ေခါက္ႏိုင္တဲ့ display ထုတ္လုပ္မႈကို လာမယ့္ႏွစ္မွာ စတင္မယ့္ LG Display

[ Zawgyi ]

LG Display ဟာ ေခါက္ႏိုင္တဲ့ OLED display ထုတ္လုပ္မႈကို လာမယ့္ႏွစ္မွာ စတင္သြားဖို႔ စီစဥ္ေနတယ္ဆိုတဲ့ သတင္းတစ္ရပ္ ထြက္ေပၚလာပါတယ္။

LG ဟာ ေခါက္ႏိုင္တဲ့ display အတြက္ နည္းပညာကို ႏွစ္အတန္ၾကာကတည္းက ျပဳလုပ္ေနတာျဖစ္ေပမယ့္ display ထုတ္လုပ္မႈမွာေတာ့ Samsung နဲ႔ တ႐ုတ္အေျခစိုက္ BOE တို႔က ဦးေဆာင္ေနပါတယ္။

အခုထြက္ေပၚလာတဲ့ သတင္းအရ LG Display ဟာ တြဲဖက္ကုမၸဏီတစ္ခုအတြက္ ေခါက္ႏိုင္တဲ့ display panel တစ္မ်ိဳး ထုတ္လုပ္ရန္ global OEM တစ္ခုနဲ႔ ပူးေပါင္းေဆာင္ရြက္ေနတယ္လို႔ သိရပါတယ္။ ဘယ္ကုမၸဏီအတြက ္ထုတ္လုပ္မႈစတင္သြားမလဲဆိုတာကိုေတာ့ မေဖာ္ျပထားဘူး။ ဒါေပမဲ့ အဲ့ဒီကုမၸဏီဟာ Google, Microsoft ဒါမွမဟုတ္ တ႐ုတ္အေျခစိုက္ စမတ္ဖုန္းကုမၸဏီတစ္ခု ျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။

Samsung ကလည္း ေခါက္ႏိုင္တဲ့ display panel ထုတ္လုပ္မႈကို စတင္ေနၿပီျဖစ္ပါတယ္။ Samsung Display အေနနဲ႔ အဆိုပါ နည္းပညာကို အျခားထုတ္လုပ္သူေတြဆီ တင္ပို႔ေရာင္းခ်ဖြယ္မရိွဘဲ ကိုယ့္ကုမၸဏီအတြက္သာ အသံုးျပဳသြားဖြယ္ရိွပါတယ္။

Huawei ဟာ ကုမၸဏီရဲ႕ ေခါက္စမတ္ဖုန္းကို Samsung အရင္ဦးေအာင္ ေရာင္းခ်သြားဖို႔ ေမွ်ာ္မွန္းထားပါတယ္။ သတင္းေတြကေတာ့ Huawei ဟာ ေခါက္စမတ္ဖုန္းကို ဒီႏွစ္ကုန္မွာ မိတ္ဆက္သြားဖို႔ စီစဥ္ထားၿပီး Samsung ကေတာ့ လာမယ့္ႏွစ္ ဇန္နဝါရီမွာက်င္းပမယ့္ CES မွာ မိတ္ဆက္ျပသသြားဖို႔ စီစဥ္ထားတယ္လို႔ ေဖာ္ျပထားပါတယ္။

Huawei နဲ႔ Samsung အျပင္ Xiaomi နဲ႔ Oppo တို႔ကလည္း လာမယ့္ႏွစ္မွာ မိတ္ဆက္ဖြယ္ရိွတဲ့ ေခါက္စမတ္ဖုန္းတစ္မ်ိဳးကို လုပ္ကိုင္ေနပါတယ္။ LG ကလည္း ေခါက္စမတ္ဖုန္းရဲ႕ မတူညီတဲ့ ဒီဇိုင္းေတြအတြက္ မူပိုင္ခြင့္အမ်ားအျပား ရယူထားတယ္လို႔ သိရပါတယ္။

Ref: GizmoChina

[ Unicode ]

LG Display ဟာ ခေါက်နိုင်တဲ့ OLED display ထုတ်လုပ်မှုကို လာမယ့်နှစ်မှာ စတင်သွားဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတစ်ရပ် ထွက်ပေါ်လာပါတယ်။

LG ဟာ ခေါက်နိုင်တဲ့ display အတွက် နည်းပညာကို နှစ်အတန်ကြာကတည်းက ပြုလုပ်နေတာဖြစ်ပေမယ့် display ထုတ်လုပ်မှုမှာတော့ Samsung နဲ့ တရုတ်အခြေစိုက် BOE တို့က ဦးဆောင်နေပါတယ်။

အခုထွက်ပေါ်လာတဲ့ သတင်းအရ LG Display ဟာ တွဲဖက်ကုမ္ပဏီတစ်ခုအတွက် ခေါက်နိုင်တဲ့ display panel တစ်မျိုး ထုတ်လုပ်ရန် global OEM တစ်ခုနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဘယ်ကုမ္ပဏီအတွက ်ထုတ်လုပ်မှုစတင်သွားမလဲဆိုတာကိုတော့ မဖော်ပြထားဘူး။ ဒါပေမဲ့ အဲ့ဒီကုမ္ပဏီဟာ Google, Microsoft ဒါမှမဟုတ် တရုတ်အခြေစိုက် စမတ်ဖုန်းကုမ္ပဏီတစ်ခု ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Samsung ကလည်း ခေါက်နိုင်တဲ့ display panel ထုတ်လုပ်မှုကို စတင်နေပြီဖြစ်ပါတယ်။ Samsung Display အနေနဲ့ အဆိုပါ နည်းပညာကို အခြားထုတ်လုပ်သူတွေဆီ တင်ပို့ရောင်းချဖွယ်မရှိဘဲ ကိုယ့်ကုမ္ပဏီအတွက်သာ အသုံးပြုသွားဖွယ်ရှိပါတယ်။

Huawei ဟာ ကုမ္ပဏီရဲ့ ခေါက်စမတ်ဖုန်းကို Samsung အရင်ဦးအောင် ရောင်းချသွားဖို့ မျှော်မှန်းထားပါတယ်။ သတင်းတွေကတော့ Huawei ဟာ ခေါက်စမတ်ဖုန်းကို ဒီနှစ်ကုန်မှာ မိတ်ဆက်သွားဖို့ စီစဉ်ထားပြီး Samsung ကတော့ လာမယ့်နှစ် ဇန်နဝါရီမှာကျင်းပမယ့် CES မှာ မိတ်ဆက်ပြသသွားဖို့ စီစဉ်ထားတယ်လို့ ဖော်ပြထားပါတယ်။

Huawei နဲ့ Samsung အပြင် Xiaomi နဲ့ Oppo တို့ကလည်း လာမယ့်နှစ်မှာ မိတ်ဆက်ဖွယ်ရှိတဲ့ ခေါက်စမတ်ဖုန်းတစ်မျိုးကို လုပ်ကိုင်နေပါတယ်။ LG ကလည်း ခေါက်စမတ်ဖုန်းရဲ့ မတူညီတဲ့ ဒီဇိုင်းတွေအတွက် မူပိုင်ခွင့်အများအပြား ရယူထားတယ်လို့ သိရပါတယ်။

Ref: GizmoChina