September 20, 2018

ေနျပည္ေတာ္ႏွင့္ မိတၳီလာတြင္ MBA ႏွင့္ MPA သင္တန္းမ်ားဖြင့္မည္

[ Zawgyi ]

စီးပြားေရးလုပ္ငန္း စီမံခန္႔ခြဲမႈမဟာဘြဲ႕ (MBA) နဲ႔ ျပည္သူ႔ေရးရာစီမံခန္႔ခြဲမႈမဟာဘြဲ႕ (MPA) အမွတ္စဥ္ (၁) သင္တန္းမ်ားအတြက္ ေလွ်ာက္လႊာေတြ ေခၚယူေနတယ္လုိ႔ သိရပါတယ္။

ဒီသင္တန္းေတြကို ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္မွာ မိတၳီလာစီးပြားေရးတကၠသိုလ္နဲ႔ အမ်ိဳးသားမွတ္တမ္းမ်ား ေမာ္ကြန္းတုိက္ဦးစီးဌာနရဲ႕ အုပ္ခ်ဳပ္မႈႏွင့္ ဖြံ႔ၿဖိဳးမႈပညာဘြဲ႕လြန္သင္တန္းဌာန (ေနျပည္ေတာ္) တုိ႔ပူးေပါင္းဖြင့္လွစ္ တာျဖစ္ပါတယ္။ တက္ေရာက္လုိသူေတြ အေနနဲ႔ အသိအမွတ္ျပဳ တကၠသိုလ္တစ္ခုခုမွ ဘြဲ႕ရရွိၿပီးသူေတြ၊ သတ္မွတ္ထားတဲ့ သင္ရိုးအတုိင္း အခ်ိန္ျပည့္ တက္ေရာက္ႏုိင္သူေတြ ျဖစ္ရပါမယ္။

တက္ေရာက္လုိသူေတြဟာ ေရးေျဖစာေမးပြဲကို ေျဖဆုိရမွာျဖစ္ၿပီး သင္တန္းနဲ႔ သက္ဆုိင္တဲ့ စာရြက္စာတမ္းနဲ႔ သတ္မွတ္ထားတဲ့ ေလွ်ာက္လႊာပံုစံေတြကို အမ်ိဳးသားမွတ္တမ္းမ်ား ေမာ္ကြန္းတုိက္ဦးစီးဌာနမွာ မတ္လ ၂၁ ရက္မွ စတင္ကာရယူႏုိင္ပါတယ္။ ၀င္ခြင့္ေရးေျဖစာေမးပြဲ အတြက္ ေလွ်ာက္လႊာေတြကိုေတာ့ ေမလ ၁၁ ရက္ ေနာက္ဆံုးထားကာ အမ်ိဳးသားမွတ္တမ္းမ်ား ေမာ္ကြန္းတုိက္ဦးစီးဌာနမွာ တင္သြင္းရမွာျဖစ္ပါတယ္။

ဝင္ခြင့္ေရးေျဖစာေမးပြဲေတြ ကို ေမလ ၁၉ ရက္မွာ က်င္းပေပးမွာျဖစ္ၿပီး သင္တန္းေတြကုိ စေန၊ တနဂၤေႏြေန႔ေတြမွာ တက္ေရာက္ရမွာ ျဖစ္ပါတယ္။

သင္တန္းနဲ႔ ပတ္သက္ၿပီး အေသးစိတ္ အခ်က္အလက္ေတြကို ၀၆၇-၃၉၂၈၅၊ ၀၉-၂၀၀၀၄၅၀၊ ၀၆၇-၄၁၈၄၆၁၊ ၀၉၄၃၀၇၉၂၆၂ ေတြကုိ ဆက္သြယ္ေမးျမန္းႏုိင္မွာ ျဖစ္ပါတယ္။

-သႏၲာ

===========

[ Unicode ]

နေပြည်တော်နှင့် မိတ္ထီလာတွင် MBA နှင့် MPA သင်တန်းများဖွင့်မည်

===========

စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုမဟာဘွဲ့ (MBA) နဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဘွဲ့ (MPA) အမှတ်စဉ် (၁) သင်တန်းများအတွက် လျှောက်လွှာတွေ ခေါ်ယူနေတယ်လို့ သိရပါတယ်။

ဒီသင်တန်းတွေကို ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ မိတ္ထီလာစီးပွားရေးတက္ကသိုလ်နဲ့ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနရဲ့ အုပ်ချုပ်မှုနှင့် ဖွံ့ဖြိုးမှုပညာဘွဲ့လွန်သင်တန်းဌာန (နေပြည်တော်) တို့ပူးပေါင်းဖွင့်လှစ် တာဖြစ်ပါတယ်။ တက်ရောက်လိုသူတွေ အနေနဲ့ အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ၊ သတ်မှတ်ထားတဲ့ သင်ရိုးအတိုင်း အချိန်ပြည့် တက်ရောက်နိုင်သူတွေ ဖြစ်ရပါမယ်။

တက်ရောက်လိုသူတွေဟာ ရေးဖြေစာမေးပွဲကို ဖြေဆိုရမှာဖြစ်ပြီး သင်တန်းနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းနဲ့ သတ်မှတ်ထားတဲ့ လျှောက်လွှာပုံစံတွေကို အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနမှာ မတ်လ ၂၁ ရက်မှ စတင်ကာရယူနိုင်ပါတယ်။ ၀င်ခွင့်ရေးဖြေစာမေးပွဲ အတွက် လျှောက်လွှာတွေကိုတော့ မေလ ၁၁ ရက် နောက်ဆုံးထားကာ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနမှာ တင်သွင်းရမှာဖြစ်ပါတယ်။

ဝင်ခွင့်ရေးဖြေစာမေးပွဲတွေ ကို မေလ ၁၉ ရက်မှာ ကျင်းပပေးမှာဖြစ်ပြီး သင်တန်းတွေကို စနေ၊ တနင်္ဂနွေနေ့တွေမှာ တက်ရောက်ရမှာ ဖြစ်ပါတယ်။

သင်တန်းနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို ၀၆၇-၃၉၂၈၅၊ ၀၉-၂၀၀၀၄၅၀၊ ၀၆၇-၄၁၈၄၆၁၊ ၀၉၄၃၀၇၉၂၆၂ တွေကို ဆက်သွယ်မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

-သန္တာ