September 20, 2018

ေငြေခ်ကတ္မ်ား အသံုးျပဳေသာအခါ

[ Zawgyi ]

ပစၥည္းဝယ္၊ ေငြထုတ္ကိစၥေတြမွာ ကတ္ေတြအသံုးျပဳမႈ တစ္စထက္ တစ္စမ်ားလာၿပီ ျဖစ္ပါတယ္။ ရန္ကုန္လိုၿမိဳ႕ႀကီးမွာ ဝန္ထမ္းအမ်ားစုက ေငြေပးေခ်ကတ္နဲ႔ လစာထုတ္တာ၊ ေစ်း၀ယ္တာေတြကို တြင္တြင္က်ယ္က်ယ္ သံုးလာတဲ့ နည္းတူကတ္ရဲ႕ ေကာင္းက်ိဳးဆိုးက်ိဳးေတြကိုလည္း ခံစားရေနၿပီျဖစ္ပါတယ္။ ကတ္ေတြသံုးျခင္းအားျဖင့္ ေငြသားကိုင္ရသက္သာျခင္း၊ အခ်ိန္ကုန္ သက္သာျခင္းစတဲ့ အက်ိဳးရလဒ္ေတြရေပမယ့္ အခက္အခဲတစ္ခ်ိဳ႕လည္း ရွိေနပါတယ္။ လက္ရွိျပည္တြင္းမွာ အမ်ားဆံုးအသံုးျပဳေနတဲ့ ေငြေပးေခ်ကတ္ေတြကေတာ့ MPU ကတ္၊ ဗီဇာကတ္၊ မာစတာကတ္၊ ဘဏ္ေတြအသီးသီးက ထုတ္ထားတဲ့ အေႂကြးဝယ္ကတ္၊ JCB ကတ္၊ UPI ကတ္ စတာေတြပဲ ျဖစ္ပါတယ္။

အဲဒီအထဲမွာ MPU (Myanmar Pay-ment Union) ကတ္အသံုးျပဳမႈအမ်ားဆံုးျဖစ္ၿပီး အသံုးျပဳသူေပါင္း ေလးသန္းေက်ာ္ရွိလာၿပီလို႔ သိရပါတယ္။ လက္ရွိမွာ ကတ္အေရအတြက္ ေလးသန္းေက်ာ္ ရွိလာၿပီးအေႂကြးဝယ္ကတ္ (Credit card) အသံုးျပဳသူေပါင္း သံုးေသာင္းေက်ာ္၊ Co brand ကတ္ေပါင္း ရွစ္ေသာင္းေက်ာ္ ရွိၿပီျဖစ္တယ္လို႔ MPU ရဲ႕ဥကၠ႒ ဦးေဇာ္ဝင္းက ေျပာၾကားဖူးပါတယ္။ ျမန္မာတစ္ႏိုင္ငံလံုးမွာ MPU နဲ႔ထုတ္ႏိုင္တဲ့ ATM စက္ေပါင္း ၈၃,၀၀၀ ေက်ာ္၊ POS (point of sale) ေပါင္း တစ္ေသာင္းခြဲဝန္းက်င္နဲ႔ eCommerce ကိုယ္စားလွယ္ေပါင္း ၁၀၀ ေက်ာ္ရွိသြားၿပီလို႔ MPU ရဲ႕ ႏွစ္ပတ္လည္ အစည္းအေဝးကေန သိရပါတယ္။ အဲဒီကတ္ေတြကို အသံုးျပဳၿပီး ကားလက္မွတ္အတြက္ ေငြေပးေခ်တာ၊ ဟိုတယ္တည္းခိုခ ေပးေခ်တာေတြအတြက္လည္း အသံုးျပဳႏိုင္ေအာင္ ေဆာင္ရြက္ထားတယ္လို႔ ဆိုပါတယ္။ MPU ရဲ႕အဖြဲ႕ဝင္ ဘဏ္ေတြကေန ထုတ္ေဝထားတဲ့ MPU Logo ပါတဲ့ကတ္ေတြ MPU-UPI Co-Brand Card ေတြ၊ MPU-JCB Co-Brand Card ေတြနဲ႔ MPU နဲ႔ ခ်ိတ္ဆက္ထားတဲ့ ဆုိင္ေတြ၊ MPU Logo နဲ႔ MPU Stand ထားရွိထားတဲ့ ဆုိင္ေတြမွာ ေစ်းဝယ္ေပးေခ်ႏိုင္မွာ ျဖစ္ပါတယ္။ MPU ကတ္ေတြကို ဆိုင္ေတြရဲ႕ POS (Point of sale)မွတစ္ဆင့္ ေပးေခ်
ႏိုင္တာျဖစ္ၿပီး ခ်ိတ္ဆက္ထားတဲ့ ဘဏ္ေတြရဲ႕ ကြန္ရက္ အခ်င္းခ်င္းေငြထုတ္ျခင္း၊ ေစ်းဝယ္စင္တာေတြမွာ ေစ်းဝယ္ျခင္း၊ အျခားဝန္ေဆာင္မႈ လုပ္ငန္းေတြမွာ ဝယ္ယူအသံုးျပဳျခင္းတို႔ ေဆာင္ရြက္ႏိုင္မွာ ျဖစ္ပါတယ္။ MPU (Myanmar Pay Union) ကြန္ရက္မွာ ဘဏ္ေပါင္း ၂၀ ေက်ာ္ ပါဝင္ပါတယ္။

ေကာင္းက်ိဳးေတြက ဘာလဲ

“ကတ္ေတြသံုးျခင္းအားျဖင့္ အဓိကေတာ့ ဘဏ္ကိုသြားစရာ မလိုေတာ့တာေပါ့၊ အြန္လိုင္းကေန ေငြေခ်ၿပီး ဝယ္ရမယ္ဆိုရင္လည္း Visa Card လိုမ်ိဳးနဲ႔ အလြယ္တကူ ဝ​ယ္ႏိုင္လာတယ္၊ ေနရာကေနမထဘဲ အလုပ္လုပ္ႏိုင္လာပါတယ္” လို႔ ကုမၸဏီဝန္ထမ္း မစုျမတ္ေဝက ေျပာပါတယ္။ ေငြသားမကိုင္ရဘဲသံုးရတဲ့ စနစ္ေတြက လက္ရွိလုပ္ကိုင္သြားလာ စားေသာက္ေနထိုင္မႈ စနစ္မွာ ပိုပိုၿပီးလို လာတာေၾကာင့္ ဒီစနစ္ေတြကို ပိုၿပီးသံုးျဖစ္လာေၾကာင္း၊ ေငြေၾကးေဖာင္းပြ မႈေတြေၾကာင့္ေရာ ႏိုင္ငံတကာနဲ႔ ဆက္ဆံေရာင္းဝယ္ရတဲ့ ေနရာေတြမွာလည္း မျဖစ္မေနသံုးရတဲ့ အခါေတြ ရွိလာေၾကာင္း VAZ communicationရဲ႕ ဒါ႐ိုက္တာ ကိုေဇာ္ေဇာ္မ်ိဳးလြင္က ေျပာပါတယ္။ “အထူးသျဖင့္ e-commerce ပိုင္းေတြအတြက္ နဲ႔ online ေပၚကေန ေပးေခ်ရတဲ့ အရာေတြအတြက္ Master/Visa လိုစနစ္ေတြကို Credit ေရာ Debit အတြက္ေရာ သံုးျဖစ္ပါတယ္။

ၿပီးေတာ့ Paypal, MoneyGram လိုဟာေတြ သံုးပါတယ္၊ တစ္ခါတစ္ခါ Westernunion လုိ ေငြလႊဲေတြလည္း သံုးၿပီး ေပးေခ်ရတာေတြ ရွိပါတယ္၊ ျပည္တြင္းမွာေတာ့ MPU Network ကို သံုးေနပါတယ္၊ ဒီမွာကေတာ့ အခုမွ ျပန္ၿပီးထြန္းကားလာတဲ့ Card အသံုးျပဳမႈေပါ့၊ ေခတ္ကေတာ့ Cardless ဘက္ကို သြားေနပါတယ္။ ဒါကုိလည္း အခ်ိန္မီ လိုက္လာႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားတယ္” လို႔ ဆိုပါတယ္။ ကတ္အသံုးျပဳျခင္းေၾကာင့္ ေငြေၾကးေပ်ာက္ရွမွာလည္း ပူပင္စရာမလိုလို႔ ကတ္ကိုပဲ အဓိကထားသံုးတယ္လို႔ မစုျမတ္ေဝက ဆိုပါတယ္။ “၁၉၉၆ ခုႏွစ္ကေန ၂၀၀၁ အထိ စကၤာပူမွာ အလုပ္လုပ္ကိုင္ ေနထိုင္စဥ္တုန္းက OCBC Bank နဲ႔ POSB Bank ရဲ႕ online စနစ္ေတြကို Bank Card ေတြနဲ႔ စသုံးဖူးပါတယ္၊ Card လုပ္ထားျဖစ္တာေတာ့ CB, AYA , AGD နဲ႔ YOMA ေတြလုပ္ထားျဖစ္ၿပီး CB Bank ရဲ႕ Card
နဲ႔ Yoma ရဲ႕ Smart Card ကို အခုေလာေလာဆယ္ေတာ့ အေတာ္သုံးျဖစ္ေနပါ တယ္” လို႔ ဦးသက္ၾကဴ (Double L.O.V.E English Speaking Class, Barcamp Pakokku Organizer) က ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ ကတ္အသံုးျပဳမႈ ထြန္းကားစျပဳလာတာကို ႀကိဳဆိုေၾကာင္း၊ ေငြသားေတြ အမ်ားႀကီးသယ္စရာ မလိုေတာ့ေၾကာင္း ဆိုပါတယ္။

“စင္ကာပူမွာ အသုံးျပဳရစဥ္ကတည္းက သိပ္သေဘာက် အားက်ခဲ႔တာပါ၊ ျမန္မာျပည္မွာသိပ္ရွိေစခ်င္ ျဖစ္ေစခ်င္မိခဲ့ပါတယ္၊ အႏွစ္ႏွစ္ဆယ္အၾကာ ကြ်န္ေတာ္တို႔ ျမန္မာျပည္မွာ အသုံးျပဳလာၾကၿပီ ထြန္းကားစ ျပဳလာၿပီဆိုေတာ့ ႀကိဳဆိုရပါတယ္၊ အရမ္းဝမ္းသာပါတယ္၊ ေကာင္းက်ိဳးေတြကေတာ့ ေငြသားေတြ အမ်ားႀကီးသယ္သြား စရာမလိုဘဲ လြယ္ကူသက္သာလာမယ္၊ ေငြသားလံုၿခံဳမႈေတြ ပိုရွိလာမယ္၊ ေခတ္မီအြန္လိုင္း နည္းစနစ္ေတြ သုံးတတ္တဲ့ သူပိုမ်ားလာမယ္လို႔ ျမင္မိပါတယ္” လို႔ ဦးသက္ၾကဴက ဆိုပါတယ္။

အခက္အခဲေတြက ဘာလဲ

ျပည္တြင္းမွာ ကတ္ေတြအသံုးျပဳတာနဲ႔ ပတ္သက္ၿပီး အဓိက ႀကံဳရတာကကြန္ရက္ပိုင္းဆိုင္ရာအခက္ အခဲျဖစ္တယ္လို႔ အသံုးျပဳသူေတြက ေျပာပါတယ္။ တစ္ေနရာနဲ႔တစ္ေနရာ မတူေတာ့ရင္ ေငြအလြယ္တကူ ထုတ္လို႔မရတာ၊ ဘဏ္မတူရင္ထုတ္လို႔မရတာမ်ိဳးေတြ ရွိတယ္လို႔  မစုျမတ္ေ၀က ေျပာပါတယ္။ “လိုင္းသုံးတဲ့သူမ်ားလို႔ ပဲျဖစ္ျဖစ္၊ လိုင္းမေကာင္းလို႔ဘဲ
ျဖစ္ျဖစ္ လိုင္းက်ေနတဲ့အခါ အခ်ိန္ေတြ ပိုကုန္အလုပ္မျဖစ္ ျဖစ္ရတတ္ပါတယ္၊ ဒါ့ေၾကာင့္မို႔လို႔ အဓိက Infrastructure ေတြျဖစ္တဲ့ Internet Service Provider ISP ေတြ ေကာင္းေအာင္ လုပ္ဖို႔လိုတယ္လို႔ ျမင္ပါတယ္၊ ေနာက္သတိထားေစခ်င္တဲ့ တစ္ခ်က္ကေတာ့ Bank ေတြရဲ႕ Customer ေတြက On line ကို ပိုသံုးလာတဲ့အခါ စိတ္ရွည္လက္ရွည္ ရွင္းျပသင္ျပေပးႏိုင္တဲ့ ဘဏ္ဝန္ထမ္းေလးေတြ လိုသလို on line ပိုသုံးလာတာပဲဆိုၿပီး ယခင္ ဘဏ္ေတြက ေပးေနတဲ့ ဝန္ေဆာင္မႈေတြ ေလ်ာ့ခ်မျပစ္လိုက္ဖို႔၊ ဘဏ္ဝန္ထမ္းေတြ အပ်င္း
ပိုမသြားဖို႔ပါ၊ ဒါဟာ ေစတနာနဲ႔ အျပဳသေဘာေဆာင္ အႀကံေပးျခင္းပါ” လို႔ ဦးသက္ၾကဴက ဆိုပါတယ္။

ရန္ကုန္မွာ လုပ္သြားတဲ့ကတ္ကို နယ္ေတြမွာသံုးတဲ့အခါ သံုးလို႔မရတာေတြ ရွိတယ္လို႔ တစ္လကိုတစ္ေခါက္ႏႈန္း ခရီးသြားေနသူကိုၿဖိဳးက ေျပာပါတယ္။ ဘဏ္မတူလို႔ ထုတ္မရတာတို႔ ဘဏ္တူေပမယ့္ လိုင္းက်ေနလို႔ထုတ္ မရတာမ်ိဳးေတြ ရွိတယ္လို႔ သူကေျပာပါတယ္။

“နည္းပညာ ေၾကာင့္ ျမန္ျမန္ဆန္ဆန္ ေဆာင္ရြက္လို႔ရတဲ့ အက်ိဳးေက်းဇူးက မ်ားပါတယ္၊ ထိုနည္းလည္းေကာင္းဘဲ နည္းပညာ အားနည္းခ်က္ အသံုးျပဳသူ အားနည္းခ်က္ေၾကာင့္ ဆံုး႐ႈံးႏိုင္ေျခရွိတဲ့ ျပႆနာေတြကလည္း ရွိပါတယ္၊မိုဘိုင္းမန္းနီးလို အရာေတြေၾကာင့္ ျမန္ဆန္တဲ့ လြယ္ကူတဲ့ ေငြလႊဲႏိုင္တာေတြ ေပးေခ်မႈေတြျဖစ္လာသလို ျပႆနာအခ်ိဳ႕နဲ႔ ဥပေဒအရ အကာအကြယ္နည္းေနတာ အသံုးျပဳသူေတြရဲ႕ အားနည္းခ်က္ေတြကလည္း စိုးရိမ္စရာအျဖစ္ ရွိေနပါေသးတယ္” လို႔ ကိုေဇာ္ေဇာ္မ်ိဳးလြင္က ေျပာပါတယ္။

အားသာခ်က္ ၊ အားနည္းခ်က္ေတြကေတာ့ ေနရာတိုင္းမွာ ရွိမွာပါပဲလို႔ ဆိုပါတယ္။ မိမိရဲ႕ဘဏ္ကတ္ဆိုင္ရာ အခ်က္အလက္အခ်ိဳ႕ကို အျခားသူေမး တဲ့အခါ မေျပာျပသင့္ဘူးလို႔ ကိုၿဖိဳးက ေျပာပါတယ္။ ကတ္နံပါတ္နဲ႔ Password ကိုတစ္ဦးတည္းသာ သုံးသင့္ေၾကာင္း၊ မိမိရဲ႕ဘဏ္ ကတ္နံပါတ္နဲ႔ အျခားကိုယ္ေရး အခ်က္အလက္ေတြကို ေမးျမန္းလာပါက အလြယ္တကူ မေျဖၾကားမိဖို႔ အထူး ဂ႐ုစုိက္သင့္ေၾကာင္း၊ သက္ဆိုင္ရာဘဏ္မွေပးပို႔တဲ့ ဘဏ္စာရင္းရွင္းတမ္း၊ အျခားေသာ စာရြက္စာတမ္းေတြကို ေသခ်ာစြာ သိမ္းဆည္းထားဖို႔နဲ႔ အသံုးမလိုေတာ့တဲ့ စာရြက္စာတမ္းေတြကို ေသခ်ာစြာ ဆုတ္ၿဖဲစြန္႔ပစ္သင့္ေၾကာင္း အစရွိသည္ျဖင့္ MPU က အႀကံဳျပဳထားတာ ေတြ႕ရပါတယ္။ MPU ကတ္သံုး တဲ့သူေတြအေနနဲ႔ မိမိတုိ႔ Email address, ဆက္သြယ္ရန္ ဖုန္းနံပါတ္ အေျပာင္းအလဲ ရွိခဲ့ရင္ ဘဏ္ကိုခ်က္ခ်င္း အေၾကာင္းၾကားရမွာ ျဖစ္ေၾကာင္း၊ သို႔မွသာ E-commerce အသုံးျပဳျခင္းအတြက္ OTP Code ေတြ Email သုိ႔မဟုတ္ ဖုန္းနံပါတ္ထဲသုိ႔ ေရာက္ရွိလာမွာျဖစ္ေၾကာင္း အႀကံျပဳထားပါတယ္။

-ထြန္းထြန္း

================

[ Unicode ]

ငွေချေကတ်များ အသုံးပြုသောအခါ

================

ပစ္စည်းဝယ်၊ ငွေထုတ်ကိစ္စတွေမှာ ကတ်တွေအသုံးပြုမှု တစ်စထက် တစ်စများလာပြီ ဖြစ်ပါတယ်။ ရန်ကုန်လိုမြို့ကြီးမှာ ဝန်ထမ်းအများစုက ငွေပေးချေကတ်နဲ့ လစာထုတ်တာ၊ စျေးဝယ်တာတွေကို တွင်တွင်ကျယ်ကျယ် သုံးလာတဲ့ နည်းတူကတ်ရဲ့ ကောင်းကျိုးဆိုးကျိုးတွေကိုလည်း ခံစားရနေပြီဖြစ်ပါတယ်။ ကတ်တွေသုံးခြင်းအားဖြင့် ငွေသားကိုင်ရသက်သာခြင်း၊ အချိန်ကုန် သက်သာခြင်းစတဲ့ အကျိုးရလဒ်တွေရပေမယ့် အခက်အခဲတစ်ချို့လည်း ရှိနေပါတယ်။ လက်ရှိပြည်တွင်းမှာ အများဆုံးအသုံးပြုနေတဲ့ ငွေပေးချေကတ်တွေကတော့ MPU ကတ်၊ ဗီဇာကတ်၊ မာစတာကတ်၊ ဘဏ်တွေအသီးသီးက ထုတ်ထားတဲ့ အကြွေးဝယ်ကတ်၊ JCB ကတ်၊ UPI ကတ် စတာတွေပဲ ဖြစ်ပါတယ်။

အဲဒီအထဲမှာ MPU (Myanmar Pay-ment Union) ကတ်အသုံးပြုမှုအများဆုံးဖြစ်ပြီး အသုံးပြုသူပေါင်း လေးသန်းကျော်ရှိလာပြီလို့ သိရပါတယ်။ လက်ရှိမှာ ကတ်အရေအတွက် လေးသန်းကျော် ရှိလာပြီးအကြွေးဝယ်ကတ် (Credit card) အသုံးပြုသူပေါင်း သုံးသောင်းကျော်၊ Co brand ကတ်ပေါင်း ရှစ်သောင်းကျော် ရှိပြီဖြစ်တယ်လို့ MPU ရဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းက ပြောကြားဖူးပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ MPU နဲ့ထုတ်နိုင်တဲ့ ATM စက်ပေါင်း ၈၃,၀၀၀ ကျော်၊ POS (point of sale) ပေါင်း တစ်သောင်းခွဲဝန်းကျင်နဲ့ eCommerce ကိုယ်စားလှယ်ပေါင်း ၁၀၀ ကျော်ရှိသွားပြီလို့ MPU ရဲ့ နှစ်ပတ်လည် အစည်းအဝေးကနေ သိရပါတယ်။ အဲဒီကတ်တွေကို အသုံးပြုပြီး ကားလက်မှတ်အတွက် ငွေပေးချေတာ၊ ဟိုတယ်တည်းခိုခ ပေးချေတာတွေအတွက်လည်း အသုံးပြုနိုင်အောင် ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။ MPU ရဲ့အဖွဲ့ဝင် ဘဏ်တွေကနေ ထုတ်ဝေထားတဲ့ MPU Logo ပါတဲ့ကတ်တွေ MPU-UPI Co-Brand Card တွေ၊ MPU-JCB Co-Brand Card တွေနဲ့ MPU နဲ့ ချိတ်ဆက်ထားတဲ့ ဆိုင်တွေ၊ MPU Logo နဲ့ MPU Stand ထားရှိထားတဲ့ ဆိုင်တွေမှာ စျေးဝယ်ပေးချေနိုင်မှာ ဖြစ်ပါတယ်။ MPU ကတ်တွေကို ဆိုင်တွေရဲ့ POS (Point of sale)မှတစ်ဆင့် ပေးချေ
နိုင်တာဖြစ်ပြီး ချိတ်ဆက်ထားတဲ့ ဘဏ်တွေရဲ့ ကွန်ရက် အချင်းချင်းငွေထုတ်ခြင်း၊ စျေးဝယ်စင်တာတွေမှာ စျေးဝယ်ခြင်း၊ အခြားဝန်ဆောင်မှု လုပ်ငန်းတွေမှာ ဝယ်ယူအသုံးပြုခြင်းတို့ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ MPU (Myanmar Pay Union) ကွန်ရက်မှာ ဘဏ်ပေါင်း ၂၀ ကျော် ပါဝင်ပါတယ်။

ကောင်းကျိုးတွေက ဘာလဲ

“ကတ်တွေသုံးခြင်းအားဖြင့် အဓိကတော့ ဘဏ်ကိုသွားစရာ မလိုတော့တာပေါ့၊ အွန်လိုင်းကနေ ငွေချေပြီး ဝယ်ရမယ်ဆိုရင်လည်း Visa Card လိုမျိုးနဲ့ အလွယ်တကူ ဝ​ယ်နိုင်လာတယ်၊ နေရာကနေမထဘဲ အလုပ်လုပ်နိုင်လာပါတယ်” လို့ ကုမ္ပဏီဝန်ထမ်း မစုမြတ်ဝေက ပြောပါတယ်။ ငွေသားမကိုင်ရဘဲသုံးရတဲ့ စနစ်တွေက လက်ရှိလုပ်ကိုင်သွားလာ စားသောက်နေထိုင်မှု စနစ်မှာ ပိုပိုပြီးလို လာတာကြောင့် ဒီစနစ်တွေကို ပိုပြီးသုံးဖြစ်လာကြောင်း၊ ငွေကြေးဖောင်းပွ မှုတွေကြောင့်ရော နိုင်ငံတကာနဲ့ ဆက်ဆံရောင်းဝယ်ရတဲ့ နေရာတွေမှာလည်း မဖြစ်မနေသုံးရတဲ့ အခါတွေ ရှိလာကြောင်း VAZ communicationရဲ့ ဒါရိုက်တာ ကိုဇော်ဇော်မျိုးလွင်က ပြောပါတယ်။ “အထူးသဖြင့် e-commerce ပိုင်းတွေအတွက် နဲ့ online ပေါ်ကနေ ပေးချေရတဲ့ အရာတွေအတွက် Master/Visa လိုစနစ်တွေကို Credit ရော Debit အတွက်ရော သုံးဖြစ်ပါတယ်။

ပြီးတော့ Paypal, MoneyGram လိုဟာတွေ သုံးပါတယ်၊ တစ်ခါတစ်ခါ Westernunion လို ငွေလွှဲတွေလည်း သုံးပြီး ပေးချေရတာတွေ ရှိပါတယ်၊ ပြည်တွင်းမှာတော့ MPU Network ကို သုံးနေပါတယ်၊ ဒီမှာကတော့ အခုမှ ပြန်ပြီးထွန်းကားလာတဲ့ Card အသုံးပြုမှုပေါ့၊ ခေတ်ကတော့ Cardless ဘက်ကို သွားနေပါတယ်။ ဒါကိုလည်း အချိန်မီ လိုက်လာနိုင်မယ်လို့ မျှော်လင့်ထားတယ်” လို့ ဆိုပါတယ်။ ကတ်အသုံးပြုခြင်းကြောင့် ငွေကြေးပျောက်ရှမှာလည်း ပူပင်စရာမလိုလို့ ကတ်ကိုပဲ အဓိကထားသုံးတယ်လို့ မစုမြတ်ဝေက ဆိုပါတယ်။ “၁၉၉၆ ခုနှစ်ကနေ ၂၀၀၁ အထိ စင်္ကာပူမှာ အလုပ်လုပ်ကိုင် နေထိုင်စဉ်တုန်းက OCBC Bank နဲ့ POSB Bank ရဲ့ online စနစ်တွေကို Bank Card တွေနဲ့ စသုံးဖူးပါတယ်၊ Card လုပ်ထားဖြစ်တာတော့ CB, AYA , AGD နဲ့ YOMA တွေလုပ်ထားဖြစ်ပြီး CB Bank ရဲ့ Card
နဲ့ Yoma ရဲ့ Smart Card ကို အခုလောလောဆယ်တော့ အတော်သုံးဖြစ်နေပါ တယ်” လို့ ဦးသက်ကြူ (Double L.O.V.E English Speaking Class, Barcamp Pakokku Organizer) က ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကတ်အသုံးပြုမှု ထွန်းကားစပြုလာတာကို ကြိုဆိုကြောင်း၊ ငွေသားတွေ အများကြီးသယ်စရာ မလိုတော့ကြောင်း ဆိုပါတယ်။

“စင်ကာပူမှာ အသုံးပြုရစဉ်ကတည်းက သိပ်သဘောကျ အားကျခဲ့တာပါ၊ မြန်မာပြည်မှာသိပ်ရှိစေချင် ဖြစ်စေချင်မိခဲ့ပါတယ်၊ အနှစ်နှစ်ဆယ်အကြာ ကျွန်တော်တို့ မြန်မာပြည်မှာ အသုံးပြုလာကြပြီ ထွန်းကားစ ပြုလာပြီဆိုတော့ ကြိုဆိုရပါတယ်၊ အရမ်းဝမ်းသာပါတယ်၊ ကောင်းကျိုးတွေကတော့ ငွေသားတွေ အများကြီးသယ်သွား စရာမလိုဘဲ လွယ်ကူသက်သာလာမယ်၊ ငွေသားလုံခြုံမှုတွေ ပိုရှိလာမယ်၊ ခေတ်မီအွန်လိုင်း နည်းစနစ်တွေ သုံးတတ်တဲ့ သူပိုများလာမယ်လို့ မြင်မိပါတယ်” လို့ ဦးသက်ကြူက ဆိုပါတယ်။

အခက်အခဲတွေက ဘာလဲ

ပြည်တွင်းမှာ ကတ်တွေအသုံးပြုတာနဲ့ ပတ်သက်ပြီး အဓိက ကြံုရတာကကွန်ရက်ပိုင်းဆိုင်ရာအခက် အခဲဖြစ်တယ်လို့ အသုံးပြုသူတွေက ပြောပါတယ်။ တစ်နေရာနဲ့တစ်နေရာ မတူတော့ရင် ငွေအလွယ်တကူ ထုတ်လို့မရတာ၊ ဘဏ်မတူရင်ထုတ်လို့မရတာမျိုးတွေ ရှိတယ်လို့ မစုမြတ်ဝေက ပြောပါတယ်။ “လိုင်းသုံးတဲ့သူများလို့ ပဲဖြစ်ဖြစ်၊ လိုင်းမကောင်းလို့ဘဲ
ဖြစ်ဖြစ် လိုင်းကျနေတဲ့အခါ အချိန်တွေ ပိုကုန်အလုပ်မဖြစ် ဖြစ်ရတတ်ပါတယ်၊ ဒါ့ကြောင့်မို့လို့ အဓိက Infrastructure တွေဖြစ်တဲ့ Internet Service Provider ISP တွေ ကောင်းအောင် လုပ်ဖို့လိုတယ်လို့ မြင်ပါတယ်၊ နောက်သတိထားစေချင်တဲ့ တစ်ချက်ကတော့ Bank တွေရဲ့ Customer တွေက On line ကို ပိုသုံးလာတဲ့အခါ စိတ်ရှည်လက်ရှည် ရှင်းပြသင်ပြပေးနိုင်တဲ့ ဘဏ်ဝန်ထမ်းလေးတွေ လိုသလို on line ပိုသုံးလာတာပဲဆိုပြီး ယခင် ဘဏ်တွေက ပေးနေတဲ့ ဝန်ဆောင်မှုတွေ လျော့ချမပြစ်လိုက်ဖို့၊ ဘဏ်ဝန်ထမ်းတွေ အပျင်း
ပိုမသွားဖို့ပါ၊ ဒါဟာ စေတနာနဲ့ အပြုသဘောဆောင် အကြံပေးခြင်းပါ” လို့ ဦးသက်ကြူက ဆိုပါတယ်။

ရန်ကုန်မှာ လုပ်သွားတဲ့ကတ်ကို နယ်တွေမှာသုံးတဲ့အခါ သုံးလို့မရတာတွေ ရှိတယ်လို့ တစ်လကိုတစ်ခေါက်နှုန်း ခရီးသွားနေသူကိုဖြိုးက ပြောပါတယ်။ ဘဏ်မတူလို့ ထုတ်မရတာတို့ ဘဏ်တူပေမယ့် လိုင်းကျနေလို့ထုတ် မရတာမျိုးတွေ ရှိတယ်လို့ သူကပြောပါတယ်။

“နည်းပညာ ကြောင့် မြန်မြန်ဆန်ဆန် ဆောင်ရွက်လို့ရတဲ့ အကျိုးကျေးဇူးက များပါတယ်၊ ထိုနည်းလည်းကောင်းဘဲ နည်းပညာ အားနည်းချက် အသုံးပြုသူ အားနည်းချက်ကြောင့် ဆုံးရှုံးနိုင်ခြေရှိတဲ့ ပြဿနာတွေကလည်း ရှိပါတယ်၊မိုဘိုင်းမန်းနီးလို အရာတွေကြောင့် မြန်ဆန်တဲ့ လွယ်ကူတဲ့ ငွေလွှဲနိုင်တာတွေ ပေးချေမှုတွေဖြစ်လာသလို ပြဿနာအချို့နဲ့ ဥပဒေအရ အကာအကွယ်နည်းနေတာ အသုံးပြုသူတွေရဲ့ အားနည်းချက်တွေကလည်း စိုးရိမ်စရာအဖြစ် ရှိနေပါသေးတယ်” လို့ ကိုဇော်ဇော်မျိုးလွင်က ပြောပါတယ်။

အားသာချက် ၊ အားနည်းချက်တွေကတော့ နေရာတိုင်းမှာ ရှိမှာပါပဲလို့ ဆိုပါတယ်။ မိမိရဲ့ဘဏ်ကတ်ဆိုင်ရာ အချက်အလက်အချို့ကို အခြားသူမေး တဲ့အခါ မပြောပြသင့်ဘူးလို့ ကိုဖြိုးက ပြောပါတယ်။ ကတ်နံပါတ်နဲ့ Password ကိုတစ်ဦးတည်းသာ သုံးသင့်ကြောင်း၊ မိမိရဲ့ဘဏ် ကတ်နံပါတ်နဲ့ အခြားကိုယ်ရေး အချက်အလက်တွေကို မေးမြန်းလာပါက အလွယ်တကူ မဖြေကြားမိဖို့ အထူး ဂရုစိုက်သင့်ကြောင်း၊ သက်ဆိုင်ရာဘဏ်မှပေးပို့တဲ့ ဘဏ်စာရင်းရှင်းတမ်း၊ အခြားသော စာရွက်စာတမ်းတွေကို သေချာစွာ သိမ်းဆည်းထားဖို့နဲ့ အသုံးမလိုတော့တဲ့ စာရွက်စာတမ်းတွေကို သေချာစွာ ဆုတ်ဖြဲစွန့်ပစ်သင့်ကြောင်း အစရှိသည်ဖြင့် MPU က အကြံုပြုထားတာ တွေ့ရပါတယ်။ MPU ကတ်သုံး တဲ့သူတွေအနေနဲ့ မိမိတို့ Email address, ဆက်သွယ်ရန် ဖုန်းနံပါတ် အပြောင်းအလဲ ရှိခဲ့ရင် ဘဏ်ကိုချက်ချင်း အကြောင်းကြားရမှာ ဖြစ်ကြောင်း၊ သို့မှသာ E-commerce အသုံးပြုခြင်းအတွက် OTP Code တွေ Email သို့မဟုတ် ဖုန်းနံပါတ်ထဲသို့ ရောက်ရှိလာမှာဖြစ်ကြောင်း အကြံပြုထားပါတယ်။

-ထွန်းထွန်း