နွေရာသီကျောင်းပိတ်ရက် ကလေးများအတွက်သင်တန်း

အားလုံးရဲ့ ကျောင်းပိတ်ချိန်နွေရာသီကို ရောက်ရှိလို့ လာပြန်ပါပြီ။ ကလေးငယ်တွေအတွက် အနားယူဖို့ကောင်းတဲ့ အချိန်ဆိုပေမဲ့ ကျောင်းပြင်ပ ဗဟုသုတတွေကို လေ့လာဆည်း ပူးရမယ့်အချိန်လည်း ဖြစ်ပါတယ်။ အဲ့အတွက် ကလေးငယ်တွေတက်ရောက်နိုင်မယ့် နွေရာသီသင်တန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ နွေရာသီတင်မဟုတ်ဘဲ Regular Class လေးတွေလဲရှိတာမို့ အဆင်ပြေစေမှာပါ။

STEM သင်တန်းများ

City College Yangon မှနွေရာသီတွင် STEM with Robotics နဲ့ STEM with Computer Science တွေကို ဖွင့်လှစ်မှာဖြစ်ပါတယ်။

STEM with Robotics

ဒီသင်တန်းမှာဆိုရင်ကလေး တွေကိုယ်တိုင် စက်ရုပ်လေးတွေကို တည်ဆောက်နိုင်ဖို့ အခြေခံဖြစ်တဲ့ Lever, Gear ပုံစံငယ်လေးတွေ တည်ဆောက်တာကစပြီး စက်ရုပ်တစ်ခုကို အလိုအလျောက်လှုပ် ရှားစေနိုင်တဲ့အထိ Level အလိုက် သင်ကြားပေးသွားမှာပါ။

STEM with Computer Sciences

ဒီသင်တန်းမှာဆိုရင်လည်း ကလေးတွေကို ကွန်ပျုတာအခြေခံ mouse ကိုင်တာကစပြီး Animation လေးတွေ Game လေးတွေကို ကိုယ်တိုင်ဖန်တီးနိုင်တဲ့အထိ သင်ပေးသွားမှာပါ။ Grade (2) မှ Grade(12) ထိ ကျောင်းသားကျောင်းသူတွေ တက်ရောက်နိုင်ပါတယ်။

ဒိုင်းမွန်းကွန်ဒို၊ တာဝါ (အေ) ပထမထပ်၊ လှည်းတန်း၊ ပြည်လမ်း၊ရန်ကုန်မြို့ ဖုန်း၊၀၉ ၄၅၀၆၃၄၄၀၂ ~ ၎

တယောနှင့် စန္ဒရား အခြေခံသင်တန်း

အသက် ၈ နှစ်မှ စတင်ကာ တက်ရောက်နိုင်ပါတယ်။ အပျော် တမ်းမှ ကျွမ်းကျင်အဆင့်ထိ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

TRI Family တယော သင်တန်းကျောင်း၊ဖုန်း၀၉- ၂၅၀၅၁၆၇၃၅၊ ၀၉-၅၀၅၂၂၆၁၊ အမှတ် ၄၉ ဘီ၊ သီတာမှတ်တိုင်၊ ဒဂုံသီရိလမ်း ကျောက်မြောင်း မြို့ နယ်။

အင်္ဂလိပ်စာသင်တန်း

အသက် ၅ နှစ်နှင့် အထက်ကလေးငယ်တွေအတွက် အင်္ဂလိပ်စာ 4 skills နွေရာသီသင်တန်းတွေကို ဖွင့်လှစ်သင်ကြားမှာဖြစ်ပါတယ်။ နိုင်ငံတကာ အဆင့်မှသင် ရိုးညွှန်းတမ်း စာအုပ်တွေကို အသုံးပြု သင်ကြားပေးသွားမှာပါ။ သင်တန်းပြီးဆုံးပါက Certificate ပေးအပ်မှာဖြစ်ပါတယ်။ စနေ၊ တနင်္ဂနွေတန်းတွေဖြစ်ပြီး သင်တန်းကြေး သုံးသောင်းကျပ်နဲ့ Registration Fees နှစ်သောင်းကျပ် ပေးသွင်းရမှာဖြစ်ပါတယ်။

အမှတ် ၆၄၊ A-4၊ နှင်းဆီ လမ်း၊ စုပေါင်းအိမ်ယာ၊ ၁/ထူပါ ရုံရပ်ကွက်၊ သာကေတမြို့နယ်။

ဖုန်း-၀၉၉၆၉၀၇၃၅၈၇၊၀၉ ၉၇၅၅၇၅၈၆၇၊၀၉၉၆၉၁၁၅၁၁၉ ,၀၉၄၄၈၀၀၂၃၄၈

ပုံမှန် Art Class

ပန်းချီပညာရပ်ဖြင့် ဘွဲ့ရရှိ ထားသော ဆရာ၊ ဆရာမများက သင်ကြားပေးမှာဖြစ်ပြီး သင်တန်းကြေးကတော့ ၈၀,၀၀၀ ကျပ်ဖြစ်ပါတယ်။ တက်ရောက်လိုသူတွေ အနေနဲ့ အင်္ဂါနဲ့သောကြာနေ့ (နံနက် ၁၀ နာရီမှ ၁၂ နာရီ (သို့မဟုတ်) တစ်နာရီ မှ ၂ နာရီ)၊ စနေ၊ တနင်္ဂနွေ (နံနက် ၁၀ နာရီမှ ၁၂ နာရီ (သို့မဟုတ်) နေ့လယ် ၁ နာရီ မှ ၂ နာရီ) အစရှိတဲ့အချိန် တွေကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။ သင်ထောက်ကူပစ္စည်းတွေ အပြည့်အစုံထားရှိပေးမှာ ဖြစ်ပါတယ်။

ဖုန်း – ၀၉၇၉၉၀၄၂၀၀၃၊ ၀၉၇၉၄၆၅၂၂၇၁၊၀၉၇၆၇၈၈ ၄၁၅၀

လိပ်စာ – Cafe Ceasar အနီးရွှေတောင်ကြားလမ်း၊ ဗဟန်းမြို့ နယ်။

ရေကူးသင်တန်း

တက္ကသိုလ်များ ရေကူးကန် (သထုံလမ်း) မှာ မြန်မာ့လက်ရွေးစင် ရေကူးနည်းပြဆရာ၊ဆရာမများကို ကိုယ်တိုင်ဦးစီးသင်ကြား ပေးတာဖြစ်ပါတယ်။ သင်တန်းချိန်တွေကတော့ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ တွေဖြစ်ပြီး သင်တန်းကြေးအနေနဲ့ လေးသောင်းကျပ် (ရိုးရိုး)၊ ခြောက်သောင်းကျပ် (သီးသန့်) တွေပဲဖြစ်ပါတယ်။ ပိတ်ရက် တက်ရောက်လိုသူများအတွက် လည်း သင်တန်းချိန်တွေရှိမှာ ဖြစ်ပါတယ်။

ဖုန်း – ၀၁-၅၀၀၅၄၄၊ ၀၉ ၅၁၇၉၇၂၁၊ ၀၉၅၁၈၀၂၈၄

ကွန်ပျူတာသင်တန်းများ

နွေရာသီ ကျောင်းပိတ်ရက် ကာလတွေမှာ အချိန်တိုင်းကို အကျိုးရှိရှိ အသုံးချနိုင်စေဖို့ KMD မှာ ကလေးတွေအတွက် ကွန်ပျူတာ သင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးနေပါတယ်။ ကွန်ပျူတာအခြေခံကို စတင်လေ့လာမယ့် ကလေးများအတွက် Office forKids သင်တန်း၊ ကွန်ပျူတာအသုံးပြုပြီး ဓာတ်ပုံဒီဇိုင်း၊ ကာတွန်းရုပ်ပြောင် ဒီဇိုင်းများ ဖန်တီးတက်စေဖို့အတွက် Photo Editing for Kids သင်တန်း၊ ဝက်ဘ်ဆိုက်တစ်ခု ဖန်တီးတတ်စေရန်အတွက် Web Design for Kids သင်တန်း၊ Internet အသုံးပြု၍ Online ပေါ်မှတဆင့် ပညာရေး ဝက်ဘ်ဆိုက်များ၊ အထွေထွေဗဟုသုတများ လေ့လာဆည်းပူးတတ် စေဖို့အတွက် Internet for Kids သင်တန်း၊ Animation များ၊ စိတ်ဝင်စားဖွယ်ကောင်းသော Game Program များ ဖန်တီးရေးဆွဲ တတ်စေရန်အတွက် Creative Programming for Kids သင်တန်း၊ ကျောင်းပြိုင်ပွဲများတွင် Presentation Slide များဖြင့် ရှင်းလင်း တင်ပြချင်သော ကလေးများအတွက် PowerPoint Presentation for Kids သင်တန်း၊ ကွန်ပျူတာတစ်လုံးကို မိမိကိုယ်တိုင် လက်တွေ့ပြင်ဆင် တပ်ဆင်ခြင်းကို စိတ်ဝင်စားသော ကလေးများအတွက် Practical A+ for Kids သင်တန်း၊ ကွန်ပျူတာကို အသုံးပြု၍ပန်းချီပြိုင်ပွဲဝင်လိုသော ကလေးများအတွက် စိတ်တိုင်းကျ Logo Design များ၊ ပန်းချီရုပ်ပြဒီဇိုင်းများ ရေးဆွဲဖန်တီးတက်စေရန် Corel Draw for Kids သင်တန်း၊ Robot စက်ရုပ်လေးတွေကို ကိုယ်တိုင်တပ်ဆင်ပြီး မိမိစိတ်ကူးဖြင့် ကိုယ်တိုင်ခိုင်းစေချင်သည့် ကလေးများအတွက် Robotic Engineering for Kids သင်တန်း၊ Facebook
အသုံးပြုမှုကို နည်းလမ်းမှန်ကန် စွာ စနစ်တကျနှင့် အကျိုးရှိစွာ အသုံးချတတ်စေမည့် Facebook for Kids သင်တန်းတွေ တက် ရောက်နိုင်မှာဖြစ်ပါတယ်။

KMD Institute

လိပ်စာ – အမှတ်၁၇၄-၁၈၂၊ ပန်းဆိုးတန်းလမ်း (အလယ်ဘလောက်) ၊ ကျောက်တံတားမြို့နယ်။
ဖုန်း- 09-262600450

မိန်းကလေးသီးသန့် ဂျူဒိုသင်တန်း

ကြိုတင်မမြင်နိုင်သော အန္တရာယ်များမှ လွတ်မြောက်နိုင်ရန် The Queens မှ မိန်းကလေးသီးသန့် Judo (တိုက်ခိုက်ရေး နည်းပညာ) သင်တန်းကို ဖွင့်လှစ်မှာဖြစ်ပါတယ်။ သင်တန်းကာလ ၂ လဖြစ်ပါတယ်။ သင်တန်းချိန်တွေကတော့ အပတ်စဉ် စနေ၊ တနင်္ဂနွေ၊ နံနက် ၉ နာရီခွဲမှ ၁၀ နာရီခွဲထိ ဖြစ်ပါတယ်။

The Queen

လိပ်စာ – အမှတ် ၁၅၊ ရန်ကင်းလမ်း၊ စမ်းချောင်း၊မြေနီကုန်း
ဖုန်း – 09955449797

Primary Plus အင်္ဂလိပ်စာ သင်တန်း

အသက် ၇ နှစ်မှ ၁၂ နှစ် အထိ ကလေးတွေအတွက် Primary Plus အင်္ဂလိပ်စာသင်တန်းကို ဗြိတိသျှကောင်စီမြန်မာက ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းမှာ Four Skills အင်္ဂလိပ်စာ ကျွမ်းကျင်မှု၊ အင်္ဂလိပ် ဘာသာအသုံးပြုပြီး ပြောဆိုဆက်ဆံရာမှာ ကိုယ့်ကိုယ်ကိုယုံကြည် မှု၊ Cambridge Exam အတွက် ပြင်ဆင်မှု၊ လက်တွေ့ဘဝအတွက် ပဓာနကျသော စွမ်းရည်များအပြင် လက်တွေ့ကမ္ဘာ့ဗဟုသုတ ဖွံ့ဖြိုးရေးတွေကို သင်ကြားပေးမှာ ဖြစ်ပါတယ်။

Primary Plus ကို အသက် ၆ နှစ်မှစ၍ လက်ခံပေးသွား မှာဖြစ်ပြီး ဧပြီလမှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ တစ်နှစ်မှာ တန်းခွဲလေးခု (ဇန်နဝါရီ၊ ဧပြီ၊ ဇူလိုင်၊ အောက်တိုဘာ) ဖွင့်လှစ် သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဗြိတိသျှ ကောင်စီ (ရန်ကုန်)

ဖုန်း – ၂၅၆၂၉ဝ ၊ ၂၅၆၂၉၁ ၊ ၂၅၄၆၅၈ နဲ့ ၂၅၄၉၆၃