နေပြည်တော်ရှိ Information Access Center (IAC) တွင် အင်တာနက်အခမဲ့ အသုံးပြုနိုင်

[ Zawgyi ]




-ဝေဝေ

[ Unicode ]

နေပြည်တော်ရှိ Information Access Center (IAC) မှာ အင်တာနက်အခမဲ့ အသုံးပြုနိုင်မှာဖြစ်တယ်လို့ Myanmar National Portal ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံမှာ e-Government လုပ်ငန်းစဉ်တွေကို အထောက်အကူပြုမယ့် ဝန်းကျင်ကောင်းတွေ တည်ဆောက်နိုင်ဖို့ ရည်ရွယ်ပြီး တည်ဆောက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံသားတွေအနေနဲ့ အိုင်စီတီကို ကျယ်ပြန့်စွာ အသုံးပြုလာနိုင်ပြီး အသိပညာ၊ ဗဟုသုတများ မြင့်မားလာစေနိုင်ဖို့ သတင်းအချက်အလက်တွေ ဖြန့်ဖြူးပေးနိုင်မယ့်ဌာနတစ်ခုလည်း ဖြစ်တယ်လို့ သိရပါတယ်။

IAC ကို ကိုရီးယားနိုင်ငံ National Information Security Agency (NIA) ရဲ့ အထောက်အပံ့နဲ့ ၂၀၁၃ ခုနှစ်က နေပြည်တော်မှာ တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ IAC ရဲ့ တည်နေရာကတော့ S12 Exchange ရုံးအနီး၊ ဘောဂသိဒ္ဒိရပ်ကွက် ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်ဖြစ်ပါတယ်။