ေႏြေနပူပူဖုန္းကပူ

[ Zawgyi ]

အားလုံးသိၾကတဲ့အတိုင္း ေႏြဟာ တစ္ႏွစ္ထက္တစ္ႏွစ္ ပိုပိုၿပီး ပူလာပါတယ္။ အားေပ်ာ့တဲ့ အယ္လ္နီညိဳပဲျဖစ္တယ္လို႔ ဆိုထားတဲ့ ဒီႏွစ္ေႏြရာသီမွာေတာင္ ၿမိဳ႕ေတြ တစ္ၿမိဳ႕ၿပီးတစ္ၿမိဳ႕ အပူခ်ိန္စံခ်ိန္သစ္တင္ေနၾကတာ မနည္းမေနာပါပဲ။ ဒီေႏြရဲ႕ အပူဒဏ္ကို ခံစားရတဲ့သူေတြဟာ လူေတြတင္ မဟုတ္ပါဘူး။ ကိုယ္ေတြအနားမွာ အၿမဲရွိေနတဲ့ စမတ္ဖုန္းေတြေရာပါပဲ။
တကယ္ေတာ့ ဖုန္းေတြဟာ ရာသီဥတုပူမွ မဟုတ္ပါဘူး။ ဘယ္ရာသီဥတုမွာမဆို စဖြင့္လိုက္ကတည္းက အပူေတြကို ထုတ္မွာပါပဲ။ ဒါေပမဲ့ မ်ားေသာအားျဖင့္ေတာ့ ဒီကိစၥဟာထူးထူး ေထြေထြ ကိစၥမရွိပါဘူး။ အဲ ဒါေပမဲ့ ျဖစ္သင့္ျဖစ္ထိုက္တဲ့ အပူခ်ိန္ထက္လြန္ကဲၿပီးေတာ့ Overheating ျဖစ္ေနၿပီဆိုရင္ေတာ့ အေရးႀကီးလာပါၿပီ။ စက္ကိုဟန္းသြားႏိုင္ေစသလို အခန႔္ မသင့္ရင္ အထဲကဆားကစ္ေတြပါ ထိႏိုင္ပါတယ္။

ကဲ အခုဖုန္းေတြ အပူလြန္ကဲတာနဲ႔ ပတ္သက္ၿပီး အဓိကက်တဲ့ အေမးမ်ားတဲ့ ေမးခြန္းေလးခုကို ေလ့လာၾကည့္ၾကရေအာင္ပါ။

ဖုန္းေတြ ဘာလို႔ ပူ

ဒီေမးခြန္းရဲ႕ အေျဖကေတာ့ ဖုန္းရဲ႕ ဆားကစ္ေတြထဲမွာ လွည့္ပတ္စီးဆင္းေနတဲ့ လွ်ပ္စစ္ေၾကာင့္ပါပဲ။ ဖုန္းရဲ႕ ဘက္ထရီ ကေန လွ်ပ္စစ္ဓာတ္ကို ဆားကစ္ထဲကိုစီးဆင္းေစဖို႔ ဗို႔အားနဲ႔
ပို႔ေပးတဲ့အခါ တစ္ခ်ိဳ႕ေသာ စြမ္းအင္ေတြဟာ အပူစြမ္းအင္ အျဖစ္ ေျပာင္းသြားပါတယ္။ ဒါ့အျပင္ CPU, GPU တို႔လိုမ်ိဳး transistor ေတြ ျပည့္က်ပ္ေန တဲ့ေနရာေတြကို ျဖတ္သန္းရတဲ့ အခါမွာလည္း အပူေတြ ထြက္လာပါတယ္။

ဖုန္းမွာ ဂိမ္းအျမင့္စားေတြကို ကစားတဲ့အခါ ဒီ CPU ေတြ GPU ေတြဟာ အလုပ္ပိုလုပ္ လာရပါတယ္။ အဲ့လို အလုပ္ ပိုလုပ္ရေလ အပူပိုထြက္ေလပါပဲ။ ဒါေၾကာင့္ တစ္ခ်ိဳ႕ဂိမ္းေတြ ကစား ၿပီးခ်ိန္မွာ ဖုန္းရဲ႕ အေအးခံစနစ္ (Cooling System) မေကာင္းရင္ မီးပူတိုက္လို႔ရေလာက္ေအာင္ အထိပူလာတာပါပဲ။

တကယ္ေတာ့ ဖုန္းေတြ အေနနဲ႔ ပူတယ္ဆိုတာ ႀကီးႀကီးမားမား ျပႆနာမဟုတ္ ပါဘူး။ Laptop ေတြ Desktop ေတြလိုေလဝင္ေလထြက္ မေကာင္းတဲ့အတြက္ ဘယ္ဖုန္းမဆို ပူမွာပါပဲ။ ဒါ စိုးရိမ္စရာမဟုတ္ေသးပါဘူး။ အဲ စိုးရိမ္ရမယ့္ အေျခအေနကေတာ့ မခံမရပ္ႏိုင္ ေလာက္ေအာင္ ပူလာၿပီဆိုတဲ့ အခ်ိန္ပါ။

ဘာလို႔ အပူလြန္ကဲတာေတြ (Overheating) ျဖစ္ရတာလဲ

ေယဘုယ်အားျဖင့္ ေျပာရမယ္ဆိုရင္ ဖုန္းေတြမွာပါတဲ့ SoC (System on Chip) ေတြဟာ ထြက္လာတဲ့ အပူကို လြန္လြန္ကဲကဲ မျဖစ္ေအာင္ ေကာင္းေကာင္းႀကီးကို ကိုင္တြယ္ႏိုင္ပါတယ္။ အဲ့လိုအပူ ေလၽွာ့ခ်ႏိုင္ဖို႔ရာ နည္းလမ္းေတြအမ်ားႀကီး ထည့္သြင္းထားၿပီး သားပါ။ ဥပမာ ဖုန္းကလြန္လြန္ ကဲကဲပူလာၿပီဆိုရင္ Processor speed ကို ေလၽွာ့ခ်ပစ္လိုက္ တာမ်ိဳးေပါ့။ ဒါကိုမွ မရေသးဘူးဆိုရင္ သုံးစြဲသူကို Warning Message ျပၿပီးေတာ့ ဖုန္းသုံးခြင့္ကို ခဏပိတ္ပင္လိုက္ပါတယ္။ ဒီစနစ္ေတြေၾကာင့္ စမတ္ဖုန္း ေတြမွာ Overheating ျဖစ္တာမ်ိဳးက ရွားပါတယ္။

မ်ားေသာအားျဖင့္ေတာ့ ဖုန္းေတြ အပူလြန္ကဲလာရတာဟာ အလြယ္တကူ ေျဖရွင္းႏိုင္တဲ့ အေၾကာင္းအရင္းေတြေၾကာင့္ ျဖစ္တာမ်ားပါတယ္။ အဓိကကေတာ့ hardware ပိုင္းမွာ ဝန္ပိတာ (overload) ေၾကာင့္ပါ။ ဥပမာ Samsung Galaxy ဖုန္းေတြမွာဆို Gear VR ကို အၾကာႀကီးသုံးၿပီးရင္ ဖုန္းကေတာ္ေတာ္ေလး ပူလာတာကို ေတြ႕ရမွာပါ။ ဒါ ဖုန္းရဲ႕ GPU overload ေၾကာင့္ပါပဲ။အဲ့လိုပါပဲ။ ဖုန္းရဲ႕ CPU ကို ဝန္ပိေစတဲ့ တစ္ျခား အေၾကာင္းအရင္းေတြျဖစ္တဲ့ apps အမ်ားအျပား တစ္ၿပိဳင္နက္ ဖြင့္ၿပီး multitasking လုပ္တာမ်ိဳး၊ home screen မွာ widget ေတြ အမ်ားႀကီး ထည့္ထားတာမ်ိဳး၊ လိုင္းမေကာင္းတဲ့ေနရာမွာ Wi-Fi, Bluetooth သုံးတာမ်ိဳးေတြဟာ ဖုန္းရဲ့ processing power အမ်ားႀကီး လိုတာေၾကာင့္ အတြင္း ပိုင္း SoC က ပူလာပါေတာ့တယ္။ လိုအပ္တဲ့ Processing power အတြက္ ဘက္ထရီက လိုက္ျဖည့္ ဆည္းေပးရတဲ့အခါ သူပါ ပူလာ ပါတယ္။

ဖုန္းေတြ overheat ျဖစ္ရတဲ့ အေၾကာင္းအရင္းေတြက အတြင္း ပိုင္းျပႆနာေတြေၾကာင့္ပဲေတာ့ မဟုတ္ပါဘူး။ အျပင္ဘက္က အေၾကာင္းအရင္းေတြေၾကာင့္လည္း overheat ျဖစ္ႏိုင္ပါတယ္။ ဥပမာ ဖုန္းကို ေနေရာင္ျခည္ တိုက္႐ိုက္က်ေနတဲ့ ကားဒတ္ရွ္ ဘုတ္လိုေနရာမ်ိဳးမွာ တင္ထားခဲ့တာ၊ ဖုန္းကို မီးဖိုထဲထည့္ထားတာ၊ ဒါေတြေၾကာင့္လည္း ဖုန္းကို overheat ျဖစ္ေစႏိုင္ပါတယ္။ ဒါေပမဲ့ ကိုယ္က ဖုန္းကို ေအးတဲ့ေနရာမွာ ထားေပမယ့္ သာမန္ထက္ အၿမဲလိုလိုပူပူ ေနတတ္တယ္ဆိုရင္ေတာ့ ဒါ ဖုန္းရဲ႕အတြင္းပိုင္း hardware ပိုင္းခ်ိဳ႕ယြင္းခ်က္ေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ Service Center ကို အျမန္ဆုံးသြားျပသင့္ပါတယ္။

အပူလြန္ကဲတာက ဖုန္းကို ဘယ္လိုထိခိုက္ေစႏိုင္လဲ

ဖုန္းေတြ ပူလာတဲ့အခါ ပထမဆုံး ထိခိုက္တာကေတာ့ ဘက္ထရီပါပဲ။ ဒီေန႔ေခတ္ စမတ္ဖုန္းေတြမွာသုံးတဲ့ ဘက္ထရီေတြဟာ Lithium-ion battery ေတြ ျဖစ္ပါတယ္။ ပိုေကာင္းတဲ့ Solid-state battery ေတြဟာ အခုထိေတာ့ စမ္းသပ္ဆဲအဆင့္မွာပဲ ရွိေနပါေသးတယ္။ အခုဒီ Lithium-ion battery ေတြမွာ အဓိကအားနည္းခ်က္ႀကီး ႏွစ္ခုရွိပါတယ္။ ပထမတစ္ခုကေတာ့ သူတို႔ဟာ သက္တမ္းတို ေတာင္းတာပါပဲ။ ဘက္ထရီကို မသုံးဘဲထားရင္ေတာင္မွ သူ႔ဘာသာ တျဖည္းျဖည္းပ်က္စီး (degrade) ပါတယ္။ ဒုတိယတစ္ခ်က္ကေတာ့ ဒီေကာင္ေတြဟာ အပူမခံႏိုင္ပါဘူး။ အပူခ်ိန္ 30°C ထက္ ပိုလာရင္ကို ဘက္ထရီကို ထိခိုက္ေတာ့တာပါပဲ။ စိတ္မေကာင္းစရာ တစ္ခုက ေတာ့ ဖုန္းအားသြင္းတဲ့အခ်ိန္တိုင္း အဲ့အပူခ်ိန္ကို ေက်ာ္လြန္ေနၾကပါပဲ။

ေနာက္ေတာ္ေတာ္ေလး အျဖစ္နည္းေပမယ့္ ျဖစ္လိုက္ရင္လည္း အႏၲရာယ္ႀကီးတာကေတာ့ ဘက္ထရီေပါက္ကြဲတာပါ။ ဒီလိုမ်ိဳးဖုန္းေပါက္ကြဲတာ ေတြကို အားလုံးပဲသတင္းေတြမွာ ဖတ္ဖူးၾကမွာပါ။ အဲကံေကာင္း တာတစ္ခုကေတာ့ ဒီလိုဖုန္း ေပါက္ကြဲတာမ်ိဳးက ေတာ္ေတာ္ေလးကို ရွားပါတယ္။ ဒီလိုျဖစ္ဖို႔ရာ ဘက္ထရီမွာ thermal runaway ဆိုတဲ့ ျဖစ္စဥ္တစ္ခုျဖစ္ဖို႔ လိုအပ္ပါ တယ္။ ဒီျဖစ္စဥ္ကေန ဘက္ထရီကပူသထက္ ပူလာၿပီးေနာက္ဆုံး အပူခ်ိန္ limit တစ္ခုကို ေက်ာ္သြား တဲ့အခါ ေပါက္ကြဲေတာ့တာပါပဲ။

စိတ္မပူပါနဲ႔။ ဒီ thermal runaway ျဖစ္စဥ္က သာမန္ဂိမ္း ေဆာ့႐ုံနဲ႔ေတာ့ မျဖစ္ပါဘူး။ ဖုန္းဘက္ထရီရဲ႕ ဆားကစ္ထဲမွာ ခ်ိဳ႕ယြင္းခ်က္ရွိတာမ်ိဳး (Note 7 မွာ ျဖစ္ခဲ့တာက ဒီအခ်က္ေၾကာင့္ပါပဲ)၊ ဒါမွမဟုတ္ ဖုန္းကိုမီးထဲ ပစ္ထည့္လိုက္တာမ်ိဳးေတြ ျဖစ္မွသာ ျဖစ္ႏိုင္တာပါ။ ဘက္ထရီတစ္ခု ေပါက္ကြဲဖို႔ရာ 200°C အထက္ ေက်ာ္လြန္ ရမွာပါ။ ပုံမွန္အတိုင္းဆို ဒီ
ေလာက္ပူဖို႔ရာ ေတာ္ေတာ္ေလး ျဖစ္ႏိုင္ေခ် နည္းပါတယ္။

ဖုန္း overheat ရဲ႕ ဒုတိယ သားေကာင္ကေတာ့ CPU ေတြ GPU ေတြပါတဲ့ SoC ပါပဲ။ ဖုန္းက အရမ္းပူလာတဲ့အခါ ဟန္းလာတာကို ေတာ္ေတာ္မ်ားမ်ား သတိျပဳမိၾကမွာပါ။ ဒါဟာ
တကယ္ေတာ့ ဖုန္းကို အကာအကြယ္ေပးဖို႔ လုပ္ထားတဲ့ safeguard feature တစ္ခုပါပဲ။ SoC ေတြဟာ သတ္မွတ္အပူ ခ်ိန္ထက္ ျမင့္လာတဲ့အခါ processing speed ကို ေလၽွာ့ခ်ပစ္ပါတယ္။ ဒါကို throttle လုပ္တယ္လို႔ ေခၚပါတယ္။ တကယ္လို႔ ဒီလိုလုပ္လို႔မွ အပူခ်ိန္က မေလၽွာ့သြားဘူးဆို ရင္ေတာ့ ၾကာလာရင္ SoC ရဲ႕ဆားကစ္ေတြကိုပါ ထိခိုက္လာႏိုင္ ပါတယ္။ အဲ့အခါ ဖုန္းက power မတက္ေတာ့တာေတြ ျဖစ္လာႏိုင္ပါတယ္။

Overheat မျဖစ္ေအာင္ ဘယ္လိုလုပ္ၾကမလဲ

ရာသီဥတုပူျပင္းတဲ့အခ်ိန္မွာ ဖုန္းကို လြန္လြန္ကဲကဲ ပူတာမ်ိဳးမျဖစ္ရေလေအာင္ ေအာက္က အခ်က္ေလးေတြကို သတိျပဳလိုက္ နာဖို႔ အႀကံေပးပါရေစ။

၁။ ဖုန္းကို တစ္ညလုံး အားသြင္းတာမ်ိဳးေတြ၊ အားသြင္းတာကို ဂ႐ုမစိုက္ဘဲ ပစ္ထားတာ မ်ိဳးေတြကို တတ္ႏိုင္သမၽွ ေရွာင္ၾကဥ္သင့္ပါတယ္။ ဖုန္းအားသြင္း တဲ့ေနရာမွာလည္း 10% ေလာက္ကေန 100% ေလာက္အထိ သြင္းတာမ်ိဳးက ဘက္ထရီ သက္တမ္းတိုေစပါတယ္။ အဲ့အစားတစ္ခါသြင္းရင္ 30% ေလာက္ ကေန 80% ေလာက္အထိပဲ သြင္းသင့္ပါတယ္။ နည္းနည္းနဲ႔ ခဏခဏသြင္းတာက ဘက္ထရီကို ထိန္းသိမ္းရာေရာက္ပါတယ္။ ဘက္ထရီ အပူလြန္ကဲတာမ်ိဳးကိုလည္း ကာကြယ္ၿပီးသား ျဖစ္ပါတယ္။

၂။ ေနာက္ အေရးႀကီးတာတစ္ခုကေတာ့ ဖုန္းအားသြင္းေနခ်ိန္မွာ ဖုန္းကို ေခါင္းအုံးေအာက္ထားတာ၊ ဆိုဖာေအာက္ထားတာ၊ ေနေရာင္နဲ႔တိုက္႐ိုက္ ထိေတြ႕တဲ့ ေနရာမ်ိဳးထားတာ ေတြကို လုံးဝေရွာင္ၾကဥ္ရပါမယ္။ ဖုန္းအားသြင္းေနစဥ္မွာ ေလဝင္ေလထြက္ ေကာင္းတဲ့ေနရာမွာ မထားမိရင္ အပူလြန္ကဲၿပီး မီေလာင္တာမ်ိဳးေတြ ျဖစ္တတ္ လို႔ပါပဲ။

၃။ ဖုန္းကို အသုံးျပဳစဥ္မွာ ဂိမ္းအျမင့္စားေတြကို မနာတမ္း ကစားတာမ်ိဳး၊ Full HD ဇာတ္ကားေတြကို အခ်ိန္အၾကာႀကီး ၾကည့္တာမ်ိဳး၊ VR Headset ေတြ ေတာက္ေလၽွာက္ သုံးတာမ်ိဳးစတဲ့ CPU နဲ႔ GPU ကို ဝန္ပိေစတဲ့ကိစၥေတြကို တတ္ႏိုင္သမၽွ သတိျပဳသင့္ပါတယ္။ တစ္ခ်ိဳ႕ Gaming သီးသန႔္ဖုန္း ေတြမွာေတာ့ Cooling System ေကာင္းတာေၾကာင့္ သိပ္ျပႆနာမရွိႏိုင္ေပမယ့္ သာမန္ဖုန္းေတြအေနနဲ႔ေတာ့ အပူခ်ိန္မလြန္ကေအာင္ သတိထားသင့္တာပါပဲ။

၄။ တကယ္လို႔ ဖုန္းကပူလာၿပီဆိုရင္ေတာ့ အသုံးျပဳတာကို ခဏရပ္ၿပီး screen ကို ပိတ္လိုက္သင့္ပါတယ္။ ၿပီးရင္ cover တပ္ထားရင္ ေလဝင္ေလထြက္ေကာင္းေအာင္ ခဏေလာက္ ျဖဳတ္လိုက္ပါ။ ဖုန္းကို ေအးတဲ့ေနရာမွာထားၿပီး ခဏအနားေပးလိုက္ပါ။ ဒါဆိုရင္ အပူခ်ိန္က ပုံမွန္ျပန္ျဖစ္သြား ပါလိမ့္မယ္။ တစ္ခုသတိျပဳဖို႔ကေတာ့ အဲ့လိုအခ်ိန္မွာဖုန္းကို ေရခဲေသတၱာလိုမ်ိဳး စိုထိုင္းဆမ်ားတဲ့ ေနရာေတြမွာ သြားမထည့္ထားဖို႔ေတာ့ သတိျပဳရပါမယ္။

ပုံမွန္အားျဖင့္ေတာ့ အထက္က အခ်က္ေတြကို သတိျပဳလိုက္နာမယ္ဆိုရင္ ျပႆနာျဖစ္ေလာက္ေအာင္ ဖုန္းကပူလာတာမ်ိဳးေတြ ရွိမွာမဟုတ္ပါဘူး။ ဒီဘက္ေခတ္ စမတ္ဖုန္းေတြ အမ်ားစုဟာ အပူဒဏ္ကို ေလၽွာ့ခ်ႏိုင္ဖို႔ရာ ဒီဇိုင္းဆြဲထားၿပီးသား ျဖစ္ပါတယ္။ ဒါေၾကာင့္ အပူလြန္ကဲၿပီး မီးေလာင္တာမ်ိဳးေတြက ေတာ္ေတာ္ေလးရွားပါ တယ္။ ဒါေပမဲ့ ကိုယ့္ဖုန္းက ဒီလိုဂ႐ုစိုက္တဲ့ ၾကားကမခံမရပ္ ႏိုင္ေအာင္ မၾကာခဏပူလာ ေလ့ရွိတယ္ ဆိုရင္ေတာ့ သက္ ဆိုင္ရာ Service Center ကို သြားေရာက္ျပသသင့္ပါတယ္။ Hardware ပိုင္းမွာ တစ္ခုခု ျပႆနာရွိတတ္လို႔ပါပဲ။ အားလုံး ဖုန္းအပူလြန္ကဲတဲ့ ျပႆနာေတြနဲ႔ ကင္းေဝးၾက ပါေစလို႔ ဆုေတာင္းေပးပါတယ္။

-ကိုသုတ
Ref : https://www.androidpit.com/phone-overheating#comments

[ Unicode ]

အားလုံးသိကြတဲ့အတိုင်း နွေဟာ တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး ပူလာပါတယ်။ အားပျော့တဲ့ အယ်လ်နီညိုပဲဖြစ်တယ်လို့ ဆိုထားတဲ့ ဒီနှစ်နွေရာသီမှာတောင် မြို့တွေ တစ်မြို့ပြီးတစ်မြို့ အပူချိန်စံချိန်သစ်တင်နေကြတာ မနည်းမနောပါပဲ။ ဒီနွေရဲ့ အပူဒဏ်ကို ခံစားရတဲ့သူတွေဟာ လူတွေတင် မဟုတ်ပါဘူး။ ကိုယ်တွေအနားမှာ အမြဲရှိနေတဲ့ စမတ်ဖုန်းတွေရောပါပဲ။
တကယ်တော့ ဖုန်းတွေဟာ ရာသီဥတုပူမှ မဟုတ်ပါဘူး။ ဘယ်ရာသီဥတုမှာမဆို စဖွင့်လိုက်ကတည်းက အပူတွေကို ထုတ်မှာပါပဲ။ ဒါပေမဲ့ များသောအားဖြင့်တော့ ဒီကိစ္စဟာထူးထူး ထွေထွေ ကိစ္စမရှိပါဘူး။ အဲ ဒါပေမဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အပူချိန်ထက်လွန်ကဲပြီးတော့ Overheating ဖြစ်နေပြီဆိုရင်တော့ အရေးကြီးလာပါပြီ။ စက်ကိုဟန်းသွားနိုင်စေသလို အခန့် မသင့်ရင် အထဲကဆားကစ်တွေပါ ထိနိုင်ပါတယ်။

ကဲ အခုဖုန်းတွေ အပူလွန်ကဲတာနဲ့ ပတ်သက်ပြီး အဓိကကျတဲ့ အမေးများတဲ့ မေးခွန်းလေးခုကို လေ့လာကြည့်ကြရအောင်ပါ။

ဖုန်းတွေ ဘာလို့ ပူ

ဒီမေးခွန်းရဲ့ အဖြေကတော့ ဖုန်းရဲ့ ဆားကစ်တွေထဲမှာ လှည့်ပတ်စီးဆင်းနေတဲ့ လျှပ်စစ်ကြောင့်ပါပဲ။ ဖုန်းရဲ့ ဘက်ထရီ ကနေ လျှပ်စစ်ဓာတ်ကို ဆားကစ်ထဲကိုစီးဆင်းစေဖို့ ဗို့အားနဲ့ ပို့ပေးတဲ့အခါ တစ်ချို့သော စွမ်းအင်တွေဟာ အပူစွမ်းအင် အဖြစ် ပြောင်းသွားပါတယ်။ ဒါ့အပြင် CPU, GPU တို့လိုမျိုး transistor တွေ ပြည့်ကျပ်နေ တဲ့နေရာတွေကို ဖြတ်သန်းရတဲ့ အခါမှာလည်း အပူတွေ ထွက်လာပါတယ်။

ဖုန်းမှာ ဂိမ်းအမြင့်စားတွေကို ကစားတဲ့အခါ ဒီ CPU တွေ GPU တွေဟာ အလုပ်ပိုလုပ် လာရပါတယ်။ အဲ့လို အလုပ် ပိုလုပ်ရလေ အပူပိုထွက်လေပါပဲ။ ဒါကြောင့် တစ်ချို့ဂိမ်းတွေ ကစား ပြီးချိန်မှာ ဖုန်းရဲ့ အအေးခံစနစ် (Cooling System) မကောင်းရင် မီးပူတိုက်လို့ရလောက်အောင် အထိပူလာတာပါပဲ။

တကယ်တော့ ဖုန်းတွေ အနေနဲ့ ပူတယ်ဆိုတာ ကြီးကြီးမားမား ပြဿနာမဟုတ် ပါဘူး။ Laptop တွေ Desktop တွေလိုလေဝင်လေထွက် မကောင်းတဲ့အတွက် ဘယ်ဖုန်းမဆို ပူမှာပါပဲ။ ဒါ စိုးရိမ်စရာမဟုတ်သေးပါဘူး။ အဲ စိုးရိမ်ရမယ့် အခြေအနေကတော့ မခံမရပ်နိုင် လောက်အောင် ပူလာပြီဆိုတဲ့ အချိန်ပါ။

ဘာလို့ အပူလွန်ကဲတာတွေ (Overheating) ဖြစ်ရတာလဲ

ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် ဖုန်းတွေမှာပါတဲ့ SoC (System on Chip) တွေဟာ ထွက်လာတဲ့ အပူကို လွန်လွန်ကဲကဲ မဖြစ်အောင် ကောင်းကောင်းကြီးကို ကိုင်တွယ်နိုင်ပါတယ်။ အဲ့လိုအပူ လျှော့ချနိုင်ဖို့ရာ နည်းလမ်းတွေအများကြီး ထည့်သွင်းထားပြီး သားပါ။ ဥပမာ ဖုန်းကလွန်လွန် ကဲကဲပူလာပြီဆိုရင် Processor speed ကို လျှော့ချပစ်လိုက် တာမျိုးပေါ့။ ဒါကိုမှ မရသေးဘူးဆိုရင် သုံးစွဲသူကို Warning Message ပြပြီးတော့ ဖုန်းသုံးခွင့်ကို ခဏပိတ်ပင်လိုက်ပါတယ်။ ဒီစနစ်တွေကြောင့် စမတ်ဖုန်း တွေမှာ Overheating ဖြစ်တာမျိုးက ရှားပါတယ်။

များသောအားဖြင့်တော့ ဖုန်းတွေ အပူလွန်ကဲလာရတာဟာ အလွယ်တကူ ဖြေရှင်းနိုင်တဲ့ အကြောင်းအရင်းတွေကြောင့် ဖြစ်တာများပါတယ်။ အဓိကကတော့ hardware ပိုင်းမှာ ဝန်ပိတာ (overload) ကြောင့်ပါ။ ဥပမာ Samsung Galaxy ဖုန်းတွေမှာဆို Gear VR ကို အကြာကြီးသုံးပြီးရင် ဖုန်းကတော်တော်လေး ပူလာတာကို တွေ့ရမှာပါ။ ဒါ ဖုန်းရဲ့ GPU overload ကြောင့်ပါပဲ။အဲ့လိုပါပဲ။ ဖုန်းရဲ့ CPU ကို ဝန်ပိစေတဲ့ တစ်ခြား အကြောင်းအရင်းတွေဖြစ်တဲ့ apps အများအပြား တစ်ပြိုင်နက် ဖွင့်ပြီး multitasking လုပ်တာမျိုး၊ home screen မှာ widget တွေ အများကြီး ထည့်ထားတာမျိုး၊ လိုင်းမကောင်းတဲ့နေရာမှာ Wi-Fi, Bluetooth သုံးတာမျိုးတွေဟာ ဖုန်းရဲ့ processing power အများကြီး လိုတာကြောင့် အတွင်း ပိုင်း SoC က ပူလာပါတော့တယ်။ လိုအပ်တဲ့ Processing power အတွက် ဘက်ထရီက လိုက်ဖြည့် ဆည်းပေးရတဲ့အခါ သူပါ ပူလာ ပါတယ်။

ဖုန်းတွေ overheat ဖြစ်ရတဲ့ အကြောင်းအရင်းတွေက အတွင်း ပိုင်းပြဿနာတွေကြောင့်ပဲတော့ မဟုတ်ပါဘူး။ အပြင်ဘက်က အကြောင်းအရင်းတွေကြောင့်လည်း overheat ဖြစ်နိုင်ပါတယ်။ ဥပမာ ဖုန်းကို နေရောင်ခြည် တိုက်ရိုက်ကျနေတဲ့ ကားဒတ်ရှ် ဘုတ်လိုနေရာမျိုးမှာ တင်ထားခဲ့တာ၊ ဖုန်းကို မီးဖိုထဲထည့်ထားတာ၊ ဒါတွေကြောင့်လည်း ဖုန်းကို overheat ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်က ဖုန်းကို အေးတဲ့နေရာမှာ ထားပေမယ့် သာမန်ထက် အမြဲလိုလိုပူပူ နေတတ်တယ်ဆိုရင်တော့ ဒါ ဖုန်းရဲ့အတွင်းပိုင်း hardware ပိုင်းချို့ယွင်းချက်ကြောင့် ဖြစ်နိုင်ပါတယ်။ Service Center ကို အမြန်ဆုံးသွားပြသင့်ပါတယ်။

အပူလွန်ကဲတာက ဖုန်းကို ဘယ်လိုထိခိုက်စေနိုင်လဲ

ဖုန်းတွေ ပူလာတဲ့အခါ ပထမဆုံး ထိခိုက်တာကတော့ ဘက်ထရီပါပဲ။ ဒီနေ့ခေတ် စမတ်ဖုန်းတွေမှာသုံးတဲ့ ဘက်ထရီတွေဟာ Lithium-ion battery တွေ ဖြစ်ပါတယ်။ ပိုကောင်းတဲ့ Solid-state battery တွေဟာ အခုထိတော့ စမ်းသပ်ဆဲအဆင့်မှာပဲ ရှိနေပါသေးတယ်။ အခုဒီ Lithium-ion battery တွေမှာ အဓိကအားနည်းချက်ကြီး နှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ သူတို့ဟာ သက်တမ်းတို တောင်းတာပါပဲ။ ဘက်ထရီကို မသုံးဘဲထားရင်တောင်မှ သူ့ဘာသာ တဖြည်းဖြည်းပျက်စီး (degrade) ပါတယ်။ ဒုတိယတစ်ချက်ကတော့ ဒီကောင်တွေဟာ အပူမခံနိုင်ပါဘူး။ အပူချိန် 30°C ထက် ပိုလာရင်ကို ဘက်ထရီကို ထိခိုက်တော့တာပါပဲ။ စိတ်မကောင်းစရာ တစ်ခုက တော့ ဖုန်းအားသွင်းတဲ့အချိန်တိုင်း အဲ့အပူချိန်ကို ကျော်လွန်နေကြပါပဲ။

နောက်တော်တော်လေး အဖြစ်နည်းပေမယ့် ဖြစ်လိုက်ရင်လည်း အန္တရာယ်ကြီးတာကတော့ ဘက်ထရီပေါက်ကွဲတာပါ။ ဒီလိုမျိုးဖုန်းပေါက်ကွဲတာ တွေကို အားလုံးပဲသတင်းတွေမှာ ဖတ်ဖူးကြမှာပါ။ အဲကံကောင်း တာတစ်ခုကတော့ ဒီလိုဖုန်း ပေါက်ကွဲတာမျိုးက တော်တော်လေးကို ရှားပါတယ်။ ဒီလိုဖြစ်ဖို့ရာ ဘက်ထရီမှာ thermal runaway ဆိုတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ဖို့ လိုအပ်ပါ တယ်။ ဒီဖြစ်စဉ်ကနေ ဘက်ထရီကပူသထက် ပူလာပြီးနောက်ဆုံး အပူချိန် limit တစ်ခုကို ကျော်သွား တဲ့အခါ ပေါက်ကွဲတော့တာပါပဲ။

စိတ်မပူပါနဲ့။ ဒီ thermal runaway ဖြစ်စဉ်က သာမန်ဂိမ်း ဆော့ရုံနဲ့တော့ မဖြစ်ပါဘူး။ ဖုန်းဘက်ထရီရဲ့ ဆားကစ်ထဲမှာ ချို့ယွင်းချက်ရှိတာမျိုး (Note 7 မှာ ဖြစ်ခဲ့တာက ဒီအချက်ကြောင့်ပါပဲ)၊ ဒါမှမဟုတ် ဖုန်းကိုမီးထဲ ပစ်ထည့်လိုက်တာမျိုးတွေ ဖြစ်မှသာ ဖြစ်နိုင်တာပါ။ ဘက်ထရီတစ်ခု ပေါက်ကွဲဖို့ရာ 200°C အထက် ကျော်လွန် ရမှာပါ။ ပုံမှန်အတိုင်းဆို ဒီလောက်ပူဖို့ရာ တော်တော်လေး ဖြစ်နိုင်ချေ နည်းပါတယ်။

ဖုန်း overheat ရဲ့ ဒုတိယ သားကောင်ကတော့ CPU တွေ GPU တွေပါတဲ့ SoC ပါပဲ။ ဖုန်းက အရမ်းပူလာတဲ့အခါ ဟန်းလာတာကို တော်တော်များများ သတိပြုမိကြမှာပါ။ ဒါဟာ
တကယ်တော့ ဖုန်းကို အကာအကွယ်ပေးဖို့ လုပ်ထားတဲ့ safeguard feature တစ်ခုပါပဲ။ SoC တွေဟာ သတ်မှတ်အပူ ချိန်ထက် မြင့်လာတဲ့အခါ processing speed ကို လျှော့ချပစ်ပါတယ်။ ဒါကို throttle လုပ်တယ်လို့ ခေါ်ပါတယ်။ တကယ်လို့ ဒီလိုလုပ်လို့မှ အပူချိန်က မလျှော့သွားဘူးဆို ရင်တော့ ကြာလာရင် SoC ရဲ့ဆားကစ်တွေကိုပါ ထိခိုက်လာနိုင် ပါတယ်။ အဲ့အခါ ဖုန်းက power မတက်တော့တာတွေ ဖြစ်လာနိုင်ပါတယ်။

Overheat မဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ

ရာသီဥတုပူပြင်းတဲ့အချိန်မှာ ဖုန်းကို လွန်လွန်ကဲကဲ ပူတာမျိုးမဖြစ်ရလေအောင် အောက်က အချက်လေးတွေကို သတိပြုလိုက် နာဖို့ အကြံပေးပါရစေ။

၁။ ဖုန်းကို တစ်ညလုံး အားသွင်းတာမျိုးတွေ၊ အားသွင်းတာကို ဂရုမစိုက်ဘဲ ပစ်ထားတာ မျိုးတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။ ဖုန်းအားသွင်း တဲ့နေရာမှာလည်း 10% လောက်ကနေ 100% လောက်အထိ သွင်းတာမျိုးက ဘက်ထရီ သက်တမ်းတိုစေပါတယ်။ အဲ့အစားတစ်ခါသွင်းရင် 30% လောက် ကနေ 80% လောက်အထိပဲ သွင်းသင့်ပါတယ်။ နည်းနည်းနဲ့ ခဏခဏသွင်းတာက ဘက်ထရီကို ထိန်းသိမ်းရာရောက်ပါတယ်။ ဘက်ထရီ အပူလွန်ကဲတာမျိုးကိုလည်း ကာကွယ်ပြီးသား ဖြစ်ပါတယ်။

၂။ နောက် အရေးကြီးတာတစ်ခုကတော့ ဖုန်းအားသွင်းနေချိန်မှာ ဖုန်းကို ခေါင်းအုံးအောက်ထားတာ၊ ဆိုဖာအောက်ထားတာ၊ နေရောင်နဲ့တိုက်ရိုက် ထိတွေ့တဲ့ နေရာမျိုးထားတာ တွေကို လုံးဝရှောင်ကြဉ်ရပါမယ်။ ဖုန်းအားသွင်းနေစဉ်မှာ လေဝင်လေထွက် ကောင်းတဲ့နေရာမှာ မထားမိရင် အပူလွန်ကဲပြီး မီလောင်တာမျိုးတွေ ဖြစ်တတ် လို့ပါပဲ။

၃။ ဖုန်းကို အသုံးပြုစဉ်မှာ ဂိမ်းအမြင့်စားတွေကို မနာတမ်း ကစားတာမျိုး၊ Full HD ဇာတ်ကားတွေကို အချိန်အကြာကြီး ကြည့်တာမျိုး၊ VR Headset တွေ တောက်လျှောက် သုံးတာမျိုးစတဲ့ CPU နဲ့ GPU ကို ဝန်ပိစေတဲ့ကိစ္စတွေကို တတ်နိုင်သမျှ သတိပြုသင့်ပါတယ်။ တစ်ချို့ Gaming သီးသန့်ဖုန်း တွေမှာတော့ Cooling System ကောင်းတာကြောင့် သိပ်ပြဿနာမရှိနိုင်ပေမယ့် သာမန်ဖုန်းတွေအနေနဲ့တော့ အပူချိန်မလွန်ကအောင် သတိထားသင့်တာပါပဲ။

၄။ တကယ်လို့ ဖုန်းကပူလာပြီဆိုရင်တော့ အသုံးပြုတာကို ခဏရပ်ပြီး screen ကို ပိတ်လိုက်သင့်ပါတယ်။ ပြီးရင် cover တပ်ထားရင် လေဝင်လေထွက်ကောင်းအောင် ခဏလောက် ဖြုတ်လိုက်ပါ။ ဖုန်းကို အေးတဲ့နေရာမှာထားပြီး ခဏအနားပေးလိုက်ပါ။ ဒါဆိုရင် အပူချိန်က ပုံမှန်ပြန်ဖြစ်သွား ပါလိမ့်မယ်။ တစ်ခုသတိပြုဖို့ကတော့ အဲ့လိုအချိန်မှာဖုန်းကို ရေခဲသေတ္တာလိုမျိုး စိုထိုင်းဆများတဲ့ နေရာတွေမှာ သွားမထည့်ထားဖို့တော့ သတိပြုရပါမယ်။

ပုံမှန်အားဖြင့်တော့ အထက်က အချက်တွေကို သတိပြုလိုက်နာမယ်ဆိုရင် ပြဿနာဖြစ်လောက်အောင် ဖုန်းကပူလာတာမျိုးတွေ ရှိမှာမဟုတ်ပါဘူး။ ဒီဘက်ခေတ် စမတ်ဖုန်းတွေ အများစုဟာ အပူဒဏ်ကို လျှော့ချနိုင်ဖို့ရာ ဒီဇိုင်းဆွဲထားပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် အပူလွန်ကဲပြီး မီးလောင်တာမျိုးတွေက တော်တော်လေးရှားပါ တယ်။ ဒါပေမဲ့ ကိုယ့်ဖုန်းက ဒီလိုဂရုစိုက်တဲ့ ကြားကမခံမရပ် နိုင်အောင် မကြာခဏပူလာ လေ့ရှိတယ် ဆိုရင်တော့ သက် ဆိုင်ရာ Service Center ကို သွားရောက်ပြသသင့်ပါတယ်။ Hardware ပိုင်းမှာ တစ်ခုခု ပြဿနာရှိတတ်လို့ပါပဲ။ အားလုံး ဖုန်းအပူလွန်ကဲတဲ့ ပြဿနာတွေနဲ့ ကင်းဝေးကြ ပါစေလို့ ဆုတောင်းပေးပါတယ်။

Ref : https://www.androidpit.com/phone-overheating#comments