မြန်မာစာပေနှင့် ဘာသာစကားအရေး ဟောပြောပွဲကျင်းပမည်

[ Zawgyi ]



-ဝေဝေ

[ Unicode ]

မြန်မာစာပေနှင့် ဘာသာစကားအရေး ဟောပြောဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၉ ရက်၊ နေ့လယ် ၁ နာရီ၊ စာပေဗိမာန်ခန်းမမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန စာပေဗိမာန်နဲ့ မြန်မာနိုင်ငံ ပညာပြန့်ပွားရေးအသင်းတို့က ပထမဆုံးစီစဉ် ကျင်းပတာ ဖြစ်ပါတယ်။ နိုင်ငံခြားတက္ကသိုလ်တွေမှ မြန်မာစာပေဆိုင်ရာနဲ့ ဘာသာစကား သိပ္ပံဆိုင်ရာ ပါမောက္ခ၊ ဧည့်ပါမောက္ခသုံးဦးတို့က မြန်မာစာပေနဲ့ မြန်မာဘာသာစကားဆိုင်ရာတွေကို ဟောပြောသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဟောပြောသွားမယ့် ပညာရှင်သုံးဦးမှာ ဦးစောထွန်း (စောလူ)၊ ဒေါက်တာသိန်းထွန်းနဲ့ ဒေါက်တာကိုလေးတို့ ဖြစ်ပါတယ်။ ဟောပြောပွဲကို စိတ်ပါ၀င်စားသူ မည်သူမဆို တက်ရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။