ျပည္တြင္း၌ Huawei Mate 20 ႏွင့္ Mate 20 Pro ကို မိတ္ဆက္

[ Zawgyi ]

Huawei Mate 20 စီးရီး စမတ္ဖုန္းမိတ္ဆက္ပြဲ ေအာက္တိုဘာလ ၃၁ ရက္က Lotte ဟိုတယ္မွာ က်င္းပျပဳလုပ္ခဲ့ၿပီး အဆိုပါ စမတ္ဖုန္းေတြကို ႏိုဝင္ဘာ ၁ဝ ရက္မွာ စတင္ဝယ္ယူႏုိင္မွာျဖစ္ပါတယ္။

ႀကိဳတင္မွာယူ လိုသူေတြအေနနဲ႔ ႏိုဝင္ဘာလ ၁ ရက္မွ ၉ ရက္ထိကို Pre-order အေနနဲ႔ မွာယူႏုိင္မွာျဖစ္ပါတယ္။ ျမန္မာႏုိင္ငံမွာ Mate 20 Pro ကို အစိမ္း (Emerald Green)၊ အနက္ (Black)၊ Mate 20 ကို အျပာ (Midnight Blue)၊ ႏွစ္ေရာင္စပ္ကာလာ (Twilight) အေရာင္ဖုန္းေတြကို ဝယ္ယူႏုိင္မွာျဖစ္ၿပီး ေစ်းႏႈန္းအေနနဲ႔ Mate 20 Pro ကို ၁,၄၉၉,ဝဝဝ က်ပ္၊ Mate 20 ကို ၁,ဝ၉၉,ဝဝဝ က်ပ္နဲ႔ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။ Mate 20 စီးရီးစမတ္ဖုန္းေတြမွာ ကမၻာ့ပထမဆုံး 7nm မိုဘုိင္း AI Chipset ၊ 40 MP (RGB Lens)၊ 8MP (Telephoto)၊ 20MP (Ultra Wide Angle Lens) အမ်ဳိးအစား Leica Triple ကင္မရာစနစ္၊ 1.4 Gbps LTE Cat.21 ကြန္ရက္စနစ္၊ 15 W Wireless Quick Charging နည္းပညာ ၊ ဖုန္းကေနတစ္ျခား NFC စနစ္ေထာက္ပံ့ပါဝင္တဲ့ ထုတ္ကုန္ေတြကို အားျပန္သြင္းႏုိင္မယ့္ Wireless Reverse Charge နည္းပညာေတြ ပါဝင္ပါတယ္။

လုံၿခဳံေရးဆုိင္ရာ Biometric နည္းပညာစနစ္ျဖစ္တဲ့ 3D Face Unlock နည္းပညာ၊ 3D အေကာင္ေလးမ်ားဖန္တီးကာ မိမိနဲ႔ တြဲဖက္ကာ ဓာတ္ပုံ၊ ဗီဒီယိုဖန္တီး႐ိုက္ကူးႏုိင္မယ့္ AI Live model 3D Depth Sensing ကင္မရာနည္းပညာ၊ In-screen လက္ေဗြလုံၿခဳံေရး နည္းပညာ၊ Wireless Projecting နည္းပညာ၊ ေရစိုခံနည္းပညာ စတာေတြလည္း ေထာက္ပံ့ပါဝင္လာပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

Huawei Mate 20 စီးရီး စမတ်ဖုန်းမိတ်ဆက်ပွဲ အောက်တိုဘာလ ၃၁ ရက်က Lotte ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ စမတ်ဖုန်းတွေကို နိုဝင်ဘာ ၁ဝ ရက်မှာ စတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

ကြိုတင်မှာယူ လိုသူတွေအနေနဲ့ နိုဝင်ဘာလ ၁ ရက်မှ ၉ ရက်ထိကို Pre-order အနေနဲ့ မှာယူနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ Mate 20 Pro ကို အစိမ်း (Emerald Green)၊ အနက် (Black)၊ Mate 20 ကို အပြာ (Midnight Blue)၊ နှစ်ရောင်စပ်ကာလာ (Twilight) အရောင်ဖုန်းတွေကို ဝယ်ယူနိုင်မှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ Mate 20 Pro ကို ၁,၄၉၉,ဝဝဝ ကျပ်၊ Mate 20 ကို ၁,ဝ၉၉,ဝဝဝ ကျပ်နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။ Mate 20 စီးရီးစမတ်ဖုန်းတွေမှာ ကမ္ဘာ့ပထမဆုံး 7nm မိုဘိုင်း AI Chipset ၊ 40 MP (RGB Lens)၊ 8MP (Telephoto)၊ 20MP (Ultra Wide Angle Lens) အမျိုးအစား Leica Triple ကင်မရာစနစ်၊ 1.4 Gbps LTE Cat.21 ကွန်ရက်စနစ်၊ 15 W Wireless Quick Charging နည်းပညာ ၊ ဖုန်းကနေတစ်ခြား NFC စနစ်ထောက်ပံ့ပါဝင်တဲ့ ထုတ်ကုန်တွေကို အားပြန်သွင်းနိုင်မယ့် Wireless Reverse Charge နည်းပညာတွေ ပါဝင်ပါတယ်။

လုံခြုံရေးဆိုင်ရာ Biometric နည်းပညာစနစ်ဖြစ်တဲ့ 3D Face Unlock နည်းပညာ၊ 3D အကောင်လေးများဖန်တီးကာ မိမိနဲ့ တွဲဖက်ကာ ဓာတ်ပုံ၊ ဗီဒီယိုဖန်တီးရိုက်ကူးနိုင်မယ့် AI Live model 3D Depth Sensing ကင်မရာနည်းပညာ၊ In-screen လက်ဗွေလုံခြုံရေး နည်းပညာ၊ Wireless Projecting နည်းပညာ၊ ရေစိုခံနည်းပညာ စတာတွေလည်း ထောက်ပံ့ပါဝင်လာပါတယ်။