ေရြးခ်ယ္စရာ အေကာင္းဆံုး ျဖစ္လာတဲ့ AMD laptops မ်ား

[ Zawgyi [

တစ္ကုိယ္ေရသံုး ကြန္ပ်ဴတာေလာကမွာ ပ႐ိုဆက္ဆာပိုင္းအတြက္ Intel နဲ႔ AMD တုိ႔ရဲ႕ ေစ်းကြက္ၿပိဳင္ဆိုင္ၾကပံုနဲ႔ ဂရပ္ဖစ္နယ္ေျမမွာ Nvidia နဲ႔ AMD Radeon တုိ႔ ဘတစ္ျပန္ က်ားတစ္ျပန္ ေစ်းကြက္ေနရာ ရေနၾကပံုတုိ႔ကို ကြန္ပ်ဴတာေလာကသားတုိင္း သိရွိထားၾကၿပီး ျဖစ္တယ္။ ပ႐ိုဆက္ဆာနဲ႔ ဂရပ္ဖစ္အပါအဝင္ ကြန္ပ်ဴတာအစိတ္အပိုင္းမ်ားကို ထုတ္လုပ္ခဲ့တဲ့အျပင္ အေသးစား ကြန္ပ်ဴတာေလးမ်ားကိုပါ ထုတ္လုပ္ခဲ့တဲ့ Intel ကုမၸဏီရဲ႕ သက္တမ္းက ႏွစ္ေပါင္း ၅၀ ရွိခဲ့ပါတယ္။ AMD ကလည္း လြန္ခဲ့တဲ့ ၄၉ ႏွစ္ ကတည္းက ပ႐ိုဆက္ဆာနဲ႔ ဂရပ္ဖစ္မ်ားကို အစဥ္တစိုက္ ထုတ္လုပ္ခဲ့တာ ျဖစ္တယ္။ ထိပ္တုိက္ယွဥ္ၿပိဳင္မႈ သက္တမ္းတစ္ေလွ်ာက္မွာ စြမ္းေဆာင္ရည္ပိုင္းနဲ႔ ပတ္သက္ၿပီး Intel က ေနရာရရွိႏုိင္ခဲ့သလို ေစ်းႏႈန္းခ်ိဳသာမႈအပိုင္းနဲ႔ AMDက ေစ်းကြက္ရွာယူ လာႏုိင္ခဲ့တယ္။ ဒီအတြက္ AMD အေနနဲ႔ မ်ားေသာအားျဖင့္ စြမ္းေဆာင္ရည္ အလတ္တန္းစားေနရာမ်ားတြင္ ေစ်းကြက္အသာစီးရခဲ့တယ္။ ဒါေပမဲ့ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ကစၿပီး AMD အေနနဲ႔ ယံုၾကည္စိတ္ခ်ျပည့္ဝတဲ့ စြမ္းေဆာင္ရည္ေတြ ျဖည့္ဆည္းႏိုင္ဖုိ႔ အထူးႀကိဳးစားယူတယ္။ ၂၀၁၈ ခုႏွစ္မွာေတာ့ စြမ္းေဆာင္ရည္ပိုင္းနဲ႔ ပတ္သက္ၿပီး Intel ကို အျပတ္စိန္ေခၚႏုိင္ေစမယ့္ Ryzen processor ေတြကို ဦးစားေပး ထုတ္လုပ္ခဲ့တာေၾကာင့္ ၂၀၁၉ ခုႏွစ္မွာ ထုတ္လုပ္မယ့္ ပီစီကြန္ပ်ဴတာမ်ားမွာ ႂကြားႂကြားဝင့္ဝင့္ ပါဝင္လာေတာ့မွာ ျဖစ္တယ္။

တစ္ခ်ိန္တည္းမွာပင္ ဘတစ္ျပန္ က်ားတစ္ျပန္ ေစ်းကြက္ေနရာယူရင္း လြန္ခဲ့တဲ့ ေလးငါးႏွစ္ကာလအတြင္း Nvidia graphics မ်ားက AMD graphics မ်ားထက္ ေနရာရခဲ့တယ္။ ဒါေပမဲ့ ၂၀၁၈ ခုႏွစ္မွာ AMD Radeon ရဲ႕ စြမ္းေဆာင္ရည္မ်ားက Nvidia ကို ေက်ာ္လႊားႏုိင္မယ့္ အဆင့္ျဖစ္လာတယ္။ ၂၀၁၉ ခုႏွစ္မွာ ဂိမ္းကစားႏိုင္တဲ့ Laptop မ်ား ထုတ္လုပ္ရာမွာ AMD ရဲ႕ ပ႐ိုဆက္ဆာနဲ႔ AMD Radeon graphics မ်ားကို ပိုမုိေနရာေပး ထုတ္လုပ္ၾကလိမ့္မယ္လုိ႔ ခန္႔မွန္းထားၾကတယ္။ လြန္ခဲ့တဲ့ ႏွစ္ကစၿပီး VR ကို အေၾကာင္းျပဳၿပီး ဂိမ္းေစ်းကြက္ ေကာင္းလာတာေၾကာင့္ ထုတ္လုပ္သူမ်ားကလည္း gaming laptops ေစ်းကြက္အေပၚ ပစ္မွတ္ထားေနၾကျပန္ပါတယ္။ ဒီအခ်ိန္မွာ ေစ်းႏႈန္းခ်ိဳသာမႈအေပၚ အေျခခံထားထုတ္လုပ္ေလ့ရွိတဲ့ AMD အတြက္ အကြက္သာလာတယ္လုိ႔ သုေတသနျပဳလုပ္သူမ်ားက မွတ္ခ်က္ျပဳၾကတယ္။

၂၀၁၈ ခုႏွစ္အတြင္း ထုတ္လုပ္ေရာင္းခ်ခဲ့တဲ့ Acer Nitro 5 gaming laptops ကို ဥပမာေပးၿပီး AMD အေနနဲ႔ ေရြးခ်ယ္စရာအေကာင္းဆံုး ျဖစ္လာတဲ့ AMD laptops မ်ားလုိ႔ မဂၢဇင္းေတာ္ ေတာ္မ်ားမ်ားမွာ ေဖာ္က်ဴးရင္း ၂၀၁၈ ခုႏွစ္ကို ႀကိဳဆိုခဲ့ၾကတာ ေတြ႕ရတယ္။ Acer Nitro 5 မွာ ပ႐ိုဆက္ဆာအျဖစ္ AMD Ryzen 5-2500U ကို သံုးထားခဲ့တယ္။ AMD အေနနဲ႔ midrange mobile chip လုိ႔ သတ္မွတ္ထားခဲ့တဲ့ ပ႐ို ဆက္ဆာျဖစ္ၿပီး 4-Cores 8 Threads နဲ႔အတူ 2GHz ႏႈန္းထား နဲ႔ ပုံမွန္ေမာင္းႏွင္ေပးၿပီး max boost clock ကို 3GHz အထိ စြမ္းေဆာင္ႏုိင္စြမ္း ရွိတယ္။ ပ႐ိုဆက္ဆာထဲမွာ Radeon Vega Graphics ကို ထည့္သြင္းထားတယ္။ ပါဝါသံုးစြဲမႈက 15 watts သာ ရွိတာကို ေတြ႕ရတယ္။ ဒါေၾကာင့္ Intel ရဲ႕ 8th gen Core-i5-8250U (1.6GHz- 3.9GHz max turbo) နဲ႔ Whisky Lake Core i5-8265U (1.6 GHz-3.9GHz max turbo) ကို AMD Ryzen 5-2500U က ထိပ္တုိက္ ယွဥ္လုိက္တဲ့ အေျခအေန ျဖစ္ခဲ့တယ္။ အျခားအမွတ္တံဆိပ္နဲ႔အတူ Intel Core i5-8300H ကို သံုးကာ 8 GB- RAM တုိ႔ 256 GB SSD တုိ႔ Nvidia GeForce GTX 1050 နဲ႔ တပ္ဆင္ထားတဲ့ Laptop ကို ေဒၚလာ ၈၅၀ နဲ႔ သတ္မွတ္ေရာင္းခ်ခ်ိန္မွာ Acer Nitro 5 က Ryzen 5-2500U ကို သံုးကာ 8 GB- RAM ကို 256 GB SSD တုိ႔ Radeon RX560X နဲ႔ တည္ေဆာက္ထားၿပီး ေဒၚလာ ၇၀၀ နဲ႔ ေရာင္းခ်ခဲ့တဲ့အတြက္ ေစ်းကြက္ေအာင္ျမင္မႈ ျဖစ္ထြန္းခဲ့ပါတယ္။ single core test မွာ အနည္း ငယ္ ပိုျမန္ၿပီး multi core test မွာ လည္း ပိုျမန္ေကာင္း ျမန္ႏိုင္စရာ အေၾကာင္းရွိေပမယ့္ pro-
ductivity performance မွာ ကြာျခားမႈမရွိကာ လံုေလာက္စြာ ျဖည့္ဆည္းေပးႏုိင္တဲ့ AMD Ryzen 5 အေပၚ စိတ္ဝင္တစား ျဖစ္ခဲ့ၾကရတယ္။ Multiple web browsers tabs မ်ားကို အသံုးျပဳတဲ့အခါျဖစ္ျဖစ္ Microsoft Office documents နဲ႔ Presentation မ်ား လုပ္ေဆာင္ရာမွာျဖစ္ျဖစ္ Core i5 နည္းတူ ေက်နပ္အားရမႈ ရွိၾကတယ္။ light video encoding လုပ္ေဆာင္တဲ့အခါမွာပင္ လုံေလာက္တဲ့ စြမ္းေဆာင္ရည္ ရၾကတယ္။ ဒီလို ယွဥ္ၿပိဳင္ႏုိင္အားရွိၿပီး ေဒၚလာ ၁၅၀ သက္သာတဲ့အတြက္ AMD ရဲ႕ ပ႐ိုဆက္ဆာကို အသံုးခ်ၿပီး ထုတ္လုပ္ၾကမယ့္
ထုတ္လုပ္သူေတြ ဘယ္ေလာက္ရွိလာမယ္ဆိုတာ ၂၀၁၉ ခုႏွစ္အတြက္ ေစာင့္ၾကည့္စရာ ျဖစ္ေနေစပါတယ္။

တစ္ခ်ိန္တည္းမွာပင္ AMD ရဲ႕ Radeon Rx 560X အေၾကာင္း ကို ေလ့လာၾကည့္ႏုိင္ခဲ့ျပန္တယ္။ GTX 1050 အသံုးျပဳထားတဲ့ Asus VivoBook Pro N580 နဲ႔ 3DMark  Fire Strikes မွာ Scores အတူတူျဖစ္ၿပီး GTX 1050Ti သံုးထားတဲ့ Lenovo Legion Y730 တုိ႔ GTX 1060 Max-Q သံုးထားတဲ့ Razer Blade15 Base တုိ႔နဲ႔ G3 Gaming Laptop Scores ေတြမွာ သိပ္မကြာလွေပ။ Rx 560X အေနနဲ႔ 134FPS နဲ႔ 1080p စြမ္းေဆာင္ရည္ကို လုပ္ ေပးႏုိင္ခ်ိန္မွာ GTX 1050 အေန နဲ႔ 119FPS သာလုပ္ကိုင္ေပးႏုိင္ ေၾကာင္း သံုးသပ္စမ္းသပ္မႈေတြ မွာ ေဖာ္ျပၾကတယ္။ Nitro 5 ရဲ႕ ဘက္ထရီသက္ တမ္းနဲ႔ ပတ္သက္လုိ႔ Ryzen 5 ေၾကာင့္ ဘယ္ေရြ႕ဘယ္မွ် ပို ေကာင္းေၾကာင္းေတာ့ ေဖာ္ျပၾက ျခင္း မရွိခဲ့ေပ။ ၂၀၁၉ ခုႏွစ္အ တြက္ AMD အေနနဲ႔ Ryzen 3000 series မ်ားကို ပိုၿပီး စြမ္း ေဆာင္ရည္ေကာင္းေကာင္း ထုတ္ေပးေစမယ္လုိ႔ အာမခံ ေျပာဆိုမႈ ေတြလည္း ရွိခဲ့တယ္။ ဒီအခါမွာ ဘက္ထရီသက္တမ္းအတြက္ အား
သာခ်က္ကို ျပႏုိင္မယ္လုိ႔ ဆိုညႊန္းမႈေတြရွိတယ္။ Laptops ေစ်းကြက္အတြက္ AMD ရဲ႕ pro-cessor မ်ား ေနရာယူႏုိင္လာသလုိ desktop ေစ်းကြက္မွာလည္း ေနရာယူႏုိင္ၾကပါလိမ့္မယ္။ အာရွ ေစ်းကြက္မွာ လူႀကိဳက္မ်ားေနတဲ့ msi gaming laptops မ်ားမွာလည္း GX 60 series မ်ားနဲ႔ပင္ အေရာင္းသြက္ ေနတဲ့အတြက္ AMD Ryzen series မ်ားအျဖစ္ ေပၚထြက္ႏိုင္ပါေသးတယ္။ ၂၀၁၉ ခုႏွစ္မွာ အမွန္တကယ္ အေကာင္းဆံုး ေရြးခ်ယ္စရာ အခြင့္အလမ္း တစ္ခုအျဖစ္ AMD laptops မ်ားကို ေတြ႕ျမင္ႏိုင္ေစေၾကာင္း ေရႊႀကိဳလုပ္လုိက္ရပါ
ေတာ့တယ္။

-ဦးေသာင္းဝင္း (ပန္းခ်ယ္ရီ)

[ Unicode ]

တစ်ကိုယ်ရေသုံး ကွန်ပျူတာလောကမှာ ပရိုဆက်ဆာပိုင်းအတွက် Intel နဲ့ AMD တို့ရဲ့ စျေးကွက်ပြိုင်ဆိုင်ကြပုံနဲ့ ဂရပ်ဖစ်နယ်မြေမှာ Nvidia နဲ့ AMD Radeon တို့ ဘတစ်ပြန် ကျားတစ်ပြန် စျေးကွက်နေရာ ရနေကြပုံတို့ကို ကွန် ပျူတာလောကသားတိုင်း သိရှိထားကြပြီး ဖြစ်တယ်။ ပရိုဆက်ဆာနဲ့ ဂရပ်ဖစ်အပါအဝင် ကွန်ပျူတာအစိတ်အပိုင်းများကို ထုတ်လုပ်ခဲ့တဲ့အပြင် အသေးစား ကွန်ပျူတာလေးများကိုပါ ထုတ်လုပ်ခဲ့တဲ့ Intel ကုမ္ပဏီရဲ့ သက်တမ်းက နှစ်ပေါင်း ၅၀ ရှိခဲ့ပါတယ်။ AMD ကလည်း လွန်ခဲ့တဲ့ ၄၉ နှစ် ကတည်းက ပရိုဆက်ဆာနဲ့ ဂရပ်ဖစ်များကို အစဉ်တစိုက် ထုတ်လုပ်ခဲ့တာ ဖြစ်တယ်။ ထိပ်တိုက်ယှဉ်ပြိုင်မှု သက်တမ်းတစ်လျှောက်မှာ စွမ်းဆောင်ရည်ပိုင်းနဲ့ ပတ်သက်ပြီး Intel က နေရာရရှိနိုင်ခဲ့သလို စျေးနှုန်းချိုသာမှုအပိုင်းနဲ့ AMDက စျေးကွက်ရှာယူ လာနိုင်ခဲ့တယ်။ ဒီအတွက် AMD အနေနဲ့ များသောအားဖြင့် စွမ်းဆောင်ရည် အလတ်တန်းစားနေရာများတွင် စျေးကွက်အသာစီးရခဲ့တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး AMD အနေနဲ့ ယုံကြည်စိတ်ချပြည့်ဝတဲ့ စွမ်းဆောင်ရည်တွေ ဖြည့်ဆည်းနိုင်ဖို့ အထူးကြိုးစားယူတယ်။ ၂၀၁၈ ခုနှစ်မှာတော့ စွမ်းဆောင်ရည်ပိုင်းနဲ့ ပတ်သက်ပြီး Intel ကို အပြတ်စိန်ခေါ်နိုင်စေမယ့် Ryzen processor တွေကို ဦးစားပေး ထုတ်လုပ်ခဲ့တာကြောင့် ၂၀၁၉ ခုနှစ်မှာ ထုတ်လုပ်မယ့် ပီစီကွန်ပျူတာများမှာ ကြွားကြွားဝင့်ဝင့် ပါဝင်လာတော့မှာ ဖြစ်တယ်။

တစ်ချိန်တည်းမှာပင် ဘတစ်ပြန် ကျားတစ်ပြန် စျေးကွက်နေရာယူရင်း လွန်ခဲ့တဲ့ လေးငါးနှစ်ကာလအတွင်း Nvidia graphics များက AMD graphics များထက် နေရာရခဲ့တယ်။ ဒါပေမဲ့ ၂၀၁၈ ခုနှစ်မှာ AMD Radeon ရဲ့ စွမ်းဆောင်ရည်များက Nvidia ကို ကျော်လွှားနိုင်မယ့် အဆင့်ဖြစ်လာတယ်။ ၂၀၁၉ ခုနှစ်မှာ ဂိမ်းကစားနိုင်တဲ့ Laptop များ ထုတ်လုပ်ရာမှာ AMD ရဲ့ ပရိုဆက်ဆာနဲ့ AMD Radeon graphics များကို ပိုမိုနေရာပေး ထုတ်လုပ်ကြလိမ့်မယ်လို့ ခန့်မှန်းထားကြတယ်။ လွန်ခဲ့တဲ့ နှစ်ကစပြီး VR ကို အကြောင်းပြုပြီး ဂိမ်းစျေးကွက် ကောင်းလာတာကြောင့် ထုတ်လုပ်သူများကလည်း gaming laptops စျေးကွက်အပေါ် ပစ်မှတ်ထားနေကြပြန်ပါတယ်။ ဒီအချိန်မှာ စျေးနှုန်းချိုသာမှုအပေါ် အခြေခံထားထုတ်လုပ်လေ့ရှိတဲ့ AMD အတွက် အကွက်သာလာတယ်လို့ သုတေသနပြုလုပ်သူများက မှတ်ချက်ပြုကြတယ်။

၂၀၁၈ ခုနှစ်အတွင်း ထုတ်လုပ်ရောင်းချခဲ့တဲ့ Acer Nitro 5 gaming laptops ကို ဥပမာပေးပြီး AMD အနေနဲ့ ရွေးချယ်စရာအကောင်းဆုံး ဖြစ်လာတဲ့ AMD laptops များလို့ မဂ္ဂဇင်းတော် တော်များများမှာ ဖော်ကျူးရင်း ၂၀၁၈ ခုနှစ်ကို ကြိုဆိုခဲ့ကြတာ တွေ့ရတယ်။ Acer Nitro 5 မှာ ပရိုဆက်ဆာအဖြစ် AMD Ryzen 5-2500U ကို သုံးထားခဲ့တယ်။ AMD အနေနဲ့ midrange mobile chip လို့ သတ်မှတ်ထားခဲ့တဲ့ ပရို ဆက်ဆာဖြစ်ပြီး 4-Cores 8 Threads နဲ့အတူ 2GHz နှုန်းထား နဲ့ ပုံမှန်မောင်းနှင်ပေးပြီး max boost clock ကို 3GHz အထိ စွမ်းဆောင်နိုင်စွမ်း ရှိတယ်။ ပရိုဆက်ဆာထဲမှာ Radeon Vega Graphics ကို ထည့်သွင်းထားတယ်။ ပါဝါသုံးစွဲမှုက 15 watts သာ ရှိတာကို တွေ့ရတယ်။ ဒါကြောင့် Intel ရဲ့ 8th gen Core-i5-8250U (1.6GHz- 3.9GHz max turbo) နဲ့ Whisky Lake Core i5-8265U (1.6 GHz-3.9GHz max turbo) ကို AMD Ryzen 5-2500U က ထိပ်တိုက် ယှဉ်လိုက်တဲ့ အခြေအနေ ဖြစ်ခဲ့တယ်။ အခြားအမှတ်တံဆိပ်နဲ့အတူ Intel Core i5-8300H ကို သုံးကာ 8 GB- RAM တို့ 256 GB SSD တို့ Nvidia GeForce GTX 1050 နဲ့ တပ်ဆင်ထားတဲ့ Laptop ကို ဒေါ်လာ ၈၅၀ နဲ့ သတ်မှတ်ရောင်းချချိန်မှာ Acer Nitro 5 က Ryzen 5-2500U ကို သုံးကာ 8 GB- RAM ကို 256 GB SSD တို့ Radeon RX560X နဲ့ တည်ဆောက်ထားပြီး ဒေါ်လာ ရ၀၀ နဲ့ ရောင်းချခဲ့တဲ့အတွက် စျေးကွက်အောင်မြင်မှု ဖြစ်ထွန်းခဲ့ပါတယ်။ single core test မှာ အနည်း ငယ် ပိုမြန်ပြီး multi core test မှာ လည်း ပိုမြန်ကောင်း မြန်နိုင်စရာ အကြောင်းရှိပေမယ့် pro-
ductivity performance မှာ ကွာခြားမှုမရှိကာ လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်တဲ့ AMD Ryzen 5 အပေါ် စိတ်ဝင်တစား ဖြစ်ခဲ့ကြရတယ်။ Multiple web browsers tabs များကို အသုံးပြုတဲ့အခါဖြစ်ဖြစ် Microsoft Office documents နဲ့ Presentation များ လုပ်ဆောင်ရာမှာဖြစ်ဖြစ် Core i5 နည်းတူ ကျေနပ်အားရမှု ရှိကြတယ်။ light video encoding လုပ်ဆောင်တဲ့အခါမှာပင် လုံလောက်တဲ့ စွမ်းဆောင်ရည် ရကြတယ်။ ဒီလို ယှဉ်ပြိုင်နိုင်အားရှိပြီး ဒေါ်လာ ၁၅၀ သက်သာတဲ့အတွက် AMD ရဲ့ ပရိုဆက်ဆာကို အသုံးချပြီး ထုတ်လုပ်ကြမယ့်
ထုတ်လုပ်သူတွေ ဘယ်လောက်ရှိလာမယ်ဆိုတာ ၂၀၁၉ ခုနှစ်အတွက် စောင့်ကြည့်စရာ ဖြစ်နေစေပါတယ်။

တစ်ချိန်တည်းမှာပင် AMD ရဲ့ Radeon Rx 560X အကြောင်း ကို လေ့လာကြည့်နိုင်ခဲ့ပြန်တယ်။ GTX 1050 အသုံးပြုထားတဲ့ Asus VivoBook Pro N580 နဲ့ 3DMark Fire Strikes မှာ Scores အတူတူဖြစ်ပြီး GTX 1050Ti သုံးထားတဲ့ Lenovo Legion Y730 တို့ GTX 1060 Max-Q သုံးထားတဲ့ Razer Blade15 Base တို့နဲ့ G3 Gaming Laptop Scores တွေမှာ သိပ်မကွာလှပေ။ Rx 560X အနေနဲ့ 134FPS နဲ့ 1080p စွမ်းဆောင်ရည်ကို လုပ် ပေးနိုင်ချိန်မှာ GTX 1050 အနေ နဲ့ 119FPS သာလုပ်ကိုင်ပေးနိုင် ကြောင်း သုံးသပ်စမ်းသပ်မှုတွေ မှာ ဖော်ပြကြတယ်။ Nitro 5 ရဲ့ ဘက်ထရီသက် တမ်းနဲ့ ပတ်သက်လို့ Ryzen 5 ကြောင့် ဘယ်ရွေ့ဘယ်မျှ ပို ကောင်းကြောင်းတော့ ဖော်ပြကြ ခြင်း မရှိခဲ့ပေ။ ၂၀၁၉ ခုနှစ်အ တွက် AMD အနေနဲ့ Ryzen 3000 series များကို ပိုပြီး စွမ်း ဆောင်ရည်ကောင်းကောင်း ထုတ်ပေးစေမယ်လို့ အာမခံ ပြောဆိုမှု တွေလည်း ရှိခဲ့တယ်။ ဒီအခါမှာ ဘက်ထရီသက်တမ်းအတွက် အား
သာချက်ကို ပြနိုင်မယ်လို့ ဆိုညွှန်းမှုတွေရှိတယ်။ Laptops စျေးကွက်အတွက် AMD ရဲ့ pro-cessor များ နေရာယူနိုင်လာသလို desktop စျေးကွက်မှာလည်း နေရာယူနိုင်ကြပါလိမ့်မယ်။ အာရှ စျေးကွက်မှာ လူကြိုက်များနေတဲ့ msi gaming laptops များမှာလည်း GX 60 series များနဲ့ပင် အရောင်းသွက် နေတဲ့အတွက် AMD Ryzen series များအဖြစ် ပေါ်ထွက်နိုင်ပါသေးတယ်။ ၂၀၁၉ ခုနှစ်မှာ အမှန်တကယ် အကောင်းဆုံး ရွေးချယ်စရာ အခွင့်အလမ်း တစ်ခုအဖြစ် AMD laptops များကို တွေ့မြင်နိုင်စေကြောင်း ရွှေကြိုလုပ်လိုက်ရပါ
တော့တယ်။