ေရဒီယိုလိႈင္းႏႈန္း အသံုးျပဳမႈ တိုင္းတာစစ္ေဆးျခင္း လုပ္ငန္းေဆာင္ရြက္

[ Zawgyi ]

ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေရဒီယိုလိႈင္းအသံုးျပဳမႈ တိုင္းတာစစ္ေဆးျခင္းေတြကို ျပဳလုပ္လ်က္ရွိတယ္လို႔ သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။

ဆက္သြယ္ေရးညႊန္ၾကားမႈဦးစီးဌာန၊ ေရဒီယိုလိႈင္းႏႈန္းစဥ္ႀကီးႀကပ္ေရးႏွင့္ စံခ်ိန္စံညႊန္းဌာနရဲ႕ ေရဒီယိုလိႈင္းႏႈန္း တိုင္းတာေရးအဖြဲ႔မွ Mobile Operator ေတြရဲ႕ ဆက္သြယ္ေရး ကြန္ရက္ေတြမွာ အေႏွာင့္အယွက္ျဖစ္ႏိုင္မယ့္ Repeater အသံုးျပဳေနမႈကို သြားေရာက္စစ္ေဆးျခင္းျဖစ္တယ္လို႔ သိရပါတယ္။ ယခင္က Operator ေတြဆီကို Repeater အသံုးမျပဳဖို႔ အေၾကာင္းၾကားစာေပးပို႔ထားေၾကာင္း၊ အသံုးျပဳထားပါက ျဖဳတ္သိမ္းျခင္းလုပ္ငန္းစဥ္မ်ားျပဳလုပ္ေၾကာင္း၊ Repeater အသံုးျပဳျခင္းေၾကာင့္ Mobile Operator ေတြရဲ႕ ဆက္သြယ္ေရး ကြန္ရက္ကို အေႏွာင့္အယွက္ျဖစ္႐ံုမက ပတ္ဝန္းက်င္က မိုဘိုင္းဖုန္းသံုးစြဲေတြဆီကို အေႏွာင့္အယွက္ျဖစ္ေစႏိုင္တဲ့အတြက္ ျပည္သူေတြကိုရွင္းျပတဲ့လုပ္ငန္းစဥ္ ေတြကို ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရပါတယ္။

[ Unicode ]

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေဒီယိုလှိုင်းအသုံးပြုမှု တိုင်းတာစစ်ဆေးခြင်းတွေကို ပြုလုပ်လျက်ရှိတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရေဒီယိုလှိုင်းနှုန်းစဉ်ကြီးကြပ်ရေးနှင့် စံချိန်စံညွှန်းဌာနရဲ့ ရေဒီယိုလှိုင်းနှုန်း တိုင်းတာရေးအဖွဲ့မှ Mobile Operator တွေရဲ့ ဆက်သွယ်ရေး ကွန်ရက်တွေမှာ အနှောင့်အယှက်ဖြစ်နိုင်မယ့် Repeater အသုံးပြုနေမှုကို သွားရောက်စစ်ဆေးခြင်းဖြစ်တယ်လို့ သိရပါတယ်။ ယခင်က Operator တွေဆီကို Repeater အသုံးမပြုဖို့ အကြောင်းကြားစာပေးပို့ထားကြောင်း၊ အသုံးပြုထားပါက ဖြုတ်သိမ်းခြင်းလုပ်ငန်းစဉ်များပြုလုပ်ကြောင်း၊ Repeater အသုံးပြုခြင်းကြောင့် Mobile Operator တွေရဲ့ ဆက်သွယ်ရေး ကွန်ရက်ကို အနှောင့်အယှက်ဖြစ်ရုံမက ပတ်ဝန်းကျင်က မိုဘိုင်းဖုန်းသုံးစွဲတွေဆီကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့အတွက် ပြည်သူတွေကိုရှင်းပြတဲ့လုပ်ငန်းစဉ် တွေကို ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။