အောက်တိုဘာ ၃၀ Apple event မှာမိတ်ဆက်ခဲ့တဲ့ ထုတ်ကုန်များ

[ Zawgyi ]

Apple ဟာ အောက်တိုဘာလ ၃၀ ရက်၊ နယူးယောက်ပြည်နယ် ဘရွတ်ကလင်းမြို့မှာ MacBook Air သစ်နဲ့ အဆင့်မြှင့်တင်ထားတဲ့ Mac mini နဲ့ iPad Pro တွေကို ထုတ်ဖော်မိတ်ဆက် သွားခဲ့ပါတယ်။

MacBook Air

Apple ဟာ Retina MacBook Air သစ်ကို ပွဲမှာ စတင် ထုတ်ဖော်ပြသခဲ့ပါတယ်။ အဲဒီထုတ်ကုန်သစ်မှာ Retina display ပါဝင်ပြီး pixel ၄ သန်း ပါဝင်တယ်လို့ Apple က ပြောကြားထားပါတယ်။ Retina MacBook Air အသစ်ရဲ့ ဘေးဘောင်တွေကိုလည်း ဒီဇိုင်းပိုင်း ပြောင်းလဲထားပြီး MacBook Air ရဲ့မူလ silver matte ဘေးဘောင်တွေကို ဖယ်ရှားကာ တောက်ပြောင်တဲ့ အနက်ရောင် ဘေးဘောင်တွေနဲ့ အစားထိုးခဲ့ပါတယ်။ MacBook Air အသစ်မှာ ပါဝင်တဲ့ ဘေးဘောင်တွေက ၅၀ ရာခိုင်နှုန်း သေးငယ်သွားပါတယ်။

MacBook Air ဒီဇိုင်းသစ်ဟာ အရင်မော်ဒယ်ထက် ပိုမိုပေါ့ပါးပြီး ထုထည် ၁၇ ရာခိုင်နှုန်း သက်သာပါတယ်။ အထူက ၁၅.၆ မီလီမီတာပဲရှိတော့ပြီး မူလ MacBook Air ထက် ၁၀ ရာခိုင်နှုန်း ပိုမို ပါးလွှာသွားပါတယ်။ အလေးချိန်က ၂.၇၅ ပေါင် ရှိသလို အရင်နှစ်ကထွက်ရှိခဲ့တဲ့ မော်ဒယ်တွေထက် ၃ ပေါင် လျော့ကျသွားပါတယ်။

MacBook Air မှာ ဆဋ္ဌမမြောက်မျိုးဆက် Intel Core i5 ပရိုဆက်ဆာနဲ့ RAM 16GB နဲ့ 1.5TB SSD တို့ ပါဝင်လာသလို Apple ရဲ့ T2 လုံခြုံရေးချစ်ပ်လည်း ပါဝင်လာပါတယ်။

Retina MacBook Air ကိုဒေါ်လာ ၁၁၉၉ နဲ့ စတင်ရောင်းချမှာဖြစ်ပြီး မီးခိုး၊ ငွေနဲ့ ရွှေဆိုပြီ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

Mac mini

Apple ဟာ ရက်ပေါင်း ၁၄၀၀ ကျော်အကြာမှာ Apple ဟာ Mac mini သစ်ကို ထုတ်ဖော်မိတ်ဆက်လိုက်ပါတယ်။ Mac mini မှာ quad-core CPU ပါဝင်တဲ့ ဗားရှင်းနဲ့ ပထမဆုံးအကြိမ်အဖြစ် six-core ပါဝင်တဲ့မော်ဒယ်ကိုလည်း Apple ကမိတ်ဆက်ခဲ့ပါတယ်။
Mac mini မှာ gigabit Ethernet, Thunderbolt 3 port တွေအပြင် HDMI port နဲ့ USB-A တို့ပါဝင်လာပါတယ်။ ဒါ့အပြင် 10 Gigabit Ethernet port နဲ့ အော်ဒါမှာယူနိုင်မယ့် Mac mini ဗားရှင်းလည်း ရှိပါတယ်။ Retina MacBook Air လိုပဲ Mac mini အသစ်မှာ Apple ရဲ့ T2 လုံခြုံရေးချစ်ပ် ပါဝင်လာပါတယ်။

Mac mini ရဲ့ဒီဇိုင်းပိုင်းကလည်း အရင်ထွက်ရှိခဲ့တဲ့ မော်ဒယ်နဲ့အလွန်တူပါတယ်။ အပြောင်းအလဲတစ်ခုကတော့ Mac mini သစ်အတွက် မီးခိုးရောင်ကို ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။

Mac mini ကို ဒေါ်လာ ၇၉၉ နဲ့စတင်ရောင်းချမှာ ဖြစ်ပေမယ့် RAM 64GB, 4.6GHz 6-core i7 CPU, 2TB SSD နဲ့ 10 Gigabit Ethernet ပါဝင်တဲ့ အဆင့်မြင့်ထုတ်ကုန်ကိုလည်း မှာယူနိုင်ပါတယ်။ အဲဒီမော်ဒယ် ဈေးနှုန်းကတော့ ဒေါ်လာ ၄၂၀၀ အထိ ကျသင့်မှာ ဖြစ်ပါတယ်။

iPad Pro

Apple ပွဲမှာ iPad Pro မော်ဒယ်တွေကိုလည်း ထုတ်ဖော်မိတ်ဆက်သွားပါတယ်။ iPad Pro သစ်တွေမှာ ပြင်ညီဘေးဘောင်နဲ့ လုံးဝန်းတဲ့အနားတွေနဲ့ full-screen ဒီဇိုင်းကို အသုံးပြုထားပါတယ်။ iPad Pro သစ်တွေမှာ Face ID ထောက်ပံ့မှုလည်း ပါဝင်လာပါတယ်။ iPad Pro ရဲ့မျက်နှာပြင်အရွယ်အစားကို ၁၁ လက်မနဲ့ ၁၂.၉ လက်မ ဆိုပြီး ၂ မျိုး ထုတ်လုပ်ထားပါတယ်။
iPad Pro သစ်တွေရဲ့ အထူက ၅.၉ မီလီမီတာရှိပြီး အရင်ထွက်ရှိခဲ့တဲ့ ၁၂.၉ လက်မ မော်ဒယ်ထက် ၁ မီလီမီတာ ပါးလွှာပါတယ်။ iPad Pro သစ်တွေရဲ့ အောက်ခြေမှာ USB-C port ပါဝင်ပြီး Lightning connector နေရာ အစားထိုးခဲ့ပါတယ်။ ဒါ့အပြင် ၃.၅ မီလီမီတာ headphone jack လည်း မပါဝင်ပါဘူး။

iPad Pro မှာ A12X Bionic ပရိုဆက်ဆာထောက်ပံ့ထားပြီး iPhone XS ပရိုဆက်ဆာလိုမျိုး 7 nanometer နည်းပညာနဲ့ တည်ဆောက်ထားပါတယ်။ Apple ရဲ့ CPU စွမ်းဆောင်ရည်ဟာ တစ်နှစ်ထက်တစ်နှစ် ၃၅ ရာခိုင်နှုန်း တိုးတက်လာပြီး ပထမဆုံးအကြိမ်အဖြစ် Neural Engine သစ်ကို အသုံးပြုထားတာ ဖြစ်ပါတယ်။

Apple ဟာ iPad ထုတ်ကုန်သစ်တင်မကဘဲ ဒုတိယမျိုးဆက် Apple Pencil ကိုထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ Apple Pencil မှာ လုပ်ငန်းပိုင်းကို ထိရောက်တဲ့ဒီဇိုင်း အသုံးပြုထားပြီး စာရေးတာနဲ့ ဖျက်တာလိုမျိုး မတူညီတဲ့ mode တွေအကြား tap လုပ်ပြီး ပြောင်းလဲအသုံးပြုနိုင်ပါတယ်။

Apple Pencil သစ်နဲ့အတူ Smart Keyboard Folio ကိုလည်း မိတ်ဆက်သွားခဲ့ပါတယ်။ Smart Keyboard Folio ရဲ့ကျောဘက်နဲ့ ရှေ့ဘက်မှာ အကာအကွယ် ထည့်သွင်းထားပါတယ်။ အရင်ကထွက်ရှိထားတဲ့ Smart Keyboard ကတော့ display ကိုပဲ ကာကွယ်ပေးနိုင်ပါတယ်။ Smart Keyboard Folio မှာ angle ၂ မျိုးနဲ့ ကြည့်ရှုနိုင်ဖို့ ပြုလုပ်ထားပြီး ပေါင်ပေါ်တင်ပြီး စာရိုက်တာနဲ့ စားပွဲတင်ပြီး အသုံးပြုနိုင်အောင် Apple ကချိန်ညှိပေးထားပါတယ်။

iPad Pro ၁၁ လက်မကို ၇၉၉ ဒေါ်လာနဲ့ ၁၂.၉ လက်မော်ဒယ်ကိုတော့ ၉၉၉ ဒေါ်လာနဲ့ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။
Apple ဟာ ပွဲအတွင်းမှာ ထုတ်ကုန်သစ်တွေကို မိတ်ဆက်မှုနဲ့အတူ iOS 12.1, tvOS 12.1 နဲ့ macOS 10 14.1 တို့ကို ဖြန့်ချိထားပါတယ်။ ဒါ့အပြင် watchOS 5.1 ကိုဖြန့်ချိပေးလိုက်ပေမယ့် Apple Watch တွေတချို့မှာ အားနည်းချက်တွေ ဖြစ်ပေါ်ခဲ့တာကြောင့် update ဖြန့်ချိမှုကို ရုပ်သိမ်းလိုက်ပါတယ်။

iOS 12.1 မှာ Group FaceTime နဲ့ emoji ထောက်ပံ့မှုလိုမျိုး feature တွေကို ထည့်သွင်းခဲ့သလို dual-SIM ထောက်ပံ့မှုတွေလည်း ပါဝင်လာပါတယ်။

စိုးထက်
Ref: 9to5Mac

[ Unicode ]


MacBook Air





Mac mini




iPad Pro







Ref: 9to5Mac