ေအာက္တုိဘာ ၃၀ Apple event မွာ မိတ္ဆက္ခဲ့ျခင္းမရွိတဲ့ ထုတ္ကုန္မ်ား

[ Zawgyi ]

Apple ဟာ နယူးေယာက္စီးတီးမွာ ျပဳလုပ္ခဲ့တဲ့ ေအာက္တိုဘာ ၃၀ Apple event မွာ iPad Pro ေမာ္ဒယ္ေတြနဲ႔ အဆင့္ျမႇင့္တင္ထားတဲ့ MacBook Air နဲ႔ Mac mini သစ္ကုိ ထုတ္ေဖာ္မိတ္ဆက္ခဲ့ပါတယ္။

ဒါေပမဲ့လည္း Apple ပြဲမတိုင္ခင္ မိတ္ဆက္သြားမယ့္ ထုတ္ကုန္ေတြနဲ႔ ပတ္သက္ၿပီး ေကာလာဟလ သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။ ဒါေပမဲ့ ေအာက္တိုဘာ ၃၀ Apple event မွာ အဲဒီထုတ္ကုန္ေတြကုိ မျမင္ေတြ႕ခဲ့ရပါဘူး။ ေကာလာဟလ သတင္းထြက္ေပၚခဲ့တဲ့ ထုတ္ကုန္ေတြကုိေတာ့ ေအာက္မွာေဖာ္ျပ ေပးသြားပါမယ္။

iMac

Apple ဟာ ပ႐ိုဆက္ဆာသစ္ေတြနဲ႔ အဆင့္ျမႇင့္တင္ထားတဲ့ iMac ေမာ္ဒယ္ကို လုပ္ကုိင္ေနတယ္လို႔ ေကာလာဟလေတြ ထြက္ေပၚခဲ့ပါတယ္။ ဒါေပမဲ့ iMac ထုတ္ကုန္သစ္ေတြကေတာ့ ၂၀၁၈ ခုႏွစ္မွာ ထြက္ရွိလာႏိုင္ေတာ့မွာ မဟုတ္ပါဘူး။

iMac သစ္ေတြပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ေတြ မထြက္ေပၚေသးပါဘူး။ ဒါေပမဲ့ Apple ေလ့လာဆန္းစစ္သူ မင္ခ်ီကူက Apple ဟာ အဆင့္ျမႇင့္တင္ထားတဲ့ ပ႐ိုဆက္ဆာနဲ႔ display စြမ္းေဆာင္ရည္ အဆင့္ျမႇင့္တင္ထားတဲ့ ဗားရွင္းတစ္မ်ိဳးကို လုပ္ကုိင္ေနတယ္လို႔ ေျပာသြားပါတယ္။

iMac သစ္ကုိ ေအာက္တိုဘာ ၃၀ Apple event မွာ မမိတ္ဆက္ခဲ့ပါဘူး။ ဘယ္အခ်ိန္မွာ မိတ္ဆက္မလဲဆုိတာလည္း မသိရေသးပါဘူး။

MacBook

အခုပြဲမတိုင္ခင္မွာ Apple အေနနဲ႔ ေအာက္တိုဘာ ၃၀ Apple event အတြင္း ေဈးသက္သာတဲ့ notebook ကုိ မိတ္ဆက္မယ္လို႔ ေကာလာဟလေတြ ထြက္ေပၚခဲ့ပါတယ္။ ဒါေပမဲ့ MacBook Air ဒါမွမဟုတ္ MacBook ျဖစ္မလားဆုိတာ မသိခဲ့ပါဘူး။ မ်က္ႏွာျပင္ ၁၃ လက္မ MacBook Air စတိုင္လ္ဒီဇိုင္းနဲ႔ ေဈးႏႈန္းသက္သာၿပီး Retina display ပါဝင္မယ္လို႔ သတင္းထြက္ခဲ့ပါေသးတယ္။

ဒါေပမဲ့ Apple ဟာ ေဘးေဘာင္ပါးလႊာၿပီး ပိုမုိျမန္ဆန္တဲ့ ပ႐ိုဆက္ဆာအျပင္ Touch ID နဲ႔ Retina display ပါဝင္တဲ့ MacBook Air သစ္ကုိ မိတ္ဆက္သြားခဲ့ပါတယ္။ အဲဒီ MacBook Air အသစ္ဟာ ၁၂ လက္မ MacBook နဲ႔ ကြာျခားပါတယ္။

ေဒၚလာ ၁,၁၉၉ တန္ MacBook Air အသစ္မွာ ဆ႒မေျမာက္မ်ိဳးဆက္ Intel ပ႐ိုဆက္ဆာေတြပါဝင္ၿပီး Touch ID, T2 ခ်စ္ပ္နဲ႔ ကုိယ္ထည္ပါးလႊာပါတယ္။

၁၂ လက္မအရြယ္ MacBook ကိုအဆင့္ျမႇင့္တင္ၿပီး မိတ္ဆက္မယ္လို႔ သတင္းထြက္ေပၚခဲ့ပါေသးတယ္။ ဒါေပမယ့္လညး္ ၁၂လက္မ MacBook ကုိမမိတ္ဆက္ခဲ့ပါဘူး။

iPad mini

Apple ပြဲမတိုင္ခင္မွာ Apple ေလ့လာဆန္းစစ္သူ မင္ခ်ီကူအေနနဲ႔ iPad mini သစ္နဲ႔ပတ္သက္ၿပီး ေျပာခဲ့ပါတယ္။ ဒါေပမဲ့ iPad mini ကို ေအာက္တိုဘာ ၃၀ ထုတ္ကုန္မိတ္ဆက္ပြဲမွာ ျပသမယ္ဆိုတာ မက်ိန္းေသဘူးလို႔ သူကေျပာသြားခဲ့ပါတယ္။ မင္ခ်ီကူ ခန္႔မွန္းခဲ့တဲ့ အတုိင္းပဲ iPad mini ကုိမိတ္ဆက္သြားျခင္း မရွိပါဘူး။ iPad mini ဟာ ဖန္တီးေနဆဲ အဆင့္မွာပဲ ရွိႏိုင္ၿပီး မိတ္ဆက္တဲ့အခါမွပဲ ျမင္ေတြ႕ရဖြယ္ရွိပါတယ္။

AirPower နဲ႔ AirPods

Apple အေနနဲ႔ AirPower charging mat နဲ႔ AirPods ကို ေအာက္တိုဘာပြဲမွာ မိတ္ဆက္ႏိုင္တယ္လို႔ ခန္႔မွန္းခ်က္တခ်ိဳ႕ ထြက္ရွိလာပါတယ္။ ဒါေပမဲ့လည္း ခန္႔မွန္းတဲ့အတိုင္း မျဖစ္ခဲ့ပါဘူး။

AirPower ကုိ ဘယ္အခ်ိန္မွာ မိတ္ဆက္မလဲဆိုတာ မသိရေသးသလို ဖန္တီးေနဆဲပဲ ျဖစ္ႏိုင္ပါတယ္။ အလားတူပဲ အဆင့္ျမႇင့္တင္ထားတဲ့ AirPods သစ္ကုိ ဘယ္အခ်ိန္မွာ မိတ္ဆက္သြားမလဲဆိုတာလည္း မသိရေသးပါဘူး။ အဲဒီထုတ္ကုန္ေတြကုိ ၂၀၁၉ ခုႏွစ္ေလာက္မွပဲ ျမင္ေတြ႕ႏိုင္ဖြယ္ရွိပါတယ္။

Mac Pro

Apple ဟာ အဆင့္ျမင့္ထုတ္ကုန္တစ္ခုျဖစ္တဲ့ modular Mac Pro ကုိ ေအာက္တိုဘာပြဲမွာ မိတ္ဆက္ဖို႔ ေမွ်ာ္လင့္ခဲ့ၾကပါတယ္။ ဒါေပမဲ့ Apple ဟာ Mac Pro ကုိဖန္တီးေနဆဲျဖစ္ၿပီး ၂၀၁၉ ခုႏွစ္က်မွပဲ ျဖန္႔ခ်ိမိတ္ဆက္လာႏိုင္ပါတယ္။ Apple ရဲ႕ပေရာ္ဖက္ရွင္နယ္သမားေတြ အသုံးျပဳတဲ့ ထုတ္ကုန္ကုိ ျမင္ေတြ႕ရဖို႔ အခ်ိန္အေတာ္ၾကာ ေစာင့္ဆုိင္းရဦးမွာပါ။

iPhone XR Cases နဲ႔ iPad Smart Covers

Apple အေနနဲ႔ iPhone XR အတြက္ case ေတြကို မမိတ္ဆက္ေပးပါဘူး။ Apple အေနနဲ႔ ႏိုင္ငံတခ်ိဳ႕က iPhone XR သတင္းထုတ္ျပန္ခ်က္မွာ ထုတ္ကုန္အတြက္ အထူး case ေတြနဲ႔ပတ္သက္ၿပီး ေျပာၾကားခဲ့ပါတယ္။ ဒါေပမဲ့ ေအာက္တိုဘာ ၃၀ ပြဲမွာေတာ့ Apple ကဒီဇိုင္းထုတ္ထားတဲ့ iPhone case ေတြကို မေတြ႕ရပါဘူး။

ဒါ့အျပင္ Apple ဟာ မ်က္ႏွာျပင္ ၁၁ လက္မနဲ႔ ၁၂.၉ လက္မအရြယ္ iPad Pro ေမာ္ဒယ္ေတြအတြက္ Smart Cover သစ္ေတြကိုလည္း မိတ္ဆက္မသြားပါဘူး။ ဒါေပမဲ့ Smart Folio သစ္နဲ႔ Smart Keyboard သစ္ကုိ မိတ္ဆက္သြားပါတယ္။

စိုးထက္
Ref: MacRumors

[ Unicode ]

Apple ဟာ နယူးယောက်စီးတီးမှာ ပြုလုပ်ခဲ့တဲ့ အောက်တိုဘာ ၃၀ Apple event မှာ iPad Pro မော်ဒယ်တွေနဲ့ အဆင့်မြှင့်တင်ထားတဲ့ MacBook Air နဲ့ Mac mini သစ်ကို ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။

ဒါပေမဲ့လည်း Apple ပွဲမတိုင်ခင် မိတ်ဆက်သွားမယ့် ထုတ်ကုန်တွေနဲ့ ပတ်သက်ပြီး ကောလာဟလ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ အောက်တိုဘာ ၃၀ Apple event မှာ အဲဒီထုတ်ကုန်တွေကို မမြင်တွေ့ခဲ့ရပါဘူး။ ကောလာဟလ သတင်းထွက်ပေါ်ခဲ့တဲ့ ထုတ်ကုန်တွေကိုတော့ အောက်မှာဖော်ပြ ပေးသွားပါမယ်။

iMac

Apple ဟာ ပရိုဆက်ဆာသစ်တွေနဲ့ အဆင့်မြှင့်တင်ထားတဲ့ iMac မော်ဒယ်ကို လုပ်ကိုင်နေတယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ iMac ထုတ်ကုန်သစ်တွေကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိလာနိုင်တော့မှာ မဟုတ်ပါဘူး။

iMac သစ်တွေပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ မထွက်ပေါ်သေးပါဘူး။ ဒါပေမဲ့ Apple လေ့လာဆန်းစစ်သူ မင်ချီကူက Apple ဟာ အဆင့်မြှင့်တင်ထားတဲ့ ပရိုဆက်ဆာနဲ့ display စွမ်းဆောင်ရည် အဆင့်မြှင့်တင်ထားတဲ့ ဗားရှင်းတစ်မျိုးကို လုပ်ကိုင်နေတယ်လို့ ပြောသွားပါတယ်။

iMac သစ်ကို အောက်တိုဘာ ၃၀ Apple event မှာ မမိတ်ဆက်ခဲ့ပါဘူး။ ဘယ်အချိန်မှာ မိတ်ဆက်မလဲဆိုတာလည်း မသိရသေးပါဘူး။

MacBook

အခုပွဲမတိုင်ခင်မှာ Apple အနေနဲ့ အောက်တိုဘာ ၃၀ Apple event အတွင်း ဈေးသက်သာတဲ့ notebook ကို မိတ်ဆက်မယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ MacBook Air ဒါမှမဟုတ် MacBook ဖြစ်မလားဆိုတာ မသိခဲ့ပါဘူး။ မျက်နှာပြင် ၁၃ လက်မ MacBook Air စတိုင်လ်ဒီဇိုင်းနဲ့ ဈေးနှုန်းသက်သာပြီး Retina display ပါဝင်မယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။

ဒါပေမဲ့ Apple ဟာ ဘေးဘောင်ပါးလွှာပြီး ပိုမိုမြန်ဆန်တဲ့ ပရိုဆက်ဆာအပြင် Touch ID နဲ့ Retina display ပါဝင်တဲ့ MacBook Air သစ်ကို မိတ်ဆက်သွားခဲ့ပါတယ်။ အဲဒီ MacBook Air အသစ်ဟာ ၁၂ လက်မ MacBook နဲ့ ကွာခြားပါတယ်။

ဒေါ်လာ ၁,၁၉၉ တန် MacBook Air အသစ်မှာ ဆဋ္ဌမမြောက်မျိုးဆက် Intel ပရိုဆက်ဆာတွေပါဝင်ပြီး Touch ID, T2 ချစ်ပ်နဲ့ ကိုယ်ထည်ပါးလွှာပါတယ်။

၁၂ လက်မအရွယ် MacBook ကိုအဆင့်မြှင့်တင်ပြီး မိတ်ဆက်မယ်လို့ သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လညး် ၁၂လက်မ MacBook ကိုမမိတ်ဆက်ခဲ့ပါဘူး။

iPad mini

Apple ပွဲမတိုင်ခင်မှာ Apple လေ့လာဆန်းစစ်သူ မင်ချီကူအနေနဲ့ iPad mini သစ်နဲ့ပတ်သက်ပြီး ပြောခဲ့ပါတယ်။ ဒါပေမဲ့ iPad mini ကို အောက်တိုဘာ ၃၀ ထုတ်ကုန်မိတ်ဆက်ပွဲမှာ ပြသမယ်ဆိုတာ မကျိန်းသေဘူးလို့ သူကပြောသွားခဲ့ပါတယ်။ မင်ချီကူ ခန့်မှန်းခဲ့တဲ့ အတိုင်းပဲ iPad mini ကိုမိတ်ဆက်သွားခြင်း မရှိပါဘူး။ iPad mini ဟာ ဖန်တီးနေဆဲ အဆင့်မှာပဲ ရှိနိုင်ပြီး မိတ်ဆက်တဲ့အခါမှပဲ မြင်တွေ့ရဖွယ်ရှိပါတယ်။

AirPower နဲ့ AirPods

Apple အနေနဲ့ AirPower charging mat နဲ့ AirPods ကို အောက်တိုဘာပွဲမှာ မိတ်ဆက်နိုင်တယ်လို့ ခန့်မှန်းချက်တချို့ ထွက်ရှိလာပါတယ်။ ဒါပေမဲ့လည်း ခန့်မှန်းတဲ့အတိုင်း မဖြစ်ခဲ့ပါဘူး။

AirPower ကို ဘယ်အချိန်မှာ မိတ်ဆက်မလဲဆိုတာ မသိရသေးသလို ဖန်တီးနေဆဲပဲ ဖြစ်နိုင်ပါတယ်။ အလားတူပဲ အဆင့်မြှင့်တင်ထားတဲ့ AirPods သစ်ကို ဘယ်အချိန်မှာ မိတ်ဆက်သွားမလဲဆိုတာလည်း မသိရသေးပါဘူး။ အဲဒီထုတ်ကုန်တွေကို ၂၀၁၉ ခုနှစ်လောက်မှပဲ မြင်တွေ့နိုင်ဖွယ်ရှိပါတယ်။

Mac Pro

Apple ဟာ အဆင့်မြင့်ထုတ်ကုန်တစ်ခုဖြစ်တဲ့ modular Mac Pro ကို အောက်တိုဘာပွဲမှာ မိတ်ဆက်ဖို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ Apple ဟာ Mac Pro ကိုဖန်တီးနေဆဲဖြစ်ပြီး ၂၀၁၉ ခုနှစ်ကျမှပဲ ဖြန့်ချိမိတ်ဆက်လာနိုင်ပါတယ်။ Apple ရဲ့ပရော်ဖက်ရှင်နယ်သမားတွေ အသုံးပြုတဲ့ ထုတ်ကုန်ကို မြင်တွေ့ရဖို့ အချိန်အတော်ကြာ စောင့်ဆိုင်းရဦးမှာပါ။

iPhone XR Cases နဲ့ iPad Smart Covers

Apple အနေနဲ့ iPhone XR အတွက် case တွေကို မမိတ်ဆက်ပေးပါဘူး။ Apple အနေနဲ့ နိုင်ငံတချို့က iPhone XR သတင်းထုတ်ပြန်ချက်မှာ ထုတ်ကုန်အတွက် အထူး case တွေနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အောက်တိုဘာ ၃၀ ပွဲမှာတော့ Apple ကဒီဇိုင်းထုတ်ထားတဲ့ iPhone case တွေကို မတွေ့ရပါဘူး။

ဒါ့အပြင် Apple ဟာ မျက်နှာပြင် ၁၁ လက်မနဲ့ ၁၂.၉ လက်မအရွယ် iPad Pro မော်ဒယ်တွေအတွက် Smart Cover သစ်တွေကိုလည်း မိတ်ဆက်မသွားပါဘူး။ ဒါပေမဲ့ Smart Folio သစ်နဲ့ Smart Keyboard သစ်ကို မိတ်ဆက်သွားပါတယ်။

စိုးထက်
Ref: MacRumors