ေဘာင္းဘီထဲက ဖုန္းထုတ္ၾကည့္စရာမလိုဘဲ ဘယ္သူေခၚတယ္ဆိုတာကို တုန္ခါမႈစနစ္သုံးၿပီး သိေအာင္ဘယ္လိုလုပ္မလဲ

[ Zawgyi ]

Android OS စနစ္သုံးဖုန္းမွာ ပါ၀င္တဲ့ တုန္ခါမႈစနစ္ Vibration ကို ပုံမွန္ ဖုန္းျမည္သံအတုိင္း တုန္ခါတဲ့ပုံစံအစား မိမိစိတ္တုိင္းက်ျဖစ္ေစမယ့္ အျခားပုံစံေတြကို ေျပာင္းလဲ အသုံးျပဳႏုိင္ပါတယ္။ ဒီလိုမ်ဳိး တုန္ခါမႈပုံစံကို မိမိအေနနဲ႔ ဖုန္း Contacts ထဲက လူတစ္ေယာက္စီတုိင္းအတြက္ သတ္မွတ္ထားႏုိင္မွာလည္းျဖစ္ပါတယ္။

အဲလိုေျပာင္းလဲထားမယ္ဆိုရင္ မိမိအေနနဲ႔ ဖုန္းကို အသံပိတ္ထားခ်ိန္မွာေတာင္ တုန္ခါမႈအရ ဖုန္းကိုထုတ္ၾကည့္စရာမလိုဘဲ ဘယ္သူေခၚတယ္ဆိုတာကို အလြယ္တကူ သိရွိႏုိင္မွာပါ။ ပုံမွန္တုန္ခါမႈစနစ္ မဟုတ္တဲ့အတြက္ မိမိအေနနဲ႔ ဘယ္သူဆိုတာ တန္းသိႏုိင္တာေၾကာင့္ ဖုန္းကိုင္မယ္ မကိုင္ဘူးဆိုတာကိုပါ အလြယ္တကူ ဆုံးျဖတ္ႏုိင္ေစမွာလည္းျဖစ္ပါတယ္။
အဲဒီလိုလုပ္ေဆာင္ဖုိ႔အတြက္ အရင္ဆုံးဖုန္းထဲက contacts icon ကို တစ္ခ်က္ႏွိပ္လိုက္ပါ။

ၿပီးရင္ေတာ့ ေအာက္ကပုံမွာ ျပထားတဲ့အတုိင္း more ကို ထပ္ႏွိပ္ပါ။ (မိမိရဲ႕ဖုန္းမွာ more ရွာမေတြ႔ရင္ Edit ဆိုတာကို ႏွိပ္ၿပီး အဲဒီထဲကမွView more ဆိုတာကို ႏွိပ္ပါ။ Android OS ဗားရွင္းေပၚ မူတည္ၿပီး မတူတာေၾကာင့္ျဖစ္ပါတယ္။)

more ကို ႏွိပ္ၿပီးရင္ေတာ့ ေအာက္ကပုံမွာျပထားတဲ့ Vibration pattern ဆိုတဲ့စာသားကို ထပ္ၿပီး ရွာႏွိပ္ပါ။

Vibration Pattern ကို ႏွိပ္လုိက္ရင္ေတာ့ ဖုန္းရဲ႕ Vibration စနစ္ထဲကို ေရာက္သြားမွာျဖစ္ၿပီး အဲဒီထဲမွာ ေအာက္က ပုံအတုိင္း Basic call, Heartbeat, Ticktock, Waltz, Zig-zig-zig စတဲ့ မတူညီတဲ့ Vibration ပုံစံမ်ဳိးေတြ ရွိပါတယ္။

အဲဒီထဲကမွ မိမိႏွစ္သက္တဲ့ တစ္ခုကိုေရြးၿပီး ထားလိုက္ရင္ရပါၿပီ။ Default အစား တျခားတစ္ခုကို ေရြးေပးထားတဲ့ contacts က မိမိဆီ ဖုန္းေခၚတဲ့အခါမွာ မတူတဲ့ တုန္ခါမႈနဲ႔ အလြယ္တကူ သိရွိႏုိင္မွာ ျဖစ္ပါတယ္။ ဒီေနရာမွာ ဖုန္းအ၀င္ေခၚဆိုမႈ အသံကို ေျပာင္းထားၿပီးလည္း လုပ္ေဆာင္ထားႏုိင္ေပမယ့္ မိမိအေနနဲ႔ အသံေတြ နားေထာင္ရတာ ေရာေထြးႏုိင္တယ္ဆိုရင္ေတာ့ ခုလိုမ်ဳိး တုန္ခါမႈနဲ႔ လုပ္ေဆာင္ထားႏုိင္မွာ ျဖစ္ပါတယ္။

အခုေဖာ္ျပေပးခဲ့တာကေတာ့ ဖုန္းရဲ႕ Android OS မွာပါ၀င္တဲ့ စနစ္ကို အသုံးျပဳၿပီးလုပ္ခဲ့တာျဖစ္ပါတယ္။ ေနာက္ထပ္တစ္နည္းက Third party လို႔ေခၚတဲ့ app ကို အသုံးျပဳၿပီးလည္း လုပ္ေဆာင္ႏိုင္ပါတယ္။ App Store ေတြမွာ Good Vibrations – Custom vibrations for everything ဆိုတဲ့ app ကို သုံးၿပီးလည္း မိမိဖုန္းရဲ႕ အ၀င္ေခၚဆိုမႈ၊ မက္ေဆ့ခ်္ေတြအတြက္ မိမိအလိုရွိသလို တုန္ခါမႈစနစ္ကို သတ္မွတ္ႏုိင္မွာျဖစ္သလုိ Facebook, Messenger နဲ႔ Gmail စတဲ့ app ေတြအတြက္လည္း သတ္မွတ္ထားႏုိင္မွာျဖစ္ပါတယ္။ ဒီ app ကို အသုံးျပဳဖို႔အတြက္ ဖုန္းမွာ Root လုပ္ထားစရာလည္းမလိုပါဘူး။

ဖုန္းထဲကို Good Vibrations ဆိုတဲ့ app ကို အရင္ထည့္သြင္းပါ။ ၿပီးရင္ေတာ့ ေအာက္ကပုံအတုိင္း Pick Contact ကို ႏွိပ္ပါ။

ၿပီးရင္ေတာ့ ျမင္ကြင္းဘယ္ဘက္က NEW PATTERN ဆုိတာကို ထပ္ႏွိပ္ပါ။

ေပၚလာတဲ့ထဲက Tap your pattern ဆိုတာကို ထပ္ႏွိပ္ပါ။

ၿပီးရင္ေတာ့ မိမိစိတ္ႀကိဳက္ ဖုန္းျမင္ကြင္းကို တို႔ထိၿပီး တုန္ခါမႈအသစ္တစ္ခုကို စိတ္ႀကိဳက္ဖန္တီးပါ။ မိမိဖန္တီး ေနစဥ္မွာ အစမ္းအေနနဲ႔ လုပ္ၾကည့္ႏုိင္တဲ့ play ခလုတ္ ကေတာ့ ျမင္ကြင္းရဲ႕ ညာဘက္အေပၚေထာင့္နားမွာရွိပါ တယ္။

စိတ္ႀကိဳက္ျဖစ္ၿပီဆိုရင္ေတာ့ အမွန္ျခစ္ကေလးကို ႏွိပ္လိုက္ပါ။ မိမိဖန္တီးထားတဲ့ တုန္ခါမႈအသစ္ကို အႀကိမ္ေရဘယ္ေလာက္ ျပဳလုပ္မယ္ဆိုတာကို Pattern စနစ္ထဲက Repeat ကေန ထပ္ၿပီး သတ္မွတ္ထားႏုိင္ပါတယ္။

ဒီေနရာမွာ တစ္ခုအႀကံေပးခ်င္တာက အသစ္ဖန္တီးထားတဲ့ တုန္ခါမႈ Pattern ကို နာမည္ေပးထားဖို႔ပါ။ ဒါမွ မိမိအေနနဲ႔ တျခား Contacts ေတြအတြက္လည္း အလြယ္တကူ ေရြးခ်ယ္သတ္မွတ္ႏုိင္မွာ ျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

Android OS စနစ်သုံးဖုန်းမှာ ပါ၀င်တဲ့ တုန်ခါမှုစနစ် Vibration ကို ပုံမှန် ဖုန်းမြည်သံအတိုင်း တုန်ခါတဲ့ပုံစံအစား မိမိစိတ်တိုင်းကျဖြစ်စေမယ့် အခြားပုံစံတွေကို ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ ဒီလိုမျိုး တုန်ခါမှုပုံစံကို မိမိအနေနဲ့ ဖုန်း Contacts ထဲက လူတစ်ယောက်စီတိုင်းအတွက် သတ်မှတ်ထားနိုင်မှာလည်းဖြစ်ပါတယ်။

အဲလိုပြောင်းလဲထားမယ်ဆိုရင် မိမိအနေနဲ့ ဖုန်းကို အသံပိတ်ထားချိန်မှာတောင် တုန်ခါမှုအရ ဖုန်းကိုထုတ်ကြည့်စရာမလိုဘဲ ဘယ်သူခေါ်တယ်ဆိုတာကို အလွယ်တကူ သိရှိနိုင်မှာပါ။ ပုံမှန်တုန်ခါမှုစနစ် မဟုတ်တဲ့အတွက် မိမိအနေနဲ့ ဘယ်သူဆိုတာ တန်းသိနိုင်တာကြောင့် ဖုန်းကိုင်မယ် မကိုင်ဘူးဆိုတာကိုပါ အလွယ်တကူ ဆုံးဖြတ်နိုင်စေမှာလည်းဖြစ်ပါတယ်။
အဲဒီလိုလုပ်ဆောင်ဖို့အတွက် အရင်ဆုံးဖုန်းထဲက contacts icon ကို တစ်ချက်နှိပ်လိုက်ပါ။

ပြီးရင်တော့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း more ကို ထပ်နှိပ်ပါ။ (မိမိရဲ့ဖုန်းမှာ more ရှာမတွေ့ရင် Edit ဆိုတာကို နှိပ်ပြီး အဲဒီထဲကမှView more ဆိုတာကို နှိပ်ပါ။ Android OS ဗားရှင်းပေါ် မူတည်ပြီး မတူတာကြောင့်ဖြစ်ပါတယ်။)

more ကို နှိပ်ပြီးရင်တော့ အောက်ကပုံမှာပြထားတဲ့ Vibration pattern ဆိုတဲ့စာသားကို ထပ်ပြီး ရှာနှိပ်ပါ။

Vibration Pattern ကို နှိပ်လိုက်ရင်တော့ ဖုန်းရဲ့ Vibration စနစ်ထဲကို ရောက်သွားမှာဖြစ်ပြီး အဲဒီထဲမှာ အောက်က ပုံအတိုင်း Basic call, Heartbeat, Ticktock, Waltz, Zig-zig-zig စတဲ့ မတူညီတဲ့ Vibration ပုံစံမျိုးတွေ ရှိပါတယ်။

အဲဒီထဲကမှ မိမိနှစ်သက်တဲ့ တစ်ခုကိုရွေးပြီး ထားလိုက်ရင်ရပါပြီ။ Default အစား တခြားတစ်ခုကို ရွေးပေးထားတဲ့ contacts က မိမိဆီ ဖုန်းခေါ်တဲ့အခါမှာ မတူတဲ့ တုန်ခါမှုနဲ့ အလွယ်တကူ သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဖုန်းအဝင်ခေါ်ဆိုမှု အသံကို ပြောင်းထားပြီးလည်း လုပ်ဆောင်ထားနိုင်ပေမယ့် မိမိအနေနဲ့ အသံတွေ နားထောင်ရတာ ရောထွေးနိုင်တယ်ဆိုရင်တော့ ခုလိုမျိုး တုန်ခါမှုနဲ့ လုပ်ဆောင်ထားနိုင်မှာ ဖြစ်ပါတယ်။

အခုဖော်ပြပေးခဲ့တာကတော့ ဖုန်းရဲ့ Android OS မှာပါ၀င်တဲ့ စနစ်ကို အသုံးပြုပြီးလုပ်ခဲ့တာဖြစ်ပါတယ်။ နောက်ထပ်တစ်နည်းက Third party လို့ခေါ်တဲ့ app ကို အသုံးပြုပြီးလည်း လုပ်ဆောင်နိုင်ပါတယ်။ App Store တွေမှာ Good Vibrations – Custom vibrations for everything ဆိုတဲ့ app ကို သုံးပြီးလည်း မိမိဖုန်းရဲ့ အဝင်ခေါ်ဆိုမှု၊ မက်ဆေ့ချ်တွေအတွက် မိမိအလိုရှိသလို တုန်ခါမှုစနစ်ကို သတ်မှတ်နိုင်မှာဖြစ်သလို Facebook, Messenger နဲ့ Gmail စတဲ့ app တွေအတွက်လည်း သတ်မှတ်ထားနိုင်မှာဖြစ်ပါတယ်။ ဒီ app ကို အသုံးပြုဖို့အတွက် ဖုန်းမှာ Root လုပ်ထားစရာလည်းမလိုပါဘူး။

ဖုန်းထဲကို Good Vibrations ဆိုတဲ့ app ကို အရင်ထည့်သွင်းပါ။ ပြီးရင်တော့ အောက်ကပုံအတိုင်း Pick Contact ကို နှိပ်ပါ။

ပြီးရင်တော့ မြင်ကွင်းဘယ်ဘက်က NEW PATTERN ဆိုတာကို ထပ်နှိပ်ပါ။

ပေါ်လာတဲ့ထဲက Tap your pattern ဆိုတာကို ထပ်နှိပ်ပါ။

ပြီးရင်တော့ မိမိစိတ်ကြိုက် ဖုန်းမြင်ကွင်းကို တို့ထိပြီး တုန်ခါမှုအသစ်တစ်ခုကို စိတ်ကြိုက်ဖန်တီးပါ။ မိမိဖန်တီး နေစဉ်မှာ အစမ်းအနေနဲ့ လုပ်ကြည့်နိုင်တဲ့ play ခလုတ် ကတော့ မြင်ကွင်းရဲ့ ညာဘက်အပေါ်ထောင့်နားမှာရှိပါ တယ်။

စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ အမှန်ခြစ်ကလေးကို နှိပ်လိုက်ပါ။ မိမိဖန်တီးထားတဲ့ တုန်ခါမှုအသစ်ကို အကြိမ်ရေဘယ်လောက် ပြုလုပ်မယ်ဆိုတာကို Pattern စနစ်ထဲက Repeat ကနေ ထပ်ပြီး သတ်မှတ်ထားနိုင်ပါတယ်။

ဒီနေရာမှာ တစ်ခုအကြံပေးချင်တာက အသစ်ဖန်တီးထားတဲ့ တုန်ခါမှု Pattern ကို နာမည်ပေးထားဖို့ပါ။ ဒါမှ မိမိအနေနဲ့ တခြား Contacts တွေအတွက်လည်း အလွယ်တကူ ရွေးချယ်သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။