ဒေါ်လာ ၄၀၀ တန် phablet သစ်ကို တရုတ်နိုင်ငံမှာ မိတ်ဆက်ရန် HTC စီစဉ်နေ

China Compulsory Certificate (CCC) ရဲ့ ဖိုင်တွဲအရ HTC ဟာ Ocean Harmony လို့ခေါ်တဲ့ midrange phablet တစ်မျိုးကို ပွဲထုတ်မိတ်ဆက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အခက်အခဲတွေအကြား ရုန်းကန်နေရတဲ့ ထိုင်ဝမ်ကုမ္ပဏီဟာ ဒီနှစ်အတွင်းမှာ high-end နဲ့ midrange U-series စမတ်ဖုန်းတွေကို မိတ်ဆက်ထားပါတယ်။ မကြာခင် မိတ်ဆက်ကြေညာဖွယ်ရှိတဲ့ HTC Ocean Harmony မှာ ၅.၉၉ လက်မ bezel-less display, Snapdragon 652, 4GB RAM နဲ့ 64GB storage ပါဝင်ပြီး ဒီဇိုင်းက U11 Plus နဲ့ ဆင်တူတယ်လို့ ဆိုပါတယ်။

တရုတ်အွန်လိုင်းမီဒီယာကတော့ ဒီဖုန်းရဲ့ ဈေးနှုန်းက ၂,၅၉၉ ယွမ် (ဒေါ်လာ ၄၀၀ ဝန်းကျင်) ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ စွမ်းဆောင်ရည်ပိုမြင့်တဲ့ Snapdragon 660 ပါဝင်တဲ့ မော်ဒယ်ကတော့ ၃,၅၉၉ ယွမ် (ဒေါ်လာ ၅၄၀ နီးပါး) ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီထုတ်ကုန်ကို CCC က ထောက်ခံချက်ပေးထားတာကြောင့် တရားဝင်မိတ်ဆက်ကြေညာမှုကို မကြာခင်မှာ တွေ့မြင်ရဖို့ရှိပါတယ်။

-နောင်နောင်
Ref: AndroidAuthority