ေန႔စဥ္မိုဘိုင္းဖုန္း သံုးစြဲမႈအတြက္ ပိုမိုအက်ဳိးရွိေစမည့္ VOOC Flash Charge အျမန္အားသြင္းနည္းပညာက ဘယ္ေလာက္အထိ လံုၿခံဳစိတ္ခ်ရမႈ ရွိေစမည္လဲ

ယေန႔ေခတ္မိုဘိုင္းဖုန္း သံုးစြဲရာတြင္ မရွိမျဖစ္အေရးႀကီးဆံုး အခ်က္အလက္မ်ားတြင္ ဖုန္း battery အားႏွင့္ အားသြင္းနည္းပညာသည္ တစ္ခုအျဖစ္ ပါဝင္ေနၿပီျဖစ္သည္။

သက္ဆိုင္ရာ နည္းပညာကုမၸဏီမ်ားက အမ်ဳိးမ်ဳိးေသာ အျမန္အားသြင္းနည္းပညာမ်ားကို တီထြင္ဖန္တီးၿပီး မိုဘိုင္းဖုန္းမ်ားတြင္ ထည့္သြင္းေပးလာၾကေၾကာင္း ေတြ႕ရွိေနရသည္။ OPPO ကုမၸဏီအေနျဖင့္ လည္း ၄င္းတို႔၏ထူးျခားဆန္းသစ္ေသာ VOOC Flash Charge ဟုေခၚဆိုသည့္ အျမန္အားသြင္း နည္းပညာကို ၂ဝ၁၄ ခုႏွစ္က စတင္မိတ္ဆက္ေပးခဲ့ၿပီး အဆင့္ျမင့္ ထုတ္ကုန္တစ္ခုျဖစ္သည့္ OPPO Find 7 တြင္ ပထမဆံုး ထည့္သြင္းေပးခဲ့ျခင္း ျဖစ္သည္။

ျမန္မာျပည္ မိုဘိုင္းေစ်းကြက္သို႔ တင္သြင္းသည့္ ထုတ္ကုန္တခ်ဳိ႕တြင္လည္း အျမန္အားသြင္းနည္းပညာ VOOC Flash Charge ကို ထည့္သြင္းေပးခဲ့ၿပီးFind 7a, N3, R5, R7 Plus, F1 Plus, F3 Plus တို႔တြင္ ပါဝင္ခဲ့သည္။ သုိ႔ရာတြင္ အဆိုပါ VOOC Flash Charge နည္းပညာကို OPPO ၏အျမင့္ဖုန္းမ်ားတြင္သာ အဓိကအသံုးျပဳေပးခဲ့ျခင္း ျဖစ္ေသာ္လည္း ယခုအခါတြင္ OPPO ၏ ေနာက္ဆံုးထုတ္ F series ေမာ္ဒယ္တစ္ခုျဖစ္သည့္ F9 တြင္ သံုးစြဲသူမ်ား၏ လိုအပ္ခ်က္ကို ပိုမိုျဖည့္ဆည္းေပးႏုိင္ေစရန္ ရည္ရြယ္ခ်က္ျဖင့္ ထည့္သြင္း ေပးခဲ့ျခင္းျဖစ္သည္။ OPPO ၏ ေစ်းႏႈန္း ၄ သိန္းဝန္းက်င္ ဖုန္းျဖစ္ေသာ F9 တြင္ ပါဝင္လာသည့္ အျမန္အားသြင္းနည္းပညာ VOOC Flash Charge မွာ လံုၿခံဳေရးအပိုင္းတြင္ ပိုမိုစိတ္ခ်ရသည့္ နည္းပညာျဖည့္ဆည္းမႈမ်ားကိုပါ ထည့္သြင္းထားၿပီး အလႊာ ၅ လႊာပါဝင္သည့္ ကာကြယ္မႈစနစ္ကို အသံုးျပဳေပးထားသည္။ မိုဘိုင္းေလာက၏ စံခ်ိန္စံၫႊန္းမ်ားထက္ ပိုမိုသာလြန္ေသာ DPM ကာကြယ္မႈအဆင့္အထိ တိုးျမွင့္ေပးထားျခင္းေၾကာင့္ အႀကိမ္အေရအတြက္ သန္းတစ္ေထာင္တြင္ ခ်ဳိ႕ယြင္းခ်က္ျဖစ္ႏုိင္ေျခမွာ တစ္ႀကိမ္သာ ရွိေစမည္ျဖစ္သည္။

မိုဘိုင္းဖုန္းသံုးစြဲသည့္ ယဥ္ေက်းမႈပိုမိုျမင့္မားလာသည္ႏွင့္အမွ် လူတစ္ဦးတစ္ေယာက္ခ်င္းစီ၏ တစ္ေန႔တာ မိုဘိုင္းဖုန္းသံုးစြဲမႈ အခ်ိန္မွာလည္း ပိုမိုျမင့္မားလာခဲ့ၿပီး ေနာက္ဆက္တြဲ အက်ဳိးဆက္အျဖစ္ battery အကုန္ျမန္ျခင္းကို ရင္ဆိုင္လာၾကရသည္။ OPPO F9 တြင္ အသံုးျပဳထားသည့္ အျမန္အားသြင္းစနစ္ VOOC Flash Charge နည္းပညာမွာ “၅ မိနစ္အားသြင္း။ ၂နာရီ ဖုန္းေျပာ” ဆိုသည့္ ေဆာင္ပုဒ္အတိုင္း ၅ မိနစ္သာ အားသြင္းလိုက္႐ံုျဖင့္ ၂ နာရီၾကာအထိ ဖုန္းေျပာႏုိင္မည့္ battery အားပမာဏကို ရရွိေစမည္ျဖစ္သည္။ လံုၿခံဳစိတ္ခ်မႈ ျမင့္မားသည့္ VOOC Flash Charge နည္းပညာကို သံုးစြဲေနၾကသည့္ တစ္ကမၻာလံုးမွ သံုးစြဲသူအေရအတြက္မွာ ယခုအခါတြင္ သန္း ၉ဝ ေက်ာ္အထိ ရွိေနၿပီျဖစ္သည္။

[ Unicode ]

ယနေ့ခေတ်မိုဘိုင်းဖုန်း သုံးစွဲရာတွင် မရှိမဖြစ်အရေးကြီးဆုံး အချက်အလက်များတွင် ဖုန်း battery အားနှင့် အားသွင်းနည်းပညာသည် တစ်ခုအဖြစ် ပါဝင်နေပြီဖြစ်သည်။

သက်ဆိုင်ရာ နည်းပညာကုမ္ပဏီများက အမျိုးမျိုးသော အမြန်အားသွင်းနည်းပညာများကို တီထွင်ဖန်တီးပြီး မိုဘိုင်းဖုန်းများတွင် ထည့်သွင်းပေးလာကြကြောင်း တွေ့ရှိနေရသည်။ OPPO ကုမ္ပဏီအနေဖြင့် လည်း ၄င်းတို့၏ထူးခြားဆန်းသစ်သော VOOC Flash Charge ဟုခေါ်ဆိုသည့် အမြန်အားသွင်း နည်းပညာကို ၂ဝ၁၄ ခုနှစ်က စတင်မိတ်ဆက်ပေးခဲ့ပြီး အဆင့်မြင့် ထုတ်ကုန်တစ်ခုဖြစ်သည့် OPPO Find 7 တွင် ပထမဆုံး ထည့်သွင်းပေးခဲ့ခြင်း ဖြစ်သည်။

မြန်မာပြည် မိုဘိုင်းစျေးကွက်သို့ တင်သွင်းသည့် ထုတ်ကုန်တချို့တွင်လည်း အမြန်အားသွင်းနည်းပညာ VOOC Flash Charge ကို ထည့်သွင်းပေးခဲ့ပြီးFind 7a, N3, R5, R7 Plus, F1 Plus, F3 Plus တို့တွင် ပါဝင်ခဲ့သည်။ သို့ရာတွင် အဆိုပါ VOOC Flash Charge နည်းပညာကို OPPO ၏အမြင့်ဖုန်းများတွင်သာ အဓိကအသုံးပြုပေးခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင် OPPO ၏ နောက်ဆုံးထုတ် F series မော်ဒယ်တစ်ခုဖြစ်သည့် F9 တွင် သုံးစွဲသူများ၏ လိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းပေးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ထည့်သွင်း ပေးခဲ့ခြင်းဖြစ်သည်။ OPPO ၏ စျေးနှုန်း ၄ သိန်းဝန်းကျင် ဖုန်းဖြစ်သော F9 တွင် ပါဝင်လာသည့် အမြန်အားသွင်းနည်းပညာ VOOC Flash Charge မှာ လုံခြုံရေးအပိုင်းတွင် ပိုမိုစိတ်ချရသည့် နည်းပညာဖြည့်ဆည်းမှုများကိုပါ ထည့်သွင်းထားပြီး အလွှာ ၅ လွှာပါဝင်သည့် ကာကွယ်မှုစနစ်ကို အသုံးပြုပေးထားသည်။ မိုဘိုင်းလောက၏ စံချိန်စံညွှန်းများထက် ပိုမိုသာလွန်သော DPM ကာကွယ်မှုအဆင့်အထိ တိုးမြှင့်ပေးထားခြင်းကြောင့် အကြိမ်အရေအတွက် သန်းတစ်ထောင်တွင် ချို့ယွင်းချက်ဖြစ်နိုင်ခြေမှာ တစ်ကြိမ်သာ ရှိစေမည်ဖြစ်သည်။

မိုဘိုင်းဖုန်းသုံးစွဲသည့် ယဉ်ကျေးမှုပိုမိုမြင့်မားလာသည်နှင့်အမျှ လူတစ်ဦးတစ်ယောက်ချင်းစီ၏ တစ်နေ့တာ မိုဘိုင်းဖုန်းသုံးစွဲမှု အချိန်မှာလည်း ပိုမိုမြင့်မားလာခဲ့ပြီး နောက်ဆက်တွဲ အကျိုးဆက်အဖြစ် battery အကုန်မြန်ခြင်းကို ရင်ဆိုင်လာကြရသည်။ OPPO F9 တွင် အသုံးပြုထားသည့် အမြန်အားသွင်းစနစ် VOOC Flash Charge နည်းပညာမှာ “၅ မိနစ်အားသွင်း။ ၂နာရီ ဖုန်းပြော” ဆိုသည့် ဆောင်ပုဒ်အတိုင်း ၅ မိနစ်သာ အားသွင်းလိုက်ရုံဖြင့် ၂ နာရီကြာအထိ ဖုန်းပြောနိုင်မည့် battery အားပမာဏကို ရရှိစေမည်ဖြစ်သည်။ လုံခြံုစိတ်ချမှု မြင့်မားသည့် VOOC Flash Charge နည်းပညာကို သုံးစွဲနေကြသည့် တစ်ကမ္ဘာလုံးမှ သုံးစွဲသူအရေအတွက်မှာ ယခုအခါတွင် သန်း ၉ဝ ကျော်အထိ ရှိနေပြီဖြစ်သည်။