ေဈးႏႈန္းသက္သာတဲ့ စမတ္ဖုန္းေတြ ထုတ္လုပ္ဖို႔ Google စီစဥ္ထား

[ Zawgyi ]

Google ဟာ ၂၀၁၉ ခုႏွစ္အတြင္း ကုမၸဏီရဲ႕ ပထမဆုံး ေဈးႏႈန္းသက္သာတဲ့ စမတ္ဖုန္းကို ထုတ္လုပ္ဖို႔ စီစဥ္ထားပါတယ္။ Google အေနနဲ႔ စီးပြားေရးလုပ္ငန္းအတြင္း သုံးစြဲသူေတြကုိ ဆြဲေဆာင္ဖို႔ software အျပင္ hardware ပုိင္းကိုလည္း တိုးခ်ဲ႕လုပ္ကုိင္သြားမွာျဖစ္ပါတယ္။

အေမရိကန္နည္းပညာကုမၸဏီႀကီး Google ဟာ Apple ႀကဳံေတြ႕ေနရတဲ့ ဖုန္းေရာင္းအားက်ဆင္းမႈ ျပႆနာေတြကုိ အသာစီးယူႏိုင္ဖို႔ ႀကိဳးပမ္းလာပါတယ္။ ကမၻာတစ္ဝန္းမွာ အဆင့္ျမင့္ iPhone ေရာင္းအား က်ဆင္းလာၿပီး ေဈးႏႈန္းသက္သာတဲ့ေမာ္ဒယ္ေတြကို ပုိမုိဝယ္ယူလာၾကတဲ့အတြက္ ကမၻာလုံးဆိုင္ရာ စမတ္ဖုန္းေဈးကြက္ဟာလည္း က်ဆင္းလာပါတယ္။

Google ရဲ႕စမတ္ဖုန္းသစ္ဟာ ကုမၸဏီရဲ႕ အဆင့္ျမင့္မဟုတ္တဲ့ စမတ္ဖုန္းျဖစ္ၿပီး ေဈးႏႈန္းသက္သာတဲ့ဖုန္းကုိ ဝယ္ယူလိုသူေတြအတြက္ ဖြံ႕ၿဖိဳးဆဲေဈးကြက္ေတြမွာ ထုတ္လုပ္ဖို႔ ရည္မွန္း ထားပါတယ္။ Apple ရဲ႕ ေဈးႏႈန္းသက္သာတဲ့ iPhone XR ထက္ေဈးႏႈန္းသက္သာဖြယ္ရွိပါတယ္။ Google ရဲ႕ Pixel ေမာ္ဒယ္ေတြထဲက ေနာက္ဆုံးထြက္ရွိထားတဲ့ စမတ္ဖုန္းကို ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလက ျဖန္႔ခ်ိခဲ့ၿပီး ေဒၚလာ ၇၉၉ နဲ႔ စတင္ေရာင္းခ်ခဲ့ပါတယ္။

စိုးထက္
Ref: Nikkei

[ Unicode ]

Google ဟာ ၂၀၁၉ ခုနှစ်အတွင်း ကုမ္ပဏီရဲ့ ပထမဆုံး ဈေးနှုန်းသက်သာတဲ့ စမတ်ဖုန်းကို ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။ Google အနေနဲ့ စီးပွားရေးလုပ်ငန်းအတွင်း သုံးစွဲသူတွေကို ဆွဲဆောင်ဖို့ software အပြင် hardware ပိုင်းကိုလည်း တိုးချဲ့လုပ်ကိုင်သွားမှာဖြစ်ပါတယ်။

အမေရိကန်နည်းပညာကုမ္ပဏီကြီး Google ဟာ Apple ကြုံတွေ့နေရတဲ့ ဖုန်းရောင်းအားကျဆင်းမှု ပြဿနာတွေကို အသာစီးယူနိုင်ဖို့ ကြိုးပမ်းလာပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အဆင့်မြင့် iPhone ရောင်းအား ကျဆင်းလာပြီး ဈေးနှုန်းသက်သာတဲ့မော်ဒယ်တွေကို ပိုမိုဝယ်ယူလာကြတဲ့အတွက် ကမ္ဘာလုံးဆိုင်ရာ စမတ်ဖုန်းဈေးကွက်ဟာလည်း ကျဆင်းလာပါတယ်။

Google ရဲ့စမတ်ဖုန်းသစ်ဟာ ကုမ္ပဏီရဲ့ အဆင့်မြင့်မဟုတ်တဲ့ စမတ်ဖုန်းဖြစ်ပြီး ဈေးနှုန်းသက်သာတဲ့ဖုန်းကို ဝယ်ယူလိုသူတွေအတွက် ဖွံ့ဖြိုးဆဲဈေးကွက်တွေမှာ ထုတ်လုပ်ဖို့ ရည်မှန်း ထားပါတယ်။ Apple ရဲ့ ဈေးနှုန်းသက်သာတဲ့ iPhone XR ထက်ဈေးနှုန်းသက်သာဖွယ်ရှိပါတယ်။ Google ရဲ့ Pixel မော်ဒယ်တွေထဲက နောက်ဆုံးထွက်ရှိထားတဲ့ စမတ်ဖုန်းကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဖြန့်ချိခဲ့ပြီး ဒေါ်လာ ရ၉၉ နဲ့ စတင်ရောင်းချခဲ့ပါတယ်။

Ref: Nikkei