 11.3kg အလေးချိန်သာရှိပါတယ်။ Windows OS ရော၊ Mac OS မှာပါ အဆင်ပြေပြော ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ ချိတ်ဆက်မှုပိုင်းမှာ USB 2.0 High Speed နဲ့တိုက်ရိုက်ချိတ်ဆက်နိုင်သလို Network ကနေ ချိတ်ဆက် အသုံးပြုမယ်ဆိုရင်လည်း Router မထောင်ဘဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Concordia International Co., Ltd ဖုန်း ၀၉ ၂၅၃ ၃၆၂ ၈၀၀ (နေပြည်တော်)၊၀၉ ၂၅၄၃၇၈၁၃၆ (မန်း) နဲ့ ၀၉ ၄၄၃၀၀ ၉ ၂၁၈ (ရန်ကုန်) တို့မှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ