ေမာ္ဒယ္ေဟာင္းၿပီး ေႏွးေကြးတဲ့ iPhone၊ iPad ေတြကို ျမန္ဆန္ေအာင္ ဘယ္လိုလုပ္မလဲ

[ Zawgyi ]

Apple ကေန ႏွစ္တုိင္း iPhoe နဲ႔ iPad အသစ္ထုတ္တုိင္း iOS ဗားရွင္းလည္း ျမင့္သြားပါတယ္။ အဲဒီလိုထုတ္တာက သုံးစြဲသူအတြက္ ပိုမိုေကာင္းမြန္တဲ့ ဖုန္းအသုံးျပဳမႈ အေတြ႕အႀကဳံသစ္ေတြ ထပ္မံရရွိႏုိင္ေပမယ့္ ထြက္သမွ်တုိင္းကို လူတုိင္းမဝယ္ႏုိင္ပါဘူး။ မိမိအေနနဲ႔ လက္ရွိမွာ iPhone ေမာ္ဒယ္ေဟာင္းကို သုံးေနတယ္ဆိုရင္ေတာ့ ဖုန္းရဲ႕ စြမ္းေဆာင္ရည္ပိုင္းကို နဂိုထက္ ပိုမို ျမန္ဆန္ေကာင္းမြန္ေစမယ့္ နည္းလမ္းတခ်ဳိ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

တခ်ဳိ႕သတင္းေတြမွာေတာ့ ဖုန္းကို restore လုပ္တာနဲ႔ ဖုန္းဘက္ထရီ အသစ္လဲလွယ္တာက ဖုန္းေဟာင္းေတြအတြက္ လုပ္ေဆာင္ခ်က္ကို ျမန္ဆန္ေကာင္းမြန္တယ္လို႔ ၾကားဖူးၾကမွာပါ။ ဒါ့အျပင္ အခုေဖာ္ျပမယ့္ နည္းလမ္းေတြကိုလည္း စမ္းသပ္ၾကည့္ဖို႔ တုိက္တြန္းလိုက္ပါတယ္။

ဖုန္းကို Restart လုပ္ပါ

ဒါကေတာ့ Windows ဒိုမိန္းသမားေတြ လုပ္ေလ့ရွိတဲ့ နည္းလမ္းျဖစ္ပါတယ္။ ဒီနည္းလမ္းကို ဖုန္းမွာလည္း စမ္းသပ္ၾကည့္သင့္ပါတယ္။ မိမိအေနနဲ႔ Settings ထဲမွာ အေျပာင္းအလဲေတြ မလုပ္ခင္မ်ဳိးမွာ ဖုန္းကို restart ခ်ေပးပါ။

ဂရပ္ဖစ္စနစ္ကို ေလွ်ာ့ပါ

ဖုန္းရဲ႕ ဂရပ္ဖစ္သုံးစြဲမႈကို ေလွ်ာ့ခ်ေပးပါ။ ဖုန္းအသစ္အတြက္ စိုျပည္ေကာင္းမြန္လွတဲ့ ဂရပ္ဖစ္လုပ္ေဆာင္ခ်က္ေတြက သေဘာက်စရာျဖစ္ေပမယ့္ ဖုန္းကသုံးတာၾကာလာတဲ့အမွ် ေႏွးလာတာမ်ဳိး၊ ေလးလာတာမ်ဳိးေတြ ျဖစ္လာႏုိင္ပါတယ္။ ဖုန္းရဲ႕ ဂရပ္ဖစ္စနစ္ကို ေအာက္ပါနည္းအတုိင္း ေလွ်ာ့ခ်ႏုိင္ပါတယ္။ ဖုန္း Settings> General>Accessibility ထဲကို ဝင္လုိက္ပါ။

Accessibility ထဲက Increase Contrast နဲ႔ Reduce Motion စနစ္ေတြကို ပိတ္ေပးပါ။

Increase Contrast ထဲက Reduce Transparency စနစ္ကိုပိတ္ေပးပါ။

မသုံးတဲ့ Apps ေတြဖ်က္ပါ

ဖုန္းရဲ႕ Storage ထဲမွာ ျပည့္ေနတဲ့အခါမ်ဳိးမွာ ဖုန္းထဲက Apps တခ်ဳိ႕ကို ဖ်က္ေပးၿပီး ဖုန္းမွာ ေနရာလြတ္ရွိေအာင္ လုပ္ေပးပါ။ အဲဒီလို လုပ္ေပးတာက ဖုန္းရဲ႕စြမ္းေဆာင္ရည္ကို ပိုမိုျမန္ဆန္ဖို႔ အတြက္ အေထာက္အကူျဖစ္ပါတယ္။ Settings>General>iPhone Storage စနစ္ထဲဝင္ၿပီး အၿမဲမသုံးျဖစ္တဲ့ Apps ေတြကို ဖ်က္ေပးပါ။

Background App Refreshes လုပ္ပါ

ေနာက္ကြယ္မွာ ပြင့္ေနတတ္တဲ့ App ေတြကို refreshes လုပ္ေပးတဲ့စနစ္ကို ပိတ္ေပးထားပါ။ Settings>General>Back ground App>Background App Refresh စနစ္ကို ပိတ္ေပးပါ။

Messages ေတြ ဖ်က္ေပးပါ

ဖုန္းထဲမွာ မက္ေဆ့ခ်္ေတြ ရာခ်ီရွိေနတာကလည္း မက္ေဆ့ခ်္ App သုံးတဲ့အခါမွာ ေႏွးတယ္လို႔ ခံစားရႏုိင္ပါတယ္။ ဒါေၾကာင့္ အေရးမႀကီးတဲ့ မက္ေဆ့ခ်္ေတြကို ဖ်က္ေပးပါ။ ေနာက္ၿပီး မက္ေဆ့ခ်္ကို Limit လုပ္ကာ သုံးပါ။

Siri Suggestions စနစ္ကို Disable လုပ္ပါ

Settings>Siri & Search>Suggestions in Search ကို Disable လုပ္ေပးပါ။

ဖုန္းမွာပါတဲ့ Built-in Apps ကိုပဲသုံးပါThird-party apps ေတြက ဖုန္းမွာပါတဲ့ Built-in apps ေတြထက္ပိုၿပီး လုပ္ေဆာင္ခ်က္ေတြ စုံလင္လွသလို App အတြက္ ဖုန္းရဲ႕ resource ေတြလည္း မ်ားစြာလိုအပ္တတ္ပါတယ္။ ဒါ ေၾကာင့္ ျဖစ္ႏုိင္မယ္ဆိုရင္ Apple ဖုန္းထဲမွာ ထည့္ေပးထားတဲ့ Built-in apps ေတြကို သုံးေပးပါ။ ဥပမာ Google Chrome ကို သုံးမယ့္အစား Siri ကိုပဲ အသုံးျပဳတာမ်ဳိးက ဖုန္းသုံးရတာကို ျမန္ဆန္ေစမွာ ျဖစ္ပါတယ္။

ေနာက္ဆုံးအေနနဲ႔ ဖုန္းကို Backup & Restore လုပ္ေပးပါ။ ဒီလုိလုပ္ေပးတာက ဖုန္းရဲ႕ iOS စနစ္က CPU သုံးစြဲမႈကို ေလ်ာ့က်ေစတဲ့အတြက္ ဖုန္းကို ပိုမိုျမန္ဆန္ဖို႔ အေထာက္အကူ ျဖစ္ေစပါတယ္။

-ရဲထြဋ္ဝင္း

[ Zawgyi ]

Apple ကနေ နှစ်တိုင်း iPhoe နဲ့ iPad အသစ်ထုတ်တိုင်း iOS ဗားရှင်းလည်း မြင့်သွားပါတယ်။ အဲဒီလိုထုတ်တာက သုံးစွဲသူအတွက် ပိုမိုကောင်းမွန်တဲ့ ဖုန်းအသုံးပြုမှု အတွေ့အကြုံသစ်တွေ ထပ်မံရရှိနိုင်ပေမယ့် ထွက်သမျှတိုင်းကို လူတိုင်းမဝယ်နိုင်ပါဘူး။ မိမိအနေနဲ့ လက်ရှိမှာ iPhone မော်ဒယ်ဟောင်းကို သုံးနေတယ်ဆိုရင်တော့ ဖုန်းရဲ့ စွမ်းဆောင်ရည်ပိုင်းကို နဂိုထက် ပိုမို မြန်ဆန်ကောင်းမွန်စေမယ့် နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

တချို့သတင်းတွေမှာတော့ ဖုန်းကို restore လုပ်တာနဲ့ ဖုန်းဘက်ထရီ အသစ်လဲလှယ်တာက ဖုန်းဟောင်းတွေအတွက် လုပ်ဆောင်ချက်ကို မြန်ဆန်ကောင်းမွန်တယ်လို့ ကြားဖူးကြမှာပါ။ ဒါ့အပြင် အခုဖော်ပြမယ့် နည်းလမ်းတွေကိုလည်း စမ်းသပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ဖုန်းကို Restart လုပ်ပါ

ဒါကတော့ Windows ဒိုမိန်းသမားတွေ လုပ်လေ့ရှိတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းလမ်းကို ဖုန်းမှာလည်း စမ်းသပ်ကြည့်သင့်ပါတယ်။ မိမိအနေနဲ့ Settings ထဲမှာ အပြောင်းအလဲတွေ မလုပ်ခင်မျိုးမှာ ဖုန်းကို restart ချပေးပါ။

ဂရပ်ဖစ်စနစ်ကို လျှော့ပါ

ဖုန်းရဲ့ ဂရပ်ဖစ်သုံးစွဲမှုကို လျှော့ချပေးပါ။ ဖုန်းအသစ်အတွက် စိုပြည်ကောင်းမွန်လှတဲ့ ဂရပ်ဖစ်လုပ်ဆောင်ချက်တွေက သဘောကျစရာဖြစ်ပေမယ့် ဖုန်းကသုံးတာကြာလာတဲ့အမျှ နှေးလာတာမျိုး၊ လေးလာတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဖုန်းရဲ့ ဂရပ်ဖစ်စနစ်ကို အောက်ပါနည်းအတိုင်း လျှော့ချနိုင်ပါတယ်။ ဖုန်း Settings> General>Accessibility ထဲကို ဝင်လိုက်ပါ။

Accessibility ထဲက Increase Contrast နဲ့ Reduce Motion စနစ်တွေကို ပိတ်ပေးပါ။

Increase Contrast ထဲက Reduce Transparency စနစ်ကိုပိတ်ပေးပါ။

မသုံးတဲ့ Apps တွေဖျက်ပါ

ဖုန်းရဲ့ Storage ထဲမှာ ပြည့်နေတဲ့အခါမျိုးမှာ ဖုန်းထဲက Apps တချို့ကို ဖျက်ပေးပြီး ဖုန်းမှာ နေရာလွတ်ရှိအောင် လုပ်ပေးပါ။ အဲဒီလို လုပ်ပေးတာက ဖုန်းရဲ့စွမ်းဆောင်ရည်ကို ပိုမိုမြန်ဆန်ဖို့ အတွက် အထောက်အကူဖြစ်ပါတယ်။ Settings>General>iPhone Storage စနစ်ထဲဝင်ပြီး အမြဲမသုံးဖြစ်တဲ့ Apps တွေကို ဖျက်ပေးပါ။

Background App Refreshes လုပ်ပါ

နောက်ကွယ်မှာ ပွင့်နေတတ်တဲ့ App တွေကို refreshes လုပ်ပေးတဲ့စနစ်ကို ပိတ်ပေးထားပါ။ Settings>General>Back ground App>Background App Refresh စနစ်ကို ပိတ်ပေးပါ။

Messages တွေ ဖျက်ပေးပါ

ဖုန်းထဲမှာ မက်ဆေ့ချ်တွေ ရာချီရှိနေတာကလည်း မက်ဆေ့ချ် App သုံးတဲ့အခါမှာ နှေးတယ်လို့ ခံစားရနိုင်ပါတယ်။ ဒါကြောင့် အရေးမကြီးတဲ့ မက်ဆေ့ချ်တွေကို ဖျက်ပေးပါ။ နောက်ပြီး မက်ဆေ့ချ်ကို Limit လုပ်ကာ သုံးပါ။

Siri Suggestions စနစ်ကို Disable လုပ်ပါ

Settings>Siri & Search>Suggestions in Search ကို Disable လုပ်ပေးပါ။

ဖုန်းမှာပါတဲ့ Built-in Apps ကိုပဲသုံးပါThird-party apps တွေက ဖုန်းမှာပါတဲ့ Built-in apps တွေထက်ပိုပြီး လုပ်ဆောင်ချက်တွေ စုံလင်လှသလို App အတွက် ဖုန်းရဲ့ resource တွေလည်း များစွာလိုအပ်တတ်ပါတယ်။ ဒါ ကြောင့် ဖြစ်နိုင်မယ်ဆိုရင် Apple ဖုန်းထဲမှာ ထည့်ပေးထားတဲ့ Built-in apps တွေကို သုံးပေးပါ။ ဥပမာ Google Chrome ကို သုံးမယ့်အစား Siri ကိုပဲ အသုံးပြုတာမျိုးက ဖုန်းသုံးရတာကို မြန်ဆန်စေမှာ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ ဖုန်းကို Backup & Restore လုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ဖုန်းရဲ့ iOS စနစ်က CPU သုံးစွဲမှုကို လျော့ကျစေတဲ့အတွက် ဖုန်းကို ပိုမိုမြန်ဆန်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။