ေအာက္တုိဘာလတြင္ OS သစ္ပါဝင္သည့္ ထုတ္ကုန္သစ္မ်ားကုိ Huawei တင္ပို႔မည္

[ Zawgyi ]

Huawei ဟာ ဒီႏွစ္ ေအာက္တိုဘာလမွာ HongMeng OS (တစ္ကမ႓ာလုံးဆီ Ark OS အမည္နဲ႔ျဖန္႔ခ်ိဖြယ္ရွိ) ပါဝင္တဲ့ ထုတ္ကုန္ေတြကုိ ျဖန္႔ခ်ိဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ သိရပါတယ္။ Tianfeng International ကေလ့လာဆန္းစစ္သူ Guo Mingxi ရဲ႕မွတ္စုထဲမွာ ဒီႏွစ္ေႏွာင္းပုိင္းအတြင္း အဲဒီစမတ္ဖုန္းေတြကို ျဖန္႔ခ်ိသြားမယ္လို႔ သိရ့ါတယ္။

ဒါေပမဲ့ HongMeng OS ဟာ Mate 30 မွာမပါဝင္ဘဲ တ႐ုတ္ေဈးကြက္အတြက္ အလယ္အလတ္တန္းစားဖုန္းေတြနဲ႔ ေဈးသက္သာတဲ့ဖုန္းေတြမွာပဲ ပါဝင္လာမွာ ျဖစ္ပါတယ္။

အခု OS သစ္ကုိ Tencent ကုိယ္စားျပဳကုမၸဏီေတြနဲ႔အတူ ဖန္တီးထားကာ ၎ OS သစ္ကုိ Oppo နဲ႔ vivo တို႔က စမ္းသပ္ခဲ့ၿပီး Google ရဲ႕ Android ထက္ ၆၀ ရာခိုင္ႏႈန္း ျမန္ဆန္တယ္လို႔ သိရပါတယ္။

တ႐ုတ္ႏိုင္ငံမွာ OS ကုိမိတ္ဆက္မယ့္ အဓိက အေၾကာင္းျပခ်က္က ႏိုင္ငံတကာပရိသတ္က ေတာင္းဆိုမႈနဲ႔ မကုိက္ညီေသးလို႔ ျဖစ္ပါတယ္။ ဒါေၾကာင့္ Huawei ဟာ ျပန္ခ်ိန္ႏို္င္ပါတယ္။ Huawei ရဲ႕ေဂဟစနစ္ကုိ ဖန္တီးထားတဲ့အခ်ိန္မွာ Mate 30 နဲ႔ P40 လိုစီးရီးလိုမ်ိဳး ကမ႓ာလုံးဆိုင္ရာ အဆင့္ျမင့္ထုတ္ကုန္ေတြ ထြက္လာပါၿပီ။

အေမရိကန္နဲ႔ တ႐ုတ္အၾကားက ျပႆနာေတြရွိေပမယ့္ Huawei အေနနဲ႔ ၂၀၁၈ အတြင္း ထုတ္ကုန္ သန္း ၂၀၀ ေက်ာ္ ၂၁၅ သန္းနဲ႔ ၂၂၅ သန္းအၾကား တင္ပုိ႔ေရာင္းခ်ႏိုင္မယ္လို႔ ေလ့လာဆန္းစစ္သူေတြက ခန္႔မွန္းထားပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Huawei ဟာ ဒီနှစ် အောက်တိုဘာလမှာ HongMeng OS (တစ်ကမ႓ာလုံးဆီ Ark OS အမည်နဲ့ဖြန့်ချိဖွယ်ရှိ) ပါဝင်တဲ့ ထုတ်ကုန်တွေကို ဖြန့်ချိဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။ Tianfeng International ကလေ့လာဆန်းစစ်သူ Guo Mingxi ရဲ့မှတ်စုထဲမှာ ဒီနှစ်နှောင်းပိုင်းအတွင်း အဲဒီစမတ်ဖုန်းတွေကို ဖြန့်ချိသွားမယ်လို့ သိရ့ါတယ်။

ဒါပေမဲ့ HongMeng OS ဟာ Mate 30 မှာမပါဝင်ဘဲ တရုတ်ဈေးကွက်အတွက် အလယ်အလတ်တန်းစားဖုန်းတွေနဲ့ ဈေးသက်သာတဲ့ဖုန်းတွေမှာပဲ ပါဝင်လာမှာ ဖြစ်ပါတယ်။

အခု OS သစ်ကို Tencent ကိုယ်စားပြုကုမ္ပဏီတွေနဲ့အတူ ဖန်တီးထားကာ ၎င်း OS သစ်ကို Oppo နဲ့ vivo တို့က စမ်းသပ်ခဲ့ပြီး Google ရဲ့ Android ထက် ၆၀ ရာခိုင်နှုန်း မြန်ဆန်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံမှာ OS ကိုမိတ်ဆက်မယ့် အဓိက အကြောင်းပြချက်က နိုင်ငံတကာပရိသတ်က တောင်းဆိုမှုနဲ့ မကိုက်ညီသေးလို့ ဖြစ်ပါတယ်။ ဒါကြောင့် Huawei ဟာ ပြန်ချိန်နို်င်ပါတယ်။ Huawei ရဲ့ဂေဟစနစ်ကို ဖန်တီးထားတဲ့အချိန်မှာ Mate 30 နဲ့ P40 လိုစီးရီးလိုမျိုး ကမ႓ာလုံးဆိုင်ရာ အဆင့်မြင့်ထုတ်ကုန်တွေ ထွက်လာပါပြီ။

အမေရိကန်နဲ့ တရုတ်အကြားက ပြဿနာတွေရှိပေမယ့် Huawei အနေနဲ့ ၂၀၁၈ အတွင်း ထုတ်ကုန် သန်း ၂၀၀ ကျော် ၂၁၅ သန်းနဲ့ ၂၂၅ သန်းအကြား တင်ပို့ရောင်းချနိုင်မယ်လို့ လေ့လာဆန်းစစ်သူတွေက ခန့်မှန်းထားပါတယ်။

Ref: GSMArena