September 19, 2018

ငွေပေးချေမှုနှင့်ပတ်သက်၍ Visa မှစစ်တမ်းကောက်ယူခဲ့

[ Zawgyi ]




-အောင်သက်ကို

[ Unicode ]

ငွေပေးချေမှုနဲ့ပတ်သက်ပြီး Visa က စစ်တမ်းတစ်ရပ်ကောက်ယူခဲ့တယ်လို့သိရပါတယ်။

အဲဒီစစ်တမ်းကို မြန်မာနိုင်ငံတစ်ဝန်းကောက်ယူခဲ့တာဖြစ်ကြောင်း Visa Myanmar ရဲ့ Country Manager ဖြစ်သူ Arturo Planell ကပြောပါတယ်။ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပုသိမ်နဲ့ မကွေးမြို့က လူဦးရေ ၁၀၄၄ ဦးကို စစ်တမ်းကောက်ယူခဲ့ တယ်လို့ဆိုပါတယ်။

စစ်တမ်းဖြေဆို သူအများစုဟာ ငွေစက္ကူတိုင်တွယ်သုံးစွဲနေခြင်းအပေါ် အသားကျကာ ကျေနပ်အားရကြောင်း ဖြေကြား ခဲ့ကြောင်း၊ ဆန်းစစ်ချက်ဖြေဆိုသူအား လုံးနီးပါးက ငွေစက္ကူကိုင်တွယ်သုံးစွဲဖို့မလိုအပ်တော့တဲ့ လူမှုအ သိုက်အဝန်းတစ်ရပ်ဖြစ် တည်လာဖွယ်ရှိကြောင်း၊ ဖြေဆိုသူ ၅၀ ရာခိုင်နှုန်းကတော့ လာမယ့် လေးနှစ် ကနေ ငါးနှစ်အတွင်း ငွေစက္ကူကိုင်တွယ်သုံးစွဲရန် မလိုအပ်တော့တဲ့အခြေအနေမျိုးဖြစ်လာနို င်ဖွယ်ရှိ မှာဖြစ်ကြောင်း တွေ့ရှိရတယ်လို့သိရပါတယ်။ အဲဒီစစ်တမ်းကို ၂၀၁၇ ခုနှစ် သြဂုတ်လကတည်းကစတင် ကောက်ယူခဲ့တာဖြစ်ကြောင်း သိရပါတယ်။

-အောင်သက်ကို