ေဖေဖာ္ဝါရီလ ၂၀ ရက္ပြဲမွာ Galaxy S10 နဲ႔ ေခါက္စမတ္ဖုန္း အေသးစိတ္အခ်က္အလက္တို႔ကုိ Samsung မိတ္ဆက္ႏိုင္

[ Zawgyi ]

Samsung ဟာ Unpacked 2019 ပြဲအတြက္ ဖိတ္စာေတြကုိ စတင္ေပးပုိ႔ေနၿပီျဖစ္ပါတယ္။ Unpacked 2019 ပြဲကုိ ေဖေဖာ္ဝါရီလ ၂၀ ရက္မွာ က်င္းပပါမယ္။ Samsung ရဲ႕ႏွစ္စဥ္ျပဳလုပ္ေနက်ပြဲမွာ Galaxy S စီးရီး စမတ္ဖုန္းသစ္ကုိ ထုတ္ေဖာ္မိတ္ဆက္ေနက် ျဖစ္ပါတယ္။

ဒီႏွစ္ရဲ႕ Unpacked ပြဲမွာ Samsung ဟာ Galaxy S10 ကိုျပသလာႏိုင္ပါတယ္။ Mobile World Congress (MWC) ပြဲကေတာ့ ေဖေဖာ္ဝါရီ ၂၅ ရက္က စတင္ၿပီး ဘာစီလိုနာၿမိဳ႕မွာ ျပဳလုပ္သြားမွာျဖစ္ပါတယ္။ Samsung Unpacked ပြဲဟာ MWC ပြဲမစခင္ ရက္အနည္းငယ္အလိုမွာ ျပဳလုပ္မွာ ျဖစ္ပါတယ္။

Galaxy S10 နဲ႔ပတ္သက္ၿပီး ေပါက္ၾကားထြက္ေပၚမႈေတြ၊ ေကာလာဟလေတြမ်ားစြာ ထြက္ေပၚေနပါတယ္။ အသစ္မိတ္ဆက္မယ့္ စမတ္ဖုနး္မွာ နည္းပညာသစ္နဲ႔ ဒီဇိုင္းသစ္ေတြ ပါဝင္တယ္လို႔ Samsung ကိုယ္တုိင္က ေျပာထားပါတယ္။ Samsung ရဲ႕မိုဘိုင္း အႀကီးအကဲ ဒီေဂ်ကုိ႔ခ်္ကလည္း Galaxy S10 ကို အေျပာင္းအလဲမ်ားစြာ ျပဳလုပ္ထားတယ္လို႔ ၿပီးခဲ့တဲ့ႏွစ္က ေျပာခဲ့ဖူးပါတယ္။

Galaxy S10 ရဲ႕ေဘးေဘာင္ေသးငယ္ၿပီး selfie ကင္မရာအတြက္ notch အစား hole-punch ဒီဇိုင္းကုိ အသုံးျပဳထားပါတယ္။

Galaxy S10 ကုိေမာ္ဒယ္ ၃ ခုထက္မနည္း ထုတ္လုပ္မယ္လို႔ သိရပါတယ္။ အေမရိကန္အတြင္းက ၿမိဳ႕တခ်ိဳ႕မွာ 5G ကြန္ရက္သစ္ကို ေထာက္ပံ့ထားၿပီး Galaxy S10 မွာ 5G ပံ့ပိုးမႈ ပါဝင္လာႏိုင္ပါတယ္။
ဒါ့အျပင္ Samsung ဟာ Galaxy S10 ရဲ႕ဖုန္းမ်က္ႏွာျပင္ ေအာက္ေျခမွာ fingerprint scanner ထည့္သြင္းထားတယ္လုိ႔ ေကာလာဟလသတင္းေတြက ဆိုပါတယ္။ ဒါ့အျပင္ Apple ရဲ႕ FaceID စနစ္နဲ႔ ဆင္တဲ့ ပိုေကာင္းတဲ့ facial recognition စနစ္ ပါဝင္လာသလုိ၊ ကင္မရာ lens ၃ ခု စနစ္နဲ႔ အားသြင္းျမန္ဆန္တဲ့ စနစ္တုိ႔ ပါဝင္လာတယ္လို႔ သိရပါတယ္။

Samsung ဟာ ေဖေဖာ္ဝါရီလ ၂၀ ရက္မွာ ျပဳလုပ္မယ့္ပြဲမွာ ေခါက္စမတ္ဖုန္းနဲ႔ ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ကို ထုတ္ျပန္ဖြယ္ရွိပါတယ္။ အဲဒီ ေခါက္စမတ္ဖုနး္ကို Fold, Galaxy Fold ဒါမွမဟုတ္ Galaxy F လို႔ေခၚဆိုဖြယ္ရွိတယ္လို႔ Wall Street Journal ကေဖာ္ျပခဲ့ပါတယ္။

စိုးထက္
Ref: BusinessInsider

[ Unicode ]

Samsung ဟာ Unpacked 2019 ပွဲအတွက် ဖိတ်စာတွေကို စတင်ပေးပို့နေပြီဖြစ်ပါတယ်။ Unpacked 2019 ပွဲကို ဖေဖော်ဝါရီလ ၂၀ ရက်မှာ ကျင်းပပါမယ်။ Samsung ရဲ့နှစ်စဉ်ပြုလုပ်နေကျပွဲမှာ Galaxy S စီးရီး စမတ်ဖုန်းသစ်ကို ထုတ်ဖော်မိတ်ဆက်နေကျ ဖြစ်ပါတယ်။

ဒီနှစ်ရဲ့ Unpacked ပွဲမှာ Samsung ဟာ Galaxy S10 ကိုပြသလာနိုင်ပါတယ်။ Mobile World Congress (MWC) ပွဲကတော့ ဖေဖော်ဝါရီ ၂၅ ရက်က စတင်ပြီး ဘာစီလိုနာမြို့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ Samsung Unpacked ပွဲဟာ MWC ပွဲမစခင် ရက်အနည်းငယ်အလိုမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

Galaxy S10 နဲ့ပတ်သက်ပြီး ပေါက်ကြားထွက်ပေါ်မှုတွေ၊ ကောလာဟလတွေများစွာ ထွက်ပေါ်နေပါတယ်။ အသစ်မိတ်ဆက်မယ့် စမတ်ဖုနး်မှာ နည်းပညာသစ်နဲ့ ဒီဇိုင်းသစ်တွေ ပါဝင်တယ်လို့ Samsung ကိုယ်တိုင်က ပြောထားပါတယ်။ Samsung ရဲ့မိုဘိုင်း အကြီးအကဲ ဒီဂျေကို့ချ်ကလည်း Galaxy S10 ကို အပြောင်းအလဲများစွာ ပြုလုပ်ထားတယ်လို့ ပြီးခဲ့တဲ့နှစ်က ပြောခဲ့ဖူးပါတယ်။

Galaxy S10 ရဲ့ဘေးဘောင်သေးငယ်ပြီး selfie ကင်မရာအတွက် notch အစား hole-punch ဒီဇိုင်းကို အသုံးပြုထားပါတယ်။

Galaxy S10 ကိုမော်ဒယ် ၃ ခုထက်မနည်း ထုတ်လုပ်မယ်လို့ သိရပါတယ်။ အမေရိကန်အတွင်းက မြို့တချို့မှာ 5G ကွန်ရက်သစ်ကို ထောက်ပံ့ထားပြီး Galaxy S10 မှာ 5G ပံ့ပိုးမှု ပါဝင်လာနိုင်ပါတယ်။
ဒါ့အပြင် Samsung ဟာ Galaxy S10 ရဲ့ဖုန်းမျက်နှာပြင် အောက်ခြေမှာ fingerprint scanner ထည့်သွင်းထားတယ်လို့ ကောလာဟလသတင်းတွေက ဆိုပါတယ်။ ဒါ့အပြင် Apple ရဲ့ FaceID စနစ်နဲ့ ဆင်တဲ့ ပိုကောင်းတဲ့ facial recognition စနစ် ပါဝင်လာသလို၊ ကင်မရာ lens ၃ ခု စနစ်နဲ့ အားသွင်းမြန်ဆန်တဲ့ စနစ်တို့ ပါဝင်လာတယ်လို့ သိရပါတယ်။

Samsung ဟာ ဖေဖော်ဝါရီလ ၂၀ ရက်မှာ ပြုလုပ်မယ့်ပွဲမှာ ခေါက်စမတ်ဖုန်းနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို ထုတ်ပြန်ဖွယ်ရှိပါတယ်။ အဲဒီ ခေါက်စမတ်ဖုနး်ကို Fold, Galaxy Fold ဒါမှမဟုတ် Galaxy F လို့ခေါ်ဆိုဖွယ်ရှိတယ်လို့ Wall Street Journal ကဖော်ပြခဲ့ပါတယ်။

Ref: BusinessInsider