ျမန္မာ့သမိုင္းဘာသာရပ္တြင္ သုေတသနလုပ္ငန္းမ်ား ေဆာင္ရြက္ျခင္းကုိ ပညာေရးဝန္ႀကီးဌာန အားေပး

[ Zawgyi ]

ပညာေရးဝန္ႀကီးဌာနအေနနဲ႔ ျမန္မာ့သမိုင္းဘာသာရပ္မွာ သုေတသနလုပ္ငန္းမ်ား ေဆာင္ရြက္ျခင္းကို အားေပးေၾကာင္း ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ဳိးသိမ္းႀကီးက ေဒါက္တာသန္းထြန္း အထိမ္းအမွတ္ သမိုင္းဌာနျပတိုက္ ဖြင့္ပြဲအခမ္းအနားမွာ ေျပာၾကားခဲ့ပါတယ္။

ျမန္မာ့သမိုင္းအျပင္ အိမ္နီးခ်င္းႏိုင္ငံေတြရဲ႕ သမိုင္းကိုပါ ေလ့လာသုေတသနျပဳလုပ္ၿပီး ေခတ္အဆက္ဆက္ မိမိႏိုင္ငံရဲ႕ လူမႈေရး၊ စီးပြားေရး စတဲ့ အားနည္းခ်က္ အားသာခ်က္ေတြကို ရွာေဖြေဖာ္ထုတ္ေပးရန္ လိုအပ္ပါေၾကာင္း၊ လက္ရွိလူမႈေရးသိပၸံ ဘာသာရပ္ျဖစ္တဲ့ သမိုင္းဘာသာရပ္မွာ ႏိုင္ငံေတာ္အတြက္ အလြန္အေရးႀကီးေသာ ဘာသာရပ္တစ္ခုျဖစ္ပါေၾကာင္း လက္ရွိအေျခအေနမွာ သမိုင္းဘာသာရပ္အေပၚ ေက်ာင္းသား၊ ေက်ာင္းသူေတြရဲ႕ စိတ္ပါ၀င္စားမႈ၊ သင္ၾကားသင္ယူမႈ ပိုမိုအားေကာင္းလာေစေရးအတြက္ ႀကိဳးပမ္းေဆာင္ရြက္ေနၾကသည္ကို ေတြ႕ျမင္ရပါေၾကာင္း၊ သမိုင္းပညာရွင္ေတြအေနနဲ႔ ယခုကဲ့သို႔ သမိုင္းဘာသာရပ္ဆိုင္ရာျပပြဲမ်ား၊ စာတမ္းဖတ္ပြဲမ်ားျပဳလုပ္ၿပီး ေက်ာင္းသား၊ ေက်ာင္းသူေတြရဲ႕ စိတ္ပါ၀င္စားမႈကို အားေပးျမႇင့္တင္ေပးေစလိုပါေၾကာင္း အမွာစကားမွာ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

မႏၱေလးတကၠသိုလ္၊ သမိုင္းဌာန၊ ေဒါက္တာသန္းထြန္းအထိမ္းအမွတ္ သမိုင္းဌာနျပတိုက္ ဖြင့္ပြဲအခမ္းအနားကို ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၂၇ ရက္က မႏၱေလးတကၠသိုလ္၊ သမိုင္းဌာနမွာက်င္းပခဲ့ပါတယ္။

[ Unicode ]

ပညာရေးဝန်ကြီးဌာနအနေနဲ့ မြန်မာ့သမိုင်းဘာသာရပ်မှာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းကို အားပေးကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဒေါက်တာသန်းထွန်း အထိမ်းအမှတ် သမိုင်းဌာနပြတိုက် ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

မြန်မာ့သမိုင်းအပြင် အိမ်နီးချင်းနိုင်ငံတွေရဲ့ သမိုင်းကိုပါ လေ့လာသုတေသနပြုလုပ်ပြီး ခေတ်အဆက်ဆက် မိမိနိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး စတဲ့ အားနည်းချက် အားသာချက်တွေကို ရှာဖွေဖော်ထုတ်ပေးရန် လိုအပ်ပါကြောင်း၊ လက်ရှိလူမှုရေးသိပ္ပံ ဘာသာရပ်ဖြစ်တဲ့ သမိုင်းဘာသာရပ်မှာ နိုင်ငံတော်အတွက် အလွန်အရေးကြီးသော ဘာသာရပ်တစ်ခုဖြစ်ပါကြောင်း လက်ရှိအခြေအနေမှာ သမိုင်းဘာသာရပ်အပေါ် ကျောင်းသား၊ ကျောင်းသူတွေရဲ့ စိတ်ပါ၀င်စားမှု၊ သင်ကြားသင်ယူမှု ပိုမိုအားကောင်းလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသည်ကို တွေ့မြင်ရပါကြောင်း၊ သမိုင်းပညာရှင်တွေအနေနဲ့ ယခုကဲ့သို့ သမိုင်းဘာသာရပ်ဆိုင်ရာပြပွဲများ၊ စာတမ်းဖတ်ပွဲများပြုလုပ်ပြီး ကျောင်းသား၊ ကျောင်းသူတွေရဲ့ စိတ်ပါ၀င်စားမှုကို အားပေးမြှင့်တင်ပေးစေလိုပါကြောင်း အမှာစကားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

မန္တလေးတက္ကသိုလ်၊ သမိုင်းဌာန၊ ဒေါက်တာသန်းထွန်းအထိမ်းအမှတ် သမိုင်းဌာနပြတိုက် ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်က မန္တလေးတက္ကသိုလ်၊ သမိုင်းဌာနမှာကျင်းပခဲ့ပါတယ်။