ဖေဖော်ဝါရီ ၂၀ ရက်မှာ ကင်မရာ ၃ လုံးပါဝင်တဲ့ Xiaomi Mi 9 ကိုမိတ်ဆက်နိုင်

[ Zawgyi ]

ဇန်နဝါရီလ အစောပိုင်းမှာ လျှို့ဝှက်အမည် Cepheus နဲ့ Snapdragon 855 ပါဝင်တဲ့ Xiaomi Mi 9 အချက်အလက်တွေ ထွက်ပေါ်လာပါတယ်။ အခုဆိုရင် Xiaomi ပူးပေါင်းတည်ထောင်သူ လေဂျွန်က ဖေဖော်ဝါရီလ ၂၀ ရက်မှာ မိတ်ဆက်မယ့် Xiaomi Mi 9 ပုံတွေကို တင်ခဲ့ပါတယ်။

Xiaomi ရဲ့ Weibo account မှာလည် TFBoys က ရိုင်ဝမ်က Mi 9 ကိုင်ထားတဲ့ဓာတ်ပုံကို ဝေမျှခဲ့ပါတယ်။ ပုံမှာပါဝင်တဲ့ Mi 9 မှာ ကျောဘက်ကင်မရာ ၃ လုံး ပါဝင်လာတာကို တွေ့ရပါတယ်။

Xiaomi Mi 9 ဟာ ကင်မရာ ၃ လုံးကို ဒေါင်လိုက်ထည့်သွင်းထားပြီး LED flash ပါဝင်လာပါတယ်။ ဖုန်းရဲ့ ညာဘက်ခြမ်းမှာတော့ အသံအတိုး၊ အကျယ် ခလုတ်နဲ့ ပါဝါခလုတ်တို့ ပါဝင်လာတယ်။ Mi 9 ဘယ်ဘက်ခြမ်းမှာ ခလုတ်တစ်ခုတွေ့ရပြီး Xiaoai အမည်ရ smart assistant အတွက် ထည့်သွင်းထားဖွယ်ရှိပါတယ်။

Mi 9 ဟာ Redmi Note 7 ရဲ့ 18W ထက်အားသွင်းမြန်ဆန်တယ်လို့ လေဂျွန်ကပြောခဲ့ပါတယ်။ Mi 9 မှာ Snapdragon 855 chipset နဲ့ X24 modem, RAM 6B နဲ့ storage 128GB ပါဝင်လာကာ ၄၃၆ ဒေါ်လာနဲ့ ရောင်းချဖွယ်ရှိပါတယ်။

စိုးထက်
Ref: GSMArena