ျမန္မာ့ေရွ႕ေဆာင္ဘဏ္မွ SME Loan ကို မိတ္ဆက္

[ Zawgyi ]

ျမန္မာ့ေရွ႕ေဆာင္ဘဏ္မွ အေသးစားႏွင့္အလတ္စား စီးပြားေရးလုပ္ငန္းေခ်းေငြ (SME Loan) ကုိ ဒီဇင္ဘာ ၅ ရက္ (ယေန႔) နံနက္ပိုင္းက မိတ္ဆက္ခဲ့ပါတယ္။

အဆုိပါ ေခ်းေငြလုပ္ငန္းကို အေကာင္အထည္ေဖာ္ဖို႔အတြက္ German Development Bank (KfW) နဲ႔ ဂ်ာမန္ဘဏ္လုပ္ငန္းဆုိင္ရာ အတုိင္ပင္ခံအဖြဲ႕အစည္းမွ ကူညီေထာက္ပံ့ေပးတာ ျဖစ္ပါတယ္။ ေခ်းေငြအမ်ိဳးအစားအေနနဲ႔ ႏွစ္ခုေလွ်ာက္ထားႏုိင္မွာျဖစ္ၿပီး ကုန္ပစၥည္းနဲ႔ကုန္ၾကမ္းေတြကို ဝယ္ယူဖို႔အတြက္နဲ႔ လုပ္ငန္းလည္ပတ္မႈ ကုန္က်စရိတ္မ်ားျဖစ္တဲ့ လစာ၊ လွ်ပ္စစ္မီတာ အစရွိတာေတြအတြက္ ေလွ်ာက္ထားမႈနဲ႔ ကာလရွည္ရင္းႏွီးျမႇဳပ္ႏွံမႈေတြျဖစ္တဲ့ စက္ပစၥည္း၊ ကိရိယာတန္ဆာပလာ ဝယ္ယူမႈအပါအဝင္ စီးပြားေရးလုပ္ငန္းပိုင္ဆုိင္မႈ (အိမ္၊ ၿခံ၊ ေျမ) ဝယ္ယူရန္ ေလွ်ာက္ထားမႈေတြပဲျဖစ္ပါတယ္။

“MAB ကေန SME က႑အတြက္ KfW မွ ေငြက်ပ္ ၁၀ ဘီလီယံ ေထာက္ပံ့ေပးထားပါတယ္။ အဲ့ဒါေၾကာင့္ အတုိးႏႈန္းအေနနဲ႔ ၈.၅ ရာခိုင္ႏႈန္းနဲ႔ ေခ်းေငြေပးႏုိင္တာျဖစ္ပါတယ္။ ယခုလုိ KfW နဲ႔ ပူးေပါင္းမႈမ်ားေၾကာင့္ customer ေတြကို ေခ်းေငြမ်ား ပိုမို ေပးအပ္ႏုိင္တာျဖစ္ပါတယ္” လုိ႔ Mr Gary Voon ကေျပာၾကားခဲ့ပါတယ္။

ေခ်းေငြပမာဏ က်ပ္ေငြ ၁၀ သန္းမွ သန္း ၅၀၀ အထိ ရရွိမွာျဖစ္ၿပီး ျပန္လည္ေပးေခ်မႈ သက္တမ္းမွာ အမ်ားဆံုး ၅ ႏွစ္ ျဖစ္ပါတယ္။ German Development Bank (KfW) ဟာ ျမန္မာ့ေရွ႕ေဆာင္ဘဏ္ရဲ႕ အေသးစားႏွင့္ အလတ္စား စီးပြားလုပ္ငန္းေခ်းေငြ စီမံကိန္းအတြက္ ၁၀ ဘီလီယံ ကူညီေထာက္ပံ့မွာျဖစ္တယ္လုိ႔ သိရပါတယ္။

-သႏၲာ

[ Unicode ]

မြန်မာ့ရှေ့ဆောင်ဘဏ်မှ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းချေးငွေ (SME Loan) ကို ဒီဇင်ဘာ ၅ ရက် (ယနေ့) နံနက်ပိုင်းက မိတ်ဆက်ခဲ့ပါတယ်။

အဆိုပါ ချေးငွေလုပ်ငန်းကို အကောင်အထည်ဖော်ဖို့အတွက် German Development Bank (KfW) နဲ့ ဂျာမန်ဘဏ်လုပ်ငန်းဆိုင်ရာ အတိုင်ပင်ခံအဖွဲ့အစည်းမှ ကူညီထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ ချေးငွေအမျိုးအစားအနေနဲ့ နှစ်ခုလျှောက်ထားနိုင်မှာဖြစ်ပြီး ကုန်ပစ္စည်းနဲ့ကုန်ကြမ်းတွေကို ဝယ်ယူဖို့အတွက်နဲ့ လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်များဖြစ်တဲ့ လစာ၊ လျှပ်စစ်မီတာ အစရှိတာတွေအတွက် လျှောက်ထားမှုနဲ့ ကာလရှည်ရင်းနှီးမြှုပ်နှံမှုတွေဖြစ်တဲ့ စက်ပစ္စည်း၊ ကိရိယာတန်ဆာပလာ ဝယ်ယူမှုအပါအဝင် စီးပွားရေးလုပ်ငန်းပိုင်ဆိုင်မှု (အိမ်၊ ခြံ၊ မြေ) ဝယ်ယူရန် လျှောက်ထားမှုတွေပဲဖြစ်ပါတယ်။

“MAB ကနေ SME ကဏ္ဍအတွက် KfW မှ ငွေကျပ် ၁၀ ဘီလီယံ ထောက်ပံ့ပေးထားပါတယ်။ အဲ့ဒါကြောင့် အတိုးနှုန်းအနေနဲ့ ၈.၅ ရာခိုင်နှုန်းနဲ့ ချေးငွေပေးနိုင်တာဖြစ်ပါတယ်။ ယခုလို KfW နဲ့ ပူးပေါင်းမှုများကြောင့် customer တွေကို ချေးငွေများ ပိုမို ပေးအပ်နိုင်တာဖြစ်ပါတယ်” လို့ Mr Gary Voon ကပြောကြားခဲ့ပါတယ်။

ချေးငွေပမာဏ ကျပ်ငွေ ၁၀ သန်းမှ သန်း ၅၀၀ အထိ ရရှိမှာဖြစ်ပြီး ပြန်လည်ပေးချေမှု သက်တမ်းမှာ အများဆုံး ၅ နှစ် ဖြစ်ပါတယ်။ German Development Bank (KfW) ဟာ မြန်မာ့ရှေ့ဆောင်ဘဏ်ရဲ့ အသေးစားနှင့် အလတ်စား စီးပွားလုပ်ငန်းချေးငွေ စီမံကိန်းအတွက် ၁၀ ဘီလီယံ ကူညီထောက်ပံ့မှာဖြစ်တယ်လို့ သိရပါတယ်။