ေခါက္စမတ္ဖုန္း အေၾကာင္းအရာကို လူမႈေရးမီဒီယာ profile ဓာတ္ပုံနဲ႔ Samsung အျမည္းမိတ္ဆက္

[ Zawgyi ]

ဒီတစ္ပတ္အတြင္း Samsung ရဲ႕ developer ကြန္ဖရင့္ ျပဳလုပ္ဖုိ႔ ရွိပါတယ္။ အဲဒီကြန္ဖရင့္မွာ ကာလရွည္ၾကာ ေစာင့္ဆုိင္းေနရတဲ့ ေခါက္စမတ္ဖုန္းကို ထုတ္ေဖာ္မိတ္ဆက္ဖြယ္ရွိပါတယ္။

ဒါ့အျပင္ Samsung ဟာ Twitter နဲ႔ Facebook profile ဓာတ္ပုံေတြမွာ ကုမၸဏီလိုဂို ေခါက္ထားတဲ့ပုံကို ေျပာင္းလဲခဲ့ပါတယ္။

Samsung ကမိတ္ဆက္ဖြယ္ရွိတဲ့ ေခါက္စမတ္ဖုန္းဟာ အိတ္ကပ္ထဲကုိ ထည့္သြင္းႏိုင္တဲ့ အရြယ္ရွိၿပီး ေခါက္ထားတာကို ျဖန္႔လိုက္ရင္ tablet အရြယ္ screen ပါဝင္လာႏိုင္ပါတယ္။ Samsung ရဲ႕ ေခါက္စမတ္ဖုန္းဟာ ေကာလာဟလ သတင္းေတြ ထြက္ေပၚေနတာ ၅ ႏွစ္နီးပါး ရွိပါၿပီ။ Samsung ဟာ ၂၀၁၃ ခုႏွစ္တုန္းက ေခါက္စမတ္ဖုန္း concept ဗီဒီယိုအျမည္းကို မိတ္ဆက္ခဲ့ပါတယ္။ Samsung developer ကြန္ဖရင့္မွာ ေခါက္စမတ္ဖုန္းကုိ မိတ္ဆက္ႏိုင္ဖြယ္ရွိတယ္လို႔ အမႈေဆာင္အရာရွိခ်ဳပ္က ေျပာခဲ့ပါတယ္။ ဒါေပမဲ့ Samsung ရဲ႕ေခါက္စမတ္ဖုန္းဟာ ၂၀၁၉ ခုႏွစ္မွပဲ အမ်ားျပည္သူေတြဆီ ျဖန္႔ခ်ိေရာင္းခ်ႏိုင္ဖြယ္ရွိပါတယ္။

Huawei, Lenovo, Xiaomi နဲ႔ LG တုိ႔ကလည္း ေျပာင္းလြယ္ျပင္လြယ္ display ေတြပါဝင္တဲ့ ထုတ္ကုန္ေတြ ျဖန္႔ခ်ိမယ့္ အစီအစဥ္ ရွိပါတယ္။ Royale Coporation ကုမၸဏီကလညး္ ေခါက္စမတ္ဖုန္း ေရွ႕ေျပးပုံစံ FlexPai ကိုမိတ္ဆက္ထားၿပီး ႏွစ္ကုန္မွာ ျဖန္႔ခ်ိ ေရာင္းခ်ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

ဒီတစ်ပတ်အတွင်း Samsung ရဲ့ developer ကွန်ဖရင့် ပြုလုပ်ဖို့ ရှိပါတယ်။ အဲဒီကွန်ဖရင့်မှာ ကာလရှည်ကြာ စောင့်ဆိုင်းနေရတဲ့ ခေါက်စမတ်ဖုန်းကို ထုတ်ဖော်မိတ်ဆက်ဖွယ်ရှိပါတယ်။

ဒါ့အပြင် Samsung ဟာ Twitter နဲ့ Facebook profile ဓာတ်ပုံတွေမှာ ကုမ္ပဏီလိုဂို ခေါက်ထားတဲ့ပုံကို ပြောင်းလဲခဲ့ပါတယ်။

Samsung ကမိတ်ဆက်ဖွယ်ရှိတဲ့ ခေါက်စမတ်ဖုန်းဟာ အိတ်ကပ်ထဲကို ထည့်သွင်းနိုင်တဲ့ အရွယ်ရှိပြီး ခေါက်ထားတာကို ဖြန့်လိုက်ရင် tablet အရွယ် screen ပါဝင်လာနိုင်ပါတယ်။ Samsung ရဲ့ ခေါက်စမတ်ဖုန်းဟာ ကောလာဟလ သတင်းတွေ ထွက်ပေါ်နေတာ ၅ နှစ်နီးပါး ရှိပါပြီ။ Samsung ဟာ ၂၀၁၃ ခုနှစ်တုန်းက ခေါက်စမတ်ဖုန်း concept ဗီဒီယိုအမြည်းကို မိတ်ဆက်ခဲ့ပါတယ်။ Samsung developer ကွန်ဖရင့်မှာ ခေါက်စမတ်ဖုန်းကို မိတ်ဆက်နိုင်ဖွယ်ရှိတယ်လို့ အမှုဆောင်အရာရှိချုပ်က ပြောခဲ့ပါတယ်။ ဒါပေမဲ့ Samsung ရဲ့ခေါက်စမတ်ဖုန်းဟာ ၂၀၁၉ ခုနှစ်မှပဲ အများပြည်သူတွေဆီ ဖြန့်ချိရောင်းချနိုင်ဖွယ်ရှိပါတယ်။

Huawei, Lenovo, Xiaomi နဲ့ LG တို့ကလည်း ပြောင်းလွယ်ပြင်လွယ် display တွေပါဝင်တဲ့ ထုတ်ကုန်တွေ ဖြန့်ချိမယ့် အစီအစဉ် ရှိပါတယ်။ Royale Coporation ကုမ္ပဏီကလညး် ခေါက်စမတ်ဖုန်း ရှေ့ပြေးပုံစံ FlexPai ကိုမိတ်ဆက်ထားပြီး နှစ်ကုန်မှာ ဖြန့်ချိ ရောင်းချဖို့ မျှော်လင့်နေပါတယ်။

စိုးထက်
Ref: TheVerge