September 21, 2018

ေမာင္းသူမဲ့ ေလေၾကာင္းတကၠစီစနစ္အေပၚ သံုးသပ္ၾကည့္ျခင္း

[ Zawgyi ]

တိုးတက္မ်ားျပားလာသည့္ ကမၻာႀကီး၏ လူဦးေရစာရင္းႏွင့္အတူ ယာဥ္ေၾကာ႐ႈပ္ေထြးမႈမ်ား၊ က်ပ္တည္းမႈမ်ားကို ႏိုင္ငံအႏွံ႔အျပားတြင္
ေတြ႕ႀကံဳရင္ဆိုင္ရလ်က္ရွိရာ နည္းပညာကုမၸဏီမ်ားအေနျဖင့္ အဆိုပါျပႆနာကို ေျဖရွင္းႏုိင္ရန္အတြက္ အမ်ိဳးမ်ိဳးေသာ သယ္ယူပို႔ေဆာင္ေရးဆိုင္ရာ ေျဖရွင္းခ်က္မ်ားကို စဥ္းစားလုပ္ေဆာင္ခဲ့ၾကရာမွ တိုးတက္လာသည့္ ေမာင္းသူမဲ့ေလယာဥ္ စနစ္မ်ားအေပၚ အသံုးခ်ကာ ပိတ္ဆို႔မႈမရွိ၊ အခ်ိန္မီေရာက္ရွိစြာျဖင့္ သြားလာႏိုင္မည့္ ေလေၾကာင္းတကၠစီစနစ္ကို အေကာင္အထည္ေဖာ္ႏိုင္ရန္ အာကာသသို႔ ခရီးသြားျခင္းႏွင့္အၿပိဳင္ အေကာင္အထည္ေဖာ္လာခဲ့ၾကသည္မွာ အခ်ိန္ကာလအားျဖင့္ တစ္ႏွစ္ေက်ာ္မွ် ရွိလာခဲ့ၿပီျဖစ္သည္။

ေမာင္းသူမဲ့ေလေၾကာင္း တကၠစီစနစ္မ်ားသည္ သိပၸံပညာတုိးတက္မႈ အက်ိဳးဆက္ဟု ဆုိရမည္ျဖစ္ၿပီး နာမည္ေက်ာ္ ကုမၸဏီႀကီးမ်ားျဖစ္သည့္ Boeing၊ Airbus ႏွင့္ Uber တို႔သည္လည္း အဆိုပါတီထြင္မႈမ်ားတြင္ ဦးေဆာင္ပါဝင္ေနကာ အေလးခ်ိန္မ်ားစြာကို သယ္ေဆာင္ႏိုင္ရန္အတြက္ ေငြေၾကးပမာဏမ်ားစြာကို ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ျပဳလုပ္လ်က္ရွိခဲ့ၿပီျဖစ္သည္။ ေလေၾကာင္းတကၠစီစနစ္တြင္ သာမန္သယ္ယူပို႔ေဆာင္ေရးအတြက္ လွ်ပ္စစ္စြမ္းအင္သံုး တကၠစီစနစ္မ်ားသည္ စီးပြားေရးဆိုင္ရာ၊
ပတ္ဝန္းက်င္ ထိခိုက္မႈသက္သာျခင္းမ်ားအတြက္ လူ႔အဖြဲ႕အစည္းႏွင့္ ပိုမိုကိုက္ညီမႈရွိသည္ကို ေတြ႕ရွိရပါသည္။ ထို႔အျပင္ ရာသီဥတုေျပာင္းလဲျခင္းမ်ားေၾကာင့္ အစိုးရႏွင့္ ကမၻာအႏွံ႔မွကုမၸဏီမ်ားသည္ ကာဘြန္ထုတ္လုပ္မႈရွိသည့္ ေလာင္စာဆီ သံုးစြဲမႈစနစ္အေပၚ ကန္႔သတ္ပိတ္ပင္ႏုိင္ရန္ လ႔ႈံေဆာ္လ်က္ရွိရာ အနာဂတ္ေလေၾကာင္း သြားလာမႈသည္ လွ်ပ္စစ္စနစ္ျဖင့္ပင္ ျမင္ေတြ႕ရႏိုင္ေပသည္။ ထို႔အတြက္ေၾကာင့္လည္း ကုမၸဏီအခ်ိဳ႕အေနျဖင့္ ၎စနစ္ျဖင့္ ဝန္ေဆာင္မႈေပးႏိုင္ရန္ ကိုယ္ပိုင္ဒီဇိုင္း၊
ကိုယ္ပိုင္နည္းလမ္းျဖင့္ ေမာင္းသူမဲ့ေလေၾကာင္း တကၠစီစနစ္မ်ားကို အသံုးျပဳႏိုင္ရန္ တီထြင္ေနခဲ့ၾကျခင္းျဖစ္သည္။

ယေန႔ေခတ္ အဆင့္ျမင့္နည္းပညာမ်ားသည္ ေလေၾကာင္းတကၠစီစနစ္ကို ျဖစ္ေပၚေစႏိုင္မည္လား လွ်ပ္စစ္အသံုးျပဳေလေၾကာင္း တကၠစီမ်ားအတြက္ ေနရာအက်ယ္အဝန္း၊ အေလးခ်ိန္ကန္႔သတ္ခ်က္ႏွင့္ စြမ္းေဆာင္ရည္မ်ားသည္ ကန္႔သတ္ခ်က္မ်ားစြာအျဖစ္ က်န္ရွိေနဆဲပင္ျဖစ္သည္။ ယေန႔အခ်ိန္တြင္ ေလယာဥ္ဆီႏွင့္ စြမ္းအင္ႏွင့္ႏိႈင္းယွဥ္လ်င္ လွ်ပ္စစ္ဘက္ထရီစနစ္မ်ားသည္ အေလးခ်ိန္ မ်ားျပားသလို စြမ္းအင္ထုတ္လုပ္ႏုိင္မႈ နည္းပါးေနဆဲပင္ျဖစ္သည္။ ထို႔အတြက္ေၾကာင့္ ပ်ံသန္းမႈအတြက္လံုေလာက္ေသာ
စြမ္းအင္ပမာဏကို ထုတ္လုပ္ႏုိင္ရန္အတြက္မူ အေလးခ်ိန္မ်ားျပားေသာ ဘက္ထရီစနစ္မ်ားကို လိုအပ္ေနဦးမည္ျဖစ္သည္။
ၿမိဳ႕ျပေလေၾကာင္း တကၠစီစနစ္အတြက္ သယ္ယူပု႔ိေဆာင္မႈ ျပဳလုပ္ရာတြင္ လံုၿခံဳမႈ၊ အသံတိတ္ဆိတ္မႈ၊ သန္႔ရွင္းမႈႏွင့္ အက်ိဳးရွိေစႏုိင္မႈတို႔
လိုအပ္ပါသည္။ ဂ်က္စြမ္းအင္စနစ္ကိုအသံုးျပဳျခင္းထက္ ဘက္ထရီစနစ္ကို အသံုးျပဳျခင္းသည္ ကာဘြန္ထုတ္လုပ္မႈကို မရွိေစႏုိင္သလို အသံဆူညံမႈ မရွိသည့္အတြက္ ပတ္ဝန္းက်င္လူထုအတြက္ အသံဆူညံမႈကိုလည္း ကင္းေဝးေစမည္ျဖစ္သည္။ ထို႔အျပင္ ေလေၾကာင္း တကၠစီစနစ္အတြက္ အေကာင္းဆံုးေသာ ပန္ကာဒီဇိုင္းသည္ အသံဆူညံမႈမ်ားစြာရွိသည့္ Rotary-Wing ပံုစံကို အသံုးမျပဳျခင္းပင္ျဖစ္သည္။ အဆိုပါစနစ္အတြက္ ေဒါင္လိုက္အတက္အဆင္း ျပဳလုပ္ႏုိင္မည့္ Distributed Energy Propulsion-DEP စနစ္မ်ားကိုသာ အသံုးျပဳျခင္းျဖင့္ တကၠစီအေနျဖင့္ အေဆာက္အဦ ထိပ္မ်ားအေပၚတြင္ အလြယ္တကူ ဆင္းႏုိင္တက္ႏုိင္စြမ္းကို ရရွိႏုိင္မည္လည္း ျဖစ္သည္။

က်န္ရွိေနေသးသည့္ နည္းပညာအခက္အခဲမ်ား ေမာင္းသူမဲ့ ေလေၾကာင္းတကၠစီစနစ္မ်ားကို ထုတ္လုပ္သည့္ စက္႐ံုမ်ားအတြက္ အခ်ိဳ႕ေသာ နည္းပညာမ်ားသည္ အႀကီးမားဆံုးေသာ အခက္အခဲအျဖစ္ က်န္ရွိေနဆဲပင္ ျဖစ္သည္။ ဥပမာ စြမ္းအင္ထုတ္လုပ္မႈ၊ သိုေလွာင္ႏုိင္မႈစြမ္းရည္၊ အားသြင္းရန္ ၾကာျမင့္ခ်ိန္ႏွင့္ အသံုးျပဳႏိုင္မႈ သက္တမ္းအစရွိသည့္ လိုအပ္ခ်က္ျမင့္မားစြာ ရွိႏိုင္မည့္ ဘက္ထရီ နည္းပညာသည္ နံပါတ္တစ္ကန္႔သတ္ခ်က္ တစ္ခုျဖစ္ပါသည္။ ေဒါင္လုိက္ အတက္အဆင္း ျပဳလုပ္ႏုိင္မည့္ DEP စနစ္နည္းပညာသည္ ယာဥ္အတြက္ လံုေလာက္စြာ စြမ္းေဆာင္ႏိုင္မႈရွိႏုိင္ရန္ ေအာင္ျမင္စြာ အသံုးခ်ႏိုင္ရန္လိုအပ္ျခင္း၊ ရာသီဥတု အေျခအေနအမ်ိဳးမ်ိဳးတြင္ ယာဥ္၏စြမ္းေဆာင္ႏိုင္မႈႏွင့္ ယံုၾကည္စိတ္ခ်ရမႈ ရွိႏိုင္ရန္လိုအပ္ျခင္း၊ ယာဥ္၏ကုန္က်စရိတ္ႏွင့္ ေငြေၾကးသံုးစြဲႏိုင္မႈ အေျခအေန၊ ႐ႈပ္ေထြးေနသည့္ ေလေၾကာင္းပ်ံသန္းမႈမ်ားစြာအတြင္း တိက်မွန္ကန္သည့္ လမ္းၫႊန္စနစ္ျဖစ္ရန္ လိုအပ္ျခင္း၊ လူေနထူထပ္ေသာ ေနရာမ်ားတြင္ တကၠစီစနစ္အတြက္ အသံထြက္ရွိမႈေလွ်ာ့ခ်ႏိုင္ရန္ႏွင့္ ေလထုညစ္ညမ္းမႈကို ကင္းေဝးေစျခင္းႏွင့္ အေဆာက္အဦမ်ားအေပၚ ဆင္းႏုိင္၊ တက္ႏုိင္ရန္အတြက္ လံုေလာက္ေသာ ေနရာအက်ယ္အဝန္းႏွင့္ ဆက္သြယ္မႈစနစ္ရွိရန္ လိုအပ္ျခင္းတို႔ပင္ ျဖစ္သည္။

ပ်ံသန္းႏုိင္မည့္ အကြာအေဝး

သတ္မွတ္ထားသည့္ ေလေၾကာင္းတကၠစီ စနစ္အတြက္ ပ်ံသန္းႏုိင္မႈ အကြာအေဝးသည္ ၅၀ မွ ၁၂၀ မိုင္အတြင္း (၈၀ မွ ၁၉၃ ကီလိုမီတာ) ျဖစ္ၿပီး ခရီးသည္ ၂ ဦးမွ ၄ ဦးအထိသယ္ေဆာင္ကာ အျမင့္ေပ ၃၀၀၀ မွ ၅၀၀၀ အၾကား (၉၁၄ မွ ၁၅၂၄ မီတာ) အတြင္းျဖစ္သည္။ သို႔ေသာ္ တီထြင္အသံုးျပဳႏုိင္သည့္ ဘက္ထရီ နည္းပညာအေပၚတြင္ မူတည္ကာ ၅၀ မိုင္ပတ္လည္အတြင္းသာ တည္ရွိေနပါေသးသည္။

အသစ္လိုအပ္ေနသည့္ ATC စနစ္ေမာင္းသူမဲ့ေလေၾကာင္း တကၠစီစနစ္မ်ားကို ထိန္းခ်ဳပ္ႏုိင္ရန္အတြက္ ေလေၾကာင္းထိန္းခ်ဳပ္မႈစနစ္ (ATC) အသစ္တစ္ခုေတာ့ လိုအပ္မည္ျဖစ္ပါသည္။ ေျမာက္ျမားလွစြာေသာ ေလေၾကာင္းတကၠစီမ်ားသည္ မၾကာမီကာလတစ္ခုအတြင္း ေကာင္းကင္ယံေပၚတြင္ပ်ံဝဲေနမႈအား စတင္ႏိုင္ေတာ့မည္ျဖစ္ရာ အဆိုပါစနစ္မ်ားအတြက္ ထိန္းခ်ဳပ္ကြပ္ကဲမႈအသစ္ လိုအပ္လည္းျဖစ္သည္။ ထို႔အျပင္ အစိုးရမ်ားအေနျဖင့္ စည္းမ်ဥ္းမူဝါဒအသစ္မ်ားကို ခ်မွတ္လုပ္ေဆာင္ၿပီးမွသာ ေလေၾကာင္း တကၠစီစနစ္မ်ား တရားဝင္ပ်ံသန္းေနမႈကို ျမင္ေတြ႕ရႏိုင္မည္ျဖစ္သည္။

တီထြင္ေဆာင္ရြက္ေနသည့္ ကုမၸဏီမ်ား

Uber အေနျဖင့္ ၎တို႔၏ ပထမဆံုးေလေၾကာင္း တကၠစီစနစ္အား ဝန္ေဆာင္မႈေပးႏုိင္ရန္ႏွင့္ ပတ္သက္၍ ၂၀၁၆ ခုႏွစ္ကတည္းကပင္ စာမ်က္ႏွာ ၉၇ မ်က္ႏွာရွိေသာ စကၠဴျဖဴစာတမ္းတစ္ေစာင္ကို တင္သြင္းခဲ့ပါသည္။ အဆိုပါစာတမ္းတြင္ ႏွစ္ေယာက္မွေလးေယာက္ စီးႏိုင္မည့္ေလေၾကာင္း တကၠစီစနစ္ကို တီထြင္မည္ျဖစ္ေၾကာင္း ေရးသားထားသလို ၿပီးခဲ့သည့္ႏိုဝင္ဘာလကတည္းက NASA ႏွင့္ပူးေပါင္းကာ ေမာင္းသူမ့ဲေလေၾကာင္းထိန္းခ်ဳပ္မႈစနစ္အသစ္ကို ေအာင္ျမင္စြာ တီထြင္ခဲ့ၿပီးလာမည့္ ၂၀၂၀ ျပည့္ႏွစ္တြင္ ၎တို႔၏စနစ္ကို ဒူဘိုင္းႏွင့္ ဒါးလက္စ္တြင္ စတင္ပ်ံသန္းေျပးဆြဲရန္အတြက္ ေဆာင္ရြက္ေနၿပီျဖစ္သည္။ Airbus အေနျဖင့္ Vahana ဟူေသာနာမည္ျဖင့္ ေလေၾကာင္းတကၠစီစနစ္ကိုလြန္ခဲ့ေသာ ၂ ႏွစ္ခန္႔က စတင္အေကာင္အထည္ ေဖာ္ေနခဲ့ၿပီး ပထမဆံုးအႀကိမ္ စမ္းသပ္ပံ်သန္းမႈကို ယခုႏွစ္ေဖေဖာ္ဝါရီလတြင္ စမ္းသပ္လုပ္ေဆာင္ခဲ့ၿပီျဖစ္သည္။ Workhorse Surefly အေနျဖင့္လည္း ၎တို႔၏ေလေၾကာင္း တကၠစီစနစ္ကို လြန္ခဲ့ေသာႏွစ္ဇြန္လက ျပင္သစ္ေလေၾကာင္းျပပြဲတြင္ ထုတ္ေဖာ္ျပသခဲ့ပါသည္။ Volocopter မွ
ထုတ္လုပ္ေသာ ေလေၾကာင္းတကၠစီစနစ္သည္ လက္ရွိတီထြင္ၿပီးျဖစ္သည့္ ေလေၾကာင္းတကၠစီစနစ္မ်ားထဲတြင္ စိတ္ပါဝင္စား ခံရမႈမ်ားျပားစြာ ရရွိထားသည့္ စနစ္ျဖစ္ၿပီး တစ္ႀကိမ္ပ်ံသန္းလွ်င္ မိနစ္ ၃၀ ႏွင့္ အျမန္ႏႈန္း တစ္နာရီကီလိုမီတာ ၁၀၀ ပ်ံသန္းႏိုင္မည္ ျဖစ္သည္။ Autonomous Passenger Drone သည္လည္း ပန္ကာ ၁၆ ခုပါဝင္ကာ ကာဘြန္ဖိုက္ဘာမ်ားျဖင့္ တည္ေဆာက္ထားၿပီး လက္ရွိအခ်ိန္ထိ လူလုိက္ပါေမာင္းႏွင္စမ္းသပ္ ပ်ံသန္းၿပီးျဖစ္သည္။ Ehang 184 သည္ အျမင့္ေပ ၃၀၀၀ မီတာ၊ အေဝးဆံုး အကြာအေဝး ၈.၈ ကီလိုမီတာပ်ံသန္းႏုိင္ၿပီး Volocopter ႏွင့္ ဆင္တူကာ ဒူဘိုင္းတြင္ လာမည့္ႏွစ္အတြင္း စမ္းသပ္ပ်ံသန္းႏိုင္ရန္ ေဆာင္ရြက္လ်က္ ရွိသည္။

Joby ေလေၾကာင္း တကၠစီစနစ္သည္လည္း စမ္းသပ္တီထြင္ေနဆဲျဖစ္ၿပီး အဆိုပါစနစ္အတြက္ အေမရိကန္ေဒၚလာသန္း ၁၀၀ ရင္းႏွီးျမႇဳပ္ႏွံ ထားရွိေပသည္။ Lilium တကၠစီစနစ္သည္လည္း ၂ ေယာက္စီးပံုစံျဖစ္ကာ အကြာအေဝး ၃၀၀ ကီလိုမီတာ (၁၈၆ မုိင္)၊ အျမန္ႏႈန္းတစ္နာရီလ်င္ ၃၀၀ ကီလိုမီတာ ပ်ံသန္းႏိုင္မည္ျဖစ္ၿပီး အဆိုပါစနစ္အတြက္ အေမရိကန္ေဒၚလာသန္း ၉၀ ရင္းႏွီးျမႇဳပ္ႏွံထားကာ ၂၀၁၉ ခုႏွစ္အတြင္း လူလိုက္ပါစီးနင္းသည့္ ပထမဆံုးပ်ံသန္းမႈကို ျပဳလုပ္မည္ျဖစ္သည္။ ထို႔အျပင္ အဆင့္ျမင့္နည္းပညာမ်ားကို ပိုင္ဆိုင္ထားသည္ဟူေသာ သက္ေသျပခ်က္ျဖင့္ တ႐ုတ္ႏုိင္ငံသည္လည္း ေမာင္းသူမဲ့ ေလေၾကာင္းတကၠစီစနစ္ကို တီထြင္ထားရွိၿပီး ျဖစ္ပါသည္။

အနာဂတ္သယ္ယူပို႔ေဆာင္ေရး စနစ္အတြက္ သဘာဝပတ္ဝန္းက်င္ႏွင့္ လိုက္ေလ်ာညီေထြမႈရွိစြာျဖင့္ လူမႈအဖြဲ႕အစည္းအေပၚ အက်ိဳးျပဳ
ႏိုင္မည့္ ေမာင္းသူမဲ့ေလေၾကာင္း တကၠစီစနစ္မ်ား တီထြင္ကာ အသံုးခ်ႏိုင္ရန္ ေဆာင္ရြက္ေနမႈအေပၚ ႀကိဳဆိုရမည္ျဖစ္သလို မည္သည့္စနစ္သည္ ပထမဦးဆံုး ထြက္ေပၚလာႏိုင္သည္ကိုလည္း ေလ့လာေစာင့္ၾကည့္ ရေပဦးမည္လည္း ျဖစ္ပါသည္။

-ေက်ာ္လင္း (အမိေျမ)

==============

[ Unicode ]

မောင်းသူမဲ့ လေကြောင်းတက္ကစီစနစ်အပေါ် သုံးသပ်ကြည့်ခြင်း

==============

တိုးတက်များပြားလာသည့် ကမ္ဘာကြီး၏ လူဦးရေစာရင်းနှင့်အတူ ယာဉ်ကြောရှုပ်ထွေးမှုများ၊ ကျပ်တည်းမှုများကို နိုင်ငံအနှံ့အပြားတွင်
တွေ့ကြုံရင်ဆိုင်ရလျက်ရှိရာ နည်းပညာကုမ္ပဏီများအနေဖြင့် အဆိုပါပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် အမျိုးမျိုးသော သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဖြေရှင်းချက်များကို စဉ်းစားလုပ်ဆောင်ခဲ့ကြရာမှ တိုးတက်လာသည့် မောင်းသူမဲ့လေယာဉ် စနစ်များအပေါ် အသုံးချကာ ပိတ်ဆို့မှုမရှိ၊ အချိန်မီရောက်ရှိစွာဖြင့် သွားလာနိုင်မည့် လေကြောင်းတက္ကစီစနစ်ကို အကောင်အထည်ဖော်နိုင်ရန် အာကာသသို့ ခရီးသွားခြင်းနှင့်အပြိုင် အကောင်အထည်ဖော်လာခဲ့ကြသည်မှာ အချိန်ကာလအားဖြင့် တစ်နှစ်ကျော်မျှ ရှိလာခဲ့ပြီဖြစ်သည်။

မောင်းသူမဲ့လေကြောင်း တက္ကစီစနစ်များသည် သိပ္ပံပညာတိုးတက်မှု အကျိုးဆက်ဟု ဆိုရမည်ဖြစ်ပြီး နာမည်ကျော် ကုမ္ပဏီကြီးများဖြစ်သည့် Boeing၊ Airbus နှင့် Uber တို့သည်လည်း အဆိုပါတီထွင်မှုများတွင် ဦးဆောင်ပါဝင်နေကာ အလေးချိန်များစွာကို သယ်ဆောင်နိုင်ရန်အတွက် ငွေကြေးပမာဏများစွာကို ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိခဲ့ပြီဖြစ်သည်။ လေကြောင်းတက္ကစီစနစ်တွင် သာမန်သယ်ယူပို့ဆောင်ရေးအတွက် လျှပ်စစ်စွမ်းအင်သုံး တက္ကစီစနစ်များသည် စီးပွားရေးဆိုင်ရာ၊
ပတ်ဝန်းကျင် ထိခိုက်မှုသက်သာခြင်းများအတွက် လူ့အဖွဲ့အစည်းနှင့် ပိုမိုကိုက်ညီမှုရှိသည်ကို တွေ့ရှိရပါသည်။ ထို့အပြင် ရာသီဥတုပြောင်းလဲခြင်းများကြောင့် အစိုးရနှင့် ကမ္ဘာအနှံ့မှကုမ္ပဏီများသည် ကာဘွန်ထုတ်လုပ်မှုရှိသည့် လောင်စာဆီ သုံးစွဲမှုစနစ်အပေါ် ကန့်သတ်ပိတ်ပင်နိုင်ရန် လှု့ံဆော်လျက်ရှိရာ အနာဂတ်လေကြောင်း သွားလာမှုသည် လျှပ်စစ်စနစ်ဖြင့်ပင် မြင်တွေ့ရနိုင်ပေသည်။ ထို့အတွက်ကြောင့်လည်း ကုမ္ပဏီအချို့အနေဖြင့် ၎င်းစနစ်ဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ကိုယ်ပိုင်ဒီဇိုင်း၊
ကိုယ်ပိုင်နည်းလမ်းဖြင့် မောင်းသူမဲ့လေကြောင်း တက္ကစီစနစ်များကို အသုံးပြုနိုင်ရန် တီထွင်နေခဲ့ကြခြင်းဖြစ်သည်။

ယနေ့ခေတ် အဆင့်မြင့်နည်းပညာများသည် လေကြောင်းတက္ကစီစနစ်ကို ဖြစ်ပေါ်စေနိုင်မည်လား လျှပ်စစ်အသုံးပြုလေကြောင်း တက္ကစီများအတွက် နေရာအကျယ်အဝန်း၊ အလေးချိန်ကန့်သတ်ချက်နှင့် စွမ်းဆောင်ရည်များသည် ကန့်သတ်ချက်များစွာအဖြစ် ကျန်ရှိနေဆဲပင်ဖြစ်သည်။ ယနေ့အချိန်တွင် လေယာဉ်ဆီနှင့် စွမ်းအင်နှင့်နှိုင်းယှဉ်လျင် လျှပ်စစ်ဘက်ထရီစနစ်များသည် အလေးချိန် များပြားသလို စွမ်းအင်ထုတ်လုပ်နိုင်မှု နည်းပါးနေဆဲပင်ဖြစ်သည်။ ထို့အတွက်ကြောင့် ပျံသန်းမှုအတွက်လုံလောက်သော
စွမ်းအင်ပမာဏကို ထုတ်လုပ်နိုင်ရန်အတွက်မူ အလေးချိန်များပြားသော ဘက်ထရီစနစ်များကို လိုအပ်နေဦးမည်ဖြစ်သည်။
မြို့ပြလေကြောင်း တက္ကစီစနစ်အတွက် သယ်ယူပို့ဆောင်မှု ပြုလုပ်ရာတွင် လုံခြံုမှု၊ အသံတိတ်ဆိတ်မှု၊ သန့်ရှင်းမှုနှင့် အကျိုးရှိစေနိုင်မှုတို့
လိုအပ်ပါသည်။ ဂျက်စွမ်းအင်စနစ်ကိုအသုံးပြုခြင်းထက် ဘက်ထရီစနစ်ကို အသုံးပြုခြင်းသည် ကာဘွန်ထုတ်လုပ်မှုကို မရှိစေနိုင်သလို အသံဆူညံမှု မရှိသည့်အတွက် ပတ်ဝန်းကျင်လူထုအတွက် အသံဆူညံမှုကိုလည်း ကင်းဝေးစေမည်ဖြစ်သည်။ ထို့အပြင် လေကြောင်း တက္ကစီစနစ်အတွက် အကောင်းဆုံးသော ပန်ကာဒီဇိုင်းသည် အသံဆူညံမှုများစွာရှိသည့် Rotary-Wing ပုံစံကို အသုံးမပြုခြင်းပင်ဖြစ်သည်။ အဆိုပါစနစ်အတွက် ဒေါင်လိုက်အတက်အဆင်း ပြုလုပ်နိုင်မည့် Distributed Energy Propulsion-DEP စနစ်များကိုသာ အသုံးပြုခြင်းဖြင့် တက္ကစီအနေဖြင့် အဆောက်အဦ ထိပ်များအပေါ်တွင် အလွယ်တကူ ဆင်းနိုင်တက်နိုင်စွမ်းကို ရရှိနိုင်မည်လည်း ဖြစ်သည်။

ကျန်ရှိနေသေးသည့် နည်းပညာအခက်အခဲများ မောင်းသူမဲ့ လေကြောင်းတက္ကစီစနစ်များကို ထုတ်လုပ်သည့် စက်ရုံများအတွက် အချို့သော နည်းပညာများသည် အကြီးမားဆုံးသော အခက်အခဲအဖြစ် ကျန်ရှိနေဆဲပင် ဖြစ်သည်။ ဥပမာ စွမ်းအင်ထုတ်လုပ်မှု၊ သိုလှောင်နိုင်မှုစွမ်းရည်၊ အားသွင်းရန် ကြာမြင့်ချိန်နှင့် အသုံးပြုနိုင်မှု သက်တမ်းအစရှိသည့် လိုအပ်ချက်မြင့်မားစွာ ရှိနိုင်မည့် ဘက်ထရီ နည်းပညာသည် နံပါတ်တစ်ကန့်သတ်ချက် တစ်ခုဖြစ်ပါသည်။ ဒေါင်လိုက် အတက်အဆင်း ပြုလုပ်နိုင်မည့် DEP စနစ်နည်းပညာသည် ယာဉ်အတွက် လုံလောက်စွာ စွမ်းဆောင်နိုင်မှုရှိနိုင်ရန် အောင်မြင်စွာ အသုံးချနိုင်ရန်လိုအပ်ခြင်း၊ ရာသီဥတု အခြေအနေအမျိုးမျိုးတွင် ယာဉ်၏စွမ်းဆောင်နိုင်မှုနှင့် ယုံကြည်စိတ်ချရမှု ရှိနိုင်ရန်လိုအပ်ခြင်း၊ ယာဉ်၏ကုန်ကျစရိတ်နှင့် ငွေကြေးသုံးစွဲနိုင်မှု အခြေအနေ၊ ရှုပ်ထွေးနေသည့် လေကြောင်းပျံသန်းမှုများစွာအတွင်း တိကျမှန်ကန်သည့် လမ်းညွှန်စနစ်ဖြစ်ရန် လိုအပ်ခြင်း၊ လူနေထူထပ်သော နေရာများတွင် တက္ကစီစနစ်အတွက် အသံထွက်ရှိမှုလျှော့ချနိုင်ရန်နှင့် လေထုညစ်ညမ်းမှုကို ကင်းဝေးစေခြင်းနှင့် အဆောက်အဦများအပေါ် ဆင်းနိုင်၊ တက်နိုင်ရန်အတွက် လုံလောက်သော နေရာအကျယ်အဝန်းနှင့် ဆက်သွယ်မှုစနစ်ရှိရန် လိုအပ်ခြင်းတို့ပင် ဖြစ်သည်။

ပျံသန်းနိုင်မည့် အကွာအဝေး

သတ်မှတ်ထားသည့် လေကြောင်းတက္ကစီ စနစ်အတွက် ပျံသန်းနိုင်မှု အကွာအဝေးသည် ၅၀ မှ ၁၂၀ မိုင်အတွင်း (၈၀ မှ ၁၉၃ ကီလိုမီတာ) ဖြစ်ပြီး ခရီးသည် ၂ ဦးမှ ၄ ဦးအထိသယ်ဆောင်ကာ အမြင့်ပေ ၃၀၀၀ မှ ၅၀၀၀ အကြား (၉၁၄ မှ ၁၅၂၄ မီတာ) အတွင်းဖြစ်သည်။ သို့သော် တီထွင်အသုံးပြုနိုင်သည့် ဘက်ထရီ နည်းပညာအပေါ်တွင် မူတည်ကာ ၅၀ မိုင်ပတ်လည်အတွင်းသာ တည်ရှိနေပါသေးသည်။

အသစ်လိုအပ်နေသည့် ATC စနစ်မောင်းသူမဲ့လေကြောင်း တက္ကစီစနစ်များကို ထိန်းချုပ်နိုင်ရန်အတွက် လေကြောင်းထိန်းချုပ်မှုစနစ် (ATC) အသစ်တစ်ခုတော့ လိုအပ်မည်ဖြစ်ပါသည်။ မြောက်မြားလှစွာသော လေကြောင်းတက္ကစီများသည် မကြာမီကာလတစ်ခုအတွင်း ကောင်းကင်ယံပေါ်တွင်ပျံဝဲနေမှုအား စတင်နိုင်တော့မည်ဖြစ်ရာ အဆိုပါစနစ်များအတွက် ထိန်းချုပ်ကွပ်ကဲမှုအသစ် လိုအပ်လည်းဖြစ်သည်။ ထို့အပြင် အစိုးရများအနေဖြင့် စည်းမျဉ်းမူဝါဒအသစ်များကို ချမှတ်လုပ်ဆောင်ပြီးမှသာ လေကြောင်း တက္ကစီစနစ်များ တရားဝင်ပျံသန်းနေမှုကို မြင်တွေ့ရနိုင်မည်ဖြစ်သည်။

တီထွင်ဆောင်ရွက်နေသည့် ကုမ္ပဏီများ

Uber အနေဖြင့် ၎င်းတို့၏ ပထမဆုံးလေကြောင်း တက္ကစီစနစ်အား ဝန်ဆောင်မှုပေးနိုင်ရန်နှင့် ပတ်သက်၍ ၂၀၁၆ ခုနှစ်ကတည်းကပင် စာမျက်နှာ ၉၇ မျက်နှာရှိသော စက္ကူဖြူစာတမ်းတစ်စောင်ကို တင်သွင်းခဲ့ပါသည်။ အဆိုပါစာတမ်းတွင် နှစ်ယောက်မှလေးယောက် စီးနိုင်မည့်လေကြောင်း တက္ကစီစနစ်ကို တီထွင်မည်ဖြစ်ကြောင်း ရေးသားထားသလို ပြီးခဲ့သည့်နိုဝင်ဘာလကတည်းက NASA နှင့်ပူးပေါင်းကာ မောင်းသူမဲ့လေကြောင်းထိန်းချုပ်မှုစနစ်အသစ်ကို အောင်မြင်စွာ တီထွင်ခဲ့ပြီးလာမည့် ၂၀၂၀ ပြည့်နှစ်တွင် ၎င်းတို့၏စနစ်ကို ဒူဘိုင်းနှင့် ဒါးလက်စ်တွင် စတင်ပျံသန်းပြေးဆွဲရန်အတွက် ဆောင်ရွက်နေပြီဖြစ်သည်။ Airbus အနေဖြင့် Vahana ဟူသောနာမည်ဖြင့် လေကြောင်းတက္ကစီစနစ်ကိုလွန်ခဲ့သော ၂ နှစ်ခန့်က စတင်အကောင်အထည် ဖော်နေခဲ့ပြီး ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှုကို ယခုနှစ်ဖေဖော်ဝါရီလတွင် စမ်းသပ်လုပ်ဆောင်ခဲ့ပြီဖြစ်သည်။ Workhorse Surefly အနေဖြင့်လည်း ၎င်းတို့၏လေကြောင်း တက္ကစီစနစ်ကို လွန်ခဲ့သောနှစ်ဇွန်လက ပြင်သစ်လေကြောင်းပြပွဲတွင် ထုတ်ဖော်ပြသခဲ့ပါသည်။ Volocopter မှ
ထုတ်လုပ်သော လေကြောင်းတက္ကစီစနစ်သည် လက်ရှိတီထွင်ပြီးဖြစ်သည့် လေကြောင်းတက္ကစီစနစ်များထဲတွင် စိတ်ပါဝင်စား ခံရမှုများပြားစွာ ရရှိထားသည့် စနစ်ဖြစ်ပြီး တစ်ကြိမ်ပျံသန်းလျှင် မိနစ် ၃၀ နှင့် အမြန်နှုန်း တစ်နာရီကီလိုမီတာ ၁၀၀ ပျံသန်းနိုင်မည် ဖြစ်သည်။ Autonomous Passenger Drone သည်လည်း ပန်ကာ ၁၆ ခုပါဝင်ကာ ကာဘွန်ဖိုက်ဘာများဖြင့် တည်ဆောက်ထားပြီး လက်ရှိအချိန်ထိ လူလိုက်ပါမောင်းနှင်စမ်းသပ် ပျံသန်းပြီးဖြစ်သည်။ Ehang 184 သည် အမြင့်ပေ ၃၀၀၀ မီတာ၊ အဝေးဆုံး အကွာအဝေး ၈.၈ ကီလိုမီတာပျံသန်းနိုင်ပြီး Volocopter နှင့် ဆင်တူကာ ဒူဘိုင်းတွင် လာမည့်နှစ်အတွင်း စမ်းသပ်ပျံသန်းနိုင်ရန် ဆောင်ရွက်လျက် ရှိသည်။

Joby လေကြောင်း တက္ကစီစနစ်သည်လည်း စမ်းသပ်တီထွင်နေဆဲဖြစ်ပြီး အဆိုပါစနစ်အတွက် အမေရိကန်ဒေါ်လာသန်း ၁၀၀ ရင်းနှီးမြှုပ်နှံ ထားရှိပေသည်။ Lilium တက္ကစီစနစ်သည်လည်း ၂ ယောက်စီးပုံစံဖြစ်ကာ အကွာအဝေး ၃၀၀ ကီလိုမီတာ (၁၈၆ မိုင်)၊ အမြန်နှုန်းတစ်နာရီလျင် ၃၀၀ ကီလိုမီတာ ပျံသန်းနိုင်မည်ဖြစ်ပြီး အဆိုပါစနစ်အတွက် အမေရိကန်ဒေါ်လာသန်း ၉၀ ရင်းနှီးမြှုပ်နှံထားကာ ၂၀၁၉ ခုနှစ်အတွင်း လူလိုက်ပါစီးနင်းသည့် ပထမဆုံးပျံသန်းမှုကို ပြုလုပ်မည်ဖြစ်သည်။ ထို့အပြင် အဆင့်မြင့်နည်းပညာများကို ပိုင်ဆိုင်ထားသည်ဟူသော သက်သေပြချက်ဖြင့် တရုတ်နိုင်ငံသည်လည်း မောင်းသူမဲ့ လေကြောင်းတက္ကစီစနစ်ကို တီထွင်ထားရှိပြီး ဖြစ်ပါသည်။

အနာဂတ်သယ်ယူပို့ဆောင်ရေး စနစ်အတွက် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိစွာဖြင့် လူမှုအဖွဲ့အစည်းအပေါ် အကျိုးပြု
နိုင်မည့် မောင်းသူမဲ့လေကြောင်း တက္ကစီစနစ်များ တီထွင်ကာ အသုံးချနိုင်ရန် ဆောင်ရွက်နေမှုအပေါ် ကြိုဆိုရမည်ဖြစ်သလို မည်သည့်စနစ်သည် ပထမဦးဆုံး ထွက်ပေါ်လာနိုင်သည်ကိုလည်း လေ့လာစောင့်ကြည့် ရပေဦးမည်လည်း ဖြစ်ပါသည်။

-ကျော်လင်း (အမိမြေ)