ျမန္မာဟက္ကာအဖြဲ႕ ဘဂၤလားေဒ့ရွ္ ဝက္ဘ္ဆိုက္ေပါင္း ၁၀၀ ေက်ာ္အထိတိုက္ခိုက္ထားေၾကာင္းဆို

[Zawgyi]

ျမန္မာဟတ္ကာအဖြဲ႕ျဖစ္တဲ့ Union of UnderGround Myanmar Hackers အဖြဲ႕အေနနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံက Website ေပါင္း ၁၀၀ ေက်ာ္အထိတိုက္ခိုက္ထားၿပီးျဖစ္တယ္လို႔သိရပါတယ္။

“ကြၽန္ေတာ္တို႔ တိုက္ခိုက္တဲ့ Web ေတြကေတာ့ အမ်ိဳးအစားအစုံ ပါဝင္ပါတယ္၊ အခုလက္႐ွိအထိေတာ့ ၁၀၀ ေက်ာ္တိုက္ခိုက္ၿပီးထားပါၿပီ၊ တိုက္ခိုက္ထားတဲ့အထဲမွာ ဘဂၤလားေဒ့႐ွ္ရဲ႕ အစိုးရပိုင္ Web ေတြလည္းပါသလို တျခားနယ္ပယ္ေပါင္းစုံက Web ေတြလည္းပါဝင္ပါတယ္၊ ကြၽန္ေတာ္တုိ႔ အဓိကထားတိုက္ခိုက္ရတဲ့ရည္ရြယ္ခ်က္က ျမန္မာႏိုင္ငံရဲ႕ျဖစ္ေပၚေနတဲ့ အမွန္တရားကိုကမၻာက သိ႐ွိေစဖို႔အတြက္ရည္ရြယ္တာျဖစ္တဲ့အတြက္ ဘဂၤလားေဒ့ရွ္နိုင္ငံကိုကိုယ္စားျပဳတဲ့ အစိုးရရဲ႕ Web ေတြအျပင္ က႑ေပါင္းစုံက Web ေတြတိုက္ခိုက္ခဲ့တာပါ” လို႔ Union of UnderGround Myanmar Hackers အဖြဲ႕က Internet Journal ကိုေျပာၾကားခဲ့ပါတယ္။

ျမန္မာရဲ႕ လက္႐ွိအမွန္တရားကို ကမၻာကသိပ္မသိ႐ွိတာဟာ ျမန္မာႏိုင္ငံမွာ႐ွိတဲ့ အစိုးရပိုင္းရဲ႕ Information Streaming မဟာဗ်ဴဟာ အားနည္းခ်က္နဲ႔ Media ေတြရဲ႕ အားနည္းခ်က္ေတြရယ္ေၾကာင့္ျဖစ္ရတယ္လို႔ ထင္ျမင္ေၾကာင္း၊ တစ္ခုခုျဖစ္ခဲ့ပါက အျမန္ဆုံး ႏိုင္ငံတကာ သတင္းစာ႐ွင္းလင္းပြဲ လုပ္တာမ်ိဳးအျပင္ ျပည္တြင္းမွာ႐ွိတဲ့ Media ေတြရဲ႕ အျဖစ္မွန္ကို သိ႐ွိၿပီးေရးသား တင္ျပမႈေတြလည္းပါဝင္ေၾကာင္း၊ ေရးသားတင္ျပရာမွာလည္း English Version နဲ႔ အတူ အျခားႏိုင္ငံေတြနားလည္ႏိုင္မယ့္ ဘာသာစကားနဲ႔အခ်ိန္မွီထုတ္ျပန္ျခင္းမ်ိဳးေတြ ျပဳလုပ္ရန္လိုေၾကာင္းဆက္ေျပာၾကားခဲ့ပါတယ္။
အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေနာက္က်သြားခဲ့ပါက ျပည္ပမွာ႐ွိတဲ့ သတင္း Media ေတြရဲ႕မဟုတ္မမွန္ထုတ္ျပန္မႈေတြက အခ်ိန္ေစာသြားၿပီးကမၻာပတ္ေနတာမ်ိဳးေတြလည္းရွိတယ္လို႔ေျပာျကားခဲ့
ပါတယ္။

“အမွန္တရားက ဖိနပ္စီးေနခ်ိန္မွာ အမွားေတြက ကမၻာပတ္ေနၿပီ ဆိုတာမ်ိဳးေပါ့ဗ်ာ၊ က်ေနာ္တို႔နိုင္ငံကသတင္းထုတ္ျပန္တာအားနည္းပါတယ္၊ မီဒီယာကို အသံုးမခ်ၾကဘူး လို႔ျမင္ပါတယ္၊ မီဒီယာ War မွာ ျမန္မာဟာ ႏိုင္ငံတကာကို အမွန္အတိုင္းသိေအာင္မတင္ျပႏိုင္ခ့ဲလို႔ ျမန္မာရံႈးပါတယ္” အင္တာနက္ဂ်ာနယ္ကိုဆက္ေျပာၾကားခဲ့ပါတယ္။

၎တို႔အေနနဲ႔ျမန္မာႏိုင္ငံရဲ႕ကိုယ္စား ထိပါးလာသမ်ွကို ကိုယ္တတ္ကြၽမ္းတဲ့ပညာနဲ႔ ထာဝရျပန္လည္တိုက္ခိုက္သြားမွာျဖစ္တယ္လို႔ဆက္ေျပာခဲ့ပါေသးတယ္။

– ေအာင္သက္ကို

[Unicode]

မြန်မာဟတ်ကာအဖွဲ့ဖြစ်တဲ့ Union of UnderGround Myanmar Hackers အဖွဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက Website ပေါင်း ၁၀၀ ကျော်အထိတိုက်ခိုက်ထားပြီးဖြစ်တယ်လို့သိရပါတယ်။

“ကျွန်တော်တို့ တိုက်ခိုက်တဲ့ Web တွေကတော့ အမျိုးအစားအစုံ ပါဝင်ပါတယ်၊ အခုလက်ရှိအထိတော့ ၁၀၀ ကျော်တိုက်ခိုက်ပြီးထားပါပြီ၊ တိုက်ခိုက်ထားတဲ့အထဲမှာ ဘင်္ဂလားဒေ့ရှ်ရဲ့ အစိုးရပိုင် Web တွေလည်းပါသလို တခြားနယ်ပယ်ပေါင်းစုံက Web တွေလည်းပါဝင်ပါတယ်၊ ကျွန်တော်တို့ အဓိကထားတိုက်ခိုက်ရတဲ့ရည်ရွယ်ချက်က မြန်မာနိုင်ငံရဲ့ဖြစ်ပေါ်နေတဲ့ အမှန်တရားကိုကမ္ဘာက သိရှိစေဖို့အတွက်ရည်ရွယ်တာဖြစ်တဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုကိုယ်စားပြုတဲ့ အစိုးရရဲ့ Web တွေအပြင် ကဏ္ဍပေါင်းစုံက Web တွေတိုက်ခိုက်ခဲ့တာပါ” လို့ Union of UnderGround Myanmar Hackers အဖွဲ့က Internet Journal ကိုပြောကြားခဲ့ပါတယ်။

မြန်မာရဲ့ လက်ရှိအမှန်တရားကို ကမ္ဘာကသိပ်မသိရှိတာဟာ မြန်မာနိုင်ငံမှာရှိတဲ့ အစိုးရပိုင်းရဲ့ Information Streaming မဟာဗျူဟာ အားနည်းချက်နဲ့ Media တွေရဲ့ အားနည်းချက်တွေရယ်ကြောင့်ဖြစ်ရတယ်လို့ ထင်မြင်ကြောင်း၊ တစ်ခုခုဖြစ်ခဲ့ပါက အမြန်ဆုံး နိုင်ငံတကာ သတင်းစာရှင်းလင်းပွဲ လုပ်တာမျိုးအပြင် ပြည်တွင်းမှာရှိတဲ့ Media တွေရဲ့ အဖြစ်မှန်ကို သိရှိပြီးရေးသား တင်ပြမှုတွေလည်းပါဝင်ကြောင်း၊ ရေးသားတင်ပြရာမှာလည်း English Version နဲ့ အတူ အခြားနိုင်ငံတွေနားလည်နိုင်မယ့် ဘာသာစကားနဲ့အချိန်မှီထုတ်ပြန်ခြင်းမျိုးတွေ ပြုလုပ်ရန်လိုကြောင်းဆက်ပြောကြားခဲ့ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် နောက်ကျသွားခဲ့ပါက ပြည်ပမှာရှိတဲ့ သတင်း Media တွေရဲ့မဟုတ်မမှန်ထုတ်ပြန်မှုတွေက အချိန်စောသွားပြီးကမ္ဘာပတ်နေတာမျိုးတွေလည်းရှိတယ်လို့ပြောကြားခဲ့
ပါတယ်။

“အမှန်တရားက ဖိနပ်စီးနေချိန်မှာ အမှားတွေက ကမ္ဘာပတ်နေပြီ ဆိုတာမျိုးပေါ့ဗျာ၊ ကျနော်တို့နိုင်ငံကသတင်းထုတ်ပြန်တာအားနည်းပါတယ်၊ မီဒီယာကို အသုံးမချကြဘူး လို့မြင်ပါတယ်၊ မီဒီယာ War မှာ မြန်မာဟာ နိုင်ငံတကာကို အမှန်အတိုင်းသိအောင်မတင်ပြနိုင်ခဲ့လို့ မြန်မာရှုံးပါတယ်” အင်တာနက်ဂျာနယ်ကိုဆက်ပြောကြားခဲ့ပါတယ်။

၎င်းတို့အနေနဲ့မြန်မာနိုင်ငံရဲ့ကိုယ်စား ထိပါးလာသမျှကို ကိုယ်တတ်ကျွမ်းတဲ့ပညာနဲ့ ထာဝရပြန်လည်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ဆက်ပြောခဲ့ပါသေးတယ်။

– အောင်သက်ကို