ေနာက္ဆုံးရွာေဖြမႈကို ျပန္လည္ေဖာ္ျပေပးမယ့္ Google Search ရဲ႕ activity card အသစ္ေတြ

[ Zawgyi ]

Google ဟာ Search အတြက္ activity card သစ္ေတြကုိ blog post မွာမိတ္ဆက္လိုက္ပါတယ္။ သုံးစြဲသူရဲ႕ လက္ရွိရွာေဖြမႈထဲက အနီးစပ္ဆုံးကို ျပန္ရွာတဲ့အခါမွာ အဲဒီ card ေပၚလာမွာ ျဖစ္ပါတယ္။

အဲဒီ card အမည္က “Your related activity” ျဖစ္ပါတယ္။ အဲဒီ card ေတြမွာ အရင္တုန္းက ရွာေဖြထားတဲ့ ဝက္ဘ္ဆိုက္လိပ္စာေတြကုိ ေဖာ္ျပေပးမွာ ျဖစ္ပါတယ္။ သုံးစြဲသူက စာရင္းထဲကဆိုက္ေတြကို ျပန္သြားႏိုင္သလို ေရွာင္ရွားႏိုင္ပါတယ္။

“တကယ္လုိ႔ သုံးစြဲသူက Google account အတြင္းကုိ log in ဝင္ထားတယ္ဆိုရင္ ဟင္းခ်က္နည္းလို၊ အခန္းတြင္းအျပင္အဆင္၊ ဖက္ရွင္၊ အသားအေရနဲ႔ လွပမႈ၊ ကုိယ္လက္ႀကံ့ခိုင္ေရး၊ ဓာတ္ပုံနဲ႔ အျခားအရာေတြမ်ိဳး ေခါင္းစဥ္ေတြနဲ႔ ဝါသနာေတြကို ရွာႏိုင္ပါတယ္။ သုံးစြဲသူက ရွာေဖြမႈကုိ အလြယ္တကူ ျပဳလုပ္ႏိုင္ေအာင္ ရွာေဖြမႈ ရလဒ္ရဲ႕အေပၚမွာ activity card တစ္ခုကို ေတြ႕ရမွာျဖစ္ပါတယ္” လို႔ Google Search အတြက္ ထုတ္ကုန္မန္ေနဂ်ာက blog post မွာေရးသားခဲ့ပါတယ္။

ဒါ့အျပင္ သုံးစြဲသူက activity card ကုိထိေတြ႕ၿပီး collection ထဲထည့္သြင္းထားဖို႔ စာမ်က္ႏွာတစ္ခုကို အမွတ္အသားေပးႏိုင္ပါတယ္။ ေနာက္ပုိင္းမွပဲ သုံးစြဲသူက Google app ေအာက္ေျခ ဒါမွမဟုတ္ မိုဘုိင္းဝက္ဘ္ဆိုက္ရွာေဖြမႈ စာမ်က္ႏွာရဲ႕ ထိပ္ဆုံးဘယ္ဘက္ကုိ tap လုပ္ၿပီး အသုံးျပဳႏိုင္ပါတယ္။

စိုးထက္
Ref: CNET

[ Unicode ]

Google ဟာ Search အတွက် activity card သစ်တွေကို blog post မှာမိတ်ဆက်လိုက်ပါတယ်။ သုံးစွဲသူရဲ့ လက်ရှိရှာဖွေမှုထဲက အနီးစပ်ဆုံးကို ပြန်ရှာတဲ့အခါမှာ အဲဒီ card ပေါ်လာမှာ ဖြစ်ပါတယ်။

အဲဒီ card အမည်က “Your related activity” ဖြစ်ပါတယ်။ အဲဒီ card တွေမှာ အရင်တုန်းက ရှာဖွေထားတဲ့ ဝက်ဘ်ဆိုက်လိပ်စာတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ သုံးစွဲသူက စာရင်းထဲကဆိုက်တွေကို ပြန်သွားနိုင်သလို ရှောင်ရှားနိုင်ပါတယ်။

“တကယ်လို့ သုံးစွဲသူက Google account အတွင်းကို log in ဝင်ထားတယ်ဆိုရင် ဟင်းချက်နည်းလို၊ အခန်းတွင်းအပြင်အဆင်၊ ဖက်ရှင်၊ အသားအရေနဲ့ လှပမှု၊ ကိုယ်လက်ကြံ့ခိုင်ရေး၊ ဓာတ်ပုံနဲ့ အခြားအရာတွေမျိုး ခေါင်းစဉ်တွေနဲ့ ဝါသနာတွေကို ရှာနိုင်ပါတယ်။ သုံးစွဲသူက ရှာဖွေမှုကို အလွယ်တကူ ပြုလုပ်နိုင်အောင် ရှာဖွေမှု ရလဒ်ရဲ့အပေါ်မှာ activity card တစ်ခုကို တွေ့ရမှာဖြစ်ပါတယ်” လို့ Google Search အတွက် ထုတ်ကုန်မန်နေဂျာက blog post မှာရေးသားခဲ့ပါတယ်။

ဒါ့အပြင် သုံးစွဲသူက activity card ကိုထိတွေ့ပြီး collection ထဲထည့်သွင်းထားဖို့ စာမျက်နှာတစ်ခုကို အမှတ်အသားပေးနိုင်ပါတယ်။ နောက်ပိုင်းမှပဲ သုံးစွဲသူက Google app အောက်ခြေ ဒါမှမဟုတ် မိုဘိုင်းဝက်ဘ်ဆိုက်ရှာဖွေမှု စာမျက်နှာရဲ့ ထိပ်ဆုံးဘယ်ဘက်ကို tap လုပ်ပြီး အသုံးပြုနိုင်ပါတယ်။

Ref: CNET