ေရဒီယိုကုမၸဏီ iHeartMedia ရွယ္ယာေတြကိုဝယ္ယူဖို႔ Apple ေဆြးေႏြးေန

[ Zawgyi ]

Apple ဟာ အေမရိကန္ေရဒီယို ကုမၸဏီအတြင္း ရွယ္ယာေတြကုိ ဝယ္ယူဖို႔ iHeartMedia နဲ႔ စကားေျပာဆိုေနတယ္လို႔ Financial Times ရဲ႕သတင္းရင္းျမစ္တစ္ခုက ေဖာ္ျပခဲ့ပါတယ္။

လက္ရွိမွာ iHeartMedia ဟာ ေဒၚလာဘီလ်ံ ၂၀ အေႂကြးတင္ေနၿပီး ပရိသတ္အမ်ားစုကလည္း Spotify, Apple Music နဲ႔ Pandora လိုမ်ိဳး ေတးဂီတဝန္ေဆာင္မႈေတြကုိ ေျပာင္းလဲအသုံးျပဳေနၾကပါတယ္။ ေမလက iHeartMedia ဟာ လူမြဲစာရင္းအတြက္ ေလွ်ာက္ထားခဲ့ၿပီး ေဒဝါလီခံဖို႔အတြက္ အဖြဲ႕အစည္းကုိ ျပန္လည္ဖြဲ႕စည္းမယ့္ အစီအစဥ္ မျပဳလုပ္ခင္ ဒီလေႏွာင္းပုိင္းမွာ အလားအလာရွိတဲ့ ရငး္ႏွီးျမႇဳပ္ႏွံသူေတြကုိ ဆက္သြယ္ေနပါတယ္။

iHeartMedia အေနနဲ႔ Apple ထံ ေဒၚလာသန္းေပါင္းမ်ားစြာရွိတဲ့ ရွယ္ယာေတြ ေရာင္းခ်သြားဖို႔ ေမွ်ာ္လင့္ေနပါတယ္။ ကုမၸဏီႏွစ္ခုအၾကားက ေဆြးေႏြးမႈဟာ အေစာပုိင္းအဆင့္သာရွိေသးၿပီး သေဘာတူညီမႈ မရေသးဘူးလို႔ သိရပါတယ္။

Apple အေနနဲ႔ Apple Music ကုိျမႇင့္တင္ၿပီး Beats 1 radio station ကုိ က်ယ္က်ယ္ျပန္႔ျပန္႔ ျဖန္႔ခ်ိဖို႔အတြက္ platform တစ္ခုရယူသြားဖို႔ စီစဥ္ေနပါတယ္။

iHeartMedia ဟာ ေဒၚလာဘီလ်ံေပါင္းမ်ားစြာ အေႂကြးတင္ေနေပမယ့္ အေမရိကန္ႏိုင္ငံအတြင္းက အႀကီးဆုံးေရဒီယို ထုတ္လႊင့္ေရး ဝန္ေဆာင္မႈအျဖစ္ ဆက္လက္ရပ္တည္ေနပါတယ္။ iHeartMedia ဟာ အေမရိကန္ႏိုင္ငံအတြင္း ေရဒီယိုထုတ္လႊင့္မႈ႐ုံေပါင္း ၈၅၀ ရွိပါတယ္။ အခုရင္းႏွီးျမႇဳပ္ႏွံမႈဟာ Apple အတြက္ ၾသဇာအေျပာင္းအလဲကုိ ျဖစ္ေပၚေစမယ္လို႔ Financial Times ကေဖာ္ျပခဲ့ပါတယ္။ Apple အေနနဲ႔ ၿပိဳင္ဘက္ Spotify ထက္ကုိယ္ပုိင္ streaming ဝန္ေဆာင္မႈအတြက္ အေစာပုိင္းနဲ႔ သီးသန္႔ content အတြက္ အႏုပညာရွင္ေတြနဲ႔ ေလဘယ္ေတြကုိ ပုိမိုဆြဲေဆာင္လာႏိုင္မွာ ျဖစ္ပါတယ္။

စိုးထက္
Ref: MacRumors

[ Unicode ]

Apple ဟာ အမေရိကန်ရေဒီယို ကုမ္ပဏီအတွင်း ရှယ်ယာတွေကို ဝယ်ယူဖို့ iHeartMedia နဲ့ စကားပြောဆိုနေတယ်လို့ Financial Times ရဲ့သတင်းရင်းမြစ်တစ်ခုက ဖော်ပြခဲ့ပါတယ်။

လက်ရှိမှာ iHeartMedia ဟာ ဒေါ်လာဘီလျံ ၂၀ အကြွေးတင်နေပြီး ပရိသတ်အများစုကလည်း Spotify, Apple Music နဲ့ Pandora လိုမျိုး တေးဂီတဝန်ဆောင်မှုတွေကို ပြောင်းလဲအသုံးပြုနေကြပါတယ်။ မေလက iHeartMedia ဟာ လူမွဲစာရင်းအတွက် လျှောက်ထားခဲ့ပြီး ဒေဝါလီခံဖို့အတွက် အဖွဲ့အစည်းကို ပြန်လည်ဖွဲ့စည်းမယ့် အစီအစဉ် မပြုလုပ်ခင် ဒီလနှောင်းပိုင်းမှာ အလားအလာရှိတဲ့ ရငး်နှီးမြှုပ်နှံသူတွေကို ဆက်သွယ်နေပါတယ်။

iHeartMedia အနေနဲ့ Apple ထံ ဒေါ်လာသန်းပေါင်းများစွာရှိတဲ့ ရှယ်ယာတွေ ရောင်းချသွားဖို့ မျှော်လင့်နေပါတယ်။ ကုမ္ပဏီနှစ်ခုအကြားက ဆွေးနွေးမှုဟာ အစောပိုင်းအဆင့်သာရှိသေးပြီး သဘောတူညီမှု မရသေးဘူးလို့ သိရပါတယ်။

Apple အနေနဲ့ Apple Music ကိုမြှင့်တင်ပြီး Beats 1 radio station ကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိဖို့အတွက် platform တစ်ခုရယူသွားဖို့ စီစဉ်နေပါတယ်။

iHeartMedia ဟာ ဒေါ်လာဘီလျံပေါင်းများစွာ အကြွေးတင်နေပေမယ့် အမေရိကန်နိုင်ငံအတွင်းက အကြီးဆုံးရေဒီယို ထုတ်လွှင့်ရေး ဝန်ဆောင်မှုအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။ iHeartMedia ဟာ အမေရိကန်နိုင်ငံအတွင်း ရေဒီယိုထုတ်လွှင့်မှုရုံပေါင်း ၈၅၀ ရှိပါတယ်။ အခုရင်းနှီးမြှုပ်နှံမှုဟာ Apple အတွက် သြဇာအပြောင်းအလဲကို ဖြစ်ပေါ်စေမယ်လို့ Financial Times ကဖော်ပြခဲ့ပါတယ်။ Apple အနေနဲ့ ပြိုင်ဘက် Spotify ထက်ကိုယ်ပိုင် streaming ဝန်ဆောင်မှုအတွက် အစောပိုင်းနဲ့ သီးသန့် content အတွက် အနုပညာရှင်တွေနဲ့ လေဘယ်တွေကို ပိုမိုဆွဲဆောင်လာနိုင်မှာ ဖြစ်ပါတယ်။

စိုးထက်
Ref: MacRumors