September 20, 2018

ေငြကုိေခၽြတာဖို႔အတြက္ Laptop ဝယ္ရာမွာ ထည့္သြင္းမစဥ္းစားဘဲ ဝယ္သင့္တဲ့ Laptop အဂၤါရပ္ ၁ဝ မ်ဳိး

[ Zawgyi ]

လက္ရွိ ျပည္တြင္းေစ်းကြက္မွာ မိမိအေနနဲ႔ Laptop တစ္လုံး ဝယ္ေတာ့မယ္ဆိုရင္ ကိုယ့္စိတ္ႀကိဳက္ အမွတ္တံဆိပ္နဲ႔ စြမ္းေဆာင္ရည္ကို ေရြးခ်ယ္ဝယ္ယူႏုိင္တဲ့ အေျခအေနမွာ ပိုက္ဆံကိုမ်ားမ်ားစားစား သုံးႏုိင္ရင္ သုံးႏုိင္သေလာက္ စြမ္းေဆာင္ရည္ျမင့္ ေနာက္ဆုံးေပၚ Laptop အမ်ဳိး အစားကို ၀ယ္ယူႏုိင္ပါတယ္။ မိမိအေနနဲ႔ သုံးမယ့္ေငြေၾကးအေျခ အေနအရ လိုခ်င္တာကို မတတ္ႏုိင္ဘူး။ ဒါမွမဟုတ္ ထိုက္သင့္သေလာက္သာ ပုိက္ဆံကို သုံးၿပီး Laptop ဝယ္ခ်င္တယ္ဆိုရင္ေတာ့ ခုေဖာ္ျပေပးမယ့္အခ်က္ေတြကို ထည့္သြင္းမစဥ္းစားဘဲ ဝယ္ယူႏုိင္ပါတယ္။

ျမန္ဆန္ေကာင္းမြန္လွတဲ့ CPU, မ်ားျပားတဲ့ သိုေလွာင္ႏုိင္မႈ၊ ေနာက္ဆုံးေပၚ အရည္အေသြးျမင့္ ဂရပ္ဖစ္စတာေတြနဲ႔ တခ်ဳိ႕ Laptop အဂၤါရပ္ေတြက Laptop ဝယ္ယူမႈအတြက္ အပိုေငြကုန္က်မႈကို ေလွ်ာ့ခ်ေပးႏုိင္မယ့္ အဂၤါ ရပ္ေတြပဲျဖစ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒီအဂၤါရပ္ေတြက Laptop ကို ဇိမ္ခံပစၥည္းတစ္ခုလို အထင္ရွိေစဖို႔အတြက္ သုံးစြဲသူကို ဆြဲေဆာင္ႏုိင္ေအာင္ ဖန္တီးထားတာ ျဖစ္ပါတယ္။ မိမိအေနနဲ႔ ေငြအပိုကုန္က်မႈကို ေခြၽတာခ်င္ရင္ေတာ့ ဒီအခ်က္ေတြကို Laptop ၀ယ္ယူတဲ့အခါမွာ ထည့္သြင္းမစဥ္း စားဘဲ ဝယ္ယူသင့္ပါတယ္။

(၁) Backlit Keyboard

သင့္အေနနဲ႔ Laptop ကီးဘုတ္ လက္ကြက္ကို ကြၽမ္းက်င္ၿပီးသားသူ ဆိုရင္ေတာ့ ကီးဘုတ္မွာ Backlit ပါတာ မပါတာက အေရးမႀကီးလွပါဘူး။ ဘာလို႔လဲဆိုေတာ့ Backlit စနစ္က အေမွာင္ထဲမွာ Laptop အသုံးျပဳတဲ့အခါမ်ဳိးမွာ ကီးဘုတ္ ခလုတ္
ေတြကို မွားယြင္းႏွိပ္မိတာမ်ဳိးကို မျဖစ္ေအာင္အတြက္ ထည့္သြင္းေပးထားတဲ့ အဂၤါရပ္တစ္ခု ပဲျဖစ္ပါတယ္။ ခုေနာက္ပိုင္း လုပ္ငန္းသုံး Laptop ေတာ္ေတာ္မ်ားမ်ားမွာ ဒီ Backlit ကီးဘုတ္စနစ္ကို အသုံးျပဳလာၾကတာ မ်ားပါတယ္။ တခ်ဳိ႕ ဘတ္ဂ်က္ေမာ္ဒယ္ လုပ္ငန္းသုံး Laptop ေတြမွာ ဒီစနစ္မပါဝင္ပါဘူး။ ဥပမာအေနနဲ႔ Lenovo ရဲ႕ ThinkPad T460 ေမာ္ဒယ္ Backlit ကီးဘုတ္ပါတဲ့ အမ်ဳိးအစားက မပါတာထက္ ေစ်းက ေဒၚလာ ၃ဝ ပိုမ်ားပါတယ္။

(၂) 1080p Display ထက္ ပိုျမင့္တဲ့ Screen အရည္အေသြး

မိမိအေနနဲ႔ 1920×1080 Screen အရည္အေသြး၊ တစ္နည္း Full HD 1080p ရွိတဲ့ Laptop မ်ဳိး လိုခ်င္တယ္ဆိုရင္ေတာ့ အဆင္ ေျပမွာပါ။ ဒါေပမဲ့ မိမိအေနနဲ႔ ေငြအမ်ားႀကီးမသုံးခ်င္ဘူး ေခြၽတာခ်င္ရင္ေတာ့ Display အရည္အေသြးတအား ျမင့္တာမ်ဳိးကို မေရြးခ်ယ္တာ ေကာင္းပါတယ္။ ဥပမာ Dell XPS 13 1080p အရည္အေသြး ေမာ္ဒယ္အမ်ဳိးအစားက 3200 x 1800 အရည္အေသြး Touch Screen အမ်ဳိးအစားထက္ ေဒၚလာ ၃ဝဝ ေလာက္ ပိုသက္သာပါတယ္။ ေနာက္ၿပီး Screen အရည္အေသြး ပိုျမင့္မားတဲ့ Display ေတြက ဘက္ထရီ ပိုသုံးတဲ့အတြက္ Laptop ကို ဘက္ထရီနဲ႔ ၾကာၾကာအသုံးျပဳႏုိင္မွာ မဟုတ္ပါဘူး။

(၃) Core i7 CPU

မိိမိအေနနဲ႔ Core i7 CPU သုံးထားတဲ့ Laptop မ်ဳိးကို မ၀ယ္ႏုိင္ေသးဘူးဆိုရင္ေတာ့ Intel Core i5 အမ်ဳိးအစားကိုဝယ္ဖုိ႔ တုိက္တြန္းခ်င္ပါတယ္။ ဘာလို႔လဲဆိုေတာ့ Core i5 ေမာ္ဒယ္ Laptop ေတာ္ေတာ္မ်ား မ်ားက စြမ္းေဆာင္ရည္နဲ႔ တန္ဖိုး ပိုင္းကို
အေကာင္းဆုံးျဖစ္ေအာင္ စီမံထုတ္လုပ္ထားတာေၾကာင့္ျဖစ္ ပါတယ္။ Core i5 နဲ႔ Core i7 ရဲ႕ ၾကားက ေစ်းႏႈန္းကြာျခားခ်က္ကို ဥပမာေပးရမယ္ဆိုရင္ Core i7 Surface Pro 4 က Core i5 CPU သုံးထားတက္ ေမာ္ဒယ္ထက္ ၃၄၉ ေဒၚလာ ပိုမ်ားပါတယ္။

အမွန္တကယ္ေတာ့ Core i7 CPU အမ်ဳိးအစား Laptop က သုံး ရတာ ဗီဒီယုိတည္းျဖတ္တာေတြနဲ႔ တျခားဂရပ္ဖစ္ျမင့္တဲ့ ဂိမ္းေတြ ကစားတာမွာ အနည္းငယ္ ပိုမိုျမန္ဆန္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ရွိမွာ ျဖစ္ပါတယ္။ ေန႔စဥ္ လုပ္ေဆာင္သမွ် လုပ္ငန္းေဆာင္တာေတြ အတြက္ေတာ့ Laptop က Core i7 CPU အမ်ဳိးအစားျဖစ္စရာ မလိုပါဘူး။

(၄) ဂရပ္ဖစ္ကတ္ပါဝင္မႈ

မိမိအေနနဲ႔ ပေရာ္ဖက္ရွင္နယ္ အေနနဲ႔ ဗီဒီယုိတည္းျဖတ္တာ၊ 3D ဒီဇုိင္းဆြဲတာေတြနဲ႔ ေနာက္ဆုံးေပၚ ဂိမ္းအျမင့္ေတြ Laptop နဲ႔ ေဆာ့ကစားဖို႔ အစီအစဥ္မရွိဘူး ဆိုရင္ေတာ့ Laptop မွာ ဂရပ္ဖစ္ကတ္ပါတဲ့ အမ်ဳိးအစားက သိပ္မလိုအပ္လွပါဘူး။ တခ်ဳိ႕ Laptop ေတြက AMD ဒါမွမဟုတ္ Nvidia ဂရပ္ဖစ္ Chip ေတြ အသုံးျပဳထားပါတယ္။ ဒါက ၿပိဳင္ဘက္ေမာ္ဒယ္ေတြထက္ ေစ်းပိုႀကီးေစပါတယ္။ ဥပမာ အနိမ့္ပိုင္း Low-end Nvidia ဂရပ္ဖစ္ပါဝင္တဲ့ Microsoft Surface Book က မပါဝင္တဲ့ Built-in Intel ဂရပ္ဖစ္ ပါဝင္တာထက္ ေစ်းက ေဒၚလာ ၂ဝဝ ပိုမ်ားပါတယ္။

(၅) Infrared ကင္မရာ / RealSense 3D

ခုေနာက္ပိုင္း Laptop ေတာ္ေတာ္မ်ားမ်ားမွာ Infrared ဒါမွ မဟုတ္ RealSense 3D ကင္မရာေတြကို အသုံးျပဳလာၾကပါတယ္။ ဒီကင္မရာေတြက Microsoft ရဲ႕ Windows Hello စနစ္နဲ႔တြဲဖက္ၿပီး မိမိရဲ႕မ်က္ႏွာနဲ႔ Laptop ကို Log in ျပဳလုပ္ႏုိင္ပါတယ္။ ဒါေပမဲ့ မ်က္ႏွာနဲ႔ Log in လုပ္တာက သေဘာက်စရာျဖစ္ေပမယ့္ မျဖစ္မေနလိုအပ္လွတဲ့ လုပ္ေဆာင္ခ်က္တစ္ခုေတာ့ မဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ မ်က္ႏွာနဲ႔ Log in လုပ္တာက ဟက္ကာေတြရန္က မကာကြယ္ႏုိင္ပါဘူး။ ကိုယ့္အေနနဲ႔ password ကိုျမန္ျမန္႐ိုက္ႏုိင္
တယ္ဆိုရင္ေတာ့ Webcam က တစ္ဆင့္မ်က္ႏွာ နဲ႔ Log in ၀င္တာေလာက္ နီးပါး Laptop ကို Log in ၀င္ႏုိင္မွာျဖစ္ပါတယ္။

(၆) လက္ေဗြလုံၿခဳံေရးစနစ္

Infrare ကင္မရာလိုမ်ဳိး Windows Hello မွာ Lap-top ကို လက္ေဗြနဲ႔ Log in လုပ္ႏုိင္မွာျဖစ္ပါတယ္။ လက္ေဗြစနစ္ေပၚ လက္ေခ်ာင္းကို တင္လုိက္႐ုံနဲ႔ ပြင့္တာျဖစ္လို႔ password ႐ိုက္ထည့္ ေနတာထက္ ပိုအဆင္ေျပပါတယ္။ ဒါေပမဲ့ ဒီစနစ္ကလည္း
အရမ္းကို လုံၿခဳံစိတ္ခ်ရတဲ့ လုပ္ေဆာင္ခ်က္ေတာ့ မဟုတ္ပါဘူး။

(၇) စိတ္ခ်မ္းသာမႈ အျပည့္အဝရွိေစတဲ့ Touch screen Display

မိမိအေနနဲ႔ Laptop ရဲ႕ Screen ကိုေက်ာဘက္ထိေခါက္ၿပီး Tablet တစ္လုံးလိုပါ Touch စနစ္နဲ႔ သုံးခ်င္ရင္ေတာ့ 2-in-1 အမ်ဳိးအစား Touch screen Display ပါတာကိုသာဝယ္ပါ။ ဒါေပမဲ့ အဲဒီ Touch screen အမ်ဳိးအစား Display
ေတြက Laptop ရဲ႕ အသုံးျပဳႏုိင္တဲ့ ဘက္ထရီသက္တမ္းကို တုိေတာင္းေစသလို ေစ်းႏႈန္းအားျဖင့္လည္း ပိုကုန္က်ႏုိင္ပါတယ္။ ဥပမာ Touch panel သုံးထားတဲ့ Lenovo ThinkPad T560 နဲ႔ရင္ ပုံမွန္ထက္ ေဒၚလာ ၅ဝ ပိုမိုကုန္က်မွာ ျဖစ္ပါတယ္။

(၈) 256GB ထက္ပိုမိုတဲ့ သိုေလွာင္မႈပမာဏ

မိမိအေနနဲ႔ Boot အတက္ပိုင္း ျမန္ဆန္လွတဲ့ SSD (Solid State Drive) တပ္ဆင္ထားတဲ့ Laptop ကို ၀ယ္ယူမယ္ဆိုရင္ေတာ့ HDD တပ္ဆင္ထားတဲ့ Laptop ေတြထက္ Multitask နဲ႔ App စနစ္ေတြကို ပုံမွန္ထက္ သုံးဆ သို႔မဟုတ္ ငါးဆပိုမိုျမန္ဆန္စြာ အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။ ဒါေပမဲ့ 256GB ကေန 1TB ပမာဏထိ SSD ေတြက ေစ်းတအားႀကီးတတ္ပါတယ္။ ဥပမာ 512GB SSD ပါဝင္တဲ့ HP EliteBook x360 က 256GB ပါ၀င္တဲ့အမ်ဳိးအစားထက္ ၁၉၂ ေဒၚလာပိုမ်ားပါတယ္။

Cloud ၊ External Drive နဲ႔ တျခား streaming ဆားဗစ္ေတြ သုံးၿပီးေတာ့ မိမိရဲ႕သီခ်င္းနဲ႔ ဗီဒီယုိေတြကို Cloud ေပၚမွာ သိမ္းဆည္း ႏုိင္ပါတယ္။ ပုံမွန္အားျဖင့္ သုံးစြဲသူေတာ္ေတာ္မ်ားမ်ားက 256GB ထက္ ပိုမိုတဲ့ Internal Storage ပမာဏ မလိုအပ္တတ္ၾကပါဘူး။

(၉) Windwos 10 Pro

ခုေနာက္ပိုင္း Laptop ေတာ္ေတာ္မ်ားမ်ားမွာ Windows 10 Home ဗားရွင္းကို Standard အေနနဲ႔ ထည့္သြင္းေပးပါတယ္။ ဒါေပမယ့္ လုပ္ငန္းသုံး Laptop ေတြကေတာ့ သူ႔ထက္ ေဒၚလာ ၅ဝ ပိုမ်ားတဲ့ Windows 10 Pro ကို ထည့္သုံးလိုက သုံးႏုိင္ေအာင္လည္း ေရာင္းခ်ပါတယ္။ Pro ဗားရွင္းက လုပ္ငန္းသုံးအတြက္ အသုံးဝင္လွတဲ့ လုပ္ေဆာင္ခ်က္ေတြ မ်ားစြာပါဝင္ေပမယ့္ ကိုယ့္အတြက္ အမွန္တကယ္ အသုံးမလိုဘူးဆိုရင္ေတာ့ Windows 10 Pro အတြက္ အပိုပိုက္ဆံအကုန္ခံကာ အသုံးမျပဳသင့္ပါဘူး။

(၁ဝ) 16 GB RAM ဒါမွမဟုတ္ အဲဒီထက္ပိုတဲ့ပမာဏ

အလြန္ပါးလႊာၿပီး RAM မ်ားတဲ့ Laptop အမ်ဳိးအစားကို ပိုက္ဆံတအားအကုန္ခံ ကာ ၀ယ္ႏုိင္ေလာက္ေအာင္ မခ်မ္းသာဘူး ဆိုရင္ေတာ့ 8GB RAM ပမာဏက လူတုိင္းအတြက္ အသုံးျပဳဖို႔အတြက္ အမွန္တကယ္လိုအပ္တဲ့ ပမာဏျဖစ္တယ္လို႔ ဆိုခ်င္ပါတယ္။ ဥပမာ HP Elite Book 840 G3 မွာ RAM ကို 16GB ဒါမွမဟုတ္ 32GB ပမာဏထိအသုံးျပဳ မယ္ဆိုရင္ေတာ့ ၁၅၆ ေဒၚလာနဲ႔ ေဒၚလာ ၃၂ဝ ေလာက္ထိ Laptop ရဲ႕ ေစ်းႏႈန္းပိုၿပီး ႀကီးႏုိင္ပါတယ္။ မိမိအေနနဲ႔ ဂရပ္ဖစ္ပေရာ္ဖက္နယ္ RAM မ်ားတာနဲ႔ နည္းတာႏွစ္ခုၾကားက ကြာျခားခ်က္ကို သတိျပဳမိမွာေတာင္မဟုတ္လွပါဘူး။

-ရဲထြဋ္ဝင္း
Ref : 10-laptop-features-you-can-skip-to-save-money

====================

[ Unicode ]

ငွေကိုချွေတာဖို့အတွက် Laptop ဝယ်ရာမှာ ထည့်သွင်းမစဉ်းစားဘဲ ဝယ်သင့်တဲ့ Laptop အင်္ဂါရပ် ၁ဝ မျိုး

======================

လက်ရှိ ပြည်တွင်းစျေးကွက်မှာ မိမိအနေနဲ့ Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင် ကိုယ့်စိတ်ကြိုက် အမှတ်တံဆိပ်နဲ့ စွမ်းဆောင်ရည်ကို ရွေးချယ်ဝယ်ယူနိုင်တဲ့ အခြေအနေမှာ ပိုက်ဆံကိုများများစားစား သုံးနိုင်ရင် သုံးနိုင်သလောက် စွမ်းဆောင်ရည်မြင့် နောက်ဆုံးပေါ် Laptop အမျိုး အစားကို ၀ယ်ယူနိုင်ပါတယ်။ မိမိအနေနဲ့ သုံးမယ့်ငွေကြေးအခြေ အနေအရ လိုချင်တာကို မတတ်နိုင်ဘူး။ ဒါမှမဟုတ် ထိုက်သင့်သလောက်သာ ပိုက်ဆံကို သုံးပြီး Laptop ဝယ်ချင်တယ်ဆိုရင်တော့ ခုဖော်ပြပေးမယ့်အချက်တွေကို ထည့်သွင်းမစဉ်းစားဘဲ ဝယ်ယူနိုင်ပါတယ်။

မြန်ဆန်ကောင်းမွန်လှတဲ့ CPU, များပြားတဲ့ သိုလှောင်နိုင်မှု၊ နောက်ဆုံးပေါ် အရည်အသွေးမြင့် ဂရပ်ဖစ်စတာတွေနဲ့ တချို့ Laptop အင်္ဂါရပ်တွေက Laptop ဝယ်ယူမှုအတွက် အပိုငွေကုန်ကျမှုကို လျှော့ချပေးနိုင်မယ့် အင်္ဂါ ရပ်တွေပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအင်္ဂါရပ်တွေက Laptop ကို ဇိမ်ခံပစ္စည်းတစ်ခုလို အထင်ရှိစေဖို့အတွက် သုံးစွဲသူကို ဆွဲဆောင်နိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ မိမိအနေနဲ့ ငွေအပိုကုန်ကျမှုကို ချွေတာချင်ရင်တော့ ဒီအချက်တွေကို Laptop ၀ယ်ယူတဲ့အခါမှာ ထည့်သွင်းမစဉ်း စားဘဲ ဝယ်ယူသင့်ပါတယ်။

(၁) Backlit Keyboard

သင့်အနေနဲ့ Laptop ကီးဘုတ် လက်ကွက်ကို ကျွမ်းကျင်ပြီးသားသူ ဆိုရင်တော့ ကီးဘုတ်မှာ Backlit ပါတာ မပါတာက အရေးမကြီးလှပါဘူး။ ဘာလို့လဲဆိုတော့ Backlit စနစ်က အမှောင်ထဲမှာ Laptop အသုံးပြုတဲ့အခါမျိုးမှာ ကီးဘုတ် ခလုတ်တွေကို မှားယွင်းနှိပ်မိတာမျိုးကို မဖြစ်အောင်အတွက် ထည့်သွင်းပေးထားတဲ့ အင်္ဂါရပ်တစ်ခု ပဲဖြစ်ပါတယ်။ ခုနောက်ပိုင်း လုပ်ငန်းသုံး Laptop တော်တော်များများမှာ ဒီ Backlit ကီးဘုတ်စနစ်ကို အသုံးပြုလာကြတာ များပါတယ်။ တချို့ ဘတ်ဂျက်မော်ဒယ် လုပ်ငန်းသုံး Laptop တွေမှာ ဒီစနစ်မပါဝင်ပါဘူး။ ဥပမာအနေနဲ့ Lenovo ရဲ့ ThinkPad T460 မော်ဒယ် Backlit ကီးဘုတ်ပါတဲ့ အမျိုးအစားက မပါတာထက် စျေးက ဒေါ်လာ ၃ဝ ပိုများပါတယ်။

(၂) 1080p Display ထက် ပိုမြင့်တဲ့ Screen အရည်အသွေး

မိမိအနေနဲ့ 1920×1080 Screen အရည်အသွေး၊ တစ်နည်း Full HD 1080p ရှိတဲ့ Laptop မျိုး လိုချင်တယ်ဆိုရင်တော့ အဆင် ပြေမှာပါ။ ဒါပေမဲ့ မိမိအနေနဲ့ ငွေအများကြီးမသုံးချင်ဘူး ချွေတာချင်ရင်တော့ Display အရည်အသွေးတအား မြင့်တာမျိုးကို မရွေးချယ်တာ ကောင်းပါတယ်။ ဥပမာ Dell XPS 13 1080p အရည်အသွေး မော်ဒယ်အမျိုးအစားက 3200 x 1800 အရည်အသွေး Touch Screen အမျိုးအစားထက် ဒေါ်လာ ၃ဝဝ လောက် ပိုသက်သာပါတယ်။ နောက်ပြီး Screen အရည်အသွေး ပိုမြင့်မားတဲ့ Display တွေက ဘက်ထရီ ပိုသုံးတဲ့အတွက် Laptop ကို ဘက်ထရီနဲ့ ကြာကြာအသုံးပြုနိုင်မှာ မဟုတ်ပါဘူး။

(၃) Core i7 CPU

မိိမိအနေနဲ့ Core i7 CPU သုံးထားတဲ့ Laptop မျိုးကို မဝယ်နိုင်သေးဘူးဆိုရင်တော့ Intel Core i5 အမျိုးအစားကိုဝယ်ဖို့ တိုက်တွန်းချင်ပါတယ်။ ဘာလို့လဲဆိုတော့ Core i5 မော်ဒယ် Laptop တော်တော်များ များက စွမ်းဆောင်ရည်နဲ့ တန်ဖိုး ပိုင်းကိုအကောင်းဆုံးဖြစ်အောင် စီမံထုတ်လုပ်ထားတာကြောင့်ဖြစ် ပါတယ်။ Core i5 နဲ့ Core i7 ရဲ့ ကြားက စျေးနှုန်းကွာခြားချက်ကို ဥပမာပေးရမယ်ဆိုရင် Core i7 Surface Pro 4 က Core i5 CPU သုံးထားတက် မော်ဒယ်ထက် ၃၄၉ ဒေါ်လာ ပိုများပါတယ်။

အမှန်တကယ်တော့ Core i7 CPU အမျိုးအစား Laptop က သုံး ရတာ ဗီဒီယိုတည်းဖြတ်တာတွေနဲ့ တခြားဂရပ်ဖစ်မြင့်တဲ့ ဂိမ်းတွေ ကစားတာမှာ အနည်းငယ် ပိုမိုမြန်ဆန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ရှိမှာ ဖြစ်ပါတယ်။ နေ့စဉ် လုပ်ဆောင်သမျှ လုပ်ငန်းဆောင်တာတွေ အတွက်တော့ Laptop က Core i7 CPU အမျိုးအစားဖြစ်စရာ မလိုပါဘူး။

(၄) ဂရပ်ဖစ်ကတ်ပါဝင်မှု

မိမိအနေနဲ့ ပရော်ဖက်ရှင်နယ် အနေနဲ့ ဗီဒီယိုတည်းဖြတ်တာ၊ 3D ဒီဇိုင်းဆွဲတာတွေနဲ့ နောက်ဆုံးပေါ် ဂိမ်းအမြင့်တွေ Laptop နဲ့ ဆော့ကစားဖို့ အစီအစဉ်မရှိဘူး ဆိုရင်တော့ Laptop မှာ ဂရပ်ဖစ်ကတ်ပါတဲ့ အမျိုးအစားက သိပ်မလိုအပ်လှပါဘူး။ တချို့ Laptop တွေက AMD ဒါမှမဟုတ် Nvidia ဂရပ်ဖစ် Chip တွေ အသုံးပြုထားပါတယ်။ ဒါက ပြိုင်ဘက်မော်ဒယ်တွေထက် စျေးပိုကြီးစေပါတယ်။ ဥပမာ အနိမ့်ပိုင်း Low-end Nvidia ဂရပ်ဖစ်ပါဝင်တဲ့ Microsoft Surface Book က မပါဝင်တဲ့ Built-in Intel ဂရပ်ဖစ် ပါဝင်တာထက် စျေးက ဒေါ်လာ ၂ဝဝ ပိုများပါတယ်။

(၅) Infrared ကင်မရာ / RealSense 3D

ခုနောက်ပိုင်း Laptop တော်တော်များများမှာ Infrared ဒါမှ မဟုတ် RealSense 3D ကင်မရာတွေကို အသုံးပြုလာကြပါတယ်။ ဒီကင်မရာတွေက Microsoft ရဲ့ Windows Hello စနစ်နဲ့တွဲဖက်ပြီး မိမိရဲ့မျက်နှာနဲ့ Laptop ကို Log in ပြုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ မျက်နှာနဲ့ Log in လုပ်တာက သဘောကျစရာဖြစ်ပေမယ့် မဖြစ်မနေလိုအပ်လှတဲ့ လုပ်ဆောင်ချက်တစ်ခုတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ မျက်နှာနဲ့ Log in လုပ်တာက ဟက်ကာတွေရန်က မကာကွယ်နိုင်ပါဘူး။ ကိုယ့်အနေနဲ့ password ကိုမြန်မြန်ရိုက်နိုင်တယ်ဆိုရင်တော့ Webcam က တစ်ဆင့်မျက်နှာ နဲ့ Log in ၀င်တာလောက် နီးပါး Laptop ကို Log in ၀င်နိုင်မှာဖြစ်ပါတယ်။

(၆) လက်ဗွေလုံခြုံရေးစနစ်

Infrare ကင်မရာလိုမျိုး Windows Hello မှာ Lap-top ကို လက်ဗွေနဲ့ Log in လုပ်နိုင်မှာဖြစ်ပါတယ်။ လက်ဗွေစနစ်ပေါ် လက်ချောင်းကို တင်လိုက်ရုံနဲ့ ပွင့်တာဖြစ်လို့ password ရိုက်ထည့် နေတာထက် ပိုအဆင်ပြေပါတယ်။ ဒါပေမဲ့ ဒီစနစ်ကလည်းအရမ်းကို လုံခြုံစိတ်ချရတဲ့ လုပ်ဆောင်ချက်တော့ မဟုတ်ပါဘူး။

(၇) စိတ်ချမ်းသာမှု အပြည့်အဝရှိစေတဲ့ Touch screen Display

မိမိအနေနဲ့ Laptop ရဲ့ Screen ကိုကျောဘက်ထိခေါက်ပြီး Tablet တစ်လုံးလိုပါ Touch စနစ်နဲ့ သုံးချင်ရင်တော့ 2-in-1 အမျိုးအစား Touch screen Display ပါတာကိုသာဝယ်ပါ။ ဒါပေမဲ့ အဲဒီ Touch screen အမျိုးအစား Display တွေက Laptop ရဲ့ အသုံးပြုနိုင်တဲ့ ဘက်ထရီသက်တမ်းကို တိုတောင်းစေသလို စျေးနှုန်းအားဖြင့်လည်း ပိုကုန်ကျနိုင်ပါတယ်။ ဥပမာ Touch panel သုံးထားတဲ့ Lenovo ThinkPad T560 နဲ့ရင် ပုံမှန်ထက် ဒေါ်လာ ၅ဝ ပိုမိုကုန်ကျမှာ ဖြစ်ပါတယ်။

(၈) 256GB ထက်ပိုမိုတဲ့ သိုလှောင်မှုပမာဏ

မိမိအနေနဲ့ Boot အတက်ပိုင်း မြန်ဆန်လှတဲ့ SSD (Solid State Drive) တပ်ဆင်ထားတဲ့ Laptop ကို ၀ယ်ယူမယ်ဆိုရင်တော့ HDD တပ်ဆင်ထားတဲ့ Laptop တွေထက် Multitask နဲ့ App စနစ်တွေကို ပုံမှန်ထက် သုံးဆ သို့မဟုတ် ငါးဆပိုမိုမြန်ဆန်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ 256GB ကနေ 1TB ပမာဏထိ SSD တွေက စျေးတအားကြီးတတ်ပါတယ်။ ဥပမာ 512GB SSD ပါဝင်တဲ့ HP EliteBook x360 က 256GB ပါ၀င်တဲ့အမျိုးအစားထက် ၁၉၂ ဒေါ်လာပိုများပါတယ်။

Cloud ၊ External Drive နဲ့ တခြား streaming ဆားဗစ်တွေ သုံးပြီးတော့ မိမိရဲ့သီချင်းနဲ့ ဗီဒီယိုတွေကို Cloud ပေါ်မှာ သိမ်းဆည်း နိုင်ပါတယ်။ ပုံမှန်အားဖြင့် သုံးစွဲသူတော်တော်များများက 256GB ထက် ပိုမိုတဲ့ Internal Storage ပမာဏ မလိုအပ်တတ်ကြပါဘူး။

(၉) Windwos 10 Pro

ခုနောက်ပိုင်း Laptop တော်တော်များများမှာ Windows 10 Home ဗားရှင်းကို Standard အနေနဲ့ ထည့်သွင်းပေးပါတယ်။ ဒါပေမယ့် လုပ်ငန်းသုံး Laptop တွေကတော့ သူ့ထက် ဒေါ်လာ ၅ဝ ပိုများတဲ့ Windows 10 Pro ကို ထည့်သုံးလိုက သုံးနိုင်အောင်လည်း ရောင်းချပါတယ်။ Pro ဗားရှင်းက လုပ်ငန်းသုံးအတွက် အသုံးဝင်လှတဲ့ လုပ်ဆောင်ချက်တွေ များစွာပါဝင်ပေမယ့် ကိုယ့်အတွက် အမှန်တကယ် အသုံးမလိုဘူးဆိုရင်တော့ Windows 10 Pro အတွက် အပိုပိုက်ဆံအကုန်ခံကာ အသုံးမပြုသင့်ပါဘူး။

(၁ဝ) 16 GB RAM ဒါမှမဟုတ် အဲဒီထက်ပိုတဲ့ပမာဏ

အလွန်ပါးလွှာပြီး RAM များတဲ့ Laptop အမျိုးအစားကို ပိုက်ဆံတအားအကုန်ခံ ကာ ၀ယ်နိုင်လောက်အောင် မချမ်းသာဘူး ဆိုရင်တော့ 8GB RAM ပမာဏက လူတိုင်းအတွက် အသုံးပြုဖို့အတွက် အမှန်တကယ်လိုအပ်တဲ့ ပမာဏဖြစ်တယ်လို့ ဆိုချင်ပါတယ်။ ဥပမာ HP Elite Book 840 G3 မှာ RAM ကို 16GB ဒါမှမဟုတ် 32GB ပမာဏထိအသုံးပြု မယ်ဆိုရင်တော့ ၁၅၆ ဒေါ်လာနဲ့ ဒေါ်လာ ၃၂ဝ လောက်ထိ Laptop ရဲ့ စျေးနှုန်းပိုပြီး ကြီးနိုင်ပါတယ်။ မိမိအနေနဲ့ ဂရပ်ဖစ်ပရော်ဖက်နယ် RAM များတာနဲ့ နည်းတာနှစ်ခုကြားက ကွာခြားချက်ကို သတိပြုမိမှာတောင်မဟုတ်လှပါဘူး။

-ရဲထွဋ်ဝင်း
Ref : 10-laptop-features-you-can-skip-to-save-money