ေျမငလ်င္လႈပ္ျခင္းျဖင့္ အေဆာက္အဦးမ်ား နစ္ျမဳပ္ၿပိဳက်ျခင္းအေပၚ နည္းပညာဆိုင္ရာ ေလ့လာျခင္း

[ Zawgyi ]

ငလ်င္လႈပ္ခတ္ျခင္းသည္ မည္မွ် ဆိုးက်ိဳးသက္ေရာက္မႈရွိသည္ကို အထူးတလည္ ေရးသားေဖာ္ျပေနရန္ မလိုအပ္ေပ။ ထုိသို႔လႈပ္ခတ္သည့္အခါ အေဆာက္အဦမ်ား ေအာက္ရွိ ေျမႀကီးသည္ မည္ကဲ့သို႔ေသာပံုစံျဖင့္ ျဖစ္တည္လ်က္ ၿပိဳက်ပ်က္ဆီးျခင္းကို ျဖစ္ေစႏုိင္သည္ကို ငလ်င္လႈပ္ျခင္းေၾကာင့္ ၿပိဳက်ပ်က္ဆီးသည္ဟု သာမန္မယူဆသင့္ဘဲ နည္းပညာပိုင္း ဆိုင္ရာျဖင့္ မည္သည့္ အေၾကာင္းေၾကာင့္ ေလ့လာသံုးသပ္မိရန္ လိုအပ္ပါသည္။ ထုိျဖစ္စဥ္မ်ားထဲမွ ေအာက္ခံအေျခအေန ပ်က္ယြင္းျခင္းေၾကာင့္ ၿပိဳက်ပ်က္ဆီးရသည့္ Liquefaction အေၾကာင္းကို ေရးသားေဖာ္ျပ လိုက္ရပါသည္။ Liquefaction ဆိုသည္မွာ ဘူမိနည္းပညာ ေျမငလ်င္ အင္ဂ်င္နီယာဘာသာရပ္ (Geotechnical Earthquake Engineering) တြင္ အေရးႀကီးၿပီး စိတ္ဝင္စားဖြယ္ ေကာင္းသလို ႐ႈပ္ေထြး၍ အျငင္းပြားဖြယ္ေကာင္းေသာ အေၾကာင္းအရာ တစ္ခုလည္းျဖစ္သည္။ ဖ်က္ဆီးမႈပမာဏျမင့္မားခဲ့သည့္ ၁၉၆၄ ခုႏွစ္၏ အခ်ိန္ ၃ လတာ ကာလအတြင္း ျဖစ္ေပၚခဲ့ၿပီးအ လက္စကာတြင္ လႈပ္သြားခဲ့သည့္ ျပင္းအား ၉.၂ ရွိေသာ Good Friday ဟု အမည္ရ ေျမငလ်င္ႏွင့္ ဂ်ပန္တြင္လႈပ္ သြားခဲ့သည့္ ျပင္းအား ၇.၅ ရွိေသာ Niigata ေျမငလ်င္တို႔သည္ ဘူမိနည္းပညာ အင္ဂ်င္နီယာမ်ားအတြက္ သတိအၿမဲျပဳမိေနေစခဲ့ ေပသည္။

အဆိုပါ ငလ်င္ႏွစ္ခုတြင္ Liquefaction ဆိုင္ရာ ထိခိုက္မႈမ်ားကို ေတြ႕ျမင္ႏိုင္မည္ျဖစ္ၿပီး ၎တြင္ ေျမကြ်ံျခင္း၊ တံတားႏွင့္ အေဆာက္အဦ ေအာက္ေျခမ်ားၿပိဳက်ျခင္းႏွင့္ အေဆာက္အဦမ်ား ပ်က္စီးျခင္းအစရွိသည္ တို႔ပါဝင္သည္။ အဆိုပါငလ်င္မ်ား လႈပ္ခတ္ၿပီး ႏွစ္ေပါင္း ၃၀ ၾကာသည္အထိ ကမာၻတစ္ဝန္းမွ ပညာရွင္ေပါင္း တစ္ရာေက်ာ္အေနျဖင့္ ၎အေၾကာင္းအရာကို ေလ့လာစူးစမ္းမႈမ်ား ျပဳလုပ္ခဲ့ၾကသည္။ အခ်ိန္မ်ားစြာေလ့လာ ၿပီးေသာ္လည္း အဆိုပါေလ့လာမႈ လမ္းေၾကာင္းသည္ လြယ္ကူေခ်ာေမြ႕မႈေတာ့ မရွိခဲ့ေပ။ ကြဲျပားျခားနားေသာ ပညာရပ္မ်ား၊ လုပ္ထံုး လုပ္နည္းမ်ား၊ ေလ့လာဆန္းစစ္မႈဆိုင္ရာ နည္းလမ္းမ်ားစြာကို အဆိုျပဳခဲ့ၾကေသာ္လည္း ေအာင္ျမင္မႈရလဒ္သည္ ေႏွးေကြးစြာျဖစ္ ေပၚေနဆဲပင္ျဖစ္သည္။ လက္ရွိႏွစ္မ်ားအတြင္း အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ ျဖစ္ေပၚခဲ့သည့္ အေၾကာင္းအရာမ်ားကို အေျခခံကာ ယူဆမႈဆိုင္ရာအမ်ိဳးမ်ိဳးကို အဓိပၸာယ္ ျပည့္ေျမာက္စြာျဖင့္ သတ္မွတ္ႏိုင္ေစရန္ ျပန္လည္ညွိႏိႈင္းျခင္းမ်ား ျပဳလုပ္ခဲ့ၾကသည္။ Liquefaction ဟူေသာ ေ၀ါဟာရအား ဆက္စပ္သလို ကြဲျပားျခားနားစြာျဖင့္ အသံုးျပဳခဲ့ၾကၿပီးလည္း ျဖစ္သည္။ Liquefaction ေဝၚဟာရ၏ မူလအစသည္ Mogami ႏွင့္ Kubo တို႔မွ ၁၉၅၃ ခုႏွစ္တြင္ အမည္သတ္ မွတ္ခဲ့ၾကျခင္းလည္းျဖစ္ၿပီး သဘာဝျဖစ္စဥ္ အမ်ိဳးမ်ိဳးအတြက္လည္း သတ္မွတ္အသံုးျပဳခဲ့ၾကသလို ထိုသို႔ သတ္မွတ္မႈမ်ားအထဲတြင္ အေျခအေန အမ်ိဳးမ်ိဳးေၾကာင့္ ေျမႀကီးပံုပ်က္ေစျခင္းသည္လည္း အပါအဝင္ျဖစ္သည္။ ေျမႀကီးအေပၚသို႔ က်ေရာက္သည့္ ေရမ်ားစိမ့္ေရအျဖစ္ ျပန္လည္စြန္႔ထုတ္သြားျခင္းမရွိဘဲ ျဖစ္ေပၚ ေနမႈမ်ားကိုလည္း Liquefaction ၀ိေသသလကၡဏာအျဖစ္ ယူဆသတ္မွတ္ႏိုင္ေပသည္။

တည္ၿငိမ္မႈႏွင့္ ထပ္တလဲလဲျဖစ္ေနေသာ ျဖစ္တည္မႈႏွစ္မ်ိဳးစလံုးေအာက္တြင္ ေျမႀကီးက်စ္လ်စ္ သိပ္သည္းမႈမရွိျခင္းသည္ ယိုင္းယိုင္မႈမ်ားကို ျဖစ္ေပၚေစႏိုင္ပါသည္။ ေျခာက္ေသြ႕သည့္ က်စ္လ်စ္ေသာေျမႀကီးတြင္ စိမ့္ေရအေနျဖင့္ အလြယ္တကူ ေအာက္သို႔ ေဖာက္ထြင္းမက်ေစသည့္အခါ မ်က္ႏွာျပင္ေပၚတြင္ စိမ္ေပါက္ဖိ အားတိုးလာၿပီး ခံႏိုင္ေသာဖိအားကို ေလ်ာ့က်ေစပါသည္။ Liquefaction ေဝၚဟာရကို Flow Liquefaction ႏွင့္ Cyclic Mobility ဟူ၍ အဓိကအုပ္စုႀကီးႏွစ္ခုအျဖစ္ ခြဲျခာထားႏုိင္ပါသည္။ လက္ေတြ႕နယ္ပယ္တြင္ Flow Liquefaction ျဖစ္စဥ္သည္ နည္းပါးစြာေပၚေပါက္ေသာ္လည္း Cyclic Liquefaction ျဖစ္စဥ္ သက္ေရာက္မႈသည္ ပိုမိုသည္ကို ေတြ႕ရွိရသည္။ Cyclic Liquefaction ျဖစ္စဥ္သည္
ေျမႀကီး၏ အေျခအေနအမ်ိဳးမ်ိဳး တြင္ ျဖစ္ေပၚႏိုင္သလို ထိခိုက္ပ်က္စီးႏိုင္မႈသည္လည္း ျမင့္မားပါသည္။

Flow Liquefaction

Liquefaction ႏွင့္ ပတ္သက္ဆက္ႏြယ္ေသာ ေဝၚဟာရအားလံုးထက္ အံၾသဖြယ္ေကာင္းေသာ သက္ေရာက္မႈသည္ Flow Liquefaction ျဖစ္ၿပီး မတည္ၿငိမ္ေသာ အေျခအေနမ်ိဳးတြင္ Flow Failures ဟုလည္း သတ္မွတ္ၾကသည္။ ေျမႀကီးထုထည္၏ တည္ၿငိမ္သည့္ ဟန္ခ်က္ညီမႈအတြက္ ဖိအားလိုအပ္ခ်က္သည္ အရည္အေျခအေနမ်ိဳးတြင္ ရွိေသာ ေျမႀကီး၏ ဖိအားထက္ မ်ားျပားေနသည့္အခါတြင္ Flow Liquefaction ကို ျဖစ္ေပၚေစပါသည္။ ႀကီးမားေသာ ပံုပ်က္ယြင္းျခင္းဆိုင္ရာ အစပ်ိဳးမႈသည္ Flow Liquefaction ကိုျဖစ္ေစၿပီး ၎သည္ တည္ၿငိမ္ေသာ ဖိအားေၾကာင့္လည္း ျဖစ္ေပၚေစႏုိင္သည္။ ထပ္တလဲလဲျဖစ္ေနေသာ ဖိအားအေျခအေနေၾကာင့္ ေျမႀကီးကို မတည္ၿငိမ္မႈမ်ားျဖစ္ေစၿပီး အားေကာင္းေသာ အစက္က် မႈမ်ားျဖစ္ေပၚေစျခင္းျဖင့္ တည္ၿငိမ္ေသာ ဖိအားကိုျဖစ္ေစကာ Flow Failure ကိုျဖစ္ေပၚေစပါသည္။ Flow Liquefaction Failure မ်ား၏ လကၡဏာမ်ားသည္ အရည္ျဒပ္ပစၥည္းမ်ား၏ ေရႊ႕လ်ားမႈႏွင့္ဆိုင္ကာ အရွိန္ႏႈန္းလ်င္ျမန္စြာျဖင့္ က်ယ္ျပန္႔စြာျဖစ္ေပၚ တက္ေပသည္။ Sheffield Dam ႏွင့္ Lower San Fernando Dam တို႔သည္ Flow Liquefaction ၏ ဥပမာမ်ား ျဖစ္သည္။

Cyclic Mobility

Cyclic Mobility အျခားေသာ သတ္မွတ္ခ်က္တစ္ခုသည္ ေျမငလ်င္လႈပ္ခတ္မႈ ျဖစ္စဥ္အတြင္း အၿမဲတမ္း ပမာဏႀကီးမားစြာ ပ်က္ယြင္းေစျခင္းကို ျဖစ္ေပၚေစျခင္းဟု ဆုိသည္။ ၎တြင္
အရည္ျဖစ္ေနေသာ ေျမႀကီးတင္း အားထက္ တည္ၿငိမ္ဖိအားသည္ နည္းေနေသာအခါ Cyclic Mobility ကိုျဖစ္ေပၚေစပါသည္။ ငလ်င္ လႈပ္ခတ္ေနစဥ္အတြင္း Cyclic Mobility ေၾကာင့္ ပ်က္ယြင္းမႈကို ႏွစ္ဆျဖစ္ေပၚေစ ႏိုင္ပါသည္။

Flow Liquefaction ႏွင့္ ႏိႈင္းယွဥ္ၾကည့္မည္ဆိုလ်င္ Cyclic ႏွင့္ Static ဖိအားမ်ားေၾကာင့္ Cyclic Mobility ကို ျဖစ္ေပၚေစၿပီး ပ်က္ယြင္းျခင္းကို ေဖာ္ေဆာင္ေစပါသည္။ အဆိုပါပ်က္ယြင္း ျခင္းကို Lateral Spreading ဟု ေဝၚဟာရသတ္မွတ္ၿပီး ေရႏွင့္ကပ္လ်က္ရွိေသာေျမႀကီးကို ျပားေစျခင္း၊ သို႔မဟုတ္ ကုန္းေစာင္းေျမႀကီးအျဖစ္ တျဖည္းျဖည္း ျဖစ္ေပၚေစပါသည္။ ျဖစ္ေပၚခဲ့ေသာ ရလဒ္မ်ားအရ Lateral Spreading (ေဘးတိုက္ ေရႊ႕လ်ားျခင္း) သည္ သိသာထင္ရွားေသာ ထိခိုက္မႈမ်ားကိုျဖစ္ေစပါသည္။

Cyclic Mobility ၏ အေရးႀကီးေသာ ျဖစ္ရပ္သည္ Level-ground Liquefaction ပင္ျဖစ္သည္။ အဘယ္ေၾကာင့္ ဆိုေသာ္ငလ်င္လႈပ္ခတ္သည့္အခါ တည္ၿငိမ္ေသာ မ်က္ႏွာျပင္ဖိအားသည္ ေဘးတိုက္ပံု ပ်က္ယြင္းမႈကိုျဖစ္ ေပၚေစႏိုင္ၿပီး ထြက္ေပါက္မရွိသလို Level-ground Liquefaction ကို ႀကီးစြာထုတ္ လုပ္ျခင္းျဖင့္ ပရမ္းပတာအေျခ အေနကို ျဖစ္ေပၚေစေသာ္လည္း ေျမႀကီး၏ ေဘးတိုက္ေရြ႕လ်ားမႈ အေျခအေနကို အနည္းငယ္သာ ျဖစ္ေစပါသည္။ ေျမငလ်င္လႈပ္ျခင္းေၾကာင့္ စိမ့္ေရမ်ားအေပၚသုိ႔ ျပန္တက္လာျခင္းျဖင့္ Level-ground Liquefaction Failures ကို ျဖစ္ေပၚေစပါသည္။ ေျမငလ်င္ လႈပ္ခတ္မႈၿပီးေနာက္ Level-ground Liquefaction Failures အေနျဖင့္ ေပၚေပါက္ႏိုင္သလို အရည္ညီမွ်မႈ ဟန္ခ်က္ညီခ်င္း ျဖစ္ေစရန္အတြက္လည္း အခ်ိန္အေပၚ မူတည္ေပသည္။ Level-ground Liquefaction Failures ၏ ၀ိေသသလကၡဏာမ်ားတြင္ ေျမနိမ့္ပိုင္းေနရာမ်ားတြင္ ျဖစ္ေပၚ တတ္သည့္ သဲဆူပြတ္ျခင္း (Sand Soils) မ်ားကိုလည္း ေတြ႕ျမင္ႏိုင္မည္ျဖစ္သည္။

Flow Liquefaction ႏွင့္ Cyclic Mobility သည္ ျဖစ္ေပၚ ေစသည့္ေနရာအေပၚတြင္ ေသခ်ာေပါက္ ထိခိုက္မႈကို ျဖစ္ေစႏိုင္ပါသည္။ ထို႔အတြက္ေၾကာင့္ အဆိုပါျဖစ္စဥ္ ၂ ခုအတြက္ Liquefaction အႏၱရာယ္ရွိမႈ အေျခအေနကို ျပည့္စံုစြာေဖာ္ျပေပးရန္ လိုအပ္ေပသည္။ ေျမႀကီးအမ်ိဳးအစားအားလံုးသည္ Liquefaction ျဖစ္ေပၚေစျခင္းေတာ့ မရွိေပ။ Liquefaction အႏၱရာယ္ ရွိမႈအတြက္ ပထမဆံုးျဖစ္ေပၚႏိုင္သည့္ အေျခအေနသည္ Liquefaction Susceptibility (ယိုင္းယိႈင္မႈ) ကပင္ စတင္ပါသည္။ ေျမႀကီး အေနျဖင့္ ခံႏိုင္ရည္ရွိလွ်င္ အဆိုပါအႏၲရာယ္ရွိမႈ အေျခအေနျဖစ္ ေပၚျခင္းရွိမည္ မဟုတ္ေပ။ ေျမႀကီးအေနျဖင့္ ယိုင္းယိႈင္မႈျဖစ္သည္ဆိုလွ်င္ Liquefaction ဆိုင္ရာ ကနဦးအေျခအေနကို ျဖစ္ ေစမည္ျဖစ္ၿပီး ထိေရာက္မႈသည္လည္း ျဖစ္ေပၚလာမည္ျဖစ္ သည္။ Flow Liquefaction ႏွင့္ Cyclic Mobility အတြက္ အခ်ိဳ႕ေသာ အခ်က္မ်ားသည္ ကြဲျပားမႈမ်ား ရွိေနသလို Liquefaction Susceptibility တြင္လည္း စံသတ္မွတ္ခ်က္မ်ား ရွိေပသည္။ အဆိုပါအခ်က္မ်ားတြင္ သမိုင္းေၾကာင္း၊ ဘူမိေဗဒ၊ ေပါင္းစပ္ပါဝင္မႈ အေျခ အေနႏွင့္ စံအေျခအေနတို႔ျဖစ္သည္။

Liquefaction အမူအက်င့္မ်ားႏွင့္ ပတ္သက္၍ အေကာင္းဆံုးေသာ သတင္းအခ်က္အလက္မ်ားကို ရယူလိုပါက ငလ်င္လႈပ္ခတ္ခဲ့ၿပီးေသာ ေနရာကို စံုစမ္းေထာက္လွမ္းျခင္းပင္ ျဖစ္သည္။ အဘယ္ေၾကာင့္ဆိုေသာ္ Liquefaction ျဖစ္စဥ္ျဖစ္ပြားၿပီးေနာက္ ေျမေအာက္ေရ အေျခအေနႏွင့္ ေျမႀကီးသည္ မေျပာင္းလဲဘဲ က်န္ရွိတတ္ၿပီး အဖန္တလဲလဲ ျဖစ္ေပၚေစတတ္ေသာေၾကာင့္ ျဖစ္သည္။ ထို႔ေၾကာင့္ Liquefaction ျဖစ္ခဲ့ဖူး သည့္ ျဖစ္စဥ္မ်ား၏ေနရာမ်ားမွ အခ်က္အလက္မ်ားကို ယူေဆာင္ အသံုးျပဳႏိုင္မည္ ျဖစ္သည္။ ထို႔အျပင္ အနာဂတ္တြင္ ျဖစ္ေပၚလာႏိုင္သည့္ ငလ်င္မ်ား၏ Liquefaction ဆိုင္ရာအေျခအေနမ်ားကို အျခားေသာေနရာမ်ား၏ အေျခအေနမ်ားအတြက္လည္း အသံုးခ်ႏုိင္မည္ျဖစ္သည္။ Liquefaction ျဖစ္စဥ္မ်ား၏ သမုိင္းေၾကာင္း
အေျခအေနကို မွတ္တမ္းတင္ေလ့လာျခင္းျဖင့္ Liquefaction Susceptibility ဆိုင္ရာ ေျမပံုမ်ားကိုပင္ ထုတ္ယူရရွိႏိုင္မည္ျဖစ္ေၾကာင္း ေရးသားေဖာ္ျပလိုက္ရပါသည္။

-ေက်ာ္လင္း (အမိေျမ)

[ Unicode [

ငလျင်လှုပ်ခတ်ခြင်းသည် မည်မျှ ဆိုးကျိုးသက်ရောက် မှုရှိသည်ကို အထူးတလည် ရေးသားဖော်ပြနေရန် မလိုအပ်ပေ။ ထိုသို့လှုပ်ခတ်သည့်အခါ အဆောက်အဦများ အောက်ရှိ မြေကြီးသည် မည်ကဲ့သို့သောပုံစံ ဖြင့် ဖြစ်တည်လျက် ပြိုကျပျက်ဆီးခြင်းကို ဖြစ်စေနိုင်သည် ကို ငလျင်လှုပ်ခြင်းကြောင့် ပြိုကျပျက်ဆီးသည်ဟု သာမန်မယူဆ သင့်ဘဲ နည်းပညာပိုင်း ဆိုင်ရာဖြင့် မည်သည့်အကြောင်းကြောင့် လေ့လာသုံးသပ်မိရန် လိုအပ်ပါ သည်။ ထိုဖြစ်စဉ်များထဲမှ အောက်ခံအခြေအနေ ပျက်ယွင်းခြင်းကြောင့် ပြိုကျပျက်ဆီးရသည့် Liquefaction အကြောင်းကို ရေးသားဖော်ပြ လိုက်ရပါသည်။ Liquefaction ဆိုသည်မှာ ဘူမိနည်းပညာ မြေငလျင် အင်ဂျင်နီယာဘာသာရပ် (Geotechnical Earthquake Engineering) တွင် အရေးကြီးပြီး စိတ်ဝင်စားဖွယ် ကောင်းသလို ရှုပ်ထွေး၍ အငြင်းပွားဖွယ်ကောင်းသော အကြောင်းအရာ တစ်ခုလည်းဖြစ်သည်။ ဖျက်ဆီးမှုပမာဏမြင့်မားခဲ့သည့် ၁၉၆၄ ခုနှစ်၏ အချိန် ၃ လတာ ကာလအတွင်း ဖြစ်ပေါ်ခဲ့ပြီးအ လက်စကာတွင် လှုပ်သွားခဲ့သည့် ပြင်းအား ၉.၂ ရှိသော Good Friday ဟု အမည်ရ မြေငလျင်နှင့် ဂျပန်တွင်လှုပ် သွားခဲ့သည့် ပြင်းအား ရ.၅ ရှိသော Niigata မြေငလျင်တို့သည် ဘူမိနည်းပညာ အင်ဂျင်နီယာများအတွက် သတိအမြဲပြုမိနေစေခဲ့ ပေသည်။

အဆိုပါ ငလျင်နှစ်ခုတွင် Liquefaction ဆိုင်ရာ ထိခိုက်မှုများကို တွေ့မြင်နိုင်မည်ဖြစ်ပြီး ၎င်းတွင် မြေကျွံခြင်း၊ တံတားနှင့် အဆောက်အဦ အောက်ခြေများပြိုကျခြင်းနှင့် အဆောက်အဦများ ပျက်စီးခြင်းအစရှိသည် တို့ပါဝင်သည်။ အဆိုပါငလျင်များ လှုပ်ခတ်ပြီး နှစ်ပေါင်း ၃၀ ကြာသည်အထိ ကမ္ဘာတစ်ဝန်းမှ ပညာရှင်ပေါင်း တစ်ရာကျော်အနေဖြင့် ၎င်းအကြောင်းအရာကို လေ့လာစူးစမ်းမှုများ ပြုလုပ်ခဲ့ကြသည်။ အချိန်များစွာလေ့လာ ပြီးသော်လည်း အဆိုပါလေ့လာမှု လမ်းကြောင်းသည် လွယ်ကူချောမွေ့မှုတော့ မရှိခဲ့ပေ။ ကွဲပြားခြားနားသော ပညာရပ်များ၊ လုပ်ထုံး လုပ်နည်းများ၊ လေ့လာဆန်းစစ်မှုဆိုင်ရာ နည်းလမ်းများစွာကို အဆိုပြုခဲ့ကြသော်လည်း အောင်မြင်မှုရလဒ်သည် နှေးကွေးစွာဖြစ် ပေါ်နေဆဲပင်ဖြစ်သည်။ လက်ရှိနှစ်များအတွင်း အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဖြစ်ပေါ်ခဲ့သည့် အကြောင်းအရာများကို အခြေခံကာ ယူဆမှုဆိုင်ရာအမျိုးမျိုးကို အဓိပ္ပာယ် ပြည့်မြောက်စွာဖြင့် သတ်မှတ်နိုင်စေရန် ပြန်လည်ညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။ Liquefaction ဟူသော ဝေါဟာရအား ဆက်စပ်သလို ကွဲပြားခြားနားစွာဖြင့် အသုံးပြုခဲ့ကြပြီးလည်း ဖြစ်သည်။ Liquefaction ဝေါ်ဟာရ၏ မူလအစသည် Mogami နှင့် Kubo တို့မှ ၁၉၅၃ ခုနှစ်တွင် အမည်သတ် မှတ်ခဲ့ကြခြင်းလည်းဖြစ်ပြီး သဘာဝဖြစ်စဉ် အမျိုးမျိုးအတွက်လည်း သတ်မှတ်အသုံးပြုခဲ့ကြသလို ထိုသို့ သတ်မှတ်မှုများအထဲတွင် အခြေအနေ အမျိုးမျိုးကြောင့် မြေကြီးပုံပျက်စေခြင်းသည်လည်း အပါအဝင်ဖြစ်သည်။ မြေကြီးအပေါ်သို့ ကျရောက်သည့် ရေများစိမ့်ရေအဖြစ် ပြန်လည်စွန့်ထုတ်သွားခြင်းမရှိဘဲ ဖြစ်ပေါ် နေမှုများကိုလည်း Liquefaction ၀ိသေသလက္ခဏာအဖြစ် ယူဆသတ်မှတ်နိုင်ပေသည်။

တည်ငြိမ်မှုနှင့် ထပ်တလဲလဲဖြစ်နေသော ဖြစ်တည်မှုနှစ်မျိုးစလုံးအောက်တွင် မြေကြီးကျစ်လျစ် သိပ်သည်းမှုမရှိခြင်းသည် ယိုင်းယိုင်မှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။ ခြောက်သွေ့သည့် ကျစ်လျစ်သောမြေကြီးတွင် စိမ့်ရေအနေဖြင့် အလွယ်တကူ အောက်သို့ ဖောက်ထွင်းမကျစေသည့်အခါ မျက်နှာပြင်ပေါ်တွင် စိမ်ပေါက်ဖိ အားတိုးလာပြီး ခံနိုင်သောဖိအားကို လျော့ကျစေပါသည်။ Liquefaction ဝေါ်ဟာရကို Flow Liquefaction နှင့် Cyclic Mobility ဟူ၍ အဓိကအုပ်စုကြီးနှစ်ခုအဖြစ် ခွဲခြာထားနိုင်ပါသည်။ လက်တွေ့နယ်ပယ်တွင် Flow Liquefaction ဖြစ်စဉ်သည် နည်းပါးစွာပေါ်ပေါက်သော်လည်း Cyclic Liquefaction ဖြစ်စဉ် သက်ရောက်မှုသည် ပိုမိုသည်ကို တွေ့ရှိရသည်။ Cyclic Liquefaction ဖြစ်စဉ်သည်
မြေကြီး၏ အခြေအနေအမျိုးမျိုး တွင် ဖြစ်ပေါ်နိုင်သလို ထိခိုက်ပျက်စီးနိုင်မှုသည်လည်း မြင့်မားပါသည်။

Flow Liquefaction

Liquefaction နှင့် ပတ်သက်ဆက်နွယ်သော ဝေါ်ဟာရအားလုံးထက် အံသြဖွယ်ကောင်းသော သက်ရောက်မှုသည် Flow Liquefaction ဖြစ်ပြီး မတည်ငြိမ်သော အခြေအနေမျိုးတွင် Flow Failures ဟုလည်း သတ်မှတ်ကြသည်။ မြေကြီးထုထည်၏ တည်ငြိမ်သည့် ဟန်ချက်ညီမှုအတွက် ဖိအားလိုအပ်ချက်သည် အရည်အခြေအနေမျိုးတွင် ရှိသော မြေကြီး၏ ဖိအားထက် များပြားနေသည့်အခါတွင် Flow Liquefaction ကို ဖြစ်ပေါ်စေပါသည်။ ကြီးမားသော ပုံပျက်ယွင်းခြင်းဆိုင်ရာ အစပျိုးမှုသည် Flow Liquefaction ကိုဖြစ်စေပြီး ၎င်းသည် တည်ငြိမ်သော ဖိအားကြောင့်လည်း ဖြစ်ပေါ်စေနိုင်သည်။ ထပ်တလဲလဲဖြစ်နေသော ဖိအားအခြေအနေကြောင့် မြေကြီးကို မတည်ငြိမ်မှုများဖြစ်စေပြီး အားကောင်းသော အစက်ကျ မှုများဖြစ်ပေါ်စေခြင်းဖြင့် တည်ငြိမ်သော ဖိအားကိုဖြစ်စေကာ Flow Failure ကိုဖြစ်ပေါ်စေပါသည်။ Flow Liquefaction Failure များ၏ လက္ခဏာများသည် အရည်ဒြပ်ပစ္စည်းများ၏ ရွှေ့လျားမှုနှင့်ဆိုင်ကာ အရှိန်နှုန်းလျင်မြန်စွာဖြင့် ကျယ်ပြန့်စွာဖြစ်ပေါ် တက်ပေသည်။ Sheffield Dam နှင့် Lower San Fernando Dam တို့သည် Flow Liquefaction ၏ ဥပမာများ ဖြစ်သည်။

Cyclic Mobility

Cyclic Mobility အခြားသော သတ်မှတ်ချက်တစ်ခုသည် မြေငလျင်လှုပ်ခတ်မှု ဖြစ်စဉ်အတွင်း အမြဲတမ်း ပမာဏကြီးမားစွာ ပျက်ယွင်းစေခြင်းကို ဖြစ်ပေါ်စေခြင်းဟု ဆိုသည်။ ၎င်းတွင်
အရည်ဖြစ်နေသော မြေကြီးတင်း အားထက် တည်ငြိမ်ဖိအားသည် နည်းနေသောအခါ Cyclic Mobility ကိုဖြစ်ပေါ်စေပါသည်။ ငလျင် လှုပ်ခတ်နေစဉ်အတွင်း Cyclic Mobility ကြောင့် ပျက်ယွင်းမှုကို နှစ်ဆဖြစ်ပေါ်စေ နိုင်ပါသည်။

Flow Liquefaction နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျင် Cyclic နှင့် Static ဖိအားများကြောင့် Cyclic Mobility ကို ဖြစ်ပေါ်စေပြီး ပျက်ယွင်းခြင်းကို ဖော်ဆောင်စေပါသည်။ အဆိုပါပျက်ယွင်း ခြင်းကို Lateral Spreading ဟု ဝေါ်ဟာရသတ်မှတ်ပြီး ရေနှင့်ကပ်လျက်ရှိသောမြေကြီးကို ပြားစေခြင်း၊ သို့မဟုတ် ကုန်းစောင်းမြေကြီးအဖြစ် တဖြည်းဖြည်း ဖြစ်ပေါ်စေပါသည်။ ဖြစ်ပေါ်ခဲ့သော ရလဒ်များအရ Lateral Spreading (ဘေးတိုက် ရွှေ့လျားခြင်း) သည် သိသာထင်ရှားသော ထိခိုက်မှုများကိုဖြစ်စေပါသည်။

Cyclic Mobility ၏ အရေးကြီးသော ဖြစ်ရပ်သည် Level-ground Liquefaction ပင်ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော်ငလျင်လှုပ်ခတ်သည့်အခါ တည်ငြိမ်သော မျက်နှာပြင်ဖိအားသည် ဘေးတိုက်ပုံ ပျက်ယွင်းမှုကိုဖြစ် ပေါ်စေနိုင်ပြီး ထွက်ပေါက်မရှိသလို Level-ground Liquefaction ကို ကြီးစွာထုတ် လုပ်ခြင်းဖြင့် ပရမ်းပတာအခြေ အနေကို ဖြစ်ပေါ်စေသော်လည်း မြေကြီး၏ ဘေးတိုက်ရွေ့လျားမှု အခြေအနေကို အနည်းငယ်သာ ဖြစ်စေပါသည်။ မြေငလျင်လှုပ်ခြင်းကြောင့် စိမ့်ရေများအပေါ်သို့ ပြန်တက်လာခြင်းဖြင့် Level-ground Liquefaction Failures ကို ဖြစ်ပေါ်စေပါသည်။ မြေငလျင် လှုပ်ခတ်မှုပြီးနောက် Level-ground Liquefaction Failures အနေဖြင့် ပေါ်ပေါက်နိုင်သလို အရည်ညီမျှမှု ဟန်ချက်ညီချင်း ဖြစ်စေရန်အတွက်လည်း အချိန်အပေါ် မူတည်ပေသည်။ Level-ground Liquefaction Failures ၏ ၀ိသေသလက္ခဏာများတွင် မြေနိမ့်ပိုင်းနေရာများတွင် ဖြစ်ပေါ် တတ်သည့် သဲဆူပွတ်ခြင်း (Sand Soils) များကိုလည်း တွေ့မြင်နိုင်မည်ဖြစ်သည်။

Flow Liquefaction နှင့် Cyclic Mobility သည် ဖြစ်ပေါ် စေသည့်နေရာအပေါ်တွင် သေချာပေါက် ထိခိုက်မှုကို ဖြစ်စေနိုင်ပါသည်။ ထို့အတွက်ကြောင့် အဆိုပါဖြစ်စဉ် ၂ ခုအတွက် Liquefaction အန္တရာယ်ရှိမှု အခြေအနေကို ပြည့်စုံစွာဖော်ပြပေးရန် လိုအပ်ပေသည်။ မြေကြီးအမျိုးအစားအားလုံးသည် Liquefaction ဖြစ်ပေါ်စေခြင်းတော့ မရှိပေ။ Liquefaction အန္တရာယ် ရှိမှုအတွက် ပထမဆုံးဖြစ်ပေါ်နိုင်သည့် အခြေအနေသည် Liquefaction Susceptibility (ယိုင်းယှိုင်မှု) ကပင် စတင်ပါသည်။ မြေကြီး အနေဖြင့် ခံနိုင်ရည်ရှိလျှင် အဆိုပါအန္တရာယ်ရှိမှု အခြေအနေဖြစ် ပေါ်ခြင်းရှိမည် မဟုတ်ပေ။ မြေကြီးအနေဖြင့် ယိုင်းယှိုင်မှုဖြစ်သည်ဆိုလျှင် Liquefaction ဆိုင်ရာ ကနဦးအခြေအနေကို ဖြစ် စေမည်ဖြစ်ပြီး ထိရောက်မှုသည်လည်း ဖြစ်ပေါ်လာမည်ဖြစ် သည်။ Flow Liquefaction နှင့် Cyclic Mobility အတွက် အချို့သော အချက်များသည် ကွဲပြားမှုများ ရှိနေသလို Liquefaction Susceptibility တွင်လည်း စံသတ်မှတ်ချက်များ ရှိပေသည်။ အဆိုပါအချက်များတွင် သမိုင်းကြောင်း၊ ဘူမိဗေဒ၊ ပေါင်းစပ်ပါဝင်မှု အခြေ အနေနှင့် စံအခြေအနေတို့ဖြစ်သည်။

Liquefaction အမူအကျင့်များနှင့် ပတ်သက်၍ အကောင်းဆုံးသော သတင်းအချက်အလက်များကို ရယူလိုပါက ငလျင်လှုပ်ခတ်ခဲ့ပြီးသော နေရာကို စုံစမ်းထောက်လှမ်းခြင်းပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် Liquefaction ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မြေအောက်ရေ အခြေအနေနှင့် မြေကြီးသည် မပြောင်းလဲဘဲ ကျန်ရှိတတ်ပြီး အဖန်တလဲလဲ ဖြစ်ပေါ်စေတတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် Liquefaction ဖြစ်ခဲ့ဖူး သည့် ဖြစ်စဉ်များ၏နေရာများမှ အချက်အလက်များကို ယူဆောင် အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် ငလျင်များ၏ Liquefaction ဆိုင်ရာအခြေအနေများကို အခြားသောနေရာများ၏ အခြေအနေများအတွက်လည်း အသုံးချနိုင်မည်ဖြစ်သည်။ Liquefaction ဖြစ်စဉ်များ၏ သမိုင်းကြောင်း အခြေအနေကို မှတ်တမ်းတင်လေ့လာခြင်းဖြင့် Liquefaction Susceptibility ဆိုင်ရာ မြေပုံများကိုပင် ထုတ်ယူရရှိနိုင်မည်ဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။