ေဒၚလာ ၆၀ တန္ 4K HDR Mi Box S သစ္ကို Xiaomi မိတ္ဆက္

[ Zawgyi ]

Google က hardware အခမ္းအနား က်င္းပေနစဥ္မွာ Xiaomi ကလည္း ကုမၸဏီရဲ႕ streaming player ကို အဆင့္ျမႇင့္ထားတဲ့ Mi Box S ကို မိတ္ဆက္ေၾကညာခဲ့ပါတယ္။

အဆိုပါ streaming ထုတ္ကုန္ကို အေမရိကန္မွာ Walmart.com ကေနတစ္ဆင့္ ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။ ႀကိဳတင္မွာယူမႈေတြကို ေအာက္တိုဘာ ၉ ရက္မွာ စတင္ျပဳလုပ္ႏိုင္ၿပီး တင္ပို႔ေရာင္းခ်မႈကိုေတာ့ ေအာက္တိုဘာ ၁၉ ရက္မွာ စတင္သြားမယ္လို႔ သိရပါတယ္။ ေစ်းႏႈန္းက ၅၉.၉၉ ေဒၚလာ ျဖစ္ပါတယ္။ ဒီထုတ္ကုန္မွာ player ေရာ ဘက္ထရီနဲ႔သံုးႏိုင္တဲ့ ရီမုဒ္တစ္ခုပါ ပါဝင္ပါတယ္။

Mi Box မွာ Google Assistant နဲ႔ Chromecast feature ေတြလို Google ရဲ႕ ထုတ္ကုန္အမ်ားအျပား ပါဝင္ပါတယ္။ 4K HDR ကို 60fps နဲ႔ ေထာက္ပံ့ေပးႏိုင္သလို Dolby DTS အသံစနစ္ကိုလည္း ေထာက္ပံ့ေပးထားပါတယ္။ Quad-core CPU တစ္ခုနဲ႔ multi-core GPU တစ္ခု ပါဝင္ၿပီး RAM က 2GB ျဖစ္ပါတယ္။ Storage က 8GB ျဖစ္ၿပီး Bluetooth 4.2 အျပင္ HDMI 2.0A port တစ္ခု၊ audio out port တစ္ခု၊ USB 2.0 port တစ္ခုနဲ႔ power interface တစ္ခုတို႔ ပါဝင္ပါတယ္။ အရင္ဗားရွင္းေတြလိုပဲ Android TV ေနာက္ဆံုးဗားရွင္းကို အသံုးျပဳထားပါတယ္။

ရီမုဒ္မွာ Netflix ခလုတ္နဲ႔ live TV ခလုတ္တို႔ ပါဝင္ပါတယ္။ Google Assistant ကိုေတာ့ ရီမုဒ္ထိပ္ဘက္မွာရိွတဲ့ ပါဝါခလုတ္ေအာက္က ခလုတ္နဲ႔ အသံုးျပဳႏိုင္ပါတယ္။

Ref: TheVerge

[ Zawgyi ]

Google က hardware အခမ်းအနား ကျင်းပနေစဉ်မှာ Xiaomi ကလည်း ကုမ္ပဏီရဲ့ streaming player ကို အဆင့်မြှင့်ထားတဲ့ Mi Box S ကို မိတ်ဆက်ကြေညာခဲ့ပါတယ်။

အဆိုပါ streaming ထုတ်ကုန်ကို အမေရိကန်မှာ Walmart.com ကနေတစ်ဆင့် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ကြိုတင်မှာယူမှုတွေကို အောက်တိုဘာ ၉ ရက်မှာ စတင်ပြုလုပ်နိုင်ပြီး တင်ပို့ရောင်းချမှုကိုတော့ အောက်တိုဘာ ၁၉ ရက်မှာ စတင်သွားမယ်လို့ သိရပါတယ်။ စျေးနှုန်းက ၅၉.၉၉ ဒေါ်လာ ဖြစ်ပါတယ်။ ဒီထုတ်ကုန်မှာ player ရော ဘက်ထရီနဲ့သုံးနိုင်တဲ့ ရီမုဒ်တစ်ခုပါ ပါဝင်ပါတယ်။

Mi Box မှာ Google Assistant နဲ့ Chromecast feature တွေလို Google ရဲ့ ထုတ်ကုန်အများအပြား ပါဝင်ပါတယ်။ 4K HDR ကို 60fps နဲ့ ထောက်ပံ့ပေးနိုင်သလို Dolby DTS အသံစနစ်ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ Quad-core CPU တစ်ခုနဲ့ multi-core GPU တစ်ခု ပါဝင်ပြီး RAM က 2GB ဖြစ်ပါတယ်။ Storage က 8GB ဖြစ်ပြီး Bluetooth 4.2 အပြင် HDMI 2.0A port တစ်ခု၊ audio out port တစ်ခု၊ USB 2.0 port တစ်ခုနဲ့ power interface တစ်ခုတို့ ပါဝင်ပါတယ်။ အရင်ဗားရှင်းတွေလိုပဲ Android TV နောက်ဆုံးဗားရှင်းကို အသုံးပြုထားပါတယ်။

ရီမုဒ်မှာ Netflix ခလုတ်နဲ့ live TV ခလုတ်တို့ ပါဝင်ပါတယ်။ Google Assistant ကိုတော့ ရီမုဒ်ထိပ်ဘက်မှာရှိတဲ့ ပါဝါခလုတ်အောက်က ခလုတ်နဲ့ အသုံးပြုနိုင်ပါတယ်။

Ref: TheVerge