ေလွ်ာ္ၿပီးသားအဝတ္ေတြကို ေခါက္ေပးႏိုင္တဲ့ Foldimate

[ Zawgyi ]

၂၀၁၈ ခုႏွစ္တုန္းက Foldimate ဟာ CES ျပပြဲမွာ အဝတ္ေခါက္တဲ့ စက္တစ္မ်ိဳးကို ျပသခဲ့ပါတယ္။ CES 2018 ျပပြဲမွာ Laundroid လည္း ပါဝင္ျပသခဲ့ပါတယ္။ Laundroid ဟာ ေဒၚလာ ၁၆,၀၀၀ AI ပါဝင္သလို AI အသုံးျပဳၿပီး အဝတ္ေတြကို အေကာင္းဆုံး ေခါက္ေပးႏိုင္ေအာင္ အဝတ္ေတြကုိ ေလ့လာဆန္းစစ္ေပးပါတယ္။

ဒီႏွစ္မွာေတာ့ Foldimate ဟာ CES ျပပြဲမွာ အဝတ္ေခါက္စက္ကုိ ျပသတဲ့ တစ္ခုတည္းေသာကုမၸဏီ ျဖစ္လာပါတယ္။ Foldimate ဟာ အသုံးျပဳႏိုင္တဲ့ ေရွ႕ေျပးပုံစံ ျဖစ္ပါတယ္။ Foldimate ဟာ ငါးစကၠန္႔အတြင္း အက်ၤီကုိ ေခါက္ေပးနိုင္ပါတယ္။ ငါးမိနစ္အတြင္း အဝတ္ပုံတစ္ပုံကို ေခါက္ေပးႏိုင္တယ္လို႔ Foldimate က ေျပာခဲ့ပါတယ္။ အဝတ္ပုံမွာပါဝင္တဲ့ အက်ၤီေတြ၊ ေဘာင္းဘီေတြနဲ႔ အရြယ္အလတ္စား ပဝါကုိလည္း ေခါက္ေပးႏိုင္ပါတယ္။

Foldimate ကို တုိးတက္ေအာင္ လုပ္ေဆာင္ေနဆဲျဖစ္ၿပီး စရိတ္ႀကီးမားတဲ့ ထုတ္လုပ္မႈလုပ္ငန္းစဥ္ထဲ လုပ္ကုိင္ေနပါတယ္။ အဝတ္ေခါက္စက္ကုိ ေဒၚလာ ၁,၀၀၀ ေအာက္နဲ႔ ေရာင္းခ်ႏိုင္ေအာင္ လုပ္ကုိင္ေနတယ္လို႔ Foldimate ကေျပာခဲ့ပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode]

၂၀၁၈ ခုနှစ်တုန်းက Foldimate ဟာ CES ပြပွဲမှာ အဝတ်ခေါက်တဲ့ စက်တစ်မျိုးကို ပြသခဲ့ပါတယ်။ CES 2018 ပြပွဲမှာ Laundroid လည်း ပါဝင်ပြသခဲ့ပါတယ်။ Laundroid ဟာ ဒေါ်လာ ၁၆,၀၀၀ AI ပါဝင်သလို AI အသုံးပြုပြီး အဝတ်တွေကို အကောင်းဆုံး ခေါက်ပေးနိုင်အောင် အဝတ်တွေကို လေ့လာဆန်းစစ်ပေးပါတယ်။

ဒီနှစ်မှာတော့ Foldimate ဟာ CES ပြပွဲမှာ အဝတ်ခေါက်စက်ကို ပြသတဲ့ တစ်ခုတည်းသောကုမ္ပဏီ ဖြစ်လာပါတယ်။ Foldimate ဟာ အသုံးပြုနိုင်တဲ့ ရှေ့ပြေးပုံစံ ဖြစ်ပါတယ်။ Foldimate ဟာ ငါးစက္ကန့်အတွင်း အကျင်္ီကို ခေါက်ပေးနိုင်ပါတယ်။ ငါးမိနစ်အတွင်း အဝတ်ပုံတစ်ပုံကို ခေါက်ပေးနိုင်တယ်လို့ Foldimate က ပြောခဲ့ပါတယ်။ အဝတ်ပုံမှာပါဝင်တဲ့ အကျင်္ီတွေ၊ ဘောင်းဘီတွေနဲ့ အရွယ်အလတ်စား ပဝါကိုလည်း ခေါက်ပေးနိုင်ပါတယ်။

Foldimate ကို တိုးတက်အောင် လုပ်ဆောင်နေဆဲဖြစ်ပြီး စရိတ်ကြီးမားတဲ့ ထုတ်လုပ်မှုလုပ်ငန်းစဉ်ထဲ လုပ်ကိုင်နေပါတယ်။ အဝတ်ခေါက်စက်ကို ဒေါ်လာ ၁,၀၀၀ အောက်နဲ့ ရောင်းချနိုင်အောင် လုပ်ကိုင်နေတယ်လို့ Foldimate ကပြောခဲ့ပါတယ်။

Ref: TheVerge