ေဒၚလာ ၆,၀၀၀ တန္ေၾကးရွိ Mac Pro အေၾကာင္း သိသင့္သမွ်

[ Zawgyi ]

Apple ဟာ ၂၀၁၉ ခုႏွစ္မွာ ႏွစ္စဥ္ျပဳလုပ္ေနက် WWDC ပြဲကုိ ဇြန္လ ၃ ရက္ကေန ၇ ရက္အထိ ျပဳလုပ္ခဲ့ပါတယ္။ အဲဒီပြဲမွာ Apple ဟာ iOS 13 နဲ႔ Mac Pro တို႔ကုိ မိတ္ဆက္ခဲ့ပါတယ္။

Apple ဟာ ၆ ႏွစ္အတြင္း ပထမဆုံးအျဖစ္ Mac Pro ထုတ္ကုန္ကုိ အဆင့္ျမႇင့္ခဲ့ပါတယ္။

အခု Mac Pro အသစ္ကုိ ေဒၚလာ ၆,၀၀၀ နဲ႔စတင္ေရာင္းခ်မွာ ျဖစ္ပါတယ္။ Apple ဟာ ၂၀၁၃ခုႏွစ္ ဇြန္လက Mac Pro ေမာ္ဒယ္ေဟာင္းကို မိတ္ဆက္အၿပီး အခုေမာ္ဒယ္သစ္ ဒီဇိုင္းပုိင္းေျပာင္းလဲခဲ့ပါတယ္။ အခုဒီဇိုင္းက modular ဒီဇိုင္းျဖစ္ပါတယ္။ Mac Pro ကြန္ပ်ဴတာ ကိုယ္ထည္နဲ႔ spin ထိပ္ဘက္မွာ လက္ကုိင္ေတြ ပါဝင္လာၿပီး ကြန္ပ်ဳတာတစ္ခုလုံးကို သယ္ယူႏိုင္ပါတယ္။ Mac Pro ဟာေဈးႏႈန္း အလြန္အမင္းႀကီးမားသလို စြမ္းေဆာင္ရည္လည္း အလြန္ေကာင္းမြန္ပါတယ္။

Mac Pro ရဲ႕ဒီဇုိင္းဟာ ကြန္ပ်ဴတာထက္ ဒိန္ခဲျခစ္တဲ့အရာနဲ႔ ပုိတူတယ္လို႔ Apple ပရိသတ္ေတြက ေထာက္ျပၾကပါတယ္။

Mac Pro သစ္ကုိဒီႏွစ္ေႏွာင္းပုိင္းမွာ ေရာင္းခ်မွာျဖစ္ၿပီး ထုတ္ကုန္သစ္နဲ႔ ပတ္သက္တဲ့အခ်က္အလက္ေတြကို ေအာက္မွာ ေဖာ္ျပေပးသြားပါမယ္။

(၁) ၂၀၁၉ Mac Pro ဒီဇိုင္းပုိင္း ေျပာင္းလဲထား

Mac Pro အရင္ေမာ္ဒယ္က ေသးငယ္ၿပီး ေခတ္ေရွ႕ေျပးတဲ့ အမႈိက္ပုံးနဲ႔ ဆင္ပါတယ္။

အခု Mac Pro ေမာ္ဒယ္သစ္ကေတာ့ အရင္ဒီဇိုင္းနဲ႔ျခားနားၿပီး သမား႐ုိးက် desktop ကြန္ပ်ဴတာနဲ႔ ဆင္တူပါတယ္။ ကြန္ပ်ဴတာရဲ႕ ထိပ္ဘက္နဲ႔ ေအာက္ဘက္မွာ စတီးေအာက္ခံေဘာင္ေတြ ထည့္ႏိုင္ပါတယ္။

Mac Pro ေမာ္ဒယ္သစ္ရဲ႕ကာဗာက ႀကီးမားၿပီး ျဖဳတ္ႏိုင္၊ တပ္ႏိုင္ပါတယ္။ ထိပ္ဘက္မွာပါတဲ့ လက္ကိုင္ေတြက လွည့္ႏိုင္ၿပီး အလြယ္တကူသယ္ႏိုင္ပါတယ္။ Mac Pro ရဲ႕ case တစ္ခုလုံးကုိ ျဖဳတ္ႏိုင္၊ တပ္ႏိုင္ပါေသးတယ္။

(၂) Mac Pro ထုတ္ကုန္သစ္ဟာ modular ဒီဇိုင္းျဖစ္ၿပီး hardware ေတြကုိ ျဖဳတ္ႏိုင္၊ တပ္ႏိုင္

Mac Pro ဒီဇိုင္းဟာ hardware ကိုေတြကုိ အလြယ္တကူ ျဖဳတ္ႏိုင္၊ တပ္ႏိုင္ကာ လဲလွယ္ႏိုင္ေအာင္ ျပဳလုပ္ေပးထားပါတယ္။

“Mac Pro အတြင္းဘက္ ၃၆၀ဒီဂရီမွာ မတူညီတဲ့ ပါဝင္ပစၥည္းအမ်ိဳးမ်ိဳး ထည့္သြင္းႏိုင္ေအာင္ ျပဳလုပ္ေပးထားပါတယ္” လို႔ ဗီဒီယိုထဲမွာ Mac Pro နဲ႔ပတ္သက္ၿပီး Apple အႀကီးအကဲဒီဇိုင္နာ ဂ်ိဳနီအိုင္ဗ္ကေျပာခဲ့ပါတယ္။

Mac Pro ရဲ႕ motherboard ကုိလည္း စိတ္ႀကိဳက္ျပင္ဆင္ႏိုင္ၿပီး RAM, processing, storage နဲ႔အရာအားလုံးကုိ သုံးစြဲသူက ခ်ိန္ညိႇႏိုင္ပါတယ္္။

(၃) Mac Pro ရဲ႕ specs သစ္ေတြက လုပ္ငန္းပုိင္းအတြက္ ရည္ရြယ္ထုတ္လုပ္ထား

Apple ရဲ႕ဒီဇိုင္းအႀကီးအကဲအရာရွိ ဂ်ိဳနီအိုင္ဗ္က Mac Pro ထုတ္ကုန္မိတ္ဆက္ဗီဒီယိုမွာ “ကၽြန္ေတာ္တုိ႔ဟာ ပေရာ္ဖက္ရွင္နယ္သုံးစြဲသူေတြအတြက္ စြမ္းေဆာင္ရည္ျမင့္ Mac ထုတ္ကုန္သစ္ကို ဖန္တီးလိုက္ပါတယ္။ သုံးစြဲသူအမ်ိဳးမ်ိဳးအတြက္ ဒီဇိုင္းထုတ္ထားၿပီး စိတ္ႀကိဳက္ျပင္ဆင္ဖို႔အတြက္ အကန္႔အသတ္မရွိတဲ့ ျဖစ္ႏိုင္ေျခေတြ ဖန္တီးေပးထားပါတယ္” လို႔ေျပာခဲ့ပါတယ္။

ဥပမာအေနနဲ႔ Mac Pro ကုိဂီတထုတ္လုပ္ေရး လုပ္ငန္းပုိင္းအတြင္း အဓိကအသုံးျပဳၿပီး ကၽြမ္းက်င္အဆင့္ အရည္အေသြးရွိ ဗီဒီယိုထုတ္လုပ္ေရး လုပ္ငန္းေတြမွာလည္း အသုံးျပဳထားပါတယ္။

Apple ရဲ႕ေဒၚလာ ၆,၀၀၀တန္ ကြန္ပ်ဳတာကို သာမန္ကြန္ပ်ဴတြက္ခ်က္ေရး လုပ္ငန္းအတြက္ တည္ေဆာက္ထားတား မဟုတ္ဘဲ ဂီတစတူဒီယိုေတြနဲ႔ ႐ုပ္ရွင္တည္းျဖတ္ေရး တြဲဖက္ပစၥည္းအစုံအလင္နဲ႔ အသုံးျပဳေနၾကပါတယ္။

(၄) အလြန္စြမ္းေဆာင္ရည္ျမင့္မားတဲ့ အစိတ္အပုိင္းတစ္ခ်ိဳ႕ပါဝင္လာ

Mac Pro ကုိအေျခခံ ေမာ္ဒယ္မွာ eight-core Intel Xeon ပ႐ိုဆက္ဆာနဲ႔ RAM 32GB, AMD Radeon 580X graphics card နဲ႔ SSD 256GB တို႔ပါဝင္လာပါတယ္။

အဲဒီ Mac Pro ေမာ္ဒယ္ကို 28-core CPU, RAM 1.4 terabytes (1,400 GB) နဲ႔ storage 4 terabytes အထိအဆင့္ျမႇင့္တင္ႏို္င္ပါတယ္။

Mac Pro အေျခခံေမာ္ဒယ္ကို ေဒၚလာ ၆,၀၀၀နဲ႔စတင္ေရာင္းခ်မွာ ျဖစ္ပါတယ္။ ဒါေပမယ့္ Mac Pro ရဲ႕အျမင့္ဆုံးေဈးႏႈန္းကုိေတာ့ Apple ကထုတ္ျပန္ခဲ့ျခင္း မရွိပါဘူး။

(၅) Mac Pro အတြက္ display ကိုလည္း ဒီႏွစ္ေႏွာင္းပုိင္းမွာ ျဖန္႔ခ်ိမည္

Mac Pro အတြက္ display သစ္ကုိ ၂၀၁၉ခုႏွစ္ ေႏွာင္းပုိင္းမွာ ျဖန္႔ခ်ိမွာ ျဖစ္ၿပီး ေဈးႏႈန္းကေတာ့ ေဒၚလာ ၅,၀၀၀ က်သင့္ပါမယ္။

Mac Pro display ဟာအလြန္စြမ္းေဆာင္ရည္ ေကာင္းမြန္တဲ့ ထုတ္ကုန္ျဖစ္ၿပီး specs ေတြကို ေအာက္မွာ ေဖာ္ျပေပးလိုက္ပါတယ္။

– ၃၂လက္မ Retina 6K display
– P3 wide နဲ႔ 10-bit အေရာင္
– အလင္းအားေတာက္ပမႈ 1,600 nites
– Contrast ratio 1,000,000:1
– “Superwide” viewing angle

(၆) Display မွာ stand ကိုသီးသန္႔ ဝယ္ယူရမည္

Mac Pro ရဲ႕ display အတြက္ stand ဟာေဒၚလာ ၁,၀၀၀ က်သင့္မွာျဖစ္ပါတယ္။ Apple ကေရာင္းခ်တဲ့ ေဒၚလာ ၅,၀၀၀ တန္ Mac Pro display ကုိေထာင္ၿပီး အသုံးျပဳႏိုင္မွာ မဟုတ္ပါဘူး။

Mac Pro Display XDR အတြက္ စုစုေပါင္းေဈးႏႈန္းဟာ ေဒၚလာ ၆,၀၀၀ က်သင့္မွာ ျဖစ္ၿပီး display အတြက္ stand လည္း လိုအပ္ပါတယ္။

ဒါ့အျပင္ Display အတြက္ သံလိုက္ပါဝင္တဲ့ mounting kit ကုိေဒၚလာ ၂၀၀နဲ႔ေရာင္းခ်ေပးေနပါေသးတယ္။

(၇) Mac Pro ကိုအလြယ္တကူ သယ္ယူေရြ႕လ်ားႏိုင္ေစဖို႔ ဘီးေတြ တပ္ဆင္ႏိုင္

သုံးစြဲသူက Mac Pro ေအာက္ေျခမွာ ဘီးေတြ တပ္ဆင္ႏိုင္ပါတယ္။ ဒါေၾကာင့္ သုံးစြဲသူက ကြန္ပ်ဴတာ တစ္ခုလုံးကို အလြယ္တကူ သယ္ယူႏိုင္ပါတယ္။

ဒါ့အျပင္ Mac Pro ကုိလုံၿခဳံေအာင္ ေသာ့ခတ္ထားႏိုင္ဖုိ႔ တံခါးဘုလိုမ်ိဳးလည္း ပါဝင္လာပါတယ္။

စိုးထက္
Ref: BusinessInsider

[ Unicode ]

Apple ဟာ ၂၀၁၉ခုနှစ်မှာ နှစ်စဉ်ပြုလုပ်နေကျ WWDC ပွဲကို ဇွန်လ ၃ရက်ကနေ ရရက်အထိ ပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲမှာ Apple ဟာ iOS 13 နဲ့ Mac Pro တို့ကို မိတ်ဆက်ခဲ့ပါတယ်။

Apple ဟာ ၆နှစ်အတွင်း ပထမဆုံးအဖြစ် Mac Pro ထုတ်ကုန်ကို အဆင့်မြှင့်ခဲ့ပါတယ်။

အခု Mac Pro အသစ်ကို ဒေါ်လာ ၆,၀၀၀ နဲ့စတင်ရောင်းချမှာ ဖြစ်ပါတယ်။ Apple ဟာ ၂၀၁၃ခုနှစ် ဇွန်လက Mac Pro မော်ဒယ်ဟောင်းကို မိတ်ဆက်အပြီး အခုမော်ဒယ်သစ် ဒီဇိုင်းပိုင်းပြောင်းလဲခဲ့ပါတယ်။ အခုဒီဇိုင်းက modular ဒီဇိုင်းဖြစ်ပါတယ်။ Mac Pro ကွန်ပျူတာ ကိုယ်ထည်နဲ့ spin ထိပ်ဘက်မှာ လက်ကိုင်တွေ ပါဝင်လာပြီး ကွန်ပျုတာတစ်ခုလုံးကို သယ်ယူနိုင်ပါတယ်။ Mac Pro ဟာဈေးနှုန်း အလွန်အမင်းကြီးမားသလို စွမ်းဆောင်ရည်လည်း အလွန်ကောင်းမွန်ပါတယ်။

Mac Pro ရဲ့ဒီဇိုင်းဟာ ကွန်ပျူတာထက် ဒိန်ခဲခြစ်တဲ့အရာနဲ့ ပိုတူတယ်လို့ Apple ပရိသတ်တွေက ထောက်ပြကြပါတယ်။

Mac Pro သစ်ကိုဒီနှစ်နှောင်းပိုင်းမှာ ရောင်းချမှာဖြစ်ပြီး ထုတ်ကုန်သစ်နဲ့ ပတ်သက်တဲ့အချက်အလက်တွေကို အောက်မှာ ဖော်ပြပေးသွားပါမယ်။

(၁) ၂၀၁၉ Mac Pro ဒီဇိုင်းပိုင်း ပြောင်းလဲထား

Mac Pro အရင်မော်ဒယ်က သေးငယ်ပြီး ခေတ်ရှေ့ပြေးတဲ့ အမှိုက်ပုံးနဲ့ ဆင်ပါတယ်။

အခု Mac Pro မော်ဒယ်သစ်ကတော့ အရင်ဒီဇိုင်းနဲ့ခြားနားပြီး သမားရိုးကျ desktop ကွန်ပျူတာနဲ့ ဆင်တူပါတယ်။ ကွန်ပျူတာရဲ့ ထိပ်ဘက်နဲ့ အောက်ဘက်မှာ စတီးအောက်ခံဘောင်တွေ ထည့်နိုင်ပါတယ်။

Mac Pro မော်ဒယ်သစ်ရဲ့ကာဗာက ကြီးမားပြီး ဖြုတ်နိုင်၊ တပ်နိုင်ပါတယ်။ ထိပ်ဘက်မှာပါတဲ့ လက်ကိုင်တွေက လှည့်နိုင်ပြီး အလွယ်တကူသယ်နိုင်ပါတယ်။ Mac Pro ရဲ့ case တစ်ခုလုံးကို ဖြုတ်နိုင်၊ တပ်နိုင်ပါသေးတယ်။

(၂) Mac Pro ထုတ်ကုန်သစ်ဟာ modular ဒီဇိုင်းဖြစ်ပြီး hardware တွေကို ဖြုတ်နိုင်၊ တပ်နိုင်

Mac Pro ဒီဇိုင်းဟာ hardware ကိုတွေကို အလွယ်တကူ ဖြုတ်နိုင်၊ တပ်နိုင်ကာ လဲလှယ်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။

“Mac Pro အတွင်းဘက် ၃၆၀ဒီဂရီမှာ မတူညီတဲ့ ပါဝင်ပစ္စည်းအမျိုးမျိုး ထည့်သွင်းနိုင်အောင် ပြုလုပ်ပေးထားပါတယ်” လို့ ဗီဒီယိုထဲမှာ Mac Pro နဲ့ပတ်သက်ပြီး Apple အကြီးအကဲဒီဇိုင်နာ ဂျိုနီအိုင်ဗ်ကပြောခဲ့ပါတယ်။

Mac Pro ရဲ့ motherboard ကိုလည်း စိတ်ကြိုက်ပြင်ဆင်နိုင်ပြီး RAM, processing, storage နဲ့အရာအားလုံးကို သုံးစွဲသူက ချိန်ညှိနိုင်ပါတယ််။

(၃) Mac Pro ရဲ့ specs သစ်တွေက လုပ်ငန်းပိုင်းအတွက် ရည်ရွယ်ထုတ်လုပ်ထား

Apple ရဲ့ဒီဇိုင်းအကြီးအကဲအရာရှိ ဂျိုနီအိုင်ဗ်က Mac Pro ထုတ်ကုန်မိတ်ဆက်ဗီဒီယိုမှာ “ကျွန်တော်တို့ဟာ ပရော်ဖက်ရှင်နယ်သုံးစွဲသူတွေအတွက် စွမ်းဆောင်ရည်မြင့် Mac ထုတ်ကုန်သစ်ကို ဖန်တီးလိုက်ပါတယ်။ သုံးစွဲသူအမျိုးမျိုးအတွက် ဒီဇိုင်းထုတ်ထားပြီး စိတ်ကြိုက်ပြင်ဆင်ဖို့အတွက် အကန့်အသတ်မရှိတဲ့ ဖြစ်နိုင်ခြေတွေ ဖန်တီးပေးထားပါတယ်” လို့ပြောခဲ့ပါတယ်။

ဥပမာအနေနဲ့ Mac Pro ကိုဂီတထုတ်လုပ်ရေး လုပ်ငန်းပိုင်းအတွင်း အဓိကအသုံးပြုပြီး ကျွမ်းကျင်အဆင့် အရည်အသွေးရှိ ဗီဒီယိုထုတ်လုပ်ရေး လုပ်ငန်းတွေမှာလည်း အသုံးပြုထားပါတယ်။

Apple ရဲ့ဒေါ်လာ ၆,၀၀၀တန် ကွန်ပျုတာကို သာမန်ကွန်ပျူတွက်ချက်ရေး လုပ်ငန်းအတွက် တည်ဆောက်ထားတား မဟုတ်ဘဲ ဂီတစတူဒီယိုတွေနဲ့ ရုပ်ရှင်တည်းဖြတ်ရေး တွဲဖက်ပစ္စည်းအစုံအလင်နဲ့ အသုံးပြုနေကြပါတယ်။

(၄) အလွန်စွမ်းဆောင်ရည်မြင့်မားတဲ့ အစိတ်အပိုင်းတစ်ချို့ပါဝင်လာ

Mac Pro ကိုအခြေခံ မော်ဒယ်မှာ eight-core Intel Xeon ပရိုဆက်ဆာနဲ့ RAM 32GB, AMD Radeon 580X graphics card နဲ့ SSD 256GB တို့ပါဝင်လာပါတယ်။

အဲဒီ Mac Pro မော်ဒယ်ကို 28-core CPU, RAM 1.4 terabytes (1,400 GB) နဲ့ storage 4 terabytes အထိအဆင့်မြှင့်တင်နို်င်ပါတယ်။

Mac Pro အခြေခံမော်ဒယ်ကို ဒေါ်လာ ၆,၀၀၀နဲ့စတင်ရောင်းချမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Mac Pro ရဲ့အမြင့်ဆုံးဈေးနှုန်းကိုတော့ Apple ကထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

(၅) Mac Pro အတွက် display ကိုလည်း ဒီနှစ်နှောင်းပိုင်းမှာ ဖြန့်ချိမည်

Mac Pro အတွက် display သစ်ကို ၂၀၁၉ခုနှစ် နှောင်းပိုင်းမှာ ဖြန့်ချိမှာ ဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၅,၀၀၀ ကျသင့်ပါမယ်။

Mac Pro display ဟာအလွန်စွမ်းဆောင်ရည် ကောင်းမွန်တဲ့ ထုတ်ကုန်ဖြစ်ပြီး specs တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

– ၃၂လက်မ Retina 6K display
– P3 wide နဲ့ 10-bit အရောင်
– အလင်းအားတောက်ပမှု 1,600 nites
– Contrast ratio 1,000,000:1
– “Superwide” viewing angle

(၆) Display မှာ stand ကိုသီးသန့် ဝယ်ယူရမည်

Mac Pro ရဲ့ display အတွက် stand ဟာဒေါ်လာ ၁,၀၀၀ ကျသင့်မှာဖြစ်ပါတယ်။ Apple ကရောင်းချတဲ့ ဒေါ်လာ ၅,၀၀၀ တန် Mac Pro display ကိုထောင်ပြီး အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။

Mac Pro Display XDR အတွက် စုစုပေါင်းဈေးနှုန်းဟာ ဒေါ်လာ ၆,၀၀၀ ကျသင့်မှာ ဖြစ်ပြီး display အတွက် stand လည်း လိုအပ်ပါတယ်။

ဒါ့အပြင် Display အတွက် သံလိုက်ပါဝင်တဲ့ mounting kit ကိုဒေါ်လာ ၂၀၀နဲ့ရောင်းချပေးနေပါသေးတယ်။

(၇) Mac Pro ကိုအလွယ်တကူ သယ်ယူရွေ့လျားနိုင်စေဖို့ ဘီးတွေ တပ်ဆင်နိုင်

သုံးစွဲသူက Mac Pro အောက်ခြေမှာ ဘီးတွေ တပ်ဆင်နိုင်ပါတယ်။ ဒါကြောင့် သုံးစွဲသူက ကွန်ပျူတာ တစ်ခုလုံးကို အလွယ်တကူ သယ်ယူနိုင်ပါတယ်။

ဒါ့အပြင် Mac Pro ကိုလုံခြုံအောင် သော့ခတ်ထားနိုင်ဖို့ တံခါးဘုလိုမျိုးလည်း ပါဝင်လာပါတယ်။

Ref: BusinessInsider