မြင်သူငေးလောက်တဲ့ အပြာရောင် HUAWEI nova 2i Aurora Blue Edition

အပြာရောင်ကို အထူးပြုလုပ် ထုတ်လုပ်ထားတဲ့ HUAWEI nova 2i က မြင်သူတိုင်းငေးလောက်အောင် လှပလွန်းပါတယ်။ နေရောင်အောက်တွင် တောက်ပြောင်မှုက သင့်ကို ပေါ်လွင်စေမှာသေချာပါတယ်။ ဆွဲဆောင်မှုရှိတဲ့ တည်ဆောက်ပုံတွေကြောင့် အသုံးပြုသူကို ပေါ်လွင်စေပြီး Compact Body ဆိုသည့်အတိုင်း ကျစ်လျစ်စွာ ဖွဲ့စည်းထားတဲ့ HUAWEI nova 2i က Full HD 5.9 လက်မ display ကို အသုံးပြု ထားတဲ့အတွက် မြင်ကွင်းကို ပြတ်သားစွာ တွေ့မြင်နိုင်ပါတယ်။ Screen ကြီးမားတာဟာ စာဖတ်သူတို့၊ အသုံးပြုသူတို့အတွက်တော့ သိပ်အထူးအဆန်း မဟုတ်တော့ပါဘူး။ အပြာရောင် body နဲ့ အတူ မှန်သားများကို သေသပ်ကျစ်လစ်စွာ ဖွဲ့စည်းတဲ့ Aurora edition က အဝေးကပဲကြည့်ကြည့် အနီးကပဲ ကြည့်ကြည့် ပေါ်လွင် နေမှာ မလွဲပေ။ သင်ကိုင်တွယ် ကြည့်လိုက်တာနဲ့ ပြီးပြည့်စုံမှုကို ခံစားရမှာသေချာပါတယ်။

HUAWEI nova 2i မှာ Home ခလုတ်ကိုဖယ်ရှားထားပြီး ဘောင်ပျောက်အောင် ပြုလုပ်ထားတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီဇိုင်းက ရှင်းလင်းပြီး အလွန်လှပလျက်ရှိပါတယ်။ Full View ဖြစ်တာနဲ့အညီ Screen ကို အပြည့်မြင်တွေ့နိုင်ပြီး ဘေးအနားများ ကင်းမဲ့ခြင်းကြောင့် ကိုင်ရသူအဖို့ High Class ဆန်ဆန် Premium ဆန်ဆန် ခံစားရမှာ သေချာပါတယ်။ Aurora လို့ခေါ်တဲ့ အပြာရောင်ကြောင့် ပိုပိုပြီး Branded ကျမှာသေချာပါတယ်။

HUAWEI nova 2i ရဲ့ Body မှာ ငြိမ်ငြိမ်လေးနဲ့ အလွန်တောက်ပြောင်ပြီး အပြာရောင်က မြင်သူကို ဖမ်းစားနိုင်မှာ သေချာပါတယ်။ ဖုန်းရဲ့ တည်ဆောက်ပုံက လက်နဲ့တစ်သားတည်းဖြစ်အောင် ပြုလုပ်ထားတဲ့ အတွက် သက်သောင့်သက်သာ ရှိလှပါတယ်။

Body နဲ့ Display ရဲ့ အပေါ်ပိုင်းမှာ soft flash light ရှိပြီး Dual Selfie Camera လည်းရှိပါတယ်။ Nova 2i မှာ Home button မပါဝင်ဘဲ Soft navigation များသာ ပါဝင်ပြီး အလယ်တွင် ပါဝင်နေကျ Huawei Logo ပါဝင်ပါတယ်။ အောက်ခြေမှာ Speaker တပ်ဆင်ပေးထားပြီး၊ အားသွင်းပေါက်နဲ့ 3.5 mm နားကျပ်ပေါက် ပါဝင်ပါတယ်။

ဘေးဘက်မှာတော့ အသံထိန်းချုပ်တဲ့ ခလုတ်တွေနဲ့ Power ခလုတ်ပါဝင်ပါတယ်။ Finger Print လို့ခေါ်တဲ့ လက်ဗွေရာစနစ်ကိုတော့ အလွယ်တကူ နှိပ်လို့ရတဲ့ ကျောဘက်မှ ထည့်သွင်းပေးထားပြီး SIM Card Tray ကတော့ SD နှင့် Network တွဲသုံးတဲ့ Hybrid ပြုလုပ်ပေးထားပါတယ်။

နောက်ကျောမှာတော့ Camera နဲ့အတူ Flash light ပါဝင်ပြီး အပေါ်နားတဝိုက်မှာ Antenna လိုင်းတပ်ဆင်ထားတာ တွေ့ရပါတယ်။ ဒုတိယအရန်စနစ်ဖြစ်တဲ့ အသံသွင်းစနစ်ကို အပေါ်ပိုင်းမှာ ထည့်သွင်းထားပြီး ၎င်းမှ Stereo အသံအတိုင်း ထွက်အောင် ပြုလုပ်ပေးနိုင်ပါတယ်။

ဆူညံမှုကို လျော့ချပြီး အကောင်းဆုံး အသံအရည်အသွေးရအောင်စွမ်းဆောင်ပေးနိုင်ပါတယ်။ တောင့်တင်းပြီး စွဲဆောင်မှုရှိတဲ့ Aurora လို့ခေါ်တဲ့ အပြာရောင်က မြင်သူကို ငေးစေပြီး လှပလွန်းလှတာကြောင့် HUAWEI nova 2i ကို အချိန်မီအခုပဲ ပြေးဝယ်လိုက်ထား သင့်ပါတယ်နော်။

HUAWEI nova 2i ဈေးနှုန်းနှင့် ဝယ်ယူရရှိနိုင်ခြင်း

HUAWEI nova 2i ကို (၃၃၉၀၀၀) ကျပ်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး အရောင်အနေနဲ့ အနက်ရောင်၊ ရွှေရောင် အပြင် အပြာရောင်ကိုပါ ရွေးချယ်ပြီးနှစ်သက်ရာကို ဝယ်ယူရရှိနိုင်ပါတယ်။ HUAWEI nova 2i ဝယ်ယူသူတွေအနေနဲ့ HUAWEI powerbank 5000mAh ကို လက်ဆောင်အဖြစ် ရရှိနိုင်မယ့်အခွင့်အရေးလည်းရှိပါတယ်။ ဒါ့အပြင် MPT သုံးစွဲသူတွေဆိုရင်လည်း လစဉ် ၅၀၀၀ ကျပ် ဖုန်းငွေဖြည့်ရုံနဲ့ အင်တာနက်အသုံးပြုရန် ၃၀၀၀ ကျပ် ကို ၁၂ လတိုင်တိုင်ရရှိနိုင်မှာဖြစ်ပါတယ်။

Huawei Consumer Business Group ဆိုသည်မှာ

Huawei ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို နိုင်ငံပေါင်း ၁၇၀ကျော်တွင် ရရှိလျက်ရှိပြီး ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံက သုံးစွဲလျက်ရှိသည်။ ၂၀၁၅ခုနှစ်တွင် စမတ်ဖုန်းတင်ပို့မှု၌ တတိယနေရာသို့ ရောက်ရှိခဲ့သည်။ အမေရိကန်၊ ဂျာမနီ၊ ဆွီဒင်၊ ရှရှား၊ အိန္ဒိယ နှင့် တရုတ်နိုင်ငံတို့တွင် သုတေသနစင်တာပေါင်း (၁၅)ခုကို တည်ထောင်ထားပါသည်။

Huawei Consumer လုပ်ငန်းစုသည် Huawei ၏ လုပ်ငန်းစုကြီး သုံးခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး စမတ်ဖုန်း (Smartphones)၊ ကွန်ပြူတာနှင့် တက်ဘလက်များ (PC and tablets)၊ ဝတ်ဆင်နိုင်သော ကိရိယာများ (Wearables)၊ ကြိုးမဲ့အင်တာနက်ချိတ်ဆက်ရန် ရွေ့လျားကိရိယာများ (Mobile Broadband Devices)၊ အိမ်သုံးထုတ်ကုန် (Family Device) နှင့် အင်တာနက်သိုလှောင်ခြင်း ဝန်ဆောင်မှုထုတ်ကုန်များ (Device Cloud Service) တို့ကို ထုတ်လုပ်လျက်ရှိသည်။

Huawei သည် တယ်လီကွန်းနယ်ပယ်တွင် အနှစ် ၂၀ ကျော်သက်တမ်းရှိသော အတွေ့အကြုံများဖြင့် Huawei ၏ ကမ္ဘာ့ဆက်သွယ်ရေးကွန်ယက် အားသာချက်များ၊ ကမ္ဘာတစ်ဝှမ်း ဖြန့်ကျက်လုပ်ဆောင်နိုင်စွမ်းနှင့် ကမ္ဘာ့ပူးပေါင်းမှုများကို တည်ဆောက်ထားသည်။ Huawei Consumer BG သည် သုံးစွဲသူများကို နောက်ဆုံး နည်းပညာများဖြန့်ဝေပေးရန်နှင့် ကမ္ဘာတစ်ဝှမ်းရှိလူအများကိုအဆင့်မြင့်နည်းပညာ များမှတဆင့် ပျော်ရွှင်မှုများကို မျှဝေပေးနိုင်ရန် နှစ်မြှုပ်ထားပါသည်။ ရှေ့ဆက်လျှောက်လှမ်းပြီး အိပ်မက်များအမှန်တကယ် ဖြစ်ပေါ်လာစေရန် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

ထပ်မံသိရှိလိုပါက –

Huawei Mobile Myanmar Facebook Page
Website
Instagram
Hotline: 01-9000900
Public Relations ဆက်သွယ်ရန်
Huawei Technologies (Yangon) Co., Ltd
မေဘရဏီဇော်
PR Manager
Device Business Department
[email protected]
09-799610280