ပြည်ပနိုင်ငံမှ MBBS နှင့် အလားတူဘွဲ့ရရှိထားသူများအတွက် အရည်အချင်းစစ် စာမေးပွဲ ပြုလုပ်မည်

[ Zawgyi ]




-သန္တာ

[ Unicode ]

ပြည်ပနိုင်ငံတွေကနေ အခြေခံဆေးပညာဘွဲ့ MBBS နဲ့အလားတူဘွဲ့ရရှိထားတဲ့ မြန်မာနိုင်ငံသား ဆရာဝန်တွေအတွက် အထွေထွေဆေးကုသခွင့် လိုင်စင်ထုတ်ပေးနိုင်ရေး အရည်အချင်းစစ်စာမေးပွဲ ကျင်းပမယ်လို့ သိရပါတယ်။

အဆိုပါ Myanmar Medical Licensing Examination-MMLE ကို မြန်မာနိုင်ငံဆေးကောင်စီမှ ကျင်းပပေးတာဖြစ်ပါတယ်။ ၀င်ရောက်ဖြေဆိုလိုသူတွေ အနေနဲ့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံးထားကာ မြန်မာနိုင်ငံဆေးကောင်စီထံ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဆေးကောင်စီအနေနဲ့ စာမေးပွဲ အစီအစဉ်နဲ့ အသေးစိတ်အချက်အလက်တွေကို ထပ်မံကြေညာပေးသွားမယ်လို့ သိရပါတယ်။