ေဖေဖာ္ဝါရီ ၁၅ ရက္မွာ in-display fingerprint reader ပါဝင္တဲ့ Redmi X ကုိ မိတ္ဆက္ႏိုင္ဖြယ္ရွိ

[ Zawgyi ]

Redmi X အမည္ဟာ Redmi Note 7 ဖုန္းနဲ႔အတူ သတင္းမွာ ပထမဆုံး ပါဝင္လာဖူးပါတယ္။ အခုဆိုရင္ Xiaomi ဟာ ေဖေဖာ္ဝါရီ ၁၅ ရက္မွာ Redmi X ထုတ္ကုန္သစ္မိတ္ဆက္ပြဲ ျပဳလုပ္မယ္လုိ႔ ပုိစတာမွာ ေဖာ္ျပထားပါတယ္။ ဒါေပမဲ့ အဲဒီပုိစတာကို တရားဝင္ Xiaomi account ကထုတ္ျပန္ခဲ့တာေတာ့ မဟုတ္ပါဘူး။

X ထုတ္ကုန္ဟာ in-display fingerprint reader ပါဝင္တဲ့ ပထမဆုံး Redmi ထုတ္ကုန္ျဖစ္လာမယ္လို႔ ပိုစတာမွာ ေဖာ္ျပထားပါတယ္။ အဲဒီ in-display fingerprint နည္းပညာဟာ လြန္ခဲ့တဲ့တစ္ႏွစ္က တန္ဖိုးႀကီး feature တစ္ခုျဖစ္ပါတယ္။

Redmi X ဟာ Note 7 ထက္စြမ္းေဆာင္ရည္ေကာင္းမြန္ႏိုင္ၿပီး Snapdragon 710 ကို အသုံးျပဳထားဖြယ္ရွိပါတယ္။ ေဖေဖာ္ဝါရီ ၁၅ ရက္မွာမိတ္ဆက္ႏို္င္တဲ့ ဖုန္းဟာ ေကာလာဟလေတြ ထြက္ေပၚေနတဲ့ Redmi Note 7 Pro လည္းျဖစ္ႏိုင္ပါတယ္။

တ႐ုတ္ေႏြဦးပြဲေတာ္ကုိ ေဖေဖာ္ဝါရီလ ၅ ရက္ကေန ၁၅ ရက္အထိ ျပဳလုပ္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ Xiaomi အတြက္ ထုတ္ကုန္သစ္တစ္မ်ိဳးကို မိတ္ဆက္ဖို႔ေကာင္းတဲ့အခ်ိန္ ျဖစ္ပါတယ္။ Redmi Note 5 နဲ႔ 5 Pro တို႔ကုိ ၂၀၁၈ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၁၄ ရက္က မိတ္ဆက္ခဲ့ဖူးပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Redmi X အမည်ဟာ Redmi Note 7 ဖုန်းနဲ့အတူ သတင်းမှာ ပထမဆုံး ပါဝင်လာဖူးပါတယ်။ အခုဆိုရင် Xiaomi ဟာ ဖေဖော်ဝါရီ ၁၅ ရက်မှာ Redmi X ထုတ်ကုန်သစ်မိတ်ဆက်ပွဲ ပြုလုပ်မယ်လို့ ပိုစတာမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ အဲဒီပိုစတာကို တရားဝင် Xiaomi account ကထုတ်ပြန်ခဲ့တာတော့ မဟုတ်ပါဘူး။

X ထုတ်ကုန်ဟာ in-display fingerprint reader ပါဝင်တဲ့ ပထမဆုံး Redmi ထုတ်ကုန်ဖြစ်လာမယ်လို့ ပိုစတာမှာ ဖော်ပြထားပါတယ်။ အဲဒီ in-display fingerprint နည်းပညာဟာ လွန်ခဲ့တဲ့တစ်နှစ်က တန်ဖိုးကြီး feature တစ်ခုဖြစ်ပါတယ်။

Redmi X ဟာ Note 7 ထက်စွမ်းဆောင်ရည်ကောင်းမွန်နိုင်ပြီး Snapdragon 710 ကို အသုံးပြုထားဖွယ်ရှိပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက်မှာမိတ်ဆက်နို်င်တဲ့ ဖုန်းဟာ ကောလာဟလတွေ ထွက်ပေါ်နေတဲ့ Redmi Note 7 Pro လည်းဖြစ်နိုင်ပါတယ်။

တရုတ်နွေဦးပွဲတော်ကို ဖေဖော်ဝါရီလ ၅ ရက်ကနေ ၁၅ ရက်အထိ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Xiaomi အတွက် ထုတ်ကုန်သစ်တစ်မျိုးကို မိတ်ဆက်ဖို့ကောင်းတဲ့အချိန် ဖြစ်ပါတယ်။ Redmi Note 5 နဲ့ 5 Pro တို့ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်က မိတ်ဆက်ခဲ့ဖူးပါတယ်။

Ref: GSMArena