ေဘာင္းဘီအိတ္ကပ္အတြင္း ထည့္ထားတဲ့ iPhone XS Max မီးစြဲေလာင္ခဲ့

[ Zawgyi ]

အေမရိကန္ႏိုင္ငံ အိုဟိုင္းယိုးျပည္နယ္မွာ ေနထိုင္သူ ေဂ်ေဟးလာ့ဒ္ဆိုသူရဲ႕ iPhone XS Max ဟာ ေဘာင္းဘီအိတ္ကပ္ထဲမွာ မီးစြဲေလာင္မႈ ျဖစ္ပြားခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။ အဲဒီသတင္းကုိ iDropNews က ေဖာ္ျပသြားခဲ့တာပါ။

ေဟးလာ့ဒ္အေနနဲ႔ ပထမဆုံးေလထဲမွာ ထူးဆန္းတဲ့ အနံ႔ကုိ ရရွိခဲ့ၿပီး သူ႔ရဲ႕ ေဘာင္းဘီေနာက္အိတ္ကပ္က အပူခ်ိန္ကို စတင္ခံစားခဲ့မိပါတယ္။ ေနာက္ေတာ့ သိပ္မၾကာခင္မွာပဲ ေဘာင္းဘီအိတ္ကပ္ထဲက မီးခိုးေတြထြက္လာခဲ့ပါတယ္။ ေဟးလာ့ဒ္အေနနဲ႔ အနီးအနားမွာရွိတဲ့ စက္႐ုံအလုပ္သမားေတြရဲ႕ အကူအညီနဲ႔ မီးၿငိႇမ္းသတ္ႏိုင္ခဲ့ပါတယ္။

“ဖုန္းမီးကို ၿငိႇမ္းၿပီးတာနဲ႔ ကၽြန္ေတာ့္ေဘာင္းဘီမွာ အေပါက္ႀကီး ျဖစ္သြားတယ္။ ဖုန္းထည့္ထားတဲ့ေနရာက ကၽြန္ေတာ့တင္ပါးကလည္း နာက်င္ေနပါတယ္” လို႔ ေဟးလာ့ဒ္က ေျပာခဲ့ပါတယ္။
ေဟးလာ့ဒ္ရဲ႕ iPhone ကလည္း ေလာင္ကၽြမ္းသြားခဲ့ပါတယ္။ ေဟးလာ့ဒ္အေနနဲ႔ ဖုန္းကို အနီးအနားက Apple Store ကုိယူေဆာင္သြားခဲ့ေပမယ့္ လုံးဝျပဳျပင္လုိ႔ မရေတာ့တာ ေတြ႕ရပါတယ္။

ေဟးလာ့ဒ္အေနနဲ႔ ကယ္လီဖိုးနီးယားက Apple အင္ဂ်င္နီယာေတြဆီ ေလာင္ကၽြမ္းေနတဲ့ ဖုန္းကို ပုိ႔လိုက္ရင္ ထုတ္ကုန္သစ္တစ္လုံး ျပန္လည္ရရွိမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Apple အေနနဲ႔ သူ႔အဝတ္အစားေတြကိုလည္း ေလ်ာ္ေၾကးေပးသင့္တယ္လို႔ ေဟးလာ့ဒ္က ယုံၾကည္ေနပါတယ္။

စိုးထက္
Ref: BGR

[ Unicode ]

အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ်မှာ နေထိုင်သူ ဂျေဟေးလာ့ဒ်ဆိုသူရဲ့ iPhone XS Max ဟာ ဘောင်းဘီအိတ်ကပ်ထဲမှာ မီးစွဲလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ပြောခဲ့ပါတယ်။ အဲဒီသတင်းကို iDropNews က ဖော်ပြသွားခဲ့တာပါ။

ဟေးလာ့ဒ်အနေနဲ့ ပထမဆုံးလေထဲမှာ ထူးဆန်းတဲ့ အနံ့ကို ရရှိခဲ့ပြီး သူ့ရဲ့ ဘောင်းဘီနောက်အိတ်ကပ်က အပူချိန်ကို စတင်ခံစားခဲ့မိပါတယ်။ နောက်တော့ သိပ်မကြာခင်မှာပဲ ဘောင်းဘီအိတ်ကပ်ထဲက မီးခိုးတွေထွက်လာခဲ့ပါတယ်။ ဟေးလာ့ဒ်အနေနဲ့ အနီးအနားမှာရှိတဲ့ စက်ရုံအလုပ်သမားတွေရဲ့ အကူအညီနဲ့ မီးငြိှမ်းသတ်နိုင်ခဲ့ပါတယ်။

“ဖုန်းမီးကို ငြိှမ်းပြီးတာနဲ့ ကျွန်တော့်ဘောင်းဘီမှာ အပေါက်ကြီး ဖြစ်သွားတယ်။ ဖုန်းထည့်ထားတဲ့နေရာက ကျွန်တော့တင်ပါးကလည်း နာကျင်နေပါတယ်” လို့ ဟေးလာ့ဒ်က ပြောခဲ့ပါတယ်။
ဟေးလာ့ဒ်ရဲ့ iPhone ကလည်း လောင်ကျွမ်းသွားခဲ့ပါတယ်။ ဟေးလာ့ဒ်အနေနဲ့ ဖုန်းကို အနီးအနားက Apple Store ကိုယူဆောင်သွားခဲ့ပေမယ့် လုံးဝပြုပြင်လို့ မရတော့တာ တွေ့ရပါတယ်။

ဟေးလာ့ဒ်အနေနဲ့ ကယ်လီဖိုးနီးယားက Apple အင်ဂျင်နီယာတွေဆီ လောင်ကျွမ်းနေတဲ့ ဖုန်းကို ပို့လိုက်ရင် ထုတ်ကုန်သစ်တစ်လုံး ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Apple အနေနဲ့ သူ့အဝတ်အစားတွေကိုလည်း လျော်ကြေးပေးသင့်တယ်လို့ ဟေးလာ့ဒ်က ယုံကြည်နေပါတယ်။

Ref: BGR