ျမန္မာ့လုပ္ငန္းရွင္ ဆုေပးပြဲေလွ်ာက္လႊာ ၂၀၁၈ ၾသဂုတ္ ၂၃ ရက္ အထိ ေလွ်ာက္ထားႏုိင္

[ Zawgyi ]

ျမန္မာ့လုပ္ငန္းရွင္ဆုေပးပြဲ ၂၀၁၈ အတြက္ ေလွ်ာက္လႊာေတြကုိ ဇူလိုင္လ ၅ ရက္က စတင္လက္ခံခဲ့ၿပီး လာမယ့္ ၾသဂုတ္လ ၂၃ ရက္အထိ တင္သြင္းႏုိင္မွာျဖစ္တယ္လုိ႔ ျမန္မာ့လုပ္ငန္းရွင္ ဆုေပးပြဲေကာ္မတီထံမွ သိရပါတယ္။

လက္တေလာမွာ ပါဝင္ယွဥ္ၿပိဳင္တဲ့ ေလွ်ာက္လႊာေပါင္း ၂၀၀ ေက်ာ္ခန္႔အထိ ရရွိထားၿပီျဖစ္ၿပီး ေလွ်ာက္ထားတဲ့ ကုမၸဏီေတြထဲက အေကာင္းတကာ့ အေကာင္းဆုံး ကုမၸဏီေတြကုိ ေရြးခ်ယ္ၿပီး လူ႔စြမ္းအား အရင္းအျမစ္ဆိုင္ရာဆုမ်ား ေပးအပ္သြားမယ္လုိ႔ JobNet.com.mm မွ အုပ္ခ်ဳပ္မႈဒါ႐ုိက္တာ Mr Matt De Luca က ေျပာပါတယ္။

ေလွ်ာက္ထားတဲ့ ကုမၸဏီမ်ားမွ ဆုရရွိသူေတြကို ေရြးခ်ယ္ၿပီး ျမန္မာ့လုပ္ငန္းရွင္ဆုေပးပြဲကုိ ႏိုဝင္ဘာ ၃၀ ရက္ မွာ က်င္းပျပဳလုပ္မွာ ျဖစ္ပါတယ္။ ျမန္မာ့လုပ္ငန္းရွင္ ဆုေပးပြဲကုိ ျမန္မာႏိုင္ငံမွာ လူ႔စြမ္းအားအရင္းအျမစ္ စီမံခန္႔ခြဲမႈ အေလ့အထေကာင္းမ်ား ျမန္မာႏိုင္ငံမွာ ရွင္သန္ဖြံ႕ၿဖိဳး လာေရးအတြက္ ရည္ရြယ္ၿပီး ျပဳလုပ္တာျဖစ္ပါတယ္။

-သႏၲာ

[ Unicode ]

မြန်မာ့လုပ်ငန်းရှင်ဆုပေးပွဲ ၂၀၁၈ အတွက် လျှောက်လွှာတွေကို ဇူလိုင်လ ၅ ရက်က စတင်လက်ခံခဲ့ပြီး လာမယ့် သြဂုတ်လ ၂၃ ရက်အထိ တင်သွင်းနိုင်မှာဖြစ်တယ်လို့ မြန်မာ့လုပ်ငန်းရှင် ဆုပေးပွဲကော်မတီထံမှ သိရပါတယ်။

လက်တလောမှာ ပါဝင်ယှဉ်ပြိုင်တဲ့ လျှောက်လွှာပေါင်း ၂၀၀ ကျော်ခန့်အထိ ရရှိထားပြီဖြစ်ပြီး လျှောက်ထားတဲ့ ကုမ္ပဏီတွေထဲက အကောင်းတကာ့ အကောင်းဆုံး ကုမ္ပဏီတွေကို ရွေးချယ်ပြီး လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာဆုများ ပေးအပ်သွားမယ်လို့ JobNet.com.mm မှ အုပ်ချုပ်မှုဒါရိုက်တာ Mr Matt De Luca က ပြောပါတယ်။

လျှောက်ထားတဲ့ ကုမ္ပဏီများမှ ဆုရရှိသူတွေကို ရွေးချယ်ပြီး မြန်မာ့လုပ်ငန်းရှင်ဆုပေးပွဲကို နိုဝင်ဘာ ၃၀ ရက် မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ မြန်မာ့လုပ်ငန်းရှင် ဆုပေးပွဲကို မြန်မာနိုင်ငံမှာ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု အလေ့အထကောင်းများ မြန်မာနိုင်ငံမှာ ရှင်သန်ဖွံ့ဖြိုး လာရေးအတွက် ရည်ရွယ်ပြီး ပြုလုပ်တာဖြစ်ပါတယ်။